Football News

ဘောလုံးမရမှ ပိုကောင်းတဲ့ မန်ယူ

ဘောလုံးမရမှ ပိုကောင်းတဲ့ မန်ယူ

မိုက်ကယ်ကာရစ်လက်ထက် မန်ယူအသင်းမှာ သိပ်ပြီးထူးဆန်းတဲ့အရာတစ်ခု ရှိနေတယ်။ အဲဒါက " မန်ယူဟာ ဘောလုံးမရလေပိုကောင်းလေ" ဆိုတဲ့အချက်ပါ။ ဟုတ်ပါတယ်၊ ဘောလုံးပွဲတစ်ပွဲမှာ ဘောလုံးရထားမှ တိုက်စစ်ဆင်နိုင်မယ်၊ ဂိုးသွင်းနိုင်မယ်ဆိုပေမယ့် မန်ယူက အခြေခံသီအိုရီရဲ့ဆန့်ကျင်ဘက်လမ်းကို လျှောက်နေရတယ်။

ဘောလုံးမရမှ ပိုကောင်းတဲ့ မန်ယူ

မိုက်ကယ်ကာရစ်လက်ထက် မန်ယူအသင်းမှာ သိပ်ပြီးထူးဆန်းတဲ့အရာတစ်ခု ရှိနေတယ်။

အဲဒါက " မန်ယူဟာ ဘောလုံးမရလေပိုကောင်းလေ" ဆိုတဲ့အချက်ပါ။

ဟုတ်ပါတယ်၊ ဘောလုံးပွဲတစ်ပွဲမှာ ဘောလုံးရထားမှ တိုက်စစ်ဆင်နိုင်မယ်၊ ဂိုးသွင်းနိုင်မယ်ဆိုပေမယ့်

မန်ယူက အခြေခံသီအိုရီရဲ့ဆန့်ကျင်ဘက်လမ်းကို လျှောက်နေရတယ်။

မိုက်ကယ်ကာရစ်လက်ထက် မန်ယူက ဘောလုံးပိုင်ဆိုင်မှု ၅၀ ရာခိုင်နှုန်းအထက်ရတဲ့အချိန်မှာ တစ်ပွဲပျမ်းမျှ

(၁ ဒဿမ ၅) မှတ်သာရပြီး ဘောလုံးပိုင်ဆိုင်မှု ၅၀ ရာခိုင်နှုန်းအောက်ရတဲ့အချိန်မှာ တစ်ပွဲပျမ်းမျှ (၂ ဒဿမ ၆) မှတ်အထိ မြင့်တက်လာတယ်။

ပြီးခဲ့တဲ့ရာသီမှာ မန်ယူအသင်းက ဘောလုံးပိုင်ဆိုင်မှု ၄၅ ရာခိုင်နှုန်းနဲ့ အောက်သာရတဲ့ ၁၀ ပွဲစလုံးအနိုင်ရခဲ့ဖူးတယ်။

ဒီတော့ မန်ယူက ဘောလုံးမရလေ ပိုကောင်းလေ ဖြစ်နေပါတယ်။

မိုက်ကယ်ကာရစ်လက်ထက်မန်ယူအသင်းက ဆိုးလ်ရှားလက်ထက်မန်ယူအသင်းနဲ့ ထူးမခြားနား ဖြစ်ပါတယ်။

တန်ပြန်တိုက်စစ်နဲ့ လျင်မြန်တဲ့ခံစစ်-တိုက်စစ်အကူးအပြောင်းတွေကို အဓိကမှီခိုနေရတယ်။

ကိုယ့်ထက်သာတဲ့အသင်းကြီးတွေနဲ့ ရင်ဆိုင်ရတဲ့အခါ မန်ယူက ဘောလုံးပေးကစားပြီး Transition အားပြုတုံ့ပြန်နေဆဲပါ။

မန်စီးတီးနဲ့ မန်ချက်စတာဒါဘီမှာ မန်ယူက ကစားသမားတစ်ယောက်အသာစီးရပေမယ့် နိုင်ပွဲမရခဲ့တာ Transition လုပ်ခွင့်မရလို့ပါ။

၁၁ ယောက်ချင်းဆိုရင် မန်စီးတီးက တိုက်စစ်ဆင်မယ်၊ မန်ယူက Transition တွေနဲ့တုံ့ပြန်မယ်၊ Space တွေကိုအသုံးချမယ်၊

Game Shape က အဲဒီလိုပုံစံဖြစ်လာနိုင်ပါတယ်။

ဒါပေမဲ့ တစ်ယောက်လျော့သွားပြီးနောက် မန်စီးတီးက နေရာလွတ် မရှိအောင် အထူးသတိပြုခဲ့တယ်။

မန်ယူအသင်း Transition တွေလုပ်ခွင့်မရအောင် ကာကွယ်ခဲ့ပါတယ်။

ဒီလိုနဲ့ပဲ မန်ယူက မန်ချက်စတာဒါဘီမှာအညံ့ခံခဲ့ရတယ်။

ဘရိုက်တန်အသင်းနဲ့ ပွဲမှာလည်း ဒီလိုပါပဲ။ မန်ယူက ဂိုးလိုအပ်နေချိန်မှာ ဘောလုံးပိုင်ဆိုင်မှုအသာစီးယူပြီး ဖိကစားပေမယ့် ရည်မှန်းချက်မပြည့်ခဲ့ဘူး။

ဘောလုံးမရလေ ပိုကောင်းလေဆိုတဲ့ဂုဏ်ပုဒ်ကို ဆက်လက်ထိန်းသိမ်းခဲ့တယ်။

မန်ယူရဲ့DNA ကို မိုက်ကယ်ကာရစ်လက်ထက်မှာ ပြန်မြင်ရတယ်ဆိုပြီး ပြောကြပါတယ်။

တကယ်တော့အဲဒီစကားက ရာနှုန်းပြည့်မမှန်ကန်ပါဘူး။ မိုက်ကယ်ကာရစ်ရဲ့မန်ယူအသင်းက နောက်ကျဂိုးတွေနဲ့

အနိုင်ရတဲ့ DNA ကိုပဲ ပြသနိုင်ခဲ့တာပါ။ ဖာဂူဆန်လက်ထက်မန်ယူလိုမျိုး ပြိုင်ဘက်ကိုတစ်ချိန်လုံး တိုက်စစ်ဆင်ဖိအားမပေးနိုင်ပါဘူး။

မန်ယူရဲ့ DNA ဆိုတာ " နိုင်ပွဲယူမယ်၊ ဖျော်ဖြေရေးဆန်မယ်၊ ပရိသတ်အကြိုက်ကစားပြမယ်၊ နောက်ဆုံးအချိန် အထိအရှုံးမပေးဘူး" ဆိုတာပါ။

လက်ရှိမန်ယူအသင်းက နိုင်ပွဲလည်းမရဘူး၊ ကစားတာကလည်းစွဲမက်စရာမရှိဘူး။ ပရိသတ်တွေလှောင်ပြောင်တာလည်း ခံနေရတယ်။

မိုက်ကယ်ကာရစ်ရောက်လာပြီးနောက် မန်ယူအသင်းက ပရီးမီးယားလိဂ်မှာ Direct Attack အများဆုံးဖြစ်လာတယ်။

အသင်းကြီးတစ်သင်းဟန်ပန်လုံးဝပျောက်ဆုံးခဲ့တယ်။

ဖာဂူဆန်က ၂၀၁၇ ခုနှစ်မှာ " မန်ယူအသင်းဆိုတာ ပရိသတ်ကို ဖျော်ဖြေရေးဆန်ဆန် ကစားပြရမယ်၊

ပရိသတ်ကြိုက်အောင်ကစာဖာဂူဆန်ဆိုတာ ဘယ်တော့မှမမေ့ပါနဲ့" လို့ သတိပေးခဲ့တယ်။

လက်ရှိမန်ယူအသင်းကတော့ ဖာဂူဆန်ရဲ့သတိပေးစကားနဲ့ ပြဒါးတလမ်း၊ သံတလမ်းဖြစ်နေပါတယ်။

ဘောလုံးမရမှ ပိုကောင်းတဲ့ မန်ယူအသင်း ဖြစ်နေပါတယ်။

Related News

မန်ယူရဲ့ရွှေပြည်တော် မျှော်တိုင်းဝေး
Football News

မန်ယူရဲ့ရွှေပြည်တော် မျှော်တိုင်းဝေး

မန်ယူက တစ်ရာသီစာလက်မှတ်စျေးနှုန်းကို တစ်နှစ်ပြီးတစ်နှစ် ထပ်ခါထပ်ခါ စျေးတင်ထားခဲ့တယ်။ အရွယ်ရောက်ပြီးသူတွေရဲ့ လက်မှတ်စျေးနှုန်းက တစ်ပွဲပျမ်းမျှ ၂ ပေါင်နှုန်းလောက် မြင့်တက်ခဲ့တာပါ။ အခုလို လက်မှတ်စျေးနှုန်း မြှင့်တင်ရတာက အသင်းအတွက် ရင်းနှီးမြှုပ်နှံမှုနဲ့ မြင့်တက်လာတဲ့ ကုန်ကျစရိတ်တွေအတွက်ဆိုပြီး မန်ယူ အကြောင်းပြပါတယ်။

Read more
အာတီတာနဲ့ အာဆင်နယ် နောက်ထပ်နှစ်ကာလများစွာ
Football News

အာတီတာနဲ့ အာဆင်နယ် နောက်ထပ်နှစ်ကာလများစွာ

အာတီတာနဲ့ အာဆင်နယ်ကြား နောက်ထပ်နှစ်ကာလများစွာ သက်တမ်းတိုးဖို့ သေချာသလောက် ဖြစ်လာပါတယ်။ အာဆင်နယ်ဘက်က အာတီတာကို နှစ်ရှည်စာချုပ်ချုပ်ဆိုသွားမှာဖြစ်ပြီး အာတီတာဘက်ကလည်း လက်ခံဖို့အသင့်ပါပဲ။  စာချုပ်သက်တမ်းတိုးပြီးရင် အာတီတာက လစာအများဆုံးနည်းပြတစ်ဉီး ဖြစ်လာမှာပါ။

Read more
စပါးလုယူခံရတဲ့ ပရီးမီးယားလိဂ်ဖလားအကြောင်း
Football News

စပါးလုယူခံရတဲ့ ပရီးမီးယားလိဂ်ဖလားအကြောင်း

ပိုချက်တီနိုက ၂၀၁၆-၁၇ ရာသီ ပရီးမီးယားလိဂ်ဖလားကိုသူ့ရဲ့အသင်းဟောင်းစပါးရသင့်တယ်လို့ တောင်းဆိုလိုက်ပါတယ်။ အဲဒီရာသီမှာ ချယ်လ်ဆီးက ပရီးမီးယားလိဂ်ချန်ပီယံ ဖြစ်ခဲ့ပြီး စပါးက ဒုတိယလူဖြစ်ခဲ့တယ်။

Read more

More News

အာဆင်နယ်က ငကြောက်အသင်း ဖြစ်နေဆဲလား
Players News

အာဆင်နယ်က ငကြောက်အသင်း ဖြစ်နေဆဲလား

အာဆင်နယ်ရဲ့ Safety First ကစားဟန်က ဝေဖန်ခံရတယ်။ အာတီတာက စွန့်စားမှုနည်းနိုင်သမျှ နည်းပြီး ထိရောက်မှုဉီးစားပေးဟန်ကို အချိန်ယူတည်ဆောက်ထားတာပါ။ ပရိသတ်အတော်များများက အာဆင်နယ်ကို မကြည့်ချင်ကြဘူး၊ပျင်းစရာကောင်းတယ်ဆိုပြီး ပြစ်တင်ပါတယ်။ ပြီးခဲ့တဲ့ရာသီမှာ အာဆင်နယ်က (၁-၀) ရလဒ်တွေနဲ့ တည်ကန်ဘောဂိုးတွေများခဲ့လို့ အခုလိုမျိုး ဝေဖန်ခံရတာပါ။ 

Read more
ရာဖင်ညာရဲ့The Best ကာလ
Players News

ရာဖင်ညာရဲ့The Best ကာလ

ဘာစီလိုနာရဲ့ပြိုင်ဘက်တိုင်းထိတ်လန့်နေမယ့်တိုက်စစ်မှာ အရေးပါဆုံးလူက ရာဖင်ညာဖြစ်ပါတယ်။ ရာဖင်ညာက Breaking Limits ဖြစ်ပြီး သူ့ရဲ့လုပ်နိုင်စွမ်းထက်ကျော်လွန်တဲ့အရာတွေ ဖန်ဆင်းပြနေတယ်။ ဒါပေမဲ့စိုင်းထီးဆိုင်ရဲ့  " စွမ်းသလောက်ကိုယ့်မှာကြိုးစားခဲ့ပါတယ်၊ ထိပ်ဆုံးတော့မရောက်တောင်၊ အလယ်အလတ်တော့မကပါဘူး" သီချင်းစာသားလို ဘဝမျိုးရာဖင်ညာရင်ဆိုင်နေရတယ်။

Read more
ချစ်ခြင်းမေတ္တာ စစ်တဲ့အခါ ဘ၀မှာ ဘာမှမလိုတော့ဘူး
Players News

ချစ်ခြင်းမေတ္တာ စစ်တဲ့အခါ ဘ၀မှာ ဘာမှမလိုတော့ဘူး

ဘ၀မှာ ငွေကြေး၊ ကျော်ကြားမှုနဲ့ အာဏာဟာ  သောက်လေသောက်လေငတ်မပြေမယ့်  ပင်လယ်ရေလိုပါပဲ။ ငွေရှိသူတွေဟာ ကျော်ကြားချင်တယ်၊ နာမည်ကျော်ငွေရှိတဲ့ဘ၀ ရောက်ပြန်တော့လည်း အာဏာကို တပ်မက်လာပြန်ရော။ ဒါပေမဲ့ ကျနော်တို့ မေ့နေတဲ့အရာဟာ ကိုယ်ချင်းစာတရားနဲ့ ချစ်ခြင်းမေတ္တာပါပဲ။  အဲဒီအရာနှစ်ခုဟာ ကိုယ့်နှလုံးသားထဲ အားမကောင်းရင် စစ်မှန်တဲ့ အကြည်ဓာတ်ဆိုတာရှိနိုင်မယ်မထင်ဘူး။  ချစ်ခြင်းမေတ္တာ စစ်တဲ့အခါ ဘ၀မှာ ဘာမှမလိုတော့သလိုပါပဲ။

Read more
မိသားစုရဲ့လူရွှင်တော်၊ ဂန္ထဝင်ကစားသမား
Players News

မိသားစုရဲ့လူရွှင်တော်၊ ဂန္ထဝင်ကစားသမား

တကယ်လို့များ ကျွန်တော်သာ ဘောလုံးသမားတစ်ဦးမဖြစ်ခဲ့ဘူးဆိုရင် ပါရီမြို့က စားသောက်ဆိုင်တစ်ခုရဲ့အပြင်ဘက်မှာ Sandwich ၀ယ်စားချင်လို့ ပိုက်ဆံတောင်းရတဲ့သူ ဖြစ်နေမလားပဲ။  ဒါဟာ ခင်ဗျားတို့မသိမယ့် ကျွန်တော့်ရဲ့ မဟာလျှို့ဝှက်ချက်ကြီးလေ။ ကျွန်တော် တကယ်ပြောနေတာ၊ ခင်ဗျားတို့စိတ်ထဲနောက်နေတယ်ထင်တာလား။  တကယ်မနောက်ပါဘူး။ ဘောလုံးသမားဘ၀ကိုသာ မရွေးချယ်ခဲ့ရင် ပိုက်ဆံတောင်းစားနေရမယ်ထင်တာပဲ။ 

Read more
ချယ်လ်ဆီးရဲ့ကျောနံပါတ် ၉ ကျိန်စာကို ဖယ်ရှားမယ့်သူ
Players News

ချယ်လ်ဆီးရဲ့ကျောနံပါတ် ၉ ကျိန်စာကို ဖယ်ရှားမယ့်သူ

ယော်အိုပတ်ဒရိုရဲ့မခံချင်စိတ်မီးတောင်ဟာ ထိန်းချုပ်မရနိုင်ဘဲ ပြင်းပြင်းထန်ထန် ပေါက်ကွဲနေတယ်။ ဘရာဇီးလ်နည်းပြ အန်ဆယ်လော့တီရဲ့အမေ့လျော့ခံ တိုက်စစ်ကစားသမားဟာ ကမ္ဘာ့ဖလားကစားခွင့် လွဲချော်ပြီးနောက် အတော်လေးခံစားခဲ့ရတယ်။ မခံချင်စိတ် ပြင်းထန်ခဲ့ရတယ်။

Read more
စီရော်နယ်လ်ဒိုနဲ့ ဘန်ဇီမာလို ဟာရီကိန်း
Players News

စီရော်နယ်လ်ဒိုနဲ့ ဘန်ဇီမာလို ဟာရီကိန်း

ဟာရီကိန်းက အသက်သုံးဆယ်ကျော်မှ ပိုပြီးထူးချွန်လာတယ်။ ဂိုးတွေပိုသွင်းလာတယ်။ ဘိုဒိုဂလင့်အသင်းနဲ့ ချန်ပီယံလိဂ်ပွဲမှာ ဟာရီကိန်းက ဂိုးသွင်းယူပြီးနောက် စီရော်နယ်လ်ဒို၊ လီဝန်ဒေါစကီး၊ နစ္စတယ်ရွိုင်းတို့ရဲ့ချန်ပီယံလိဂ် ၈ ပွဲဆက်ဂိုးသွင်းနိုင်တဲ့ စံချိန်ပိုင်ဆိုင်ခဲ့ပါတယ်။

Read more

Official Channels

ONEX2 banner