Football News

အပြာရောင်မျက်ရည်

အပြာရောင်မျက်ရည်

ချယ်လ်ဆီးရဲ့ခံစစ်ပြဿနာတွေက ကြီးမားနေဆဲပဲ။ ချယ်လ်ဆီးခံစစ်က တစ်ခုလပ်တစ်ယောက်ရဲ့ ပါးပြင်လိုပဲ၊ သွေးတိုးစမ်းနမ်းရှိုက်ရလွယ်နေတယ်။ ခံစစ်က ဖရိုဖရဲဖြစ်နေချိန်မှာ တိုက်စစ်မှာယော်အိုပတ်ဒရိုမရှိလို့ချယ်လ်ဆီး ဘဲဉမကွဲခဲ့ပါဘူး။ ယော်အိုပတ်ဒရိုနေရာမှာ ဝင်ရောက်ကစားတဲ့ ဝဲလ်ဘတ်က အရောင်မှိန်လွန်းခဲ့တယ်။ ဘောလုံးထိချက် ၁၇ ကြိမ်သာရှိပြီး ၇၁ မိနစ်မှာ လူစားလဲခံခဲ့ရတယ်။

အပြာရောင်မျက်ရည်

အလွန်ဆိုလက်ထက်ချယ်လ်ဆီးအသင်းက လောကဓံရဲ့ရက်စက်တဲ့ရို-က်ပုတ်မှုကို ခံစားနေရပါပြီ။

လန်ဒန်မြို့ခံပြိုင်ဘက် ဘရန့်ဖို့ဒ်ကို ဂိုးပြတ်ရှုံးပြီး ချယ်လ်ဆီးမျက်နှာငယ်ခဲ့ရတာပါ။

ရာသီအစမှာ ချယ်လ်ဆီးက တိုက်စစ်အစွမ်းနဲ့ လက်ခမောင်းခတ်၊ မော်ကြွားနိုင်ခဲ့ပေမယ့် အခုတော့ ခပ်လွယ်လွယ်ပြိုလဲသွားရတယ်။

ချယ်လ်ဆီးရဲ့ခံစစ်ပြဿနာတွေက ကြီးမားနေဆဲပဲ။

ချယ်လ်ဆီးခံစစ်က တစ်ခုလပ်တစ်ယောက်ရဲ့ ပါးပြင်လိုပဲ၊ သွေးတိုးစမ်းနမ်းရှိုက်ရလွယ်နေတယ်။

ခံစစ်က ဖရိုဖရဲဖြစ်နေချိန်မှာ တိုက်စစ်မှာယော်အိုပတ်ဒရိုမရှိလို့ချယ်လ်ဆီး ဘဲဉမကွဲခဲ့ပါဘူး။

ယော်အိုပတ်ဒရိုနေရာမှာ ဝင်ရောက်ကစားတဲ့ ဝဲလ်ဘတ်က အရောင်မှိန်လွန်းခဲ့တယ်။

ဘောလုံးထိချက် ၁၇ ကြိမ်သာရှိပြီး ၇၁ မိနစ်မှာ လူစားလဲခံခဲ့ရတယ်။

ယော်အိုပတ်ဒရိုလိုမျိုး ပါလ်မာ၊ရော်ဂျာစ်တို့နဲ့ ဝဲလ်ဘက် ချိတ်ဆက်မကစားနိုင်ခဲ့ဘူး။

တိုက်စစ်မှာဟန်ချက်တစ်ခု ပျောက်ဆုံးသွားလို့ ရော်ဂျာစ်ရဲ့ချယ်လ်ဆီးကစားသမားဘဝ အတိတ်ဆိတ်ဆုံးပွဲ ဖြစ်ခဲ့ရတယ်။

တည်ကန်ဘောကနေ ဂိုးတွေပေးရတာကိုလည်း ချယ်လ်ဆီးမပြင်နိုင်ခဲ့ဘူး။

ပြီးခဲ့တဲ့ရာသီကစတင်ပြီး ချယ်လ်ဆီးက တည်ကန်ဘောကနေ ၂၃ ဂိုးအထိ ပေးခဲ့ရပါတယ်။

လက်ရှိရာသီမှာ တည်ကန်ဘောကနေ ချယ်လ်ဆီးဂိုးပေးရတာ ၅ ဂိုးအထိရှိလာပါတယ်။

ချယ်လ်ဆီးကလက်ရှိရာသီမတိုင်ခင်မှာ တည်ကန်ဘောကျွမ်းကျင်သူ အော်စတာမက်ဖီးလ်ကို အသစ်ခန့်ထားပေမယ့် ဘာမှမထူးခြားသေးပါဘူး။

ချယ်လ်ဆီးနောက်ခံလူ ကိုဝဲလ်က " ပြိုင်ဘက်က တည်ကန်ဘောကန်တဲ့အခါ ဂိုးဧရိယာထဲမှာ

ကျွန်တော်တို့က အနိုင်ကျင့်ခံနေရ သလိုပဲ" လို့ဝန်ခံတယ်။ ချယ်လ်ဆီးနည်းပြ အလွန်ဆိုကလည်း

သူ့အသင်းဟာ စိတ်ဓာတ်အားနည်းလွန်းတယ်လို့ ဝန်ခံလိုက်ပါတယ်။

ချယ်လ်ဆီးက ရာသီအစမှာ တိုက်စစ်အစွမ်းနဲ့ ထည်ဝါပေမယ့် အခုတော့ ခံစစ်ဟာကွက်ကြောင့်

၁၂ ဂိုးအထိပေးထားရပြီး မျက်ရည်ပြဇာတ် သရုပ်ဖော်နေရပါတယ်။

အလွန်ဆိုကချယ်လ်ဆီးရဲ့အပြာရောင်မျက်ရည်တွေကို အမြန်ဆုံး သုတ်ပေးဖို့အရေးကြီးနေပါပြီ။

Related News

ကြွေးထူမန်ယူ
Football News

ကြွေးထူမန်ယူ

တကယ်ဆိုရင် မန်ယူအသင်းက ဝင်ငွေ ပေါင် ၆၇၇ သန်းပိုင်ဆိုင်ခဲ့တာပါ။ ဒါပေမဲ့ ကြွေးမြီပမာဏက စံချိန်တင်အောင် မြင့်မားနေဆဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီမှာ မန်ယူအသင်းက ဆယ်စုနှစ်တစ်ခုအတွင်း ပထမဆုံးအကြိမ်အဖြစ် ဉရောပပြိုင်ပွဲ ကစားခွင့်မရပေမယ့် ဝင်ငွေတိုးလာသလို၊ Operating profit ကလည်း ပေါင် ၂၂ ဒဿမ ၆ သန်းရှိခဲ့ပါတယ်။

Read more
ဘောလုံးမရမှ ပိုကောင်းတဲ့ မန်ယူ
Football News

ဘောလုံးမရမှ ပိုကောင်းတဲ့ မန်ယူ

မိုက်ကယ်ကာရစ်လက်ထက် မန်ယူအသင်းမှာ သိပ်ပြီးထူးဆန်းတဲ့အရာတစ်ခု ရှိနေတယ်။ အဲဒါက " မန်ယူဟာ ဘောလုံးမရလေပိုကောင်းလေ" ဆိုတဲ့အချက်ပါ။ ဟုတ်ပါတယ်၊ ဘောလုံးပွဲတစ်ပွဲမှာ ဘောလုံးရထားမှ တိုက်စစ်ဆင်နိုင်မယ်၊ ဂိုးသွင်းနိုင်မယ်ဆိုပေမယ့် မန်ယူက အခြေခံသီအိုရီရဲ့ဆန့်ကျင်ဘက်လမ်းကို လျှောက်နေရတယ်။

Read more
မန်ယူရဲ့ရွှေပြည်တော် မျှော်တိုင်းဝေး
Football News

မန်ယူရဲ့ရွှေပြည်တော် မျှော်တိုင်းဝေး

မန်ယူက တစ်ရာသီစာလက်မှတ်စျေးနှုန်းကို တစ်နှစ်ပြီးတစ်နှစ် ထပ်ခါထပ်ခါ စျေးတင်ထားခဲ့တယ်။ အရွယ်ရောက်ပြီးသူတွေရဲ့ လက်မှတ်စျေးနှုန်းက တစ်ပွဲပျမ်းမျှ ၂ ပေါင်နှုန်းလောက် မြင့်တက်ခဲ့တာပါ။ အခုလို လက်မှတ်စျေးနှုန်း မြှင့်တင်ရတာက အသင်းအတွက် ရင်းနှီးမြှုပ်နှံမှုနဲ့ မြင့်တက်လာတဲ့ ကုန်ကျစရိတ်တွေအတွက်ဆိုပြီး မန်ယူ အကြောင်းပြပါတယ်။

Read more

More News

အတ္တကြီးနေဆဲ စီရော်နယ်လ်ဒို
Players News

အတ္တကြီးနေဆဲ စီရော်နယ်လ်ဒို

၂၀၂၆ ကမ္ဘာ့ဖလားပြီးရင် အနားယူမယ်ဆိုပြီး တွေးခဲ့ပေမယ့် စီရော်နယ်လ်ဒိုရဲ့လောဘက မရပ်တန့်သေးဘူး။ ၂၀၂၆ ကမ္ဘာ့ဖလားအလွန် ပထမဆုံးကစားမယ့် နိုင်ငံတကာပွဲစဉ်ရက်သတ္တပတ်မှာ ပေါ် တူဂီ အတွက်ကစားပေးဖို့ စီရော်နယ်လ်ဒို စိတ်အားထက်သန်နေပါတယ်။

Read more
မန်ချက်စတာက ဆမ်ဘာတေးသံ
Players News

မန်ချက်စတာက ဆမ်ဘာတေးသံ

မန်ချက်စတာမြို့ထဲ လူငယ်ကြယ်ပွင့်တစ်ဉီးရဲ့အသံဟာ အခုရက်ပိုင်းမှာ ဆူညံနေခဲ့တယ်။ မန်ချက်စတာမြို့ရဲ့အနီရောင်ကိုယ်စားပြု မန်ယူအသင်းက ဂျေဂျေဂါဘရီယဲလ်ပါ။ သူနဲ့မန်ယူအသင်းကြား အနာဂတ်သတင်းဟာ လှုပ်လှုပ်ခတ်ခတ်ရှိနေခဲ့တာပါ။ ဂျေဂျေဂါဘရီယဲလ်က မန်ယူကိုစွန့်ခွာပြီး အခြားသောအရပ်ဆီ ပြောင်းရွှေ့ဖွယ်ရှိနေတာပါ။ သူ့ကို ရီးယဲလ်ကစိတ်ဝင်စားနေတယ်ဆိုပြီး သတင်းတွေလည်း ထွက်နေတာပါ။

Read more
အိမ့်နိမ့်စံဘဝကနေ ရောမမြို့ရဲ့သူရဲကောင်းဖြစ်လာသူ
Players News

အိမ့်နိမ့်စံဘဝကနေ ရောမမြို့ရဲ့သူရဲကောင်းဖြစ်လာသူ

လွန်ခဲ့တဲ့ ၈ လက မာလန်တစ်ယောက် ဗီလာမှာ ရုန်းကန်နေရပါတယ်။ အခုတော့ ဉရောပထိပ်တန်းလိဂ်ငါးခုမှာ သွင်းဂိုးအများဆုံး အဆုံးသတ်သမားကောင်း  တစ်ဉီးအဖြစ် ရပ်တည်နေတယ်။ ပြီးခဲ့တဲ့ဇန်နဝါရီလ ၁၈ ရက်မှာ ရိုးမားအတွက် မာလန်စတင်ပွဲထွက်ကစားပြီးနောက်ပိုင်း သူ့ထက်ဂိုးပိုသွင်းနိုင်သူ မရှိခဲ့ဘူး။ ရိုးမားကစားသမားဘဝမှာ မာလန်ကဂိုးနှစ်ဆယ်အထိ ပိုင်ဆိုင်ထားပြီး ဟာရီကိန်း (၁၆ ဂိုး)၊ ယမားလ် (၁၅ ဂိုး)တို့ထက် ပိုများခဲ့တယ်။

Read more
အာဆင်နယ်က ငကြောက်အသင်း ဖြစ်နေဆဲလား
Players News

အာဆင်နယ်က ငကြောက်အသင်း ဖြစ်နေဆဲလား

အာဆင်နယ်ရဲ့ Safety First ကစားဟန်က ဝေဖန်ခံရတယ်။ အာတီတာက စွန့်စားမှုနည်းနိုင်သမျှ နည်းပြီး ထိရောက်မှုဉီးစားပေးဟန်ကို အချိန်ယူတည်ဆောက်ထားတာပါ။ ပရိသတ်အတော်များများက အာဆင်နယ်ကို မကြည့်ချင်ကြဘူး၊ပျင်းစရာကောင်းတယ်ဆိုပြီး ပြစ်တင်ပါတယ်။ ပြီးခဲ့တဲ့ရာသီမှာ အာဆင်နယ်က (၁-၀) ရလဒ်တွေနဲ့ တည်ကန်ဘောဂိုးတွေများခဲ့လို့ အခုလိုမျိုး ဝေဖန်ခံရတာပါ။ 

Read more
ရာဖင်ညာရဲ့The Best ကာလ
Players News

ရာဖင်ညာရဲ့The Best ကာလ

ဘာစီလိုနာရဲ့ပြိုင်ဘက်တိုင်းထိတ်လန့်နေမယ့်တိုက်စစ်မှာ အရေးပါဆုံးလူက ရာဖင်ညာဖြစ်ပါတယ်။ ရာဖင်ညာက Breaking Limits ဖြစ်ပြီး သူ့ရဲ့လုပ်နိုင်စွမ်းထက်ကျော်လွန်တဲ့အရာတွေ ဖန်ဆင်းပြနေတယ်။ ဒါပေမဲ့စိုင်းထီးဆိုင်ရဲ့  " စွမ်းသလောက်ကိုယ့်မှာကြိုးစားခဲ့ပါတယ်၊ ထိပ်ဆုံးတော့မရောက်တောင်၊ အလယ်အလတ်တော့မကပါဘူး" သီချင်းစာသားလို ဘဝမျိုးရာဖင်ညာရင်ဆိုင်နေရတယ်။

Read more
ချစ်ခြင်းမေတ္တာ စစ်တဲ့အခါ ဘ၀မှာ ဘာမှမလိုတော့ဘူး
Players News

ချစ်ခြင်းမေတ္တာ စစ်တဲ့အခါ ဘ၀မှာ ဘာမှမလိုတော့ဘူး

ဘ၀မှာ ငွေကြေး၊ ကျော်ကြားမှုနဲ့ အာဏာဟာ  သောက်လေသောက်လေငတ်မပြေမယ့်  ပင်လယ်ရေလိုပါပဲ။ ငွေရှိသူတွေဟာ ကျော်ကြားချင်တယ်၊ နာမည်ကျော်ငွေရှိတဲ့ဘ၀ ရောက်ပြန်တော့လည်း အာဏာကို တပ်မက်လာပြန်ရော။ ဒါပေမဲ့ ကျနော်တို့ မေ့နေတဲ့အရာဟာ ကိုယ်ချင်းစာတရားနဲ့ ချစ်ခြင်းမေတ္တာပါပဲ။  အဲဒီအရာနှစ်ခုဟာ ကိုယ့်နှလုံးသားထဲ အားမကောင်းရင် စစ်မှန်တဲ့ အကြည်ဓာတ်ဆိုတာရှိနိုင်မယ်မထင်ဘူး။  ချစ်ခြင်းမေတ္တာ စစ်တဲ့အခါ ဘ၀မှာ ဘာမှမလိုတော့သလိုပါပဲ။

Read more

Official Channels

ONEX2 banner