အီစတီဗာအိုရဲ့စွမ်းရည်ကို ချယ်လ်ဆီးပရိသတ်တွေ ခံစားသိရှိဖူးပါတယ်။
သူက ချယ်လ်ဆီးတိုက်စစ်အတွက် ရွပ်ရွပ်ချွံချွံတာဝန်ထမ်းဆောင်ဖူးတယ်။
အလွန်ဆိုလက်ထက်မှာ အီစတီဗာအိုအတွက်နေရာမရှိသလိုဖြစ်နေပါတယ်။ ဒါပေမဲ့ အာဆင်နယ်နဲ့ပွဲမှာ
သူဝင်လာပြီးနောက် ပြသခဲ့တဲ့စွမ်းရည်ကြောင့် အလွန်ဆို နေရာပေးသင့်တယ်လို့တောင်းဆိုသံက ကျယ်လောင်လာပါတယ်။
အီစတီဗာအိုအတွက် ပရီးမီးယားလိဂ်ကစားခွင့် ရှိပါဉီးမလား
အီစတီဗာအိုရဲ့စွမ်းရည်ကို ချယ်လ်ဆီးပရိသတ်တွေ ခံစားသိရှိဖူးပါတယ်။
သူက ချယ်လ်ဆီးတိုက်စစ်အတွက် ရွပ်ရွပ်ချွံချွံတာဝန်ထမ်းဆောင်ဖူးတယ်။
အလွန်ဆိုလက်ထက်မှာ အီစတီဗာအိုအတွက်နေရာမရှိသလိုဖြစ်နေပါတယ်။ ဒါပေမဲ့ အာဆင်နယ်နဲ့ပွဲမှာ
သူဝင်လာပြီးနောက် ပြသခဲ့တဲ့စွမ်းရည်ကြောင့် အလွန်ဆို နေရာပေးသင့်တယ်လို့တောင်းဆိုသံက ကျယ်လောင်လာပါတယ်။
သူ့ရဲ့ Curling Strike ကို အာဆင်နယ်ဂိုးသမား ဒေးဗစ်ရာယာ Great Save လုပ်ခဲ့လို့သာ ချယ်လ်ဆီးကံဆိုးသွားတာပါ။
ပေါင် ၁၁၇ သန်းတန် မော်ဂန်ရော်ဂျာစ် ရောက်လာပြီးနောက် ချယ်လ်ဆီးတိုက်စစ်မှာ ယော်အိုပတ်ဒရို၊ ပါလ်မာနဲ့အတူ
အစွမ်းထက်နေလို့ အီစတီဗာအို ဘုံပျောက်ခဲ့တယ်။
ပါလ်းမီးရပ်စ်ကနေ ဘရာဇီးလ်ကြယ်ပွင့်အဖြစ် ချယ်လ်ဆီးကိုရောက်လာသူ အီစတီဗာအိုက လက်ရှိရာသီမှာ ၉၆ မိနစ်ပဲကစားရသေးတယ်။
အဲဒီ ၉၆ မိနစ်ထဲက မိနစ် ၈၀ ကို လိဂ်ဝမ်းကလပ်လူတန်အသင်းနဲ့ပွဲမှာ ကစားခဲ့ရပြီး
ကျန် ၁၆ မိနစ်ကို ပရီးမီးယားလိဂ်မှာ အရန်လူအဖြစ်ကစားခဲ့ရတာပါ။
အခုအချိန်မှာ အရန်လူဖြစ်နေပေမယ့် အီစတီဗာအိုက ချယ်လ်ဆီးရဲ့ပါလ်မာ၊ ယော်အိုပတ်ဒရို၊ ကိုင်စီဒိုတို့လိုပဲ
Untouchable Player ပါ။ Not For Sale ပါ။ လူငယ်ကြယ်ပွင့်တွေ သဘောကျတဲ့ အလွန်ဆိုရဲ့ အကြိုက်၊
ရေရှည်စီမံကိန်းလည်း ဖြစ်ပါတယ်။
ပွဲကစားခွင့်မရလို့ အီစတီဗာအို စိတ်ဓာတ်ကျနေလား ဆိုပြီးမေးတဲ့အခါ အလွန်ဆိုက " ချယ်လ်ဆီးမှာ
သူပျော်နေပါတယ်။ သူ့ရဲ့ခံယူချက်ကလည်း ကောင်းမွန်နေပါတယ်။ သူကတိုးတက်လာပြီး သင်ယူလိုစိတ်ရှိပါတယ်" လို့ ပြောတယ်။
ပြီးခဲ့တဲ့ရာသီကုန်ခါနီးမှာ အီစတီဗာအိုက Grade Four အဆင့် တံကောက်ကြောဒဏ်ရာရပြီး
ကမ္ဘာ့ဖလား လွဲချော်ခဲ့တယ်။ သူ့ရဲ့တည်ရှိမှုအရောင်မှိန်သလိုဖြစ်ခဲ့ရတယ်။
အလွန်ဆိုရဲ့အသင်းမှာ အီစတီဗာအိုအတွက် နေရာရှိနိုင်မလား။ အလွန်ဆိုရဲ့စနစ်သစ်မှာ နေတိုက
Wing Back အဖြစ် ကစားနေရတယ်။ ပါလ်မာက Inside-right number 10 role ကစားနေရတယ်။
အီစတီဗာအိုရဲ့ရုပ်ပိုင်းဆိုင်ရာ အခြေအနေအရ Wing Back ကစားဖို့ရာမဖြစ်နိုင်သလို၊
ပါလ်မာကိုကျော်ပြီးနေရာရဖို့ အီစတီဗာအိုနေရာရဖို့မလွ အီစတီဗာအိုအတွက်နေရာမရှိသလို ဖြစ်နေတယ်။
ပရီးမီးယားလိဂ်မှာ အီစတီဗာအိုနေရာရဖို့မလွယ်ဘဲ ပြည်တွင်းဖလားပွဲတွေလောက်ပဲ ကစားရမယ်ထင်တယ်။