Football News

ညံ့ဖျင်းလွန်းတဲ့ အထည်ကြီးပျက် မန်ယူ

ညံ့ဖျင်းလွန်းတဲ့ အထည်ကြီးပျက် မန်ယူ

ဘုန်းမောက်ကို ဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီးနောက် ဖန်တီးမှုကင်းမဲ့နေတဲ့ ကွင်းလယ်၊ စိတ်ဓာတ်ကျဆင်းနေတဲ့ ကစားသမားတွေနဲ့အတူ နလံထူဖို့ ခက်ခဲနေတဲ့ နည်းပြ မိုက်ကယ်ကာရစ်ရဲ့ မန်ယူအသင်းအကြောင်း ပြင်းပြင်းထန်ထန် သုံးသပ်ချက်။

မန်ယူက ညံ့တယ်ဆိုတာထက် ပိုပါတယ်။ ဘောလုံးအသင်းတစ်သင်းနဲ့တောင် မတူတော့ဘူး။ စုစည်းမှုမရှိ၊ စိတ်ဓာတ်မရှိ၊ ဘာဆိုဘာမှမရှိတော့ဘူး။

မန်ယူကသာမန်အသင်းလေးဖြစ်သွားပြီဆိုတာ သက်သေထပ်ပြတဲ့ပွဲပါ။

ဒီအသင်းရဲ့သမိုင်းကြောင်းကောင်းခဲ့ပေမယ့် အခုတော့အနာဂတ်မဲ့နေပြီ။

ဘုန်းမောက်က သိပ်ပြီးထူးချွန်နေတဲ့အသင်းမဟုတ်ပါဘူး။ မန်ယူကညံ့ချာလွန်းလို့သာ အလွယ်တကူအခွင့်အရေးရ၊ ဂိုးပြတ်အနိုင်ရခဲ့တာပါ။

မိုက််််ကယ်ကာရစ်က ဒီပွဲမတိုင်ခင်သူ့ရဲ့နည်းစနစ်တွေကို ဝေဖန််််််ခဲ့သူ ဘရူနိူဖာနန်ဒက်စ်ကို ပွဲထွက်ခွင့်မပေးခဲ့ပါဘူး။

တိုက်စစ်မှာ အမ်ဘူမို၊ အာမက်ဒီယာလို၊ တီလေမန်းစ်၊ ကွင်းလယ်မှာ မေဆန်မောင့်၊ ဆန်းတို့စ်၊ ဘယ်ဘာဘာတို့ ကစားခဲ့ပါတယ်။

ဘရူနိုဖာနန်ဒက်စ်မပါတဲ့ မန်ယူကွင်းလယ်က ဖန်တီးနိုင်စွမ်းလုံးဝမရှိဘဲ Clear Chance မရသလောက်

ဖြစ်ခဲ့ပါတယ်။ အမ်ဘူမို၊ အာမက်ဒီယာလိုတို့ နှစ်ဉီးစလုံးကလည်း ပြီးခဲ့တဲ့ရာသီကနဲ့တခြားစီဖြစ်ပြီး ဘာမှ သုံးစားမရခဲ့ပါဘူး။

ဘရူနိုဖာနန်ဒက်စ်ဝေဖန်ခဲ့သလိုပဲ မန်ယူကစားသမားတွေက Pressing လုံးဝမကစားနိုင်ဘဲ Half Space တွေမှာ နေရာလွတ်များစွာ ပေးခဲ့ရတယ်။

မန်ယူကစားသမားတွေက အမှာလုပ်မိမှာ စိုးထိတ်စိတ်ကြောင့် ဖိအားများပြီး သာမန်ပေးပို့မှုတောင် ကောင်းကောင်းမလုပ်နိုင်ခဲ့ဘူး။

မိုက်ကယ်ကာရစ်ကစကားလုံးတွေနဲ့သာ ခေါင်းဆောင်နိုင်သူဖြစ်ပြီး လက်တွေ့မှာ ဘာအဖြစ်မှ မရှိဘဲမန်ယူဘဝကရေတိမ်နစ်ခဲ့ရတယ်။

အခုပုံစံအတိုင်းဆိုရင် မန်ယူအသင်းမှာမိုက်ကယ်ကာရစ် ဆက်မရှိဖို့သေချာသလောက်ပါပဲ။

ဒါပေမဲ့ မိုက်ကယ်ကာရစ်နေရာနည်းပြသစ် ရောက်လာလည်း ကစားသမားတွေရဲ့စိတ်ဓာတ်နဲ့

အသင်းဘုတ်အဖွဲ့ရဲ့အသုံးမကျတဲ့လုပ်ရပ်ကြောင့် မန်ယူက နလံထူဖို့ခက်နေဉီးမယ်ထင်တယ်။

လီဗာပူးလ်က ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ဖို့ အနှစ်သုံးဆယ်စောင့်ဆိုင်းခဲ့ရပါတယ်။

ပျောက်ကြီးဘဝနဲ့အချိန်အကြာကြီး သိမ်ငယ်ခဲ့ရတယ်။

မန်ယူအသင်းက ပရီးမီးယားလိဂ် ချန်ပီယံ ပြန်ဖြစ်ဖို့ အနှစ်သုံးဆယ်မက စောင့်ဆိုင်းရမယ်ထင်တယ်။

ข่าวที่เกี่ยวข้อง

စ-စ်မရောက်ခင် မြားကုန်နေပြီလား မော်ရင်ဟို
Football News

စ-စ်မရောက်ခင် မြားကုန်နေပြီလား မော်ရင်ဟို

ဘာစီလိုနာရဲ့ လွှမ်းမိုးမှုကို ရပ်တန့်ဖို့ ရီးယဲလ်နည်းပြအဖြစ် ပြန်ရောက်လာတဲ့ မော်ရင်ဟို၊ ယမားလ်ရဲ့ တုံ့ပြန်မှုနဲ့ ဗင်နီစီယက်စ် လွဲချော်မယ့် El Clasico ပွဲကြိုသုံးသပ်ချက်။

ဗင်နီစီယက်စ်မရှိလည်း စိတ်ပူစရာမလိုဘူး
Football News

ဗင်နီစီယက်စ်မရှိလည်း စိတ်ပူစရာမလိုဘူး

ဗင်နီစီယက်စ် ပွဲပယ်ခံထားရလို့ El Clasico လွဲချော်မယ့်အချိန်မှာ ဘာပေ၊ ဘယ်လင်ဟမ်၊ အန်ဒရစ်တို့နဲ့အတူ ရီးယဲလ်တိုက်စစ်မှာ အံဝင်ခွင်ကျ ခြေစွမ်းပြနေတဲ့ ဒီယိုမန်ဒီနဲ့ မော်ရင်ဟိုရဲ့ နည်းစနစ်ပိုင်း သုံးသပ်ချက်။

Mr Nice Guy လုပ်နေ့လို့မရတော့ဘူး ကာရစ်
Football News

Mr Nice Guy လုပ်နေ့လို့မရတော့ဘူး ကာရစ်

ကိုယ့်အမှားကို ဖုံးကွယ်ဖို့ နည်းပြကို အပြစ်ပုံချခဲ့တဲ့ အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်ကို လူစာရင်းကနေ ဖယ်ထုတ်ပြီး Mr Nice Guy အဖြစ်ကနေ ပြတ်ပြတ်သားသား အရေးယူဖို့ လိုအပ်နေပြီဖြစ်တဲ့ မန်ယူနည်းပြ မိုက်ကယ်ကာရစ်အကြောင်း။

ข่าวเพิ่มเติม

အပယ်ရတနာ
Players News

အပယ်ရတနာ

ချယ်လ်ဆီးနဲ့ ဘိုင်ယန်မြူးနစ်တို့မှာ အပယ်ခံဘဝ ရောက်ခဲ့ပေမဲ့ အက်စတွန်ဗီလာမှာ ဝက်ကင်စ်ရဲ့ နေရာကို အကောင်းဆုံး အစားထိုးဝင်ရောက်ပြီး သွင်းဂိုးတွေနဲ့အတူ ပြန်လည်တောက်ပလာတဲ့ တိုက်စစ်မှူး ဂျက်ဆန်အကြောင်း သုံးသပ်ချက်။

စိုမှာစိုးလို့ မိုးမိတယ်
Football News

စိုမှာစိုးလို့ မိုးမိတယ်

ကိုမိုကို ရှုံးနိမ့်ပြီးနောက် ရလဒ်ဆိုးတွေအတွက် အပြည့်အဝ တာဝန်ယူကြောင်းနဲ့ မန်ယူအသင်းရဲ့ တန်ဖိုးထားမှုတွေကို အဆုံးရှုံးမခံဘူးလို့ ပြောကြားလိုက်တဲ့ နည်းပြ မိုက်ကယ်ကာရစ်ရဲ့ ပွဲကြိုသတင်းစာရှင်းလင်းပွဲ သုံးသပ်ချက်။

ဉရောပပြိုင်ပွဲနဲ့ ပရီးမီးယားလိဂ်ပါဝါ
Football News

ဉရောပပြိုင်ပွဲနဲ့ ပရီးမီးယားလိဂ်ပါဝါ

ချန်ပီယံလိဂ်မှာ အောင်မြင်မှု ဝေးကွာနေပေမဲ့ ကြီးမားတဲ့ ရုပ်သံဝင်ငွေနဲ့ ဘဏ္ဍာရေးအင်အားတွေကြောင့် ယူရိုပါလိဂ်နဲ့ ကွန်ဖရင့်လိဂ်ပြိုင်ပွဲတွေမှာ ပြိုင်ဘက်ကင်း လွှမ်းမိုးထားနိုင်တဲ့ ပရီးမီးယားလိဂ်ကလပ်တွေရဲ့ အခြေအနေ သုံးသပ်ချက်။

ဂုဏ်ယူမဆုံးဖြစ်နေတဲ့ ကိုမို
Football News

ဂုဏ်ယူမဆုံးဖြစ်နေတဲ့ ကိုမို

ချန်ပီယံလိဂ်မှာ မန်ယူအသင်းကို ၄-၁ ဂိုးနဲ့ ဂိုးပြတ်အနိုင်ယူခဲ့တဲ့ ဖာဘရီဂတ်စ်ရဲ့ ကိုမိုအသင်းနဲ့ မက်ဆီရဲ့ မှတ်တမ်းကို လိုက်မီခဲ့တဲ့ ကြယ်ပွင့်ကစားသမား နီကိုပတ်ဇ်အကြောင်း သုံးသပ်ချက်။

ဘရူနိုနဲ့ မိုက်ကယ်ကာရစ် ထိကြ ငြိကြပြီ
Players News

ဘရူနိုနဲ့ မိုက်ကယ်ကာရစ် ထိကြ ငြိကြပြီ

ကိုမိုအသင်းကို အရှက်တကွဲ ရှုံးနိမ့်ပြီးနောက် နည်းပြ မိုက်ကယ်ကာရစ်ရဲ့ နည်းဗျူဟာကို ဝေဖန်ခဲ့တဲ့ အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်နဲ့ သူတို့နှစ်ဦးကြားက စိတ်ဝမ်းကွဲမှုပြဿနာများအကြောင်း သုံးသပ်ချက်။

ကျွန်တော်အကောင်းဆုံး လုပ်ခဲ့ပါတယ် (မိုက်ကယ်ကာရစ်)
Football News

ကျွန်တော်အကောင်းဆုံး လုပ်ခဲ့ပါတယ် (မိုက်ကယ်ကာရစ်)

ကိုမိုအသင်းကို ဂိုးပြတ်ရှုံးနိမ့်ပြီးနောက် နုတ်ထွက်ဖို့ ဖိအားပေးခံနေရချိန်မှာ ကစားသမားတွေရဲ့ ပေးဆပ်လိုစိတ်ကို ဝေဖန်ထောက်ပြရင်း သူအကောင်းဆုံး ကြိုးစားခဲ့တယ်လို့ တုံ့ပြန်လိုက်တဲ့ မန်ယူနည်းပြ မိုက်ကယ်ကာရစ်ရဲ့ အင်တာဗျူး။

Official Channels

ONEX2 banner