Football News

သီတင်းကျွတ်ကာလမှာ မန်ယူကိုကန်တော့ရမယ့် စပါး

သီတင်းကျွတ်ကာလမှာ မန်ယူကိုကန်တော့ရမယ့် စပါး

မန်ယူအသင်းနဲ့ သရေကျပြီးနောက်ပိုင်း ယုံကြည်မှုတွေ ပြန်လည်မြင့်တက်လာကာ ချယ်လ်ဆီးကိုပါ အနိုင်ယူပြီး လမ်းကြောင်းမှန်ပေါ် ပြန်ရောက်လာတဲ့ ဒီဇာဘီရဲ့ စပါးအသင်းအကြောင်း သုံးသပ်ချက်။

မန်ယူအသင်းနဲ့ တစ်ဂိုးစီသရေကျပြီးနောက် စပါးရဲ့ပါဝါမြင့်တက်လာပါတယ်။ စပါးကို အဆိုးတွေရပ်တန့်သွားအောင် မန်ယူအသင်းက သိဒ္ဓိတင်ပေးလိုက်သလိုပါပဲ။

အခုဆိုရင် စပါးကပရီးမီးယားလိဂ်နောက်ဆုံးသုံးပွဲဆက် အရှုံးမရှိဘဲ နှစ်ပွဲအနိုင်ရထားပြီး လမ်းကြောင်းမှန် ရောက်လာခဲ့တယ်။

နောက်ဆုံးပွဲမှာ ချယ်လ်ဆီးကို အဝေးကွင်းနိုင်ပွဲယူပြ ပြီးနောက် နည်းပြဒီဇာဘီရဲ့စပါးက ယုံကြည်စိတ်ပိုလို့ မြင့်မားလာပါပြီ။

ချယ်လ်ဆီးအသင်းနဲ့ပွဲမှာ စပါးက ဘောလုံးပိုင်ဆိုင်မှု ၆၈ ရာခိုင်နှုန်းအထိ ရပြီး ၂၀၂၅ ခုနှစ်၊ ဧပြီလနောက်ပိုင်း ဘောလုံးပိုင်ဆိုင်မှု အများဆုံးဖြစ်လာပါတယ်။

ပြီးတော့ နွေရာသီမှာ ဝယ်ယူထားတဲ့ ဗန်ဟက်ကီ၊ ဖာနန်ဒက်စ်၊ တိုနယ်လီတို့အားလုံးအစွမ်းပြခဲ့တာ ကျေနပ်စရာပါ။

ဒီဇာဘီက စပါးကိုရောက်လာပြီးနောက် တိုနယ်လီရဲ့ အကောင်းဆုံးစွမ်းရည်ကို ချယ်လ်ဆီးနဲ့ပွဲမှာ မြင်ရတယ်လို့ချီးကျူးခဲ့တယ်။

ချယ်လ်ဆီးနဲ့ရင်ဆိုင်ရတိုင်း စပါးက ဂိုးတွေပေးနေရတာ နှစ်ပေါင်းလေးဆယ်ရှိခဲ့ပါပြီ။

အခုပွဲမှာတော့ ဒီဇာဘီရဲ့စပါးက ခံစစ်တည်ငြိမ်ပြီး ဂိုးမပေးရတာလည်း ကျေနပ်စရာပါ။

ဘယ်လိုပဲဖြစ်ဖြစ် ရေမြှုပ်နေတဲ့စပါးက ရွှေဝါရောင် ပြန်လည်ဝင်းပလာပါတယ်။

ပရီးမီးယားလိဂ် Big Six စာရင်းဝင် စပါးအသင်းက ဘယ်လောက်အထိအမြင့်ပျံဦးမလဲ။

သေချာတာက မန်ယူအသင်းနဲ့ပွဲမှာ သရေကစားနိုင်ပြီးနောက် စပါးရဲ့စိတ်ဓာတ်မြင့်တက်သွားပါတယ်။

မန်ယူက ကိုယ့်ဘာသာစိတ်ဓာတ်မြင့်တက်အောင် မလုပ်နိုင်ပေမယ့် အားနည်းနေတဲ့ပြိုင်ဘက်အသင်းကိုအနိုင်မယူရက်ဘဲ ခွန်အားပေးတာ သိပ်ပြီးထူးချွန်ပါတယ်။

လက်ရှိအချိန်မှာ ရလဒ်ကောင်းတွေပိုင်ဆိုင်ထားတဲ့ စပါးအသင်းအတွက် မန်ယူကကျေးဇူးရှိပါတယ်။

စပါးအသင်းယုံကြည်စိတ်တွေပြန်ရလာအောင် မန်ယူကခွန်အားပေးခဲ့တာပါ။

စပါးအသင်းသားတွေက မန်ယူအသင်းကို ဝါလကင်းလွတ်သီတင်းကျွတ်ကာလမှာ အမှတ်တရကန်တော့သင့်ပါတယ်။

相关新闻

စ-စ်မရောက်ခင် မြားကုန်နေပြီလား မော်ရင်ဟို
Football News

စ-စ်မရောက်ခင် မြားကုန်နေပြီလား မော်ရင်ဟို

ဘာစီလိုနာရဲ့ လွှမ်းမိုးမှုကို ရပ်တန့်ဖို့ ရီးယဲလ်နည်းပြအဖြစ် ပြန်ရောက်လာတဲ့ မော်ရင်ဟို၊ ယမားလ်ရဲ့ တုံ့ပြန်မှုနဲ့ ဗင်နီစီယက်စ် လွဲချော်မယ့် El Clasico ပွဲကြိုသုံးသပ်ချက်။

阅读更多
ညံ့ဖျင်းလွန်းတဲ့ အထည်ကြီးပျက် မန်ယူ
Football News

ညံ့ဖျင်းလွန်းတဲ့ အထည်ကြီးပျက် မန်ယူ

ဘုန်းမောက်ကို ဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီးနောက် ဖန်တီးမှုကင်းမဲ့နေတဲ့ ကွင်းလယ်၊ စိတ်ဓာတ်ကျဆင်းနေတဲ့ ကစားသမားတွေနဲ့အတူ နလံထူဖို့ ခက်ခဲနေတဲ့ နည်းပြ မိုက်ကယ်ကာရစ်ရဲ့ မန်ယူအသင်းအကြောင်း ပြင်းပြင်းထန်ထန် သုံးသပ်ချက်။

阅读更多
ဗင်နီစီယက်စ်မရှိလည်း စိတ်ပူစရာမလိုဘူး
Football News

ဗင်နီစီယက်စ်မရှိလည်း စိတ်ပူစရာမလိုဘူး

ဗင်နီစီယက်စ် ပွဲပယ်ခံထားရလို့ El Clasico လွဲချော်မယ့်အချိန်မှာ ဘာပေ၊ ဘယ်လင်ဟမ်၊ အန်ဒရစ်တို့နဲ့အတူ ရီးယဲလ်တိုက်စစ်မှာ အံဝင်ခွင်ကျ ခြေစွမ်းပြနေတဲ့ ဒီယိုမန်ဒီနဲ့ မော်ရင်ဟိုရဲ့ နည်းစနစ်ပိုင်း သုံးသပ်ချက်။

阅读更多

更多新闻

အပယ်ရတနာ
Players News

အပယ်ရတနာ

ချယ်လ်ဆီးနဲ့ ဘိုင်ယန်မြူးနစ်တို့မှာ အပယ်ခံဘဝ ရောက်ခဲ့ပေမဲ့ အက်စတွန်ဗီလာမှာ ဝက်ကင်စ်ရဲ့ နေရာကို အကောင်းဆုံး အစားထိုးဝင်ရောက်ပြီး သွင်းဂိုးတွေနဲ့အတူ ပြန်လည်တောက်ပလာတဲ့ တိုက်စစ်မှူး ဂျက်ဆန်အကြောင်း သုံးသပ်ချက်။

阅读更多
Mr Nice Guy လုပ်နေ့လို့မရတော့ဘူး ကာရစ်
Football News

Mr Nice Guy လုပ်နေ့လို့မရတော့ဘူး ကာရစ်

ကိုယ့်အမှားကို ဖုံးကွယ်ဖို့ နည်းပြကို အပြစ်ပုံချခဲ့တဲ့ အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်ကို လူစာရင်းကနေ ဖယ်ထုတ်ပြီး Mr Nice Guy အဖြစ်ကနေ ပြတ်ပြတ်သားသား အရေးယူဖို့ လိုအပ်နေပြီဖြစ်တဲ့ မန်ယူနည်းပြ မိုက်ကယ်ကာရစ်အကြောင်း။

阅读更多
စိုမှာစိုးလို့ မိုးမိတယ်
Football News

စိုမှာစိုးလို့ မိုးမိတယ်

ကိုမိုကို ရှုံးနိမ့်ပြီးနောက် ရလဒ်ဆိုးတွေအတွက် အပြည့်အဝ တာဝန်ယူကြောင်းနဲ့ မန်ယူအသင်းရဲ့ တန်ဖိုးထားမှုတွေကို အဆုံးရှုံးမခံဘူးလို့ ပြောကြားလိုက်တဲ့ နည်းပြ မိုက်ကယ်ကာရစ်ရဲ့ ပွဲကြိုသတင်းစာရှင်းလင်းပွဲ သုံးသပ်ချက်။

阅读更多
ဉရောပပြိုင်ပွဲနဲ့ ပရီးမီးယားလိဂ်ပါဝါ
Football News

ဉရောပပြိုင်ပွဲနဲ့ ပရီးမီးယားလိဂ်ပါဝါ

ချန်ပီယံလိဂ်မှာ အောင်မြင်မှု ဝေးကွာနေပေမဲ့ ကြီးမားတဲ့ ရုပ်သံဝင်ငွေနဲ့ ဘဏ္ဍာရေးအင်အားတွေကြောင့် ယူရိုပါလိဂ်နဲ့ ကွန်ဖရင့်လိဂ်ပြိုင်ပွဲတွေမှာ ပြိုင်ဘက်ကင်း လွှမ်းမိုးထားနိုင်တဲ့ ပရီးမီးယားလိဂ်ကလပ်တွေရဲ့ အခြေအနေ သုံးသပ်ချက်။

阅读更多
ဂုဏ်ယူမဆုံးဖြစ်နေတဲ့ ကိုမို
Football News

ဂုဏ်ယူမဆုံးဖြစ်နေတဲ့ ကိုမို

ချန်ပီယံလိဂ်မှာ မန်ယူအသင်းကို ၄-၁ ဂိုးနဲ့ ဂိုးပြတ်အနိုင်ယူခဲ့တဲ့ ဖာဘရီဂတ်စ်ရဲ့ ကိုမိုအသင်းနဲ့ မက်ဆီရဲ့ မှတ်တမ်းကို လိုက်မီခဲ့တဲ့ ကြယ်ပွင့်ကစားသမား နီကိုပတ်ဇ်အကြောင်း သုံးသပ်ချက်။

阅读更多
ဘရူနိုနဲ့ မိုက်ကယ်ကာရစ် ထိကြ ငြိကြပြီ
Players News

ဘရူနိုနဲ့ မိုက်ကယ်ကာရစ် ထိကြ ငြိကြပြီ

ကိုမိုအသင်းကို အရှက်တကွဲ ရှုံးနိမ့်ပြီးနောက် နည်းပြ မိုက်ကယ်ကာရစ်ရဲ့ နည်းဗျူဟာကို ဝေဖန်ခဲ့တဲ့ အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်နဲ့ သူတို့နှစ်ဦးကြားက စိတ်ဝမ်းကွဲမှုပြဿနာများအကြောင်း သုံးသပ်ချက်။

阅读更多

Official Channels

ONEX2 banner