Players News

အပယ်ရတနာ

အပယ်ရတနာ

ချယ်လ်ဆီးနဲ့ ဘိုင်ယန်မြူးနစ်တို့မှာ အပယ်ခံဘဝ ရောက်ခဲ့ပေမဲ့ အက်စတွန်ဗီလာမှာ ဝက်ကင်စ်ရဲ့ နေရာကို အကောင်းဆုံး အစားထိုးဝင်ရောက်ပြီး သွင်းဂိုးတွေနဲ့အတူ ပြန်လည်တောက်ပလာတဲ့ တိုက်စစ်မှူး ဂျက်ဆန်အကြောင်း သုံးသပ်ချက်။

တစ်ချိန်တုန်းက ဂျက်ဆန်ဟာအလွဲဘုရင်ကြီး ဖြစ်ဖူးတယ်။ ဂိုးသမားမရှိတဲ့ဂိုးပေါက်ထဲ မိုး ပေါ် ထောင်ကန်ခဲ့ဖူးတယ်။

ဒီလိုနဲ့ပဲ ဂျက်ဆန်ဟာ လှောင်ရယ်သံတွေကြား ပိတ်မိခဲ့တယ်။ ချယ်လ်ဆီးရပ်ဝန်းရဲ့အဝေး နှင်ထုတ်ခံရတယ်။ ပရီးမီးယားလိဂ်ရပ်ဝန်းနဲ့ ဝေးကွာခဲ့တယ်။

လူမစွမ်းနတ်မဆိုသလို ဘိုင်ယန်မြူးနစ်ကို ဂျက်ဆန် ရောက်သွားပေမယ့် ထူးထူးခြားခြား မရှိခဲ့ပါဘူး။

နောက်ဆုံး ချယ်လ်ဆီးကို ပြန်ရောက်လာပြီး ပွဲထွက်ခွင့်ရဖို့ မရေမရာဘဝနဲ့ရင်ဆိုင်ခဲ့ရတယ်။

အခြားတစ်ဘက်မှာ ဗီလာအသင်းက ဝက်ကင်စ်နေရာ အစားထိုးရအောင်တိုက်စစ်မှူးတစ်ဦး ရှာဖွေခဲ့ပါတယ်။

ဗီလာနည်းပြ အူနိုင်းအမ်မရီက ဗီလာရီးယဲလ်မှာ ကိုယ်ရောင်ကိုယ်ဝါတောက်ပဖူးသူ ဂျက်ဆန်ကို ယုံကြည်ခဲ့ပါတယ်။

ဝက်ကင်စ်လိုမျိုး ဗီလာအတွက် တစ်ရာသီသွင်းဂိုး ဆယ်ဂိုးအထက်သွင်းယူပေးနေတဲ့ တိုက်စစ်မှူးနေရာ အစားဝင်ရတာ မလွယ်ကူပါဘူး။

ဒါပေမဲ့ ဂျက်ဆန်က ဝက်ကင်စ်ကို ဗီလာအသင်းပရိသတ်တွေမေ့အောင် စွမ်းဆောင်ပြခဲ့တယ်။

ဗီလာကစားသမားဘဝ ပထမဆုံး ၁၁ ပွဲမှာ ဂျက်ဆန်က ၇ ဂိုးအထိသွင်းပြထားပါတယ်။

ဂျက်ဆန်ရဲ့သွင်းဂိုးတွေနဲ့အတူ ဗီလာကချန်ပီယံလိဂ်မှာ အဖွင့်လှနေသလို၊ ပရီးမီးယားလိဂ်မှာလည်းမန်စီးတီးကိုအနိုင်ရတဲ့အထိ အမြင့်ပျံနေပါတယ်။

ဂျက်ဆန်က " အသင်းဖော်တွေ၊ နည်းပြ၊ ဗီလာအသင်းနဲ့အရာအားလုံးက အတော်လေးထက်မြက်ပါတယ်။

ဗီလာမှာကစားခွင့်ရလို့ ပျော်ရွှင်မိပြီး အံ့အားသင့်စရာအရာတွေဖန်တီးနိုင်ဖို့မျှော်လင့်ထားပါတယ်" လို့ ပြောပါတယ်။

မန်စီးတီးကို ဗီလာအသင်း အနိုင်ရတဲ့ပွဲမှာ ဂျက်ဆန်က ဂိုးနှစ်ဂိုးစလုံး သွင်းယူပေးပြီး တစ်ချိန်တုန်းကလှောင်ရယ်သံတွေရင်ဆိုင်ရဖူးတဲ့

ပရီးမီးယားလိဂ်မှာ သူရဲကောင်းအဖြစ်ထည်ဝါခဲ့ပါတယ်။

" ဂိုးတွေအများကြီး ထပ်သွင်းဦးမယ်" လို့ ဂျက်ဆန် ကြွေးကြော်လိုက်ပါတယ်။

ဗီလာက ဂျက်ဆန်အတွက် နတ်ရေကန်ပါ။

အပယ်ခံဘဝကနေ ရတနာတစ်ပါးလို ဂျက်ဆန်အသွင်ပြောင်းခဲ့ပါတယ်။

相关新闻

ဘရူနိုနဲ့ မိုက်ကယ်ကာရစ် ထိကြ ငြိကြပြီ
Players News

ဘရူနိုနဲ့ မိုက်ကယ်ကာရစ် ထိကြ ငြိကြပြီ

ကိုမိုအသင်းကို အရှက်တကွဲ ရှုံးနိမ့်ပြီးနောက် နည်းပြ မိုက်ကယ်ကာရစ်ရဲ့ နည်းဗျူဟာကို ဝေဖန်ခဲ့တဲ့ အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်နဲ့ သူတို့နှစ်ဦးကြားက စိတ်ဝမ်းကွဲမှုပြဿနာများအကြောင်း သုံးသပ်ချက်။

阅读更多
မာဒူအေကေကြောင့် ကံကောင်းတဲ့အာဆင်နယ်
Players News

မာဒူအေကေကြောင့် ကံကောင်းတဲ့အာဆင်နယ်

နော်တင်ဟမ်ဖောရက်စ်နဲ့ လိဒ်စ်တို့ကို အနိုင်ဂိုးသွင်းပေးပြီး အာဆင်နယ်တိုက်စစ်မှာ အာတီတာ အယုံကြည်ရဆုံး Finisher ဖြစ်လာတဲ့ မာဒူအေကေရဲ့ ခြေစွမ်းသုံးသပ်ချက်။

阅读更多
ချယ်လ်ဆီးဂိုးသမား မာတီနက်ဇ် ဘယ်လောက်အနားယူရမလဲ ?
Players News

ချယ်လ်ဆီးဂိုးသမား မာတီနက်ဇ် ဘယ်လောက်အနားယူရမလဲ ?

အဲဗာတန်နဲ့ပွဲမှာ ဦးခေါင်းထိခိုက်မိပြီး Concussion ဖြစ်သွားတဲ့ ချယ်လ်ဆီးဂိုးသမား မာတီနက်ဇ်ရဲ့ ဒဏ်ရာအခြေအနေနဲ့ ပီတာချက်ရဲ့ ဖြစ်ရပ်ကို နှိုင်းယှဉ်သုံးသပ်ချက်။

阅读更多

更多新闻

ဗင်နီစီယက်စ်မရှိလည်း စိတ်ပူစရာမလိုဘူး
Football News

ဗင်နီစီယက်စ်မရှိလည်း စိတ်ပူစရာမလိုဘူး

ဗင်နီစီယက်စ် ပွဲပယ်ခံထားရလို့ El Clasico လွဲချော်မယ့်အချိန်မှာ ဘာပေ၊ ဘယ်လင်ဟမ်၊ အန်ဒရစ်တို့နဲ့အတူ ရီးယဲလ်တိုက်စစ်မှာ အံဝင်ခွင်ကျ ခြေစွမ်းပြနေတဲ့ ဒီယိုမန်ဒီနဲ့ မော်ရင်ဟိုရဲ့ နည်းစနစ်ပိုင်း သုံးသပ်ချက်။

阅读更多
Mr Nice Guy လုပ်နေ့လို့မရတော့ဘူး ကာရစ်
Football News

Mr Nice Guy လုပ်နေ့လို့မရတော့ဘူး ကာရစ်

ကိုယ့်အမှားကို ဖုံးကွယ်ဖို့ နည်းပြကို အပြစ်ပုံချခဲ့တဲ့ အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်ကို လူစာရင်းကနေ ဖယ်ထုတ်ပြီး Mr Nice Guy အဖြစ်ကနေ ပြတ်ပြတ်သားသား အရေးယူဖို့ လိုအပ်နေပြီဖြစ်တဲ့ မန်ယူနည်းပြ မိုက်ကယ်ကာရစ်အကြောင်း။

阅读更多
စိုမှာစိုးလို့ မိုးမိတယ်
Football News

စိုမှာစိုးလို့ မိုးမိတယ်

ကိုမိုကို ရှုံးနိမ့်ပြီးနောက် ရလဒ်ဆိုးတွေအတွက် အပြည့်အဝ တာဝန်ယူကြောင်းနဲ့ မန်ယူအသင်းရဲ့ တန်ဖိုးထားမှုတွေကို အဆုံးရှုံးမခံဘူးလို့ ပြောကြားလိုက်တဲ့ နည်းပြ မိုက်ကယ်ကာရစ်ရဲ့ ပွဲကြိုသတင်းစာရှင်းလင်းပွဲ သုံးသပ်ချက်။

阅读更多
ဉရောပပြိုင်ပွဲနဲ့ ပရီးမီးယားလိဂ်ပါဝါ
Football News

ဉရောပပြိုင်ပွဲနဲ့ ပရီးမီးယားလိဂ်ပါဝါ

ချန်ပီယံလိဂ်မှာ အောင်မြင်မှု ဝေးကွာနေပေမဲ့ ကြီးမားတဲ့ ရုပ်သံဝင်ငွေနဲ့ ဘဏ္ဍာရေးအင်အားတွေကြောင့် ယူရိုပါလိဂ်နဲ့ ကွန်ဖရင့်လိဂ်ပြိုင်ပွဲတွေမှာ ပြိုင်ဘက်ကင်း လွှမ်းမိုးထားနိုင်တဲ့ ပရီးမီးယားလိဂ်ကလပ်တွေရဲ့ အခြေအနေ သုံးသပ်ချက်။

阅读更多
ဂုဏ်ယူမဆုံးဖြစ်နေတဲ့ ကိုမို
Football News

ဂုဏ်ယူမဆုံးဖြစ်နေတဲ့ ကိုမို

ချန်ပီယံလိဂ်မှာ မန်ယူအသင်းကို ၄-၁ ဂိုးနဲ့ ဂိုးပြတ်အနိုင်ယူခဲ့တဲ့ ဖာဘရီဂတ်စ်ရဲ့ ကိုမိုအသင်းနဲ့ မက်ဆီရဲ့ မှတ်တမ်းကို လိုက်မီခဲ့တဲ့ ကြယ်ပွင့်ကစားသမား နီကိုပတ်ဇ်အကြောင်း သုံးသပ်ချက်။

阅读更多
ကျွန်တော်အကောင်းဆုံး လုပ်ခဲ့ပါတယ် (မိုက်ကယ်ကာရစ်)
Football News

ကျွန်တော်အကောင်းဆုံး လုပ်ခဲ့ပါတယ် (မိုက်ကယ်ကာရစ်)

ကိုမိုအသင်းကို ဂိုးပြတ်ရှုံးနိမ့်ပြီးနောက် နုတ်ထွက်ဖို့ ဖိအားပေးခံနေရချိန်မှာ ကစားသမားတွေရဲ့ ပေးဆပ်လိုစိတ်ကို ဝေဖန်ထောက်ပြရင်း သူအကောင်းဆုံး ကြိုးစားခဲ့တယ်လို့ တုံ့ပြန်လိုက်တဲ့ မန်ယူနည်းပြ မိုက်ကယ်ကာရစ်ရဲ့ အင်တာဗျူး။

阅读更多

Official Channels

ONEX2 banner