Football News

Mr Nice Guy လုပ်နေ့လို့မရတော့ဘူး ကာရစ်

Mr Nice Guy လုပ်နေ့လို့မရတော့ဘူး ကာရစ်

ကိုယ့်အမှားကို ဖုံးကွယ်ဖို့ နည်းပြကို အပြစ်ပုံချခဲ့တဲ့ အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်ကို လူစာရင်းကနေ ဖယ်ထုတ်ပြီး Mr Nice Guy အဖြစ်ကနေ ပြတ်ပြတ်သားသား အရေးယူဖို့ လိုအပ်နေပြီဖြစ်တဲ့ မန်ယူနည်းပြ မိုက်ကယ်ကာရစ်အကြောင်း။

မန်ယူနည်းပြဘဝမှာ မိုက်ကယ်ကာရစ်ကို အကြံဉာဏ်ပေးသူတွေ အမြဲတမ်းရှိနေပါတယ်။

ပေါလ်စခိုးလ်၊ ရွိုင်ကိန်းတို့လို မန်ယူကစားသမားဟောင်းတွေက " မစားရတဲ့အမဲ သဲနဲ့ပက်" ဆိုသလို ကာရစ်ဘာလုပ်လုပ်အကောင်းမမြင်ကြဘူး။

သူတို့ရဲ့နည်းပြဘဝကို ပြန်ကြည့်လိုက်ရင်ဘာမှအထင်ကြီးစရာမရှိပါဘူး။ အောက်တန်းအသင်းတွေကိုင်ပြီး တိုင်ပတ်ခဲ့ကြတာပါ။

အခုအချိန်မှာ မိုက်ကယ်ကာရစ်နှလုံးသားကို တုတ်နဲ့ထိုးခဲ့သူက ဘရူနိုဖာနန်ဒက်စ်၊ မိုက်ကယ်ကာရစ်ရဲ့နည်းဗျူဟာတွေက တလွဲကြီးဆိုပြီးမပြောရုံတမယ် ဝေဖန်ခဲ့တယ်။

ဘရူနိုဖာနန်ဒက်စ်လည်း ပေါလ်စခိုးလ်နဲ့ ရွိုင်ကိန်းလိုပဲ ကိုယ်ကဖြင့် ဘာအဖြစ်မှ မရှိဘူး။ သူများလက်ညိုးထိုးချင်ပြီး  ကိုယ့်မျက်ချေးကိုယ်မမြင်ဘူး။

ဘရူနိုဖာနန်ဒက်စ်ရဲ့ဝေဖန်သံဟာ ကာရစ်အတွက် ပြဿနာကြီးတစ်ခုပါပဲ။

နည်းပြတစ်ယောက်အတွက် အရေးကြီးဆုံးအရာက ကိုယ်ယုံကြည်တဲ့ ကစားသမားတွေကိုပဲ အသင်းမှာနေရာပေးသင့်တယ်" ဆိုတာပါ။

အသင်းခေါင်းဆောင်က နည်းပြတစ်ယောက်ကို ချောက်ထဲရောက်အောင် စကားလုံးတွေနဲ့ တွန်းပို့လိုက်တယ်။

Throw someone under the bus ဆိုတဲ့ အင်္ဂလိပ်စကားပုံအတိုင်း ဘရူနိုဖာနန်ဒက်စ်က သူ့အသုံးမကျတာကို ကာကွယ်ဖို့အတွက်

မိုက်ကယ်ကာရစ် ဒုက္ခရောက်အောင် လုပ်လိုက်ပါတယ်။ လက်ရှိရာသီမှာ ဘရူနိုဖာနန်ဒက်စ်ရဲ့စွမ်းရည်က အတော်လေးကျဆင်းနေတာပါ။

အဲဒီလိုအခြေအနေမျိုးမှာ သူ့ညံ့တာတွေဖုံးကွယ်ရအောင် ဘရူနိူဖာနန်ဒက်စ်က မိုက်ကယ်ကာရစ်ကို အပြစ်ပုံချလိုက်တယ်။

အခုအချိန်မှာ မိုက်ကယ်ကာရစ်လုပ်ရမှာတစ်ခုပဲရှိတယ်။

" မန်ယူအတွက် မပေးဆပ်ချင်တဲ့ ကစားသမားကို အသင်းလူစာရင်းကနေ ဖယ်ထုတ်လိုက်ရုံပါပဲ"

ဖာဂီခေတ်တုန်းက မန်ယူအသင်းရဲ့အထက်မှာ ဘယ်သူမှမရှိဘူးဆိုတဲ့မူဝါဒ ကျင့်သုံးခဲ့တယ်။

အသင်းရဲ့ အကောင်းဆုံးကစားသမားဖြစ်နေရင်တောင် နည်းပြကို ဝေဖန်ရင် နေရာမပေးတဲ့မူဝါဒ" ပါ။

ဖာဂီသာဆိုရင် ဘရူနိုဖာနန်ဒက်စ်ကို ပွဲထွက်ခွင့် ပေးတော့မှာမဟုတ်ဘူး။ မိုက်ကယ်ကာရစ်ကရော ဘယ်လိုဆုံးဖြတ်မှာလဲ။

ဝိန်းရွန်နီက " တာဝန်ယူစိတ်မရှိတဲ့သူတွေကတစ်ယောက်ယောက်ကို အပြစ်ပုံချတတ်တယ်"လို့ပြောပါတယ်။

မာတီနက်ဇ်နဲ့ ဘရူနိုဖာနန်ဒက်စ်ကပြဿနာကောင်တွေဆိုပြီး ဝိန်းရွန်နီတံဆိပ်ကပ်ခဲ့တယ်။

အခုအချိန်ကစပြီး မိုက်ကယ်ကာရစ်က "Mr Nice Guy." သဘောကောင်းပြီး အေးဆေးတဲ့သူလုပ်လို့မရတော့ဘူး။

လူတိုင်းကို အလိုလိုက်နေမယ့်အစား စည်းကမ်းတင်းကျပ်ပြီး ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်ချဖို့ လိုအပ်နေပြီ။

ဘရူနိုဖာနန်ဒက်စ်ကို အသင်းလူစာရင်းကနေ ဖယ်ရှားသင့်ပါတယ်။

相关新闻

မိုက်ကယ်ကာရစ်ရဲ့ Failed Gamble
Football News

မိုက်ကယ်ကာရစ်ရဲ့ Failed Gamble

နည်းစနစ်ကို ဝေဖန်ခဲ့တဲ့ ဘရူနိုဖာနန်ဒက်စ်ကို ပွဲထွက်စာရင်းကနေ ဖယ်ရှားခဲ့ပေမဲ့ ဘုန်းမောက်ကို ဂိုးပြတ်ရှုံးနိမ့်ပြီး (၈) ပွဲဆက် နိုင်ပွဲပျောက်ခဲ့တဲ့ မန်ယူနည်းပြ မိုက်ကယ်ကာရစ်ရဲ့ ကျရှုံးသွားတဲ့ စွန့်စားခန်း။

阅读更多
မန်ယူနည်းပြသစ်နဲ့ ပွဲကျပ်ငရဲခန်း
Football News

မန်ယူနည်းပြသစ်နဲ့ ပွဲကျပ်ငရဲခန်း

ရာထူးကနေ ထုတ်ပယ်ခံရတော့မယ့် မိုက်ကယ်ကာရစ်နေရာမှာ အစားထိုးဖို့ နည်းပြသစ် ရှာဖွေနေတဲ့ မန်ယူအသင်းရဲ့ အခြေအနေနဲ့ ချယ်လ်ဆီး၊ လီဗာပူးလ်တို့အပါအဝင် စောင့်ကြိုနေတဲ့ ပွဲကျပ်ငရဲခန်းအကြောင်း သုံးသပ်ချက်။

阅读更多
မော်ရင်ဟိုရဲ့Knee Slide အောင်ပွဲခံဟန်ဟာ စ-စ်-ချီတေး
Football News

မော်ရင်ဟိုရဲ့Knee Slide အောင်ပွဲခံဟန်ဟာ စ-စ်-ချီတေး

ဘာပေရဲ့ သွင်းဂိုးတွေနဲ့အတူ အယ်လ်ကလက်စီကို (El Clasico) မှာ ဘာစီလိုနာကို အနိုင်ယူပြီးနောက် နူးကမ့်ကွင်းထဲမှာ နာမည်ကျော် Knee Slide နဲ့ အောင်ပွဲခံကာ လာလီဂါချန်ပီယံဆုကို စိန်ခေါ်လိုက်တဲ့ မော်ရင်ဟိုရဲ့ ရီးယဲလ်အသင်း သုံးသပ်ချက်။

阅读更多

更多新闻

Ballon d'Or  ဆု ဘယ်သူရမလဲ?
Players News

Ballon d'Or  ဆု ဘယ်သူရမလဲ?

၂၀၂၆ ကမ္ဘာ့ဖလားနဲ့ ချန်ပီယံလိဂ်ကို ရယူထားတဲ့ ယမားလ်၊ စံချိန်တင်ဂိုးတွေ သွင်းယူထားတဲ့ ဟာရီကိန်း၊ မက်ဆီ၊ ဘာပေနဲ့ PSG ကြယ်ပွင့် ကွာရတ်စကယ်လီယာတို့ အပြိုင်ဖြစ်နေတဲ့ Ballon d'Or ဆုရှင် ခန့်မှန်းသုံးသပ်ချက်။

阅读更多
သီတင်းကျွတ်ကာလမှာ မန်ယူကိုကန်တော့ရမယ့် စပါး
Football News

သီတင်းကျွတ်ကာလမှာ မန်ယူကိုကန်တော့ရမယ့် စပါး

မန်ယူအသင်းနဲ့ သရေကျပြီးနောက်ပိုင်း ယုံကြည်မှုတွေ ပြန်လည်မြင့်တက်လာကာ ချယ်လ်ဆီးကိုပါ အနိုင်ယူပြီး လမ်းကြောင်းမှန်ပေါ် ပြန်ရောက်လာတဲ့ ဒီဇာဘီရဲ့ စပါးအသင်းအကြောင်း သုံးသပ်ချက်။

阅读更多
စ-စ်မရောက်ခင် မြားကုန်နေပြီလား မော်ရင်ဟို
Football News

စ-စ်မရောက်ခင် မြားကုန်နေပြီလား မော်ရင်ဟို

ဘာစီလိုနာရဲ့ လွှမ်းမိုးမှုကို ရပ်တန့်ဖို့ ရီးယဲလ်နည်းပြအဖြစ် ပြန်ရောက်လာတဲ့ မော်ရင်ဟို၊ ယမားလ်ရဲ့ တုံ့ပြန်မှုနဲ့ ဗင်နီစီယက်စ် လွဲချော်မယ့် El Clasico ပွဲကြိုသုံးသပ်ချက်။

阅读更多
ညံ့ဖျင်းလွန်းတဲ့ အထည်ကြီးပျက် မန်ယူ
Football News

ညံ့ဖျင်းလွန်းတဲ့ အထည်ကြီးပျက် မန်ယူ

ဘုန်းမောက်ကို ဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီးနောက် ဖန်တီးမှုကင်းမဲ့နေတဲ့ ကွင်းလယ်၊ စိတ်ဓာတ်ကျဆင်းနေတဲ့ ကစားသမားတွေနဲ့အတူ နလံထူဖို့ ခက်ခဲနေတဲ့ နည်းပြ မိုက်ကယ်ကာရစ်ရဲ့ မန်ယူအသင်းအကြောင်း ပြင်းပြင်းထန်ထန် သုံးသပ်ချက်။

阅读更多
အပယ်ရတနာ
Players News

အပယ်ရတနာ

ချယ်လ်ဆီးနဲ့ ဘိုင်ယန်မြူးနစ်တို့မှာ အပယ်ခံဘဝ ရောက်ခဲ့ပေမဲ့ အက်စတွန်ဗီလာမှာ ဝက်ကင်စ်ရဲ့ နေရာကို အကောင်းဆုံး အစားထိုးဝင်ရောက်ပြီး သွင်းဂိုးတွေနဲ့အတူ ပြန်လည်တောက်ပလာတဲ့ တိုက်စစ်မှူး ဂျက်ဆန်အကြောင်း သုံးသပ်ချက်။

阅读更多
ဗင်နီစီယက်စ်မရှိလည်း စိတ်ပူစရာမလိုဘူး
Football News

ဗင်နီစီယက်စ်မရှိလည်း စိတ်ပူစရာမလိုဘူး

ဗင်နီစီယက်စ် ပွဲပယ်ခံထားရလို့ El Clasico လွဲချော်မယ့်အချိန်မှာ ဘာပေ၊ ဘယ်လင်ဟမ်၊ အန်ဒရစ်တို့နဲ့အတူ ရီးယဲလ်တိုက်စစ်မှာ အံဝင်ခွင်ကျ ခြေစွမ်းပြနေတဲ့ ဒီယိုမန်ဒီနဲ့ မော်ရင်ဟိုရဲ့ နည်းစနစ်ပိုင်း သုံးသပ်ချက်။

阅读更多

Official Channels

ONEX2 banner