Football News

ပိုးသာကုန် မောင်ပုံစောင်းမတတ် 

ပိုးသာကုန် မောင်ပုံစောင်းမတတ် 

ပေါင် ၃၄၉ သန်းသုံးထားပေမယ့် ချယ်လ်ဆီးက ကွင်းလယ်လူမလုံလောက်ပါဘူး။ အာဆင်နယ်နဲ့ပွဲမှာ Right Back နှစ်ဦးက ကွင်းလယ်လူတွေအဖြစ် အသုံးတော်ခံခဲ့ရတယ်။

ပိုးသာကုန် မောင်ပုံစောင်းမတတ်

ပေါင် ၃၄၉ သန်းသုံးထားပေမယ့် ချယ်လ်ဆီးက ကွင်းလယ်လူမလုံလောက်ပါဘူး။ အာဆင်နယ်နဲ့ပွဲမှာ

Right Back နှစ်ဦးက ကွင်းလယ်လူတွေအဖြစ် အသုံးတော်ခံခဲ့ရတယ်။

ဂွာဒီယိုလာက ညာနောက်ခံလူ  ကင်မစ်ချ်ကို ကွင်းလယ်လူအဖြစ် ထူးချွန်စေခဲ့တယ်။

ဒီလိုပဲ ယာဂန်ကလော့ပ်က အာနိုးလ်ကို ကွင်းလယ်လူအဖြစ် ထက်မြက်စေခဲ့တယ်။

အလွန်ဆိုကလည်း ရစ္စဂျိမ်းစ်နဲ့ ဂူစတိုကို ကွင်းလယ်လူတွေအဖြစ် ဆေးစက်ကျရာအရုပ်ထင်စေခဲ့ပါတယ်။

ဒါပေမဲ့သူ့ရဲ့စီမံကိန်းဟာ အရာမထင်သေးဘူး။ အာဆင်နယ်နဲ့ပွဲမှာ အနိုင်ဂိုးသွင်းခဲ့သူ ‌အော်ဒီဂွာကို Marking

မလုပ်နိုင်လို့ ချယ်လ်ဆီး အညံ့ခံလိုက်ရတယ်။

ရစ္စဂျိမ်းဟာ ပြီးခဲ့တဲ့ရာသီတုန်းက ကွင်းလယ်လူအဖြစ် အကြိမ်များစွာ ကစားဖူးလို့ သူ့ကိုကွင်းလယ်မှာသုံးတာ

အလွန်ဆို စတန့်ထွင်တာမဟုတ်ပါဘူး။ ဒါပေမဲ့ ဂူစတိုကို ကွင်းလယ်လူအဖြစ်ကစားခိုင်းတာတော့ Reality မဆန်ပါဘူး။

အန်ဇိုထွက်သွားပြီး ကိုင်စီဒိုမကစားနိုင်ချိန်မှာ ချယ်လ်ဆီးကွင်းလယ်မာဂုဏ် သံပတ်လျော့သွားတယ်။

ကွင်းလယ်မှာဘောလုံးဆုံးရှုံးမှုများစွာရှိခဲ့ပြီး တန်ပြန်တိုက်စစ်ကို ပီပီပြင်ပြင် မကစားနိုင်ခဲ့ဘူး။

ချယ်လ်ဆီးက အဲဒီဒုက္ခကိုကြိုမြင်ခဲ့တယ်၊ ဘုန်းမောက်ကအဲလက်စ်စကော့၊ ရိုးမားကကိုနေးတို့ကို

လိုချင်ခဲ့ပါတယ်။ဒါပေမဲ့ မရခဲ့လို့ ချယ်လ်ဆီးကွင်းလယ်  အရောင်မှိန်သွားရတယ်။

ဘရိုက်တန်နဲ့ပွဲမှာ ချယ်လ်ဆီး အနိုင်ရပေမယ့် ဂူစတိုပါဝင်တဲ့ကွင်းလယ်က ဘောလုံးပိုင်ဆိုင်မှု

၂၅ ဒဿမ ၆ ရာခိုင်နှုန်းသာရှိပြီး ၂၀၀၃-၀၄ ရာသီနောက်ပိုင်း အဆိုးရွာဆုံး ဖြစ်ခဲ့တယ်။

ချယ်လ်ဆီးကွင်းလယ်မှာ ဝါရင့်ဟန်ဒါဆန်၊ လူငယ်ကြယ်ပွင့်ဘာကိုတို့ရှိပေမယ့် ဂူစတိုကို ကွင်းလယ်လူအဖြစ် လွဲမှားစွာ သုံးနေတာပါ။

ချယ်လ်ဆီးခံစစ်က အမှားတွေကျူးလွန်နေပြီး ကွင်းလယ်ကလည်း မာဂုဏ်နိမ့်တဲ့အခါ

ဂိုးတွေအလွယ်တကူပေးနေရတယ်။ အလွန်ဆိုက အခုထက်ပိုပြီး ခံစစ်လုံခြုံချင်တယ်လို့ ပြောပေမယ့် လတ်တလောဖြစ်မလာနိုင်သေးပါဘူး။

ပိုးသာကုန် မောင်ပုံစောင်းမတတ် ဆိုသလိုပါပဲ။

相关新闻

သံမဏိအရည်ပျော်ချိန်
Football News

သံမဏိအရည်ပျော်ချိန်

နည်းပြဘဝရဲ့ ကြီးမားတဲ့ စိတ်ဖိစီးမှုနဲ့ ကျန်းမာရေးပြဿနာတွေကြောင့် လေ့ကျင့်ရေးကွင်းမှာ ရုတ်တရက် လဲကျခဲ့ရပြီး အနားယူဖို့ လိုအပ်နေတဲ့ ဘိုင်ယန်မြူးနစ်နည်းပြ ကွန်ပနီရဲ့ အခြေအနေ သုံးသပ်ချက်။

阅读更多
လိဂ်တူးအသင်းကို ရှုံးတဲ့ရှက်စရာအာဆင်နယ်
Football News

လိဂ်တူးအသင်းကို ရှုံးတဲ့ရှက်စရာအာဆင်နယ်

အဓိကကစားသမားတွေ ပါဝင်ခဲ့ပေမဲ့ လိဂ်တူးကလပ် ဖလက်ဝုဒ်တောင်းအသင်းကို ပယ်နယ်တီအဆုံးအဖြတ်မှာ ရှုံးနိမ့်ပြီး လိဂ်ဖလားပြိုင်ပွဲကနေ စောစီးစွာ ထွက်ခွာခဲ့ရတဲ့ အာဆင်နယ်အသင်းရဲ့ ရှက်စရာရှုံးပွဲ သုံးသပ်ချက်။

阅读更多
ကာရစ်အတွက် ကံကြမ္မာအသစ်လား..?  အဆုံးသ-တ်ဇာတ်သိမ်းလား..?
Football News

ကာရစ်အတွက် ကံကြမ္မာအသစ်လား..? အဆုံးသ-တ်ဇာတ်သိမ်းလား..?

၈ ပွဲဆက် နိုင်ပွဲပျောက်နေပေမဲ့ နည်းပြရာထူးကနေ မထုတ်ပယ်ခံရသေးဘဲ ချယ်လ်ဆီးနဲ့ပွဲမှာ နောက်ဆုံးအခွင့်အရေး ထပ်မံရရှိလိုက်တဲ့ မန်ယူနည်းပြ မိုက်ကယ်ကာရစ်ရဲ့ ကံကြမ္မာ သုံးသပ်ချက်။

阅读更多

更多新闻

နှုတ်မစောင့်တဲ့လိပ်ကြောင့်ဖြစ်တဲ့ တရုတ်-လာလီဂါ ပဋိပက္ခ
Players News

နှုတ်မစောင့်တဲ့လိပ်ကြောင့်ဖြစ်တဲ့ တရုတ်-လာလီဂါ ပဋိပက္ခ

အင်တာဗျူးတစ်ခုမှာ အမှားအယွင်းပြောဆိုမိခဲ့တဲ့ ဘာပေကြောင့် တရုတ်နိုင်ငံရဲ့ ပြင်းထန်တဲ့ တုံ့ပြန်မှုနဲ့ သပိတ်မှောက်မှုတွေကို ရင်ဆိုင်နေရပြီး ရုပ်သံဈေးကွက် ဆုံးရှုံးမယ့်အရေးနဲ့ ကြုံနေရတဲ့ လာလီဂါအကြောင်း သုံးသပ်ချက်။

阅读更多
ဒေါင်းမန်းနဲ့ စိတ်လိုက်မာန်ပါ လူငယ်တွေအကြောင်း
Players News

ဒေါင်းမန်းနဲ့ စိတ်လိုက်မာန်ပါ လူငယ်တွေအကြောင်း

ဖလက်ဝုဒ်နဲ့ပွဲမှာ အနီကတ်ပြခံရလို့ အာတီတာရဲ့ ဆူပူမှုကို ခံခဲ့ရတဲ့ ဒေါင်းမန်းနဲ့ ရွန်နီ၊ မက်ဆီတို့လို လူငယ်ဘဝမှာ စိတ်လိုက်မာန်ပါ အမှားလုပ်ခဲ့ကြတဲ့ နာမည်ကျော်ကစားသမားတွေအကြောင်း သုံးသပ်ချက်။

阅读更多
ကာရစ်အတွက် ကံကြမ္မာအသစ်လား..?  အဆုံးသ-တ်ဇာတ်သိမ်းလား..?
Football News

ကာရစ်အတွက် ကံကြမ္မာအသစ်လား..? အဆုံးသ-တ်ဇာတ်သိမ်းလား..?

၈ ပွဲဆက် နိုင်ပွဲပျောက်နေပေမဲ့ နည်းပြရာထူးကနေ မထုတ်ပယ်ခံရသေးဘဲ ချယ်လ်ဆီးနဲ့ပွဲမှာ နောက်ဆုံးအခွင့်အရေး ထပ်မံရရှိလိုက်တဲ့ မန်ယူနည်းပြ မိုက်ကယ်ကာရစ်ရဲ့ ကံကြမ္မာ သုံးသပ်ချက်။

阅读更多
ဟာရီကိန်းရဲ့ စင်ဒရဲလားပုံပြင်
Players News

ဟာရီကိန်းရဲ့ စင်ဒရဲလားပုံပြင်

အောက်တန်းလိဂ် အငှားကစားသမားဘဝကနေ ၂၀၂၆ Ballon d'Or ဆုရှင်အဖြစ် အမြင့်ဆုံး ရောက်ရှိလာတဲ့ ဟာရီကိန်းရဲ့ ဒဏ္ဍာရီဆန်တဲ့ ဖြတ်သန်းမှုနဲ့ စပါးအသင်းဆီ ပြန်လာနိုင်ခြေ သုံးသပ်ချက်။

阅读更多
မက်ဆီ၊ စီရော်နယ်လ်ဒိုတို့နဲ့ ဂုဏ်ရည်တူသွားတဲ့ ဂန္ထဝင်ဟာရီကိန်း
Players News

မက်ဆီ၊ စီရော်နယ်လ်ဒိုတို့နဲ့ ဂုဏ်ရည်တူသွားတဲ့ ဂန္ထဝင်ဟာရီကိန်း

ကမ္ဘာ့ဖလားနဲ့ ချန်ပီယံလိဂ် မရဘဲ Ballon d'Or ဆုကို ဆွတ်ခူးနိုင်ခဲ့ပြီး မက်ဆီ၊ စီရော်နယ်လ်ဒိုတို့နဲ့ ဂုဏ်ရည်တူသွားတဲ့ ဂန္ထဝင်တိုက်စစ်မှူး ဟာရီကိန်းရဲ့ စံချိန်တင် သွင်းဂိုးမှတ်တမ်းများအကြောင်း သုံးသပ်ချက်။

阅读更多
မိုက်ကယ်ကာရစ်ရဲ့ Failed Gamble
Football News

မိုက်ကယ်ကာရစ်ရဲ့ Failed Gamble

နည်းစနစ်ကို ဝေဖန်ခဲ့တဲ့ ဘရူနိုဖာနန်ဒက်စ်ကို ပွဲထွက်စာရင်းကနေ ဖယ်ရှားခဲ့ပေမဲ့ ဘုန်းမောက်ကို ဂိုးပြတ်ရှုံးနိမ့်ပြီး (၈) ပွဲဆက် နိုင်ပွဲပျောက်ခဲ့တဲ့ မန်ယူနည်းပြ မိုက်ကယ်ကာရစ်ရဲ့ ကျရှုံးသွားတဲ့ စွန့်စားခန်း။

阅读更多

Official Channels

ONEX2 banner