Players News

ဒေါင်းမန်းနဲ့ စိတ်လိုက်မာန်ပါ လူငယ်တွေအကြောင်း

ဒေါင်းမန်းနဲ့ စိတ်လိုက်မာန်ပါ လူငယ်တွေအကြောင်း

ဖလက်ဝုဒ်နဲ့ပွဲမှာ အနီကတ်ပြခံရလို့ အာတီတာရဲ့ ဆူပူမှုကို ခံခဲ့ရတဲ့ ဒေါင်းမန်းနဲ့ ရွန်နီ၊ မက်ဆီတို့လို လူငယ်ဘဝမှာ စိတ်လိုက်မာန်ပါ အမှားလုပ်ခဲ့ကြတဲ့ နာမည်ကျော်ကစားသမားတွေအကြောင်း သုံးသပ်ချက်။

ဖလက်ဝုဒ်အသင်းနဲ့ လိဂ်ဖလားပွဲမှာ အာဆင်နယ်လူငယ်ကြယ်ပွင့် ဒေါင်းမန်း ထုတ်ပယ်ခံခဲ့ရပါတယ်။

လူငယ်ပီပီ စိတ်မထိန်းနိုင်ဘဲ ပြိုင်ဘက်ကစားသမားကို တုံ့ပြန်မိလို့ထုတ်ပယ်ခံခဲ့ရတာပါ။

ဖလက်ဝုဒ်အသင်းကစားသမား ဟာရစ်ဆန်နီးလ်က ဒေါင်းမန်းကိုကြမ်းကြမ်းတမ်းတမ်း ဖျက်ထုတ်ရာကနေ ပြဿနာစခဲ့တာပါ။

အဲဒီလိုဖျက်ထုတ်ခံရချိန်မှာ ဒေါင်းမန်းက စိတ်လိုက်မာန်ပါနဲ့ ဟာရစ်ဆန်နီးလ်ကို ကန်ခဲ့တာပါ။

သူ့ရဲ့ကန်ချက်ကအားမပြင်းပေမယ့် ကြမ်းတမ်းတဲ့အပြုအမူအဖြစ် သတ်မှတ်ခံရပြီး ထုတ်ပယ်ခံလိုက်ရတာပါ။

အာဆင်နယ်နည်းပြ အာတီတာက ဒေါင်မန်းကွင်းထဲက ထွက်ခွာလာချိန်မှာ အတော်လေးစိတ်ပျက်ဒေါသထွက်နေခဲ့ပါတယ်။

ဒေါင်းမန်းကိုအာတီတာက ဆူပူကြိမ်းမောင်းခဲ့တာလည်းမြင်ရပါတယ်။

အာတီတာက ဒေါင်မန်းကို သိပ်ပြီးမျှော်လင့်ချက်ကြီးမားပါတယ်။ ဆာကာလိုကစားသမားမျိုးဖြစ်လာမယ်လို့ ယုံကြည်ထားတာပါ။

သူမျှော်လင့်ယုံကြည်ထားသူက အခုလိုမျိုး ပရိုမဆန်တဲ့လုပ်ရပ်ကျူးလွန်ခဲ့လို့ အာတီတာ ပိုပြီးဒေါသထွက်ပေါက်ကွဲခဲ့တာဖြစ်ပါတယ်။

ဆန်ရင်းနာနာဖွပ်ဆိုသလိုပဲ အာတီတာက ဒေါင်းမန်းကို လူမြင်ကွင်းမှာ ဆုံးမသတိပေးခဲ့တာပါ။

နောက်တစ်ခါဒါမျိုးထပ်မဖြစ်စေနဲ့ဆိုပြီး အသိပေးခဲ့တာပါ။ လူငယ်ကစားသမား တစ်ယောက်အနေနဲ့ ဒီလို ဒေါသ မထိန်းနိုင်တာကို အာတီတာ လုံးဝ မကြိုက်ပါဘူး။

ဒေါင်းမန်းလိုပဲ လူငယ်ကစားသမားဘဝမှာ စိတ်လိုက်မာန်ပါ ကျုးလွန်မိလို့အမည်းစက်ဖြစ်ရတဲ့ နာမည်ကျော်ကစားသမားတွေရှိပါတယ်။

ဝိန်းရွန်နီ

အဲဗာတန်ကြယ်ပွင့်ဝိန်းရွန်နီက အသက် ၁၇ နှစ်အရွယ်မှာ ဒေါသအိုးလေးဖြစ်ကြောင်း စတင်သက်သေပြခဲ့တယ်။

၂၀၀၂ ခုနှစ်၊ Boxing Day မှာကစားတဲ့ဘာမင်ဂမ်နဲ့ပွဲမှာဝိန်းရွန်နီက ပြိုင်ဘက်ကစားသမား ဗစ်ကာစ်ကို ကြမ်းကြမ်းတမ်းတမ်းကစားခဲ့လို့အနီကတ်ပြခံရတာပါ။

အဲဒီအနီကတ်ကြောင့် ဝိန်းရွန်နီက ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် အသက်အငယ်ဆုံး အနီကတ်ပြခံရတဲ့ ကစားသမား ဖြစ်လာခဲ့ပါတယ်။

အဲဗာတန်နည်းပြ ဒေးဗစ်မွိုက်စ်က ရွန်နီရဲ့လုပ်ရပ်က အဝါကတ်လောက်ပဲပြသင့်တယ်လို့ ပြောပေမယ့် ဗစ်ကာစ်က ၈ ချုပ်လောက်ချုပ်ခဲ့ရပါတယ်။

မိုက်ကယ်အိုဝင်က အဲဒီပွဲမှာ လီဗာပူးလ်အတွက် ဂိုးတစ်ဂိုးသွင်းခဲ့ပေမယ့် မန်ယူနောက်ခံလူဂျွန်ဆင်ကို ဖျက်ထုတ်ပုံကြမ်းတမ်းလို့ အနီကတ်ပြခံခဲ့ရတယ်။

မိုက်ကယ်အိုဝင်ရဲ့ဖျက်ထုတ်မှုကြောင့် ဂျွန်ဆင်က ထမ်းစင်နဲ့ကွင်းထဲကနေ ထုတ်ခဲ့ရပါတယ်။

လူးဝစ်စကယ်လီ

၂၀၂၅ ခုနှစ်အတွင်းကစားတဲ့ ဝုလ်ဗ်အသင်းနဲ့ပွဲမှာ အာဆင်နယ်လူငယ်ကြယ်ပွင့် လူးဝစ်စကယ်လီက ပြိုင်ဘက်ကစားသမား ဒိုဟာတီကို

ကြမ်းကြမ်းတမ်းတမ်း ဖျက်ထုတ်ခဲ့လို့ထုတ်ပယ်ခံရတာပါ။

လူးဝစ်စကယ်လီကအဲဒီလုပ်ရပ်ကြောင့် အစောပိုင်းမှာ သုံးပွဲပယ်ခံရပေမယ့် အယူခံဝင်တာ အောင်မြင်လို့ တစ်ပွဲသာပယ်ခံရပါတယ်။

လူးဝစ်စကယ်လီက သူ့လုပ်ရပ်အတွက် နောင်တရပုံ မ ပေါ် ပါဘူး။ ရက်သတ္တပတ်အနည်းငယ်အကြာမှာကစားတဲ့ပွဲမှာ ထပ်ပြီးအနီကတ်ပြခံခဲ့ရပြန်တယ်။

မက်ဆီ

မက်ဆီကအာဂျင်တီးနားကစားသမားဘဝ ပထမဆုံးပွဲမှာပဲ အနီကတ်ပြသခံရပါတယ်။

ဟန်ဂေရီအသင်းနဲ့ ကစားခဲ့တဲ့ ခြေစမ်းပွဲမှာ လူစားဝင်လာပြီး သိပ်မကြာခင် မက်ဆီက သူကိုဆွဲလို့ဆိုပြီးဟန်ဂေရီကစားသမား

 ဗန်ကက်ဇ်ရဲ့မျက်နှာကိုနောက်ပြန်ရိုက်ခဲ့လို့ ထုတ်ပယ်ခံရတာပါ။

相关新闻

နှုတ်မစောင့်တဲ့လိပ်ကြောင့်ဖြစ်တဲ့ တရုတ်-လာလီဂါ ပဋိပက္ခ
Players News

နှုတ်မစောင့်တဲ့လိပ်ကြောင့်ဖြစ်တဲ့ တရုတ်-လာလီဂါ ပဋိပက္ခ

အင်တာဗျူးတစ်ခုမှာ အမှားအယွင်းပြောဆိုမိခဲ့တဲ့ ဘာပေကြောင့် တရုတ်နိုင်ငံရဲ့ ပြင်းထန်တဲ့ တုံ့ပြန်မှုနဲ့ သပိတ်မှောက်မှုတွေကို ရင်ဆိုင်နေရပြီး ရုပ်သံဈေးကွက် ဆုံးရှုံးမယ့်အရေးနဲ့ ကြုံနေရတဲ့ လာလီဂါအကြောင်း သုံးသပ်ချက်။

阅读更多
ဟာရီကိန်းရဲ့ စင်ဒရဲလားပုံပြင်
Players News

ဟာရီကိန်းရဲ့ စင်ဒရဲလားပုံပြင်

အောက်တန်းလိဂ် အငှားကစားသမားဘဝကနေ ၂၀၂၆ Ballon d'Or ဆုရှင်အဖြစ် အမြင့်ဆုံး ရောက်ရှိလာတဲ့ ဟာရီကိန်းရဲ့ ဒဏ္ဍာရီဆန်တဲ့ ဖြတ်သန်းမှုနဲ့ စပါးအသင်းဆီ ပြန်လာနိုင်ခြေ သုံးသပ်ချက်။

阅读更多
မက်ဆီ၊ စီရော်နယ်လ်ဒိုတို့နဲ့ ဂုဏ်ရည်တူသွားတဲ့ ဂန္ထဝင်ဟာရီကိန်း
Players News

မက်ဆီ၊ စီရော်နယ်လ်ဒိုတို့နဲ့ ဂုဏ်ရည်တူသွားတဲ့ ဂန္ထဝင်ဟာရီကိန်း

ကမ္ဘာ့ဖလားနဲ့ ချန်ပီယံလိဂ် မရဘဲ Ballon d'Or ဆုကို ဆွတ်ခူးနိုင်ခဲ့ပြီး မက်ဆီ၊ စီရော်နယ်လ်ဒိုတို့နဲ့ ဂုဏ်ရည်တူသွားတဲ့ ဂန္ထဝင်တိုက်စစ်မှူး ဟာရီကိန်းရဲ့ စံချိန်တင် သွင်းဂိုးမှတ်တမ်းများအကြောင်း သုံးသပ်ချက်။

阅读更多

更多新闻

သံမဏိအရည်ပျော်ချိန်
Football News

သံမဏိအရည်ပျော်ချိန်

နည်းပြဘဝရဲ့ ကြီးမားတဲ့ စိတ်ဖိစီးမှုနဲ့ ကျန်းမာရေးပြဿနာတွေကြောင့် လေ့ကျင့်ရေးကွင်းမှာ ရုတ်တရက် လဲကျခဲ့ရပြီး အနားယူဖို့ လိုအပ်နေတဲ့ ဘိုင်ယန်မြူးနစ်နည်းပြ ကွန်ပနီရဲ့ အခြေအနေ သုံးသပ်ချက်။

阅读更多
လိဂ်တူးအသင်းကို ရှုံးတဲ့ရှက်စရာအာဆင်နယ်
Football News

လိဂ်တူးအသင်းကို ရှုံးတဲ့ရှက်စရာအာဆင်နယ်

အဓိကကစားသမားတွေ ပါဝင်ခဲ့ပေမဲ့ လိဂ်တူးကလပ် ဖလက်ဝုဒ်တောင်းအသင်းကို ပယ်နယ်တီအဆုံးအဖြတ်မှာ ရှုံးနိမ့်ပြီး လိဂ်ဖလားပြိုင်ပွဲကနေ စောစီးစွာ ထွက်ခွာခဲ့ရတဲ့ အာဆင်နယ်အသင်းရဲ့ ရှက်စရာရှုံးပွဲ သုံးသပ်ချက်။

阅读更多
ကာရစ်အတွက် ကံကြမ္မာအသစ်လား..?  အဆုံးသ-တ်ဇာတ်သိမ်းလား..?
Football News

ကာရစ်အတွက် ကံကြမ္မာအသစ်လား..? အဆုံးသ-တ်ဇာတ်သိမ်းလား..?

၈ ပွဲဆက် နိုင်ပွဲပျောက်နေပေမဲ့ နည်းပြရာထူးကနေ မထုတ်ပယ်ခံရသေးဘဲ ချယ်လ်ဆီးနဲ့ပွဲမှာ နောက်ဆုံးအခွင့်အရေး ထပ်မံရရှိလိုက်တဲ့ မန်ယူနည်းပြ မိုက်ကယ်ကာရစ်ရဲ့ ကံကြမ္မာ သုံးသပ်ချက်။

阅读更多
ကာရစ်အတွက် ကံကြမ္မာအသစ်လား..?  အဆုံးသ-တ်ဇာတ်သိမ်းလား..?
Football News

ကာရစ်အတွက် ကံကြမ္မာအသစ်လား..? အဆုံးသ-တ်ဇာတ်သိမ်းလား..?

၈ ပွဲဆက် နိုင်ပွဲပျောက်နေပေမဲ့ နည်းပြရာထူးကနေ မထုတ်ပယ်ခံရသေးဘဲ ချယ်လ်ဆီးနဲ့ပွဲမှာ နောက်ဆုံးအခွင့်အရေး ထပ်မံရရှိလိုက်တဲ့ မန်ယူနည်းပြ မိုက်ကယ်ကာရစ်ရဲ့ ကံကြမ္မာ သုံးသပ်ချက်။

阅读更多
မိုက်ကယ်ကာရစ်ရဲ့ Failed Gamble
Football News

မိုက်ကယ်ကာရစ်ရဲ့ Failed Gamble

နည်းစနစ်ကို ဝေဖန်ခဲ့တဲ့ ဘရူနိုဖာနန်ဒက်စ်ကို ပွဲထွက်စာရင်းကနေ ဖယ်ရှားခဲ့ပေမဲ့ ဘုန်းမောက်ကို ဂိုးပြတ်ရှုံးနိမ့်ပြီး (၈) ပွဲဆက် နိုင်ပွဲပျောက်ခဲ့တဲ့ မန်ယူနည်းပြ မိုက်ကယ်ကာရစ်ရဲ့ ကျရှုံးသွားတဲ့ စွန့်စားခန်း။

阅读更多
မန်ယူနည်းပြသစ်နဲ့ ပွဲကျပ်ငရဲခန်း
Football News

မန်ယူနည်းပြသစ်နဲ့ ပွဲကျပ်ငရဲခန်း

ရာထူးကနေ ထုတ်ပယ်ခံရတော့မယ့် မိုက်ကယ်ကာရစ်နေရာမှာ အစားထိုးဖို့ နည်းပြသစ် ရှာဖွေနေတဲ့ မန်ယူအသင်းရဲ့ အခြေအနေနဲ့ ချယ်လ်ဆီး၊ လီဗာပူးလ်တို့အပါအဝင် စောင့်ကြိုနေတဲ့ ပွဲကျပ်ငရဲခန်းအကြောင်း သုံးသပ်ချက်။

阅读更多

Official Channels

ONEX2 banner