Players News

မြည်းက ခြင်္သေ့ယောင်ဆောင်နေတာမဟုတ်ဘူး

မြည်းက ခြင်္သေ့ယောင်ဆောင်နေတာမဟုတ်ဘူး

မန်ယူအသင်းခေါင်းဆောင်ဟောင်း ရွိုင်ကင်းက လက်ရှိမန်ယူအသင်းခေါင်းဆောင်ဘရူနိုဖာနန်ဒက်စ်ကို ခြင်္သေ့ယောင်ဆောင်နေတဲ့မြည်းဆိုပြီး ဝေဖန်တိုက်ခိုက်ခဲ့ဖူးပါတယ်။ ပြီးခဲ့တဲ့ရာသီအတွင်းမှာ မန်ယူအသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်နဲ့ ဂန္ထဝင်အသင်းခေါင်းဆောင် ရွိုင်ကင်းတို့ဟာ အပြန်အလှန် စကားလုံးတိုက်ပွဲဖြစ်ခဲ့ပါတယ်။

မြည်းက ခြင်္သေ့ယောင်ဆောင်နေတာမဟုတ်ဘူး

မန်ယူအသင်းခေါင်းဆောင်ဟောင်း ရွိုင်ကင်းက လက်ရှိမန်ယူအသင်းခေါင်းဆောင်ဘရူနိုဖာနန်ဒက်စ်ကို

ခြင်္သေ့ယောင်ဆောင်နေတဲ့မြည်းဆိုပြီး ဝေဖန်တိုက်ခိုက်ခဲ့ဖူးပါတယ်။

ပြီးခဲ့တဲ့ရာသီအတွင်းမှာ မန်ယူအသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်နဲ့

ဂန္ထဝင်အသင်းခေါင်းဆောင် ရွိုင်ကင်းတို့ဟာ အပြန်အလှန် စကားလုံးတိုက်ပွဲဖြစ်ခဲ့ပါတယ်။

အင်တာဗျူးတစ်ခုမှာ ရွိုင်ကင်းက ဘရူနိုဖာနန်ဒက်စ်ဟာ အသင်းလိုက်ထက် တစ်ဦးချင်း အောင်မြင်မှုရဖို့ပဲ ဦးစားပေးတယ်လို့ စွပ်စွဲတိုက်ခိုက်ခဲ့ပါတယ်။

အဲဒီလို ပြောဆိုမှုနဲ့ပတ်သက်ပြီး ဘရူနိုဖာနန်ဒက်စ်က ရွိုင်ကင်းကလူလိမ်တစ်ဉီးလို့တုံ့ပြန်ခဲ့ပါတယ်။

 "ကျွန်တော် မကြိုက်ဆုံးက လိမ်ညာပြောဆိုတတ်တဲ့သူတွေကိုပါပဲ။

ကျွန်တော်က ဘယ်သူ့ဆီကမဆို ဝေဖန်ပြစ်တင်တာတွေကို လက်ခံပြီး ဘာမှ ပြန်တုံ့ပြန်လေ့ မရှိပါဘူး

လူတွေက ကောင်းတာဖြစ်စေ၊ ဆိုးတာပဲဖြစ်စေ သူတို့အမြင်နဲ့သူတို့ရှိပြီးသားပါ။

ရွိုင်ကင်းပြောသမျှအကုန်လုံးက အလိမ်အညာတွေပါပဲ" လို့ ဘရူနိုဖာနန်ဒက်စ်တုံ့ပြန်ခဲ့တာပါ။

ရွိုင်ကင်းက 'လူတွေရဲ့ Attention ကို ရတော့  မြည်းသတ္တဝါက ကိုယ့်ကိုယ်ကိုယ် ခြင်္သေ့လိုထင်နေပြီ'လို့

ရက်ရက်စက်စက် ပြောခဲ့တယ်။ မန်ယူကို နှစ်ကာလများစွာ အားပေးလာသူတွေအတွက်

ရွိုင်ကင်းက ဉီးညွတ်ရမယ့်သူတစ်ဉီးပါ။ မန်ယူအတွက်ဆိုရင် စိတ်ခံစားချက်ပြင်းထန်လွန်းသူ၊

ဟာလန်းရဲ့အဖေကို သူ ဘီလူးဆိုင်းတီးတဲ့ဖြစ်ရပ်၊ ဗီယာရာနဲ့ ဒေါသတိုက်ပွဲဆင်နွဲတဲ့ဖြစ်ရပ်တွေဟာ

ပရီးမီးယားလိဂ်ရဲ့ဂန္ထဝင်ရှုမျှော်ခင်းတွေ ဖြစ်ခဲ့တယ်။

မန်ယူရဲ့ဂန္ထဝင်ဖလားသုံးလုံးအောင်ပွဲမှာ ရွိုင်ကင်းဟာ အဓိကလူတစ်ဉီး ဖြစ်ခဲ့ဖူးတယ်။

အဲဒီဂုဏ်ရည်တွေဟာ မဖြစ်မနေဉီးညွတ်ရမယ်ဆိုပေမယ့် ဘောလုံးသမားဘဝအလွန် ရွ ိုင်ကင်းရဲ့စကားလုံးတွေက

ရပ်ကွက်သိပ်ဆန်တယ်။ ငါးစိမ်းသည်ဆန်ပါတယ်။

ဘရူနိုနဲ့ ရွိုင်ကင်းကြားတူညီတာတစ်ခုက EQ နိမ့်တာပါ။ ရွိုင်ကင်းက စိတ်ခံစားချက်ကို

မထိန်းချုပ်နိုင်ဘဲ Aggressive ဆန်လွန်းတယ်။ ဘရူနိုက ရွိုင်ကင်းလောက် အရိုင်း မဆန်ပေမယ့် စိတ်ခံစားချက် မထိန်းချုပ်နိုင်ဘူး။

အမြဲတမ်းစိတ်အလိုမကျဖြစ်နေတဲ့ မိန်းမတစ်ယောက်လို၊ ပွစိပွစိနဲ့ စိတ်ပျက်စရာကောင်းတယ်။

ရွိုင်ကင်းနဲ့ ဘရူနိူ သူတို့နှစ်ယောက်စလုံးက အရှုံးကိုမုန်းတယ်။ အရှုံးဒဏ်ကိုမခံစားချင်ဘူး။

မန်ယူကို ချစ်ကြတာတူညီပေမယ့် ဘာလို့များ မတည့်ကြ တာလဲမပြောတတ်ဘူး။

သေချာတာက သူတို့ဟာလူမှန်တွေပါ။ မန်ယူကိုတကယ်ချစ်ကြသူတွေပါ။

Generation Gap ကြောင့် သူတို့နှစ်ဉီးကြား ခံစား ချက် ကွဲပြားသွားတာ ဖြစ်ပါလိမ့်မယ်။

ဘရူနိုက မန်ယူတိုက်စစ်အတွက် မရှိမဖြစ်စွမ်းအင်ပါ။

မြည်းက ခြင်္သေ့ယောင်ဆောင်နေတာမဟုတ်ဘူး။

相关新闻

နှုတ်မစောင့်တဲ့လိပ်ကြောင့်ဖြစ်တဲ့ တရုတ်-လာလီဂါ ပဋိပက္ခ
Players News

နှုတ်မစောင့်တဲ့လိပ်ကြောင့်ဖြစ်တဲ့ တရုတ်-လာလီဂါ ပဋိပက္ခ

အင်တာဗျူးတစ်ခုမှာ အမှားအယွင်းပြောဆိုမိခဲ့တဲ့ ဘာပေကြောင့် တရုတ်နိုင်ငံရဲ့ ပြင်းထန်တဲ့ တုံ့ပြန်မှုနဲ့ သပိတ်မှောက်မှုတွေကို ရင်ဆိုင်နေရပြီး ရုပ်သံဈေးကွက် ဆုံးရှုံးမယ့်အရေးနဲ့ ကြုံနေရတဲ့ လာလီဂါအကြောင်း သုံးသပ်ချက်။

阅读更多
ဒေါင်းမန်းနဲ့ စိတ်လိုက်မာန်ပါ လူငယ်တွေအကြောင်း
Players News

ဒေါင်းမန်းနဲ့ စိတ်လိုက်မာန်ပါ လူငယ်တွေအကြောင်း

ဖလက်ဝုဒ်နဲ့ပွဲမှာ အနီကတ်ပြခံရလို့ အာတီတာရဲ့ ဆူပူမှုကို ခံခဲ့ရတဲ့ ဒေါင်းမန်းနဲ့ ရွန်နီ၊ မက်ဆီတို့လို လူငယ်ဘဝမှာ စိတ်လိုက်မာန်ပါ အမှားလုပ်ခဲ့ကြတဲ့ နာမည်ကျော်ကစားသမားတွေအကြောင်း သုံးသပ်ချက်။

阅读更多
ဟာရီကိန်းရဲ့ စင်ဒရဲလားပုံပြင်
Players News

ဟာရီကိန်းရဲ့ စင်ဒရဲလားပုံပြင်

အောက်တန်းလိဂ် အငှားကစားသမားဘဝကနေ ၂၀၂၆ Ballon d'Or ဆုရှင်အဖြစ် အမြင့်ဆုံး ရောက်ရှိလာတဲ့ ဟာရီကိန်းရဲ့ ဒဏ္ဍာရီဆန်တဲ့ ဖြတ်သန်းမှုနဲ့ စပါးအသင်းဆီ ပြန်လာနိုင်ခြေ သုံးသပ်ချက်။

阅读更多

更多新闻

သံမဏိအရည်ပျော်ချိန်
Football News

သံမဏိအရည်ပျော်ချိန်

နည်းပြဘဝရဲ့ ကြီးမားတဲ့ စိတ်ဖိစီးမှုနဲ့ ကျန်းမာရေးပြဿနာတွေကြောင့် လေ့ကျင့်ရေးကွင်းမှာ ရုတ်တရက် လဲကျခဲ့ရပြီး အနားယူဖို့ လိုအပ်နေတဲ့ ဘိုင်ယန်မြူးနစ်နည်းပြ ကွန်ပနီရဲ့ အခြေအနေ သုံးသပ်ချက်။

阅读更多
လိဂ်တူးအသင်းကို ရှုံးတဲ့ရှက်စရာအာဆင်နယ်
Football News

လိဂ်တူးအသင်းကို ရှုံးတဲ့ရှက်စရာအာဆင်နယ်

အဓိကကစားသမားတွေ ပါဝင်ခဲ့ပေမဲ့ လိဂ်တူးကလပ် ဖလက်ဝုဒ်တောင်းအသင်းကို ပယ်နယ်တီအဆုံးအဖြတ်မှာ ရှုံးနိမ့်ပြီး လိဂ်ဖလားပြိုင်ပွဲကနေ စောစီးစွာ ထွက်ခွာခဲ့ရတဲ့ အာဆင်နယ်အသင်းရဲ့ ရှက်စရာရှုံးပွဲ သုံးသပ်ချက်။

阅读更多
ကာရစ်အတွက် ကံကြမ္မာအသစ်လား..?  အဆုံးသ-တ်ဇာတ်သိမ်းလား..?
Football News

ကာရစ်အတွက် ကံကြမ္မာအသစ်လား..? အဆုံးသ-တ်ဇာတ်သိမ်းလား..?

၈ ပွဲဆက် နိုင်ပွဲပျောက်နေပေမဲ့ နည်းပြရာထူးကနေ မထုတ်ပယ်ခံရသေးဘဲ ချယ်လ်ဆီးနဲ့ပွဲမှာ နောက်ဆုံးအခွင့်အရေး ထပ်မံရရှိလိုက်တဲ့ မန်ယူနည်းပြ မိုက်ကယ်ကာရစ်ရဲ့ ကံကြမ္မာ သုံးသပ်ချက်။

阅读更多
ကာရစ်အတွက် ကံကြမ္မာအသစ်လား..?  အဆုံးသ-တ်ဇာတ်သိမ်းလား..?
Football News

ကာရစ်အတွက် ကံကြမ္မာအသစ်လား..? အဆုံးသ-တ်ဇာတ်သိမ်းလား..?

၈ ပွဲဆက် နိုင်ပွဲပျောက်နေပေမဲ့ နည်းပြရာထူးကနေ မထုတ်ပယ်ခံရသေးဘဲ ချယ်လ်ဆီးနဲ့ပွဲမှာ နောက်ဆုံးအခွင့်အရေး ထပ်မံရရှိလိုက်တဲ့ မန်ယူနည်းပြ မိုက်ကယ်ကာရစ်ရဲ့ ကံကြမ္မာ သုံးသပ်ချက်။

阅读更多
မက်ဆီ၊ စီရော်နယ်လ်ဒိုတို့နဲ့ ဂုဏ်ရည်တူသွားတဲ့ ဂန္ထဝင်ဟာရီကိန်း
Players News

မက်ဆီ၊ စီရော်နယ်လ်ဒိုတို့နဲ့ ဂုဏ်ရည်တူသွားတဲ့ ဂန္ထဝင်ဟာရီကိန်း

ကမ္ဘာ့ဖလားနဲ့ ချန်ပီယံလိဂ် မရဘဲ Ballon d'Or ဆုကို ဆွတ်ခူးနိုင်ခဲ့ပြီး မက်ဆီ၊ စီရော်နယ်လ်ဒိုတို့နဲ့ ဂုဏ်ရည်တူသွားတဲ့ ဂန္ထဝင်တိုက်စစ်မှူး ဟာရီကိန်းရဲ့ စံချိန်တင် သွင်းဂိုးမှတ်တမ်းများအကြောင်း သုံးသပ်ချက်။

阅读更多
မိုက်ကယ်ကာရစ်ရဲ့ Failed Gamble
Football News

မိုက်ကယ်ကာရစ်ရဲ့ Failed Gamble

နည်းစနစ်ကို ဝေဖန်ခဲ့တဲ့ ဘရူနိုဖာနန်ဒက်စ်ကို ပွဲထွက်စာရင်းကနေ ဖယ်ရှားခဲ့ပေမဲ့ ဘုန်းမောက်ကို ဂိုးပြတ်ရှုံးနိမ့်ပြီး (၈) ပွဲဆက် နိုင်ပွဲပျောက်ခဲ့တဲ့ မန်ယူနည်းပြ မိုက်ကယ်ကာရစ်ရဲ့ ကျရှုံးသွားတဲ့ စွန့်စားခန်း။

阅读更多

Official Channels

ONEX2 banner