တကယ်လို့များ ကျွန်တော်သာ ဘောလုံးသမားတစ်ဦးမဖြစ်ခဲ့ဘူးဆိုရင်
ပါရီမြို့က စားသောက်ဆိုင်တစ်ခုရဲ့အပြင်ဘက်မှာ Sandwich ၀ယ်စားချင်လို့ ပိုက်ဆံတောင်းရတဲ့သူ ဖြစ်နေမလားပဲ။
ဒါဟာ ခင်ဗျားတို့မသိမယ့် ကျွန်တော့်ရဲ့ မဟာလျှို့ဝှက်ချက်ကြီးလေ။
ကျွန်တော် တကယ်ပြောနေတာ၊ ခင်ဗျားတို့စိတ်ထဲနောက်နေတယ်ထင်တာလား။ တကယ်မနောက်ပါဘူး။
ဘောလုံးသမားဘ၀ကိုသာ မရွေးချယ်ခဲ့ရင် ပိုက်ဆံတောင်းစားနေရမယ်ထင်တာပဲ။
မိသားစုရဲ့လူရွှင်တော်၊ ဂန္ထဝင်ကစားသမား
တကယ်လို့များ ကျွန်တော်သာ ဘောလုံးသမားတစ်ဦးမဖြစ်ခဲ့ဘူးဆိုရင်
ပါရီမြို့က စားသောက်ဆိုင်တစ်ခုရဲ့အပြင်ဘက်မှာ Sandwich ၀ယ်စားချင်လို့ ပိုက်ဆံတောင်းရတဲ့သူ ဖြစ်နေမလားပဲ။
ဒါဟာ ခင်ဗျားတို့မသိမယ့် ကျွန်တော့်ရဲ့ မဟာလျှို့ဝှက်ချက်ကြီးလေ။
ကျွန်တော် တကယ်ပြောနေတာ၊ ခင်ဗျားတို့စိတ်ထဲနောက်နေတယ်ထင်တာလား။ တကယ်မနောက်ပါဘူး။
ဘောလုံးသမားဘ၀ကိုသာ မရွေးချယ်ခဲ့ရင် ပိုက်ဆံတောင်းစားနေရမယ်ထင်တာပဲ။
ပါရီမြို့ဆင်ခြေဖုံးအရပ်၊ Le Ulis မှာ ကျွန်တော်ကြီးပြင်းလာတယ်။ ကျွန်တော့်မိသားစု၊ ပြီးတော့...
ကျွန်တော့်ရဲ့ ညီအစ်ကိုမောင်နှမတွေ၊ (၂၄) ယောက်လောက်ရှိတယ်။ အိမ်လေးတစ်လုံးထဲမှာ
လူပေါင်းများစွာ ကျပ်ကျပ်တည်းတည်း၊ ပျော်ပျော်ရွှင်ရွှင်၊ တခါတလေတော့လည်း အိမ်လေးထဲ မိသားစုပဋိပက္ခတွေ၊
အိမ်လေးရဲ့ စား၀တ်နေရေးဟာ ကျွန်တော့်အဖေရဲ့ ကြိုးစားရုန်းကန်ခြင်းအပေါ် မူတည်နေတယ်။
ဆီနီဂေါကနေ ပြင်သစ်နိုင်ငံကို မိသားစုလိုက်အခြေချခွင့်ရတာလည်း ကျွန်တော့်အဖေရဲ့ ကျေးဇူးတွေပဲ။
အဖေက သံတမန်တစ်ဦးလေ။ ဆီနီဂေါကနေ ပြင်သစ်ဆီ ပြောင်းရွှေ့အခြေချခွင့်ရလို့
ကျွန်တော့်အဖေကို သိပ်ကျေးဇူးတင်မိ တယ်။ ဒါပေမဲ့ ဘဝနေ့ရက်လှိုင်းတွေဟာ မတည်ငြိမ်ပါဘူး။
ကျွန်တော် အသက် (၁၀)နှစ်သားမှာ အဖေနဲ့ အမေ အကြီးအကျယ်ရန်ဖြစ်ပြီး ကွာရှင်းလိုက်ကြတယ်။
အဖေက အိမ်မှာရှိတဲ့ ဆိုဖာတွေ၊ တီဗွီနဲ့ အခြားတန်ဖိုးကြီးပစ္စည်းတွေအကုန်ယူသွားပါတယ်။
ကျွန်တော့်အဖေကို သက်ဆုံးတိုင် ကျွန်တော် ချစ်သွားမှာပါ။
ဒါပေမဲ့ အမေ့အပေါ် အဖေ့ရဲ့လုပ်ရပ်၊ ကျွန်တော်တို့အပေါ် အဖေ့ရဲ့ လုပ်ရပ်ဟာ အရမ်းရက်စက်တာပဲ။
ကျွန်တော့် အဖေရဲ့ရက်စက်စွာချန်ရစ်ထားမှုနောက်ကွယ် မှာ ကျွန်တော်တို့ မိသားစုအိမ်လေးဟာ
နေ့စဉ်နေ့တိုင်းမုန်တိုင်းကာလ၊ အိပ်ရာနိုးချိန်ကနေ အိပ်ရာ၀င်ချိန်အထိ စိတ်ပင်ပန်းခြင်းများစွာ၊
ကျွန်တော့် အမေရဲ့ မျက်နှာဟာ အမြဲလိုလို ညိုးနွမ်းလို့၊ မိသားစုအိမ်လေးထဲ အပူလှိုင်းတွေ။
မိသားစုစား၀တ်နေရေးဟာ ကျွန်တော့်အစ်ကိုတွေရဲ့ ပခုံးပေါ် ပြိုကျလာပြီ။
သူတို့လည်း ရရာ အလုပ်၀င်လုပ်ပြီး မိသားစုစား၀တ်နေရေးကို ဖြေ ရှင်းခဲ့ကြတယ်။
ဒါပေမဲ့ မပြေလည်မှုဟာ နာရီလက် တံတွေလို နေ့စဉ်လည်ပတ်နေတယ်။
ညဆိုရင် မွေ့ရာတစ်ခုတည်းပေါ်မှာ ကျွန်တော်တို့ ညီအစ်ကို သုံးယောက်လောက် စုအိပ်ရတယ်။
အစားစားချိန် ရောက်ပြီဆိုရင်လည်း သူ့ထက်ငါဦးအောင် စားရင်စား၊ မစားရင်ငတ်ပဲ။
ရရာအလုပ်၀င်လုပ်ပြီး မိသားစုစား၀တ်နေရေး ဖြေရှင်းပေးနေတဲ့ ကျွန်တော့် အစ်ကိုတွေဟာ အတောင်အလက်စုံလာချိန်မှာ
လက်တွဲဖော်ကိုယ်စီနဲ့ ဘ၀သစ်တည်ထောင်ပြီး ကျွန်တော်တို့မိသားစုအိမ်လေးကို စွန့်ခွာခဲ့ပြန် တယ်။
မိသားစုအိမ်လေးထဲ ကျွန်တော်ရယ်၊ အမေရယ်၊ ကျွန်တော့်ညီမလေးရယ်၊
မိသားစုအိမ်လေးထဲ တိတ်ဆိတ်ခြောက်ကပ်သွား၊ မိသားစုအိမ်လေးထဲ အနာဂတ်မရောမှုတွေ။
မိသားစုအိမ်လေးရဲ့ ကျပ်တည်းမှုဟာ ကျွန်တော့်ကို လောကရဲ့ လမ်းမတွေဆီ တွန်းထုတ်ခဲ့တယ်။
ကျွန်တော်မသိခြင်းလောကရဲ့လမ်းမတွေ၊ ပတ်၀န်းကျင်မှာ Gangster တွေ၊ အကြမ်းဖက်ပစ်ခတ်မှုတွေ၊ လုယက်မှုတွေ၊
ကျွန်တော်မသိခြင်း လောကရဲ့လမ်းမတွေပေါ် ပြန့်ကျဲနေတယ်။ ပတ်၀န်းကျင်ရဲ့ ရိုက်ခတ်မှုဒဏ်ကို ကျွန်တော် ဂရုမစိုက်ဘူး။
အဆိုးပတ်၀န်းကျင်ကနေ ဘယ်လို ရုန်းထွက်ရမလဲဆိုတာပဲ စဉ်းစားတယ်။
လောကဓံကို အလဲထိုးနိုင်အောင် ကျွန်တော် ရုန်းကန်ခဲ့ပါတယ်။
မရှက်စတမ်း၀န်ခံရရင် အစားအသောက်တွေ၊ အ၀တ်အထည်တွေ၊ ဗီဒီယိုဂိမ်းခွေတွေ ကျွန်တော်ခိုးခဲ့ဖူးတယ်။
ဆိုင်တွေရှေ့ထိုင်ပြီးလည်း ပိုက်ဆံ တောင်းခဲ့ဖူးတယ်။ " ဆရာ၊ ကျွန်တော့်ကို ပိုက်ဆံ လေးနည်းနည်းလောက်ပေးပါလား ခင်ဗျာ" ဆိုပြီး
ကျွန်တော်တောင်းတဲ့အခါ လူတွေက ပြန်ပြောကြတယ်။ "ဟေ့ကောင်သွားစမ်း၊ ပိုက်ဆံဆိုတာ မိုးပေါ်က ကျလာတယ်ထင်နေတာလား" ဆိုပြီးတော့ပေါ့။
ဒါဟာ ကျွန်တော့်ရဲ့ ငယ်ဘ၀အမှောင်ခန်းတွေ၊ ကျပ်တည်းမှုရဲ့ ဒုက္ခတွေ၊ ဒါပေမဲ့ ကျွန်တော် ပျော်ရွှင်ခဲ့ပါတယ်။
Instagram မှာ ကျွန်တော်တင်ထားတဲ့ ဗီဒီယိုတွေ ခင်ဗျားတို့ကြည်ဖူးလိမ့်မယ်ထင်တယ်။
တစ်ချိန်လုံးပျော်ရွှင်နေပုံရတဲ့ ကျွန်တော့်ရဲ့ဟန်ပန်ကို မြင်ရလိမ့်မယ်။ ပါးစပ်ကနေလည်း " ဘောလုံးအား ကစားနည်းကို ချစ်တယ်" ဆိုပြီး
ကျွန်တော်အမြဲ ပြောလေ့ရှိတယ်။ ဘောလုံးသမားဘ၀ကို ကျွန်တော်ချစ်ပါတယ် ။
ကျွန်တော့်ရဲ့ ဗီဒီယိုတွေကနေ ကျွန်တော့်ရဲ့ ပျော်ရွှင်ခြင်းတွေ မျှဝေပေးနေတာပါပဲ။
ကျွန်တော်ဟာ ပျော်ရွှင်ခြင်းတွေကို ငယ်ငယ်ကတည်းက မျှဝေပေးခဲ့သူ၊
မိသားစုအိမ်လေးထဲက ဒုက္ခတွေသက်သာလိုသက်သာမလားဆိုပြီး ကျွန်တော်ဟာ မိသားစုရဲ့ လူရွှင်တော်ဖြစ်ခဲ့ပါတယ်။
ခပ်ကြောင်ကြောင်အ၀တ်အစားတွေ၀တ်ပြီး မိသားစု၀င်တွေရှေ့ ကပြပျော်ဖြေရတဲ့ လူရွှင်တော်ဟာ ကျွန်တော်ပါပဲ။
ကျွန်တော့်မိသားစု၀င်တွေ ခေတ္တပျော်ရွှင်သွားအောင် ဖန်ဆင်းပေးရတဲ့လူရွှင်တော်ဟာ ကျွန်တော်ပါပဲ။
ကစားသမားဘ၀အစမှာ ကျွန်တော်က တိုက်စစ်မှူးတစ်ဦး၊ အဲဒီနေရာမှာ ကိုယ့်ကိုယ်ကိုယ် လောင်ကျွမ်းမတတ် ကစားပြခဲ့တယ်။
နာကျင်ဖွယ် ရာခံစားချက်ကို ဘောလုံးကွင်းထဲဖောက်ခွဲခဲ့တယ်။
ဒါပေမဲ့ ကျွန်တော့်နည်းပြတစ်ဦးက တိုက်စစ်မှူးနေရာဟာ ကျွန်တော့်နဲ့မလိုက်ဖက်ဘူးလို့ ပြောခဲ့ ပါတယ်။
သူ့စကားကိုနားထောင်ရင်း ကျွန်တော် ပြောင်းလဲခဲ့တယ်။
ပါရီကို စွန့်ခွာပြီး နှစ်အနည်းငယ် အကြာမှာ ကျွန်တော့်အတွက် လင်းပအနာဂတ်ဟာ ရောက်ရှိလာတယ်။
မိုနာကိုအသင်းက ကျွန်တော့် ကို စာချုပ်ချုပ်ခဲ့ပြီး ပထမဆုံးလစာကျွန်တော်ပိုင်ဆိုင်ခဲ့ပြီ။
ကျွန်တော့်အမေကို အိမ်တစ်လုံး၀ယ်ပေးခဲ့ပါတယ်။ မိုနာကိုအသင်းနဲ့အတူ ချန်ပီယံလိဂ်ဗိုလ်လုပွဲကစားခွင့်ရတဲ့အထိ
လင်းပခဲ့ပေမယ့် အခြားတစ်ဖက်မှာ ဒဏ်ရာပြဿနာက ထိုးနှက်ခဲ့တယ်။
ခြေဖဝါးဒဏ်ရာကြောင့် လမ်းမလျှောက်နိုင်လောက် တဲ့အထိ ကျွန်တော် ဖြစ်ခဲ့ရတယ်။
ဒဏ်ရာနေ့စွဲများ အလွန်မှာ ပျော်ရွှင်ဖွယ်ရာကမ္ဘာပိုင်ဆိုင်ခဲ့ပြန်တယ်။
မန်ချက်စတာမြို့၊ ယူနိုက်တက်၊ မန်ချက် စတာဒါဘီ၊ ဖာဂူဆန်၊ ယူနိုက်တက်အသင်းဖော်တွေ
ယူနိုက်တက်အတွက်ကျွန်တော်ပထမဆုံးကစား ခဲ့ရတဲ့ပွဲက မန်ချက်စတာဒါဘီ၊ ဆင်ကလဲယားနဲ့ ခေါင်းယှဉ်တိုက်ရင်း
ကျွန်တော် တံတောင်စာမိ သွားတယ်။ သွေးတွေဖြာခနဲ၊ ပွဲအပြီးမှာ ကျွန်တော် တို့အသင်း ဂိုးပြတ်ရှုံးခဲ့တယ်။
ဖာဂူဆန်ဆီကနေ မြားတွေလိုစကားလုံးတွေ၊ ကျွန်တော် တကယ် စိတ်ဓာတ်ကျခဲ့ရပြန်တယ်။
ယူနိုက်တက်အ၀တ်လဲခန်းထဲက စီးဆင်းလာမယ့် အားအင်တွေ၊ ဖာဂူဆန်ရဲ့ အောင်ပွဲဆာ လောင်စိတ် ရိုက်သွင်းပေးခဲ့ပုံတွေ၊
ကျွန်တော်ဟာ သာမန်လူသားမဟုတ်၊ ကျွန်တော်တို့ဟာ မြက်ခင်း စိမ်းပေါ်က စစ်သည်တော်တွေ၊ ပရော်ဖက်ရှင်နယ် ရဲ့ အနှစ်သာရကို ခံစားမိခဲ့တယ်။
ယူနိုက်တက်မှာ ကျွန်တော်အောင်မြင်ခြင်းများစွာ၊ ကစားသမားဘ၀ရဲ့ ဂုဏ်ယူဖွယ်ရာအကောင်း ဆုံးကာ လများ၊
၂၀၁၄ ခုနှစ်မှာ ယူနိုက်တက်ကို စွန့်ခွာဖို့ ဆုံးဖြတ်ခဲ့ရတာ တကယ့်ကိုခက်ခဲလွန်းခဲ့၊ ဂျူဗင် တပ်စ်မှာလည်း မမေ့နိုင်စရာအခိုက်အတန့်တွေပိုင်ဆိုင်ခဲ့တယ်။
အမှတ်ရစရာအကောင်းဆုံးက မန်ယူနိုက်တက်မှာ Winning Mentality ဆိုတဲ့အဓိပ္ပါယ်ကို အပြည့်အဝ ခံစားခွင့်ရခဲ့တာပါ။