Football News

မန်စီးတီး တန်းဆင်းရတော့မယ် ထင်တယ်

မန်စီးတီး တန်းဆင်းရတော့မယ် ထင်တယ်

ဘဏ္ဍာရေးစည်းမျဉ်း ချိုးဖောက်မှု စွဲချက် (၁၁၅) ခုထဲက (၁၁၄) ခုမှာ အပြစ်ရှိကြောင်း တွေ့ရှိရပြီးနောက် တန်းဆင်းပြစ်ဒဏ် ဒါမှမဟုတ် ဆုဖလားရုပ်သိမ်းခံရဖို့ ရှိနေတဲ့ မန်စီးတီးအသင်းရဲ့ အကျပ်အတည်း။

မန်စီးတီး တန်းဆင်းရတော့မယ် ထင်တယ်

မန်စီးတီးက ၂၀၀၉ ခုနှစ်က ၂၀၁၈ ခုနှစ်အတွင်း ကစားသမားနဲ့ နည်းပြတွေအတွက် ငွေကြေးပေးချေရာမှာ မသမာမှုကျူးလွန်တာ၊

၂၀၁၃ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အတွင်း UEFA ရဲ့ဘဏ္ဍာရေးစည်းမျဉ်းချိုးဖောက်တာ၊ ၂၀၁၅ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အတွင်း

ပရီးမီးယားလိဂ်ရဲ့PSR ဘဏ္ဍာရေးအချက်အလက်တွေ ချိုးဖောက်တာတွေကြောင့် တရားစွဲခံခဲ့ရပါတယ်။

အခုအမှုပေါင်းတစ်ရာကျော်နဲ့ တရားစွဲဆိုခံထားရတဲ့ မန်စီးတီးအဖြစ်က ဂိမ်းပေါင်းတစ်ရာကျော်ကစားသူတွေထက် အခြေအနေပိုဆိုးတော့မယ်။

အမှုပေါင်းတစ်ရာကျော်နဲ့ တရားစွဲခံရတာ သုံးနှစ်ခွဲ၊ တရားဝင်ကြားနာစစ်ဆေးနေတာ တစ်နှစ်ခွဲကျော်ကြာပြီးနောက်

မန်စီးတီးအသင်းအပေါ် စွဲချက်တင်ထားတဲ့  ၁၁၅ ခုအနက် ၁၁၄ ခုမှာ အပြစ်ကျူးလွန်ကြောင်းတွေ့ရှိခဲ့တယ်။

မန်စီးတီးက ရမှတ်လျှော့ခံရတာ၊ ဆုဖလားရုပ်သိမ်းခံရတာ၊ အဆိုးဆုံးအနေနဲ့ တန်းဆင်းပြစ်ဒဏ် ချမှတ်ခံရနိုင်ပါတယ်။

  • မန်စီးတီးရဲ့အမှုတွေက ၂၀၀၉-၁၀ ရာသီကနေ ၂၀၁၇-၁၈ ရာသီအတွင်း ဘဏ္ဍာရေးအချက်အလက်တွေ အတိအကျပေးချေရန်ပျက်ကွက်မှု ၅၄ ကြိမ်၊

  • ၂၀၀၉-၁၀ ရာသီကနေ ၂၀၁၇-၁၈ ရာသီအတွင်း ကစားသမားနဲ့ နည်းပြတွေအတွက် ငွေပေးချေမှုကို အတိအကျဖော်ပြရန်ပျက်ကွက်မှု ၁၄ ကြိမ်၊

  • ၂၀၁၃-၁၄ ရာသီကနေ ၂၀၁၇-၁၈ ရာသီအတွင်းမှာ UEFA ရဲ့ဘဏ္ဍာရေးစည်းမျဉ်း FFP ကို ၅ ကြိမ်တိုင်ချိုးဖောက်မှု

  • ၂၀၁၅-၁၆ ရာသီကနေ ၂၀၁၇-၁၈ ရာသီအတွင်း ပရီးမီးယားလိဂ်ရဲ့ဘဏ္ဍာရေးစည်းမျဉ်း PSR ကို ၇ ကြိမ်တိုင်ချိုးဖောက်မှု

  • ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာကနေ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလအတွင်း ပရီးမီးယားလိဂ်ရဲ့စစ်ဆေးမှုကိုပူးပေါင်းပါဝင်ရန်ပျက်ကွက်မှု ၃၅ ကြိမ် ဖြစ်ပါတယ်။

မန်စီးတီးက အဲဒီအမှုတွေအတွက် တစ်နာရီပေါင် ၅၀၀၀ ပေးရတဲ့ နာမည်ကျော်ရှေ့နေ Lord Pannick KC ဉီးဆောင်ပြီး တရားရင်ဆိုင်နေပါတယ်။

Lord Pannick KC က ၂၀၂၀ ခုနှစ်မှာ မန်စီးတီးအသင်း ဉရောပပြိုင်ပွဲ ဝင်ခွင့် ၂ နှစ် ပိတ်ပင်ခံရတုန်းက ပြစ်ဒဏ်ချမှတ်မခံရအောင် ကူညီပေးခဲ့ဖူးတယ်။

ဒါပေမဲ့ လက်ရှိဘဏ္ဍာရေးအမှုမှာတော့ မန်စီးတီးအသင်း ပြစ်ဒဏ်ကနေ ကွင်းလုံးကျွတ်လွတ်ဖို့မဖြစ်နိုင်ပါဘူး။

ရမှတ်လျှော့ခံရမလား၊ တန်းဆင်းရမလား၊ ဆုဖလားရုပ်သိမ်းခံရမလား၊ ငွေဒဏ်ချမှတ်ခံရမလား၊ ပြစ်ဒဏ်တစ်ခုမဟုတ်တစ်ခု ချမှတ်ခံရမှာပါ။

တကယ်လို့များ ဆုဖလားရုပ်သိမ်းခံရမယ်ဆိုရင် အခုလိုမျိုးဖြစ်လာမှာပါ။

Premier League

  • 2011-12: Manchester United

  • 2013-14: Liverpool

  • 2017-18: Manchester United

FA Cup

  • 2010-11: Stoke City

EFL Cup

  • 2013-14: Sunderland

  • 2015-16: Liverpool

  • 2017-18: Arsenal တို့အစားထိုးရရှိမှာ ဖြစ်ပါတယ်။

မန်စီးတီးကတော့ အခုအချိန်အထိ သူတို့အမှားတစ်ခုမှ မကျူးလွန်ဘူးလို့ ကာကွယ်ထားပြီး အယူခံဝင်သွားမှာပါ။

相关新闻

ဒေးဗစ်ဘက်ခမ်ဆီသို့
Football News

ဒေးဗစ်ဘက်ခမ်ဆီသို့

ပြိုင်ဘက်ကင်း ဖရီးကစ်သွင်းဂိုးများ၊ တိကျသေချာတဲ့ ဖြတ်တင်ဘောများနဲ့ မန်ယူအသင်းသမိုင်းတစ်လျှောက် သူချန်ရစ်ခဲ့တဲ့ မေ့ဖျောက်မရနိုင်တဲ့ အနုပညာဆန်ဆန် ခြေစွမ်းများအကြောင်း သုံးသပ်ချက်။

阅读更多
အာတီတာရဲ့" အာဆင်နယ်ခေတ်ရောက်ရမည်မှာ မလွဲပါ"
Football News

အာတီတာရဲ့" အာဆင်နယ်ခေတ်ရောက်ရမည်မှာ မလွဲပါ"

ဂွာဒီယိုလာနဲ့ ကလော့ပ်တို့ခေတ်ကို အဆုံးသတ်စေခဲ့ပြီး အာဆင်နယ်အသင်းမှာ ၁၀ နှစ်ကြာ နေထိုင်ကာ အာဆင်နယ်ခေတ်တစ်ခု တည်ထောင်ဖို့ စာချုပ်သစ် ချုပ်ဆိုလိုက်တဲ့ အာတီတာရဲ့ ရည်မှန်းချက်များအကြောင်း။

阅读更多
အာဆင်နယ်ရဲ့ပရီးမီးယားလိဂ်အဆင့်မဟုတ်တဲ့ခြေစွမ်း
Football News

အာဆင်နယ်ရဲ့ပရီးမီးယားလိဂ်အဆင့်မဟုတ်တဲ့ခြေစွမ်း

ဘရိုက်တန်ကို အရှက်တကွဲ ရှုံးနိမ့်ခဲ့ပြီးနောက် ကစားသမားတွေရဲ့ ခြေစွမ်းဟာ ပရီးမီးယားလိဂ်အဆင့်မဟုတ်ဘူးလို့ နည်းပြ အာတီတာကိုယ်တိုင် ဝေဖန်ခဲ့ရတဲ့ အာဆင်နယ်အသင်းရဲ့ ချန်ပီယံကာကွယ်ရေး အကျပ်အတည်း။

阅读更多

更多新闻

Ballon d'Or ဆုအတွက် ပါရီအမိုးအောက်က ပြိုင်ဘက်နှစ်ဉီး
Football News

Ballon d'Or ဆုအတွက် ပါရီအမိုးအောက်က ပြိုင်ဘက်နှစ်ဉီး

၂၀၂၆ Ballon d'Or ဆုအတွက် ရေပန်းစားနေပေမဲ့ အတ္တအားပြိုင်မှုမရှိဘဲ အပြန်အလှန် လေးစားမှုရှိကြတဲ့ PSG အသင်းဖော်တွေဖြစ်တဲ့ ခွာရတ်စကယ်လီယာနဲ့ ဒမ်ဘီလီတို့ရဲ့ ကြည်နူးဖွယ် ပြိုင်ဆိုင်မှုအကြောင်း။

阅读更多
ပရီးမီးယားလိဂ်ကနေ ပထမဆုံးထုတ်ပယ်ခံရမယ့်နည်းပြက ဘယ်သူလဲ?
Football News

ပရီးမီးယားလိဂ်ကနေ ပထမဆုံးထုတ်ပယ်ခံရမယ့်နည်းပြက ဘယ်သူလဲ?

ရလဒ်ဆိုးတွေကြောင့် ဖိအားဝင်နေတဲ့ မန်ယူနည်းပြ မိုက်ကယ်ကာရစ်၊ ဖူလ်ဟမ်နည်းပြ အာဘီလိုအာနဲ့ စပါးနည်းပြ ဒီဇာဘီတို့ထဲက ဘယ်သူဟာ ပရီးမီးယားလိဂ်ရဲ့ ပထမဆုံး ထုတ်ပယ်ခံရမယ့် နည်းပြဖြစ်လာမလဲဆိုတာကို သုံးသပ်ထားတဲ့ ဆောင်းပါး။

阅读更多
ပရီးမီးယားလိဂ် ဖတ်စာ
Football News

ပရီးမီးယားလိဂ် ဖတ်စာ

ပွဲစဉ် ၅ အပြီး အာဆင်နယ်ရဲ့ ရှုံးပွဲ၊ ဂွာဒီယိုလာမပါဘဲ ခြေစွမ်းပြနေတဲ့ မန်စီးတီး၊ ကာရစ်လက်အောက်က ရုန်းကန်နေရတဲ့ မန်ယူနဲ့ တန်းတက်အသင်းတွေရဲ့ အခြေအနေများကို စုစည်းသုံးသပ်ထားတဲ့ ပရီးမီးယားလိဂ် ဖတ်စာ။

阅读更多
အီတလီရဲ့အကူးအပြောင်းကာလ
Football News

အီတလီရဲ့အကူးအပြောင်းကာလ

အီတလီအသင်းက ဆုဖလားအောင်ပွဲတွေနဲ့ နှစ်ကာလများစွာ ဝေးကွာနေတဲ့အသင်း မဟုတ်ဘူး။ ယူရို ၂၀၂၀ ချန်ပီယံဖလားကို သိမ်းပိုက်ထားတဲ့ အသင်းပါ။ ဒါပေမဲ့ အဲဒီချန်ပီယံဆု သိမ်းပိုက်ပြီးနောက် အီတလီက ကပ်ဘေးကြီးရင်ဆိုင်လိုက်ရတယ်။ မျိုးဆက် တစ်ခု အဆုံးသတ်သွားတယ်။ အီတလီဘောလုံးလောကဟာ ပြန်လည်ကယ်တင်ရေး စီမံကိန်းအတွက် ဘူဖွန်၊ မာလ်ဒီနီ၊ ဂတ်တူဆိုတို့လို အီတလီဂန္ထဝင်တွေလည်း အားတက်သရောပါဝင်ခဲ့တယ်။ ဒါပေမဲ့ အဇူရီအပြာရောင်တိမ်သားတွေရဲ့ အုံ့မှိုင်းချိန်ဟာရှည်ကြာလွန်းခဲ့ပါတယ်။

阅读更多
ကိုဗင်ထရီအတွက် နိုင်ပွဲတစ်ပွဲဟာ Nokia ခေတ်ကနေ Iphone 18 ခေတ်အထိကြာခဲ့တယ်
Players News

ကိုဗင်ထရီအတွက် နိုင်ပွဲတစ်ပွဲဟာ Nokia ခေတ်ကနေ Iphone 18 ခေတ်အထိကြာခဲ့တယ်

ကိုဗင်ထရီနဲ့အတူ တန်းဆင်းသွားတဲ့အသင်းသုံးသင်းထဲ မန်စီးတီးလည်းပါဝင်ခဲ့တယ်။ မန်စီးတီးကပရီးမီးယားလိဂ်ရဲ့အရှင်သခင်ဘဝ ပြန်ရောက်လာပေမယ့် ကိုဗင်ထရီအသင်းကတော့ ပရီးမီးယားလိဂ်နဲ့အခုအချိန်မှ ရေစက်ပြန်ဆုံခွင့်ရခဲ့တယ်။ ၁၉၆၇ ကနေ ၂၀၀၁ ခုနှစ်အထိ အဂ်လန်နိုင်ငံရဲ့ အဆင့်အမြင့်ဆုံးလိဂ်(အခုပရီးမီးယားလိဂ်)မှာ ရှင်သန်ခွင့်ရခဲ့တဲ့ ကိုဗင်ထရီအတွက် ပရီးမီးယားလိဂ်ရင်ငွေ့လှုံခွင့်မရတာ ၂၅ နှစ်ကြာခဲ့ပါတယ်။

阅读更多
ဂန္ထဝင်ဆန်လွန်းတဲ့ဟာရီကိန်း
Players News

ဂန္ထဝင်ဆန်လွန်းတဲ့ဟာရီကိန်း

ဟာရီကိန်းက ဘွန်ဒစ်လီဂါသမိုင်းတစ်လျှောက် ဂိုး ၁၀၀ အမြန်ဆုံးပြည့်တဲ့ စံချိန်ပိုင်ဆိုင်ခဲ့တာပါ။ ဘွန်ဒစ်လီဂါသမိုင်းတစ်လျှောက် ဂိုး ၁၀၀ အမြန်ဆုံး ပြည့်တဲ့စံချိန် ပိုင်ဆိုင်ထားသူက ဒီယက်တာမူလာဖြစ်ပြီး ၁၂၉ နဲ့စံချိန်တင်ခဲ့တာပါ။ အခု ဟာရီကိန်းက ၉၈ ပွဲနဲ့ ဂိုး ၁၀၀ ပြည့်တဲ့စံချိန်သစ်တင်ခဲ့ပါတယ်။

阅读更多

Official Channels

ONEX2 banner