Football News

ပရီးမီးယားလိဂ် ဖတ်စာ

ပရီးမီးယားလိဂ် ဖတ်စာ

ပွဲစဉ် ၅ အပြီး အာဆင်နယ်ရဲ့ ရှုံးပွဲ၊ ဂွာဒီယိုလာမပါဘဲ ခြေစွမ်းပြနေတဲ့ မန်စီးတီး၊ ကာရစ်လက်အောက်က ရုန်းကန်နေရတဲ့ မန်ယူနဲ့ တန်းတက်အသင်းတွေရဲ့ အခြေအနေများကို စုစည်းသုံးသပ်ထားတဲ့ ပရီးမီးယားလိဂ် ဖတ်စာ။

ပရီးမီးယားလိဂ် ဖတ်စာ

ပရီးမီးယားလိဂ်ပွဲစဉ် ၅ ပြီးဆုံးချိန်မှာ International Break ဝင်ရောက်လာတယ်။ ဇာတ်လမ်းကောင်းတုန်း ကြော်ငြာဝင်လာသလိုမျိုး

ပရိသတ်တွေခံစားနေရမယ် ထင်ပါတယ်။ ပွဲစဉ် ၅ အပြီးပရီးမီးယားလိဂ်ရဲ့မှတ်မှတ်ရရဖြစ်ရပ်တချို့ကို

ပရီးမီးယားလိဂ်ဖတ်စာအဖြစ်ပြောပြချင်ပါတယ်။

1. အာဆင်နယ်က ရွှေဖလားကြီး ထပ်မရတော့ဘူး

လက်ရှိရာသီအစမှာ အာဆင်နယ်ကို ကြည့်ရတာ ဘယ်တော့မှမရှုံးတော့မယ့်အသင်းလိုပါပဲ။

ဒါပေမဲ့ ပွဲစဉ် ၅ မှာအာဆင်နယ်ရဲ့ထည်ဝါမှု ရပ်တန့်သွားတယ်။ ဘရိုက်တန်က အာဆင်နယ်အသည်းကို ရက်ရက်စက်စက်ခွဲသွားတယ်။

ချန်ပီယံကာကွယ်ပွဲက ထင်သလောက် မလွယ်ဘူး ဆိုတာ သတိပေးခဲ့တယ်။

အာဆင်နယ်နည်းပြ အာတီတာနဲ့အာဆင်နယ်ကစားသမားတွေအတွက် အရှိုက်ကိုထိုးခံလိုက်ရသလိုပါပဲ။

ဖလားအစုံသိမ်းမယ်ဆိုပြီး တိတ်တခိုးမျှော်လင့်နေတဲ့ အာဆင်နယ်ပရိသတ်တွေ အရှက်ကွဲခဲ့ရတယ်။

၂၀၂၄ ခုနှစ်၊ အောက်တိုဘာလနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် သုံးဂိုးအထိ ပေးရပြီးရှုံးနိမ့်ခဲ့တယ်။

၂၀၂၃ ခုနှစ်၊ မေလအတွင်းမှာ ဘရိုက်တန်ကို သုံးဂိုးဂိုးမရှိနဲ့ ရှုံးပြီးနောက် အခုတစ်ခါဘရိုက်တန်ကို ရလဒ်တူညီစွာထပ်ရှုံးခဲ့တာပါ။

အာဆင်နယ်နည်းပြ အာတီတာက  အခုရှုံးပွဲဟာ သင်ခန်းစာတစ်ခုဆိုပြီးဝန်ခံခဲ့တယ်။

သေချာတာကအာဆင်နယ်အသင်းက ဒီရာသီမှာလည်း ရွှေဖလားကြီး မရနိုင်တော့ပါဘူး။

2. ဂွာဒီယိုလာ မရှိလည်းဖြစ်တယ်

ဂွာဒီီယိုလာမရှိရင် မန်စီးတီး ဘာဖြစ်သွားမလဲ၊ လူတွေမေးခွန်းထုတ်ကြတယ်။ ဖာဂူဆန် စွန့်ခွာခဲ့တဲ့

မန်ယူလို ခေတ်ပျက်သွားမလား စိုးရိမ်ခဲ့ကြတယ်။ ဒါပေမဲ့ မာရက်စ်ကာက ဂွာဒီယိုလာခေတ်လွန်မန်စီးတီးကို မပျက်စီးအောင်

လက်ဆင့်ကမ်းထိန်းသိမ်းခဲ့တယ်။ ပရီးမီးယားလိဂ်ချန်ပီယံပြေးလမ်းမှာ အာဆင်နယ်ကို အလဲထိုးမယ့်ဟန်ပြင်နေပြီ။

မာရက်စ်ကာရဲ့မန်စီးတီးက ပရီးမီးယားလိဂ် ၅ ပွဲဆက်၊ ပြိုင်ပွဲစုံ ၇ ပွဲဆက် နိုင်ပြီးချန်ပီယံအသွေးအသား ပြသနေတယ်။

မာရက်စ်ကာက မန်စီးတီးနည်းပြဖြစ်လာပြီးနောက် " ဖာဂူဆန်မရှိတဲ့မန်ယူလို" မဖြစ်စေရဘူးလို့ ကတိပေးထားပြီး

အခုတော့ အဲဒီကတိအတိုင်း ဖန်ဆင်းပြနေတာပါ။

3. B နှစ်ခုရဲ့အလင်း

ဘရိုက်တန်နဲ့ ဘရန့်ဖို့ဒ်၊ B စာလုံးနဲ့စတဲ့အသင်းနှစ်သင်းရဲ့အလင်းကလက်ရှိရာသီမှာလည်းလင်းပနေဆဲပါ။

နည်းပြဟာဇယ်လာရဲ့ဘရိုက်တန်အသင်းက အာဆင်နယ်နဲ့ရမှတ် ၂ မှတ်အကွာအမှတ်ပေးဇယား အဆင့် ၃ နေရာရပ်တည်နိုင်တဲ့အထိ ထည်ဝါနေတယ်။

ပရီးမီးယားလိဂ်လက်ရှိချန်ပီယံတွေကို ၃ ရာသီဆက် အနိုင်ယူတဲ့စံချိန်ကို ပိုင်ဆိုင်ခဲ့တယ်။

ပြီးခဲ့တဲ့ရာသီမှာ ဘရိုက်တန်က မန်စီးတီးရဲ့ချန်ပီယံအိပ်မက်ကို ဝေဝေဝါးဝါးဖြစ်အောင်

ဒုက္ခပေးခဲ့သလိုမျိုး အခုလည်းအာဆင်နယ်ကို အမှောင်ထဲရောက်စေခဲ့တယ်။

ဘရိုက်တန်ကြယ်ပွင့်  ပါစကယ်ဂရို့စ်ကို BBC က ချန်ပီယံဆုမျှော်လင့်နေလားမေးတဲ့အခါ ရယ်ပြီး " No" လို့တုံ့ပြန်ခဲ့တယ်။

ဘရိုက်တန် လိုပဲ ဘရန့်ဖို့ဒ်အလင်းကလည်း တောက်ပနေတယ်။ တည်ကန်ဘောနည်းပြ အန်ဒရူးနဲ့အတူ

ဘရန့်ဖို့ဒ်ကပရီးမီးယားလိဂ်ရဲ့ဖျက်မြင်းအဖြစ် ရပ်တည်နေဆဲပါ။

လက်ရှိရာသီပရီးမီးယားလိဂ်မှာ ၅ ပွဲကစားပြီးချိန်အထိ ဘရန့်ဖို့ဒ်က ရှုံးပွဲမရှိဘဲ အဆင့် ၄ နေရာသိမ်းပိုက်ထားတယ်။

အန်ဒရူးစ်ကသူဟာ ဘရန့်ဖို့ဒ်အတွက်တစ်ရာသီသုံးအစမ်းကတ်မဟုတ်ဘူးဆိုတာ ပြသနေတယ်။

ချယ်လ်ဆီးကို ဂိုးပြတ်အနိုင်ယူပြီးနောက် ဘရန့်ဖို့ဒ်က ပိုပြီးသတိထားရမယ့် ဖျက်မြင်းဖြစ်လာတယ်။

4. တစ်ရာသီသုံးအစမ်းကတ် မိုက်ကယ်ကာရစ်

အိုးလ်ထရက်ဖို့ဒ်ရဲ့ဂုဏ်သိက္ခာအရောင်မှိန် ဇာတ်လမ်းက မပြီးဆုံးသေးဘူး။ မိုက်ကယ်ကာရစ်ဆီမှာ ဖိအားအငွေ့အသက်တွေဟာ

ပြင်းထန်ပူလောင်လွန်းလို့ ဘေးပတ်ဝန်းကျင်ပါ ကူးစက်ပူလောင်နေတယ်။ အခြေအနေတွေက လွန်ခဲ့တဲ့ ၇ နှစ်ကလိုပါပဲ။

ယာယီနည်းပြဘဝမှာ ဂုဏ်ထူးမှတ်ထွက်ခဲ့တဲ့ ဆိုးလ်ရှားကို မန်ယူက ယုံကြည်ခဲ့တယ်။

ဆိုးလ်ရှားရဲ့မန်ယူအမြဲတမ်းနည်းပြဘဝ အစောပိုင်းနေ့ရက်တွေဟာ လက်ရှိနည်းပြမိုက်ကယ်ကာရစ်အတိုင်းပဲ အိမ်နိမ့်စံ ဖြစ်ခဲ့ပါတယ်။

ပရီးမီးယားလိဂ် ၅ ပွဲပြီးဆုံးချိန်မှာ နိုင်ပွဲတစ်ပွဲသာရပြီး ချန်ပီယံဆုနဲ့ " ကိုယ်တို့ဝေးနေ မိုင်ပေါင်းကုဋေ" ဖြစ်ခဲ့ရပြန်ပြီ။

သမိုင်းတစ်လျှောက်  အဆိုးရွားဆုံးရာသီအစကို ရင်ဆိုင်နေရပြန်ပြီ။

မန်ယူက ချီး-ထုပ်အသင်းဖြစ်နေပါတယ်။

5. တန်းတက်အသင်းတွေ မညံ့ဘူး။

၂၀၂၄ နဲ့ ၂၀၂၅ ခုနှစ်တွေမှာ ပရီးမီးယားလိဂ်တန်းတက်အသင်းသုံးသင်းစလုံး တန်းပြန်ဆင်းခဲ့ရတယ်။ စံချိန်တင်အောင် ညံ့ခဲ့ကြတယ်။

ပြီးခဲ့တဲ့ရာသီမှာတော့ တန်းတက်အသင်းသုံးသင်းထဲက ဘန်လေတစ်သင်းသာ တန်းပြန်ဆင်းခဲ့ရတယ်။

ဆန်းဒါးလန်းက ဉရောပပြိုင်ပွဲ ဝင်ခွင့်ရပြီး လိဒ်စ်က အဆင့် ၁၄ နေရာပိုင်ဆိုင်ခဲ့တယ်။

လက်ရှိရာသီမှာ ဟားလ်စီးတီးက တန်းတက်အသင်းတွေထဲ ခြေစွမ်းအစွာဆုံးဖြစ်ပြီး အစ်ဝစ်ချ်ကလည်း အဆင့် ၁၁ နေရာရထားတယ်။

ကိုဗင်ထရီတစ်သင်းသာ တန်းဆင်းဇုန်ထဲရောက်နေလို့ တန်းတက်အသင်းတွေမညံ့တဲ့ရာသီဖြစ်လာနိုင်ပါတယ်။

相关新闻

အီတလီရဲ့အကူးအပြောင်းကာလ
Football News

အီတလီရဲ့အကူးအပြောင်းကာလ

အီတလီအသင်းက ဆုဖလားအောင်ပွဲတွေနဲ့ နှစ်ကာလများစွာ ဝေးကွာနေတဲ့အသင်း မဟုတ်ဘူး။ ယူရို ၂၀၂၀ ချန်ပီယံဖလားကို သိမ်းပိုက်ထားတဲ့ အသင်းပါ။ ဒါပေမဲ့ အဲဒီချန်ပီယံဆု သိမ်းပိုက်ပြီးနောက် အီတလီက ကပ်ဘေးကြီးရင်ဆိုင်လိုက်ရတယ်။ မျိုးဆက် တစ်ခု အဆုံးသတ်သွားတယ်။ အီတလီဘောလုံးလောကဟာ ပြန်လည်ကယ်တင်ရေး စီမံကိန်းအတွက် ဘူဖွန်၊ မာလ်ဒီနီ၊ ဂတ်တူဆိုတို့လို အီတလီဂန္ထဝင်တွေလည်း အားတက်သရောပါဝင်ခဲ့တယ်။ ဒါပေမဲ့ အဇူရီအပြာရောင်တိမ်သားတွေရဲ့ အုံ့မှိုင်းချိန်ဟာရှည်ကြာလွန်းခဲ့ပါတယ်။

阅读更多
အပြာရောင်မျက်ရည်
Football News

အပြာရောင်မျက်ရည်

ချယ်လ်ဆီးရဲ့ခံစစ်ပြဿနာတွေက ကြီးမားနေဆဲပဲ။ ချယ်လ်ဆီးခံစစ်က တစ်ခုလပ်တစ်ယောက်ရဲ့ ပါးပြင်လိုပဲ၊ သွေးတိုးစမ်းနမ်းရှိုက်ရလွယ်နေတယ်။ ခံစစ်က ဖရိုဖရဲဖြစ်နေချိန်မှာ တိုက်စစ်မှာယော်အိုပတ်ဒရိုမရှိလို့ချယ်လ်ဆီး ဘဲဉမကွဲခဲ့ပါဘူး။ ယော်အိုပတ်ဒရိုနေရာမှာ ဝင်ရောက်ကစားတဲ့ ဝဲလ်ဘတ်က အရောင်မှိန်လွန်းခဲ့တယ်။ ဘောလုံးထိချက် ၁၇ ကြိမ်သာရှိပြီး ၇၁ မိနစ်မှာ လူစားလဲခံခဲ့ရတယ်။

阅读更多
ကြွေးထူမန်ယူ
Football News

ကြွေးထူမန်ယူ

တကယ်ဆိုရင် မန်ယူအသင်းက ဝင်ငွေ ပေါင် ၆၇၇ သန်းပိုင်ဆိုင်ခဲ့တာပါ။ ဒါပေမဲ့ ကြွေးမြီပမာဏက စံချိန်တင်အောင် မြင့်မားနေဆဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီမှာ မန်ယူအသင်းက ဆယ်စုနှစ်တစ်ခုအတွင်း ပထမဆုံးအကြိမ်အဖြစ် ဉရောပပြိုင်ပွဲ ကစားခွင့်မရပေမယ့် ဝင်ငွေတိုးလာသလို၊ Operating profit ကလည်း ပေါင် ၂၂ ဒဿမ ၆ သန်းရှိခဲ့ပါတယ်။

阅读更多

更多新闻

ကိုဗင်ထရီအတွက် နိုင်ပွဲတစ်ပွဲဟာ Nokia ခေတ်ကနေ Iphone 18 ခေတ်အထိကြာခဲ့တယ်
Players News

ကိုဗင်ထရီအတွက် နိုင်ပွဲတစ်ပွဲဟာ Nokia ခေတ်ကနေ Iphone 18 ခေတ်အထိကြာခဲ့တယ်

ကိုဗင်ထရီနဲ့အတူ တန်းဆင်းသွားတဲ့အသင်းသုံးသင်းထဲ မန်စီးတီးလည်းပါဝင်ခဲ့တယ်။ မန်စီးတီးကပရီးမီးယားလိဂ်ရဲ့အရှင်သခင်ဘဝ ပြန်ရောက်လာပေမယ့် ကိုဗင်ထရီအသင်းကတော့ ပရီးမီးယားလိဂ်နဲ့အခုအချိန်မှ ရေစက်ပြန်ဆုံခွင့်ရခဲ့တယ်။ ၁၉၆၇ ကနေ ၂၀၀၁ ခုနှစ်အထိ အဂ်လန်နိုင်ငံရဲ့ အဆင့်အမြင့်ဆုံးလိဂ်(အခုပရီးမီးယားလိဂ်)မှာ ရှင်သန်ခွင့်ရခဲ့တဲ့ ကိုဗင်ထရီအတွက် ပရီးမီးယားလိဂ်ရင်ငွေ့လှုံခွင့်မရတာ ၂၅ နှစ်ကြာခဲ့ပါတယ်။

阅读更多
ဂန္ထဝင်ဆန်လွန်းတဲ့ဟာရီကိန်း
Players News

ဂန္ထဝင်ဆန်လွန်းတဲ့ဟာရီကိန်း

ဟာရီကိန်းက ဘွန်ဒစ်လီဂါသမိုင်းတစ်လျှောက် ဂိုး ၁၀၀ အမြန်ဆုံးပြည့်တဲ့ စံချိန်ပိုင်ဆိုင်ခဲ့တာပါ။ ဘွန်ဒစ်လီဂါသမိုင်းတစ်လျှောက် ဂိုး ၁၀၀ အမြန်ဆုံး ပြည့်တဲ့စံချိန် ပိုင်ဆိုင်ထားသူက ဒီယက်တာမူလာဖြစ်ပြီး ၁၂၉ နဲ့စံချိန်တင်ခဲ့တာပါ။ အခု ဟာရီကိန်းက ၉၈ ပွဲနဲ့ ဂိုး ၁၀၀ ပြည့်တဲ့စံချိန်သစ်တင်ခဲ့ပါတယ်။

阅读更多
အတ္တကြီးနေဆဲ စီရော်နယ်လ်ဒို
Players News

အတ္တကြီးနေဆဲ စီရော်နယ်လ်ဒို

၂၀၂၆ ကမ္ဘာ့ဖလားပြီးရင် အနားယူမယ်ဆိုပြီး တွေးခဲ့ပေမယ့် စီရော်နယ်လ်ဒိုရဲ့လောဘက မရပ်တန့်သေးဘူး။ ၂၀၂၆ ကမ္ဘာ့ဖလားအလွန် ပထမဆုံးကစားမယ့် နိုင်ငံတကာပွဲစဉ်ရက်သတ္တပတ်မှာ ပေါ် တူဂီ အတွက်ကစားပေးဖို့ စီရော်နယ်လ်ဒို စိတ်အားထက်သန်နေပါတယ်။

阅读更多
မန်ချက်စတာက ဆမ်ဘာတေးသံ
Players News

မန်ချက်စတာက ဆမ်ဘာတေးသံ

မန်ချက်စတာမြို့ထဲ လူငယ်ကြယ်ပွင့်တစ်ဉီးရဲ့အသံဟာ အခုရက်ပိုင်းမှာ ဆူညံနေခဲ့တယ်။ မန်ချက်စတာမြို့ရဲ့အနီရောင်ကိုယ်စားပြု မန်ယူအသင်းက ဂျေဂျေဂါဘရီယဲလ်ပါ။ သူနဲ့မန်ယူအသင်းကြား အနာဂတ်သတင်းဟာ လှုပ်လှုပ်ခတ်ခတ်ရှိနေခဲ့တာပါ။ ဂျေဂျေဂါဘရီယဲလ်က မန်ယူကိုစွန့်ခွာပြီး အခြားသောအရပ်ဆီ ပြောင်းရွှေ့ဖွယ်ရှိနေတာပါ။ သူ့ကို ရီးယဲလ်ကစိတ်ဝင်စားနေတယ်ဆိုပြီး သတင်းတွေလည်း ထွက်နေတာပါ။

阅读更多
အိမ့်နိမ့်စံဘဝကနေ ရောမမြို့ရဲ့သူရဲကောင်းဖြစ်လာသူ
Players News

အိမ့်နိမ့်စံဘဝကနေ ရောမမြို့ရဲ့သူရဲကောင်းဖြစ်လာသူ

လွန်ခဲ့တဲ့ ၈ လက မာလန်တစ်ယောက် ဗီလာမှာ ရုန်းကန်နေရပါတယ်။ အခုတော့ ဉရောပထိပ်တန်းလိဂ်ငါးခုမှာ သွင်းဂိုးအများဆုံး အဆုံးသတ်သမားကောင်း  တစ်ဉီးအဖြစ် ရပ်တည်နေတယ်။ ပြီးခဲ့တဲ့ဇန်နဝါရီလ ၁၈ ရက်မှာ ရိုးမားအတွက် မာလန်စတင်ပွဲထွက်ကစားပြီးနောက်ပိုင်း သူ့ထက်ဂိုးပိုသွင်းနိုင်သူ မရှိခဲ့ဘူး။ ရိုးမားကစားသမားဘဝမှာ မာလန်ကဂိုးနှစ်ဆယ်အထိ ပိုင်ဆိုင်ထားပြီး ဟာရီကိန်း (၁၆ ဂိုး)၊ ယမားလ် (၁၅ ဂိုး)တို့ထက် ပိုများခဲ့တယ်။

阅读更多
ဘောလုံးမရမှ ပိုကောင်းတဲ့ မန်ယူ
Football News

ဘောလုံးမရမှ ပိုကောင်းတဲ့ မန်ယူ

မိုက်ကယ်ကာရစ်လက်ထက် မန်ယူအသင်းမှာ သိပ်ပြီးထူးဆန်းတဲ့အရာတစ်ခု ရှိနေတယ်။ အဲဒါက " မန်ယူဟာ ဘောလုံးမရလေပိုကောင်းလေ" ဆိုတဲ့အချက်ပါ။ ဟုတ်ပါတယ်၊ ဘောလုံးပွဲတစ်ပွဲမှာ ဘောလုံးရထားမှ တိုက်စစ်ဆင်နိုင်မယ်၊ ဂိုးသွင်းနိုင်မယ်ဆိုပေမယ့် မန်ယူက အခြေခံသီအိုရီရဲ့ဆန့်ကျင်ဘက်လမ်းကို လျှောက်နေရတယ်။

阅读更多

Official Channels

ONEX2 banner