ပရီးမီးယားလိဂ် ဖတ်စာ
ပွဲစဉ် ၅ အပြီး အာဆင်နယ်ရဲ့ ရှုံးပွဲ၊ ဂွာဒီယိုလာမပါဘဲ ခြေစွမ်းပြနေတဲ့ မန်စီးတီး၊ ကာရစ်လက်အောက်က ရုန်းကန်နေရတဲ့ မန်ယူနဲ့ တန်းတက်အသင်းတွေရဲ့ အခြေအနေများကို စုစည်းသုံးသပ်ထားတဲ့ ပရီးမီးယားလိဂ် ဖတ်စာ။
ရလဒ်ဆိုးတွေကြောင့် ဖိအားဝင်နေတဲ့ မန်ယူနည်းပြ မိုက်ကယ်ကာရစ်၊ ဖူလ်ဟမ်နည်းပြ အာဘီလိုအာနဲ့ စပါးနည်းပြ ဒီဇာဘီတို့ထဲက ဘယ်သူဟာ ပရီးမီးယားလိဂ်ရဲ့ ပထမဆုံး ထုတ်ပယ်ခံရမယ့် နည်းပြဖြစ်လာမလဲဆိုတာကို သုံးသပ်ထားတဲ့ ဆောင်းပါး။
International Break ကာလ ရက်သတ္တပတ် သုံးပတ်ဆိုတာ ဘောလုံးလောကအတွက် သိပ်ပြီးရှည်ကြာပါတယ်။
အထူးသဖြင့် ရလဒ်ဆိုးတွေရင်ဆိုင်နေရတဲ့ ပရီးမီးယားလိဂ်နည်းပြတွေအတွက် အဆိုးညဟာ ရှည်ကြာလွန်းပါတယ်။
သူတို့အနာဂတ် ဘယ်လိုဖြစ်လာမလဲဆိုတာ စိုးတထိတ်ထိတ်စောင့်ဆိုင်းနေရတဲ့ နေ့ရက်တွေပေါ့။
ပရီးမီးယားလိဂ်နည်းပြတွေထဲ ဖိအားအများဆုံးတစ်ယောက်က မိုက်ကယ်ကာရစ်ပါ။ ပရီးမီးယားလိဂ် ၅ ပွဲကစားပြီး
၅ မှတ်သာရထားတာက ရှက်စရာကောင်းပါတယ်။ ပြီးတော့ မိုက်ကယ်ကာရစ်ရဲ့မန်ယူက လိဂ်ဖလားတစ်လုံး လက်လွှတ်ထားရတယ်။
မိုက်ကယ်ကာရစ်နဲ့ထပ်တူထပ်မျှ ဖိအားရှိနေသူတွေက ဖူလ်ဟမ်နည်းပြ အာဘီလိုအာ၊ စပါးနည်းပြ ဒီဇာဘီတို့ပါ။
တန်းဆင်းဇုန်ထဲရောက်နေတဲ့ ဖူလ်ဟမ်နဲ့ စပါးတို့က ရလဒ်ကောင်းတွေအမြန်ဆုံးလိုအပ်နေပြီ။
ပြီးခဲ့တဲ့နှစ်တွေမှာ စက်တင်ဘာနဲ့ အောက်တိုဘာ International Break ဆိုပြီးနှစ်ပိုင်းကွဲပေမယ့် လက်ရှိရာသီမှာတော့
International Break နှစ်ခုကို ပေါင်းစပ်လိုက်တယ်။ ဒီတော့နည်းပြအပြောင်းအလဲ လုပ်ချင်တဲ့ အသင်းတွေက ပြင်ဆင်ချိန်ပိုရသွားတယ်။
ပြီးခဲ့တဲ့ ၁၀ နှစ်မှာ စက်တင်ဘာလအတွင်း နည်းပြရာထူးကနေထုတ်ပယ်ခံရတာ နှစ်ဦးပဲရှိခဲ့တယ်။
၂၀၁၉ ခုနှစ်မှာ ဝက်ဖို့ဒ်နည်းပြ ဂျာဗီဂါစီယာ၊ ၂၀၂၅ ခုနှစ်မှာ နောတင်ဟန် နူနိုဆန်တိုတို့ပါ။
ပြီးခဲ့တဲ့ ၁၀ နှစ်၊အောက်တိုဘာလအတွင်းမှာလည်း ပရီးမီးယားလိဂ်ကနေ ထုတ်ပယ်ခံရတာနှစ်ယောက်ပဲ ရှိပါတယ်။
၂၀၁၆ ခုနှစ်မှာ ဆွမ်ဆီးနည်းပြ ဂွီဒိုလင်နဲ့ ၂၀၂၁ ခုနှစ်မှာ ဝက်ဖို့ဒ်နည်းပြ မူနော့ဇ်တို့ပါ။
ယေဘုယျပြောရရင် International Break မှာ နည်းပြအပြောင်းအလဲဖြစ်တာ ရှားပါတယ်။
နည်းပြအပြောင်းအလဲ အများဆုံးဖြစ်လေ့ရှိတဲ့ကာလက နိုဝင်ဘာပါ။ ပြီးခဲ့တဲ့ ၁၀ နှစ်၊
နိုဝင်ဘာလအတွင်းမှာ နည်းပြ ၆ ဉီးအထိ ထုတ်ပယ်ခံရဖူးတယ်။ ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်း၊
နည်းပြအများဆုံးထုတ်ပယ်ခံရတဲ့ရာသီက ၂၀၂၂-၂၃ ရာသီပါ။ အဲဒီရာသီမှာ နည်းပြ ၁၄ ဉီးအထိအပြောင်းအလဲဖြစ်ခဲ့တယ်။
ပြီးခဲ့တဲ့ရာသီမှာတော့ နည်းပြအပြောင်းအလဲ ၁၁ ဦးအထိ ရှိပြီး ဒုတိယအများဆုံး ဖြစ်ခဲ့တာပါ။
လက်ရှိရာသီမှာလည်း မိုက်ကယ်ကာရစ်၊ ဖူလ်ဟမ်နည်းပြအာဘီလိုအာ၊ စပါးနည်းပြဒီဇာဘီ၊
နော်တင်ဟမ်ဖောရက်စ်နည်းပြ ဂလက်စ်နာတို့ ရာထူးလှုပ်ခတ်နေပါတယ်။
ပွဲစဉ် ၅ အပြီး အာဆင်နယ်ရဲ့ ရှုံးပွဲ၊ ဂွာဒီယိုလာမပါဘဲ ခြေစွမ်းပြနေတဲ့ မန်စီးတီး၊ ကာရစ်လက်အောက်က ရုန်းကန်နေရတဲ့ မန်ယူနဲ့ တန်းတက်အသင်းတွေရဲ့ အခြေအနေများကို စုစည်းသုံးသပ်ထားတဲ့ ပရီးမီးယားလိဂ် ဖတ်စာ။
အီတလီအသင်းက ဆုဖလားအောင်ပွဲတွေနဲ့ နှစ်ကာလများစွာ ဝေးကွာနေတဲ့အသင်း မဟုတ်ဘူး။ ယူရို ၂၀၂၀ ချန်ပီယံဖလားကို သိမ်းပိုက်ထားတဲ့ အသင်းပါ။ ဒါပေမဲ့ အဲဒီချန်ပီယံဆု သိမ်းပိုက်ပြီးနောက် အီတလီက ကပ်ဘေးကြီးရင်ဆိုင်လိုက်ရတယ်။ မျိုးဆက် တစ်ခု အဆုံးသတ်သွားတယ်။ အီတလီဘောလုံးလောကဟာ ပြန်လည်ကယ်တင်ရေး စီမံကိန်းအတွက် ဘူဖွန်၊ မာလ်ဒီနီ၊ ဂတ်တူဆိုတို့လို အီတလီဂန္ထဝင်တွေလည်း အားတက်သရောပါဝင်ခဲ့တယ်။ ဒါပေမဲ့ အဇူရီအပြာရောင်တိမ်သားတွေရဲ့ အုံ့မှိုင်းချိန်ဟာရှည်ကြာလွန်းခဲ့ပါတယ်။
ချယ်လ်ဆီးရဲ့ခံစစ်ပြဿနာတွေက ကြီးမားနေဆဲပဲ။ ချယ်လ်ဆီးခံစစ်က တစ်ခုလပ်တစ်ယောက်ရဲ့ ပါးပြင်လိုပဲ၊ သွေးတိုးစမ်းနမ်းရှိုက်ရလွယ်နေတယ်။ ခံစစ်က ဖရိုဖရဲဖြစ်နေချိန်မှာ တိုက်စစ်မှာယော်အိုပတ်ဒရိုမရှိလို့ချယ်လ်ဆီး ဘဲဉမကွဲခဲ့ပါဘူး။ ယော်အိုပတ်ဒရိုနေရာမှာ ဝင်ရောက်ကစားတဲ့ ဝဲလ်ဘတ်က အရောင်မှိန်လွန်းခဲ့တယ်။ ဘောလုံးထိချက် ၁၇ ကြိမ်သာရှိပြီး ၇၁ မိနစ်မှာ လူစားလဲခံခဲ့ရတယ်။
ကိုဗင်ထရီနဲ့အတူ တန်းဆင်းသွားတဲ့အသင်းသုံးသင်းထဲ မန်စီးတီးလည်းပါဝင်ခဲ့တယ်။ မန်စီးတီးကပရီးမီးယားလိဂ်ရဲ့အရှင်သခင်ဘဝ ပြန်ရောက်လာပေမယ့် ကိုဗင်ထရီအသင်းကတော့ ပရီးမီးယားလိဂ်နဲ့အခုအချိန်မှ ရေစက်ပြန်ဆုံခွင့်ရခဲ့တယ်။ ၁၉၆၇ ကနေ ၂၀၀၁ ခုနှစ်အထိ အဂ်လန်နိုင်ငံရဲ့ အဆင့်အမြင့်ဆုံးလိဂ်(အခုပရီးမီးယားလိဂ်)မှာ ရှင်သန်ခွင့်ရခဲ့တဲ့ ကိုဗင်ထရီအတွက် ပရီးမီးယားလိဂ်ရင်ငွေ့လှုံခွင့်မရတာ ၂၅ နှစ်ကြာခဲ့ပါတယ်။
ဟာရီကိန်းက ဘွန်ဒစ်လီဂါသမိုင်းတစ်လျှောက် ဂိုး ၁၀၀ အမြန်ဆုံးပြည့်တဲ့ စံချိန်ပိုင်ဆိုင်ခဲ့တာပါ။ ဘွန်ဒစ်လီဂါသမိုင်းတစ်လျှောက် ဂိုး ၁၀၀ အမြန်ဆုံး ပြည့်တဲ့စံချိန် ပိုင်ဆိုင်ထားသူက ဒီယက်တာမူလာဖြစ်ပြီး ၁၂၉ နဲ့စံချိန်တင်ခဲ့တာပါ။ အခု ဟာရီကိန်းက ၉၈ ပွဲနဲ့ ဂိုး ၁၀၀ ပြည့်တဲ့စံချိန်သစ်တင်ခဲ့ပါတယ်။
၂၀၂၆ ကမ္ဘာ့ဖလားပြီးရင် အနားယူမယ်ဆိုပြီး တွေးခဲ့ပေမယ့် စီရော်နယ်လ်ဒိုရဲ့လောဘက မရပ်တန့်သေးဘူး။ ၂၀၂၆ ကမ္ဘာ့ဖလားအလွန် ပထမဆုံးကစားမယ့် နိုင်ငံတကာပွဲစဉ်ရက်သတ္တပတ်မှာ ပေါ် တူဂီ အတွက်ကစားပေးဖို့ စီရော်နယ်လ်ဒို စိတ်အားထက်သန်နေပါတယ်။
တကယ်ဆိုရင် မန်ယူအသင်းက ဝင်ငွေ ပေါင် ၆၇၇ သန်းပိုင်ဆိုင်ခဲ့တာပါ။ ဒါပေမဲ့ ကြွေးမြီပမာဏက စံချိန်တင်အောင် မြင့်မားနေဆဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီမှာ မန်ယူအသင်းက ဆယ်စုနှစ်တစ်ခုအတွင်း ပထမဆုံးအကြိမ်အဖြစ် ဉရောပပြိုင်ပွဲ ကစားခွင့်မရပေမယ့် ဝင်ငွေတိုးလာသလို၊ Operating profit ကလည်း ပေါင် ၂၂ ဒဿမ ၆ သန်းရှိခဲ့ပါတယ်။
မန်ချက်စတာမြို့ထဲ လူငယ်ကြယ်ပွင့်တစ်ဉီးရဲ့အသံဟာ အခုရက်ပိုင်းမှာ ဆူညံနေခဲ့တယ်။ မန်ချက်စတာမြို့ရဲ့အနီရောင်ကိုယ်စားပြု မန်ယူအသင်းက ဂျေဂျေဂါဘရီယဲလ်ပါ။ သူနဲ့မန်ယူအသင်းကြား အနာဂတ်သတင်းဟာ လှုပ်လှုပ်ခတ်ခတ်ရှိနေခဲ့တာပါ။ ဂျေဂျေဂါဘရီယဲလ်က မန်ယူကိုစွန့်ခွာပြီး အခြားသောအရပ်ဆီ ပြောင်းရွှေ့ဖွယ်ရှိနေတာပါ။ သူ့ကို ရီးယဲလ်ကစိတ်ဝင်စားနေတယ်ဆိုပြီး သတင်းတွေလည်း ထွက်နေတာပါ။
လွန်ခဲ့တဲ့ ၈ လက မာလန်တစ်ယောက် ဗီလာမှာ ရုန်းကန်နေရပါတယ်။ အခုတော့ ဉရောပထိပ်တန်းလိဂ်ငါးခုမှာ သွင်းဂိုးအများဆုံး အဆုံးသတ်သမားကောင်း တစ်ဉီးအဖြစ် ရပ်တည်နေတယ်။ ပြီးခဲ့တဲ့ဇန်နဝါရီလ ၁၈ ရက်မှာ ရိုးမားအတွက် မာလန်စတင်ပွဲထွက်ကစားပြီးနောက်ပိုင်း သူ့ထက်ဂိုးပိုသွင်းနိုင်သူ မရှိခဲ့ဘူး။ ရိုးမားကစားသမားဘဝမှာ မာလန်ကဂိုးနှစ်ဆယ်အထိ ပိုင်ဆိုင်ထားပြီး ဟာရီကိန်း (၁၆ ဂိုး)၊ ယမားလ် (၁၅ ဂိုး)တို့ထက် ပိုများခဲ့တယ်။
