ဘ၀မှာ ငွေကြေး၊ ကျော်ကြားမှုနဲ့ အာဏာဟာ သောက်လေသောက်လေငတ်မပြေမယ့် ပင်လယ်ရေလိုပါပဲ။
ငွေရှိသူတွေဟာ ကျော်ကြားချင်တယ်၊ နာမည်ကျော်ငွေရှိတဲ့ဘ၀ ရောက်ပြန်တော့လည်း အာဏာကို တပ်မက်လာပြန်ရော။
ဒါပေမဲ့ ကျနော်တို့ မေ့နေတဲ့အရာဟာ ကိုယ်ချင်းစာတရားနဲ့ ချစ်ခြင်းမေတ္တာပါပဲ။ အဲဒီအရာနှစ်ခုဟာ ကိုယ့်နှလုံးသားထဲ အားမကောင်းရင်
စစ်မှန်တဲ့ အကြည်ဓာတ်ဆိုတာရှိနိုင်မယ်မထင်ဘူး။ ချစ်ခြင်းမေတ္တာ စစ်တဲ့အခါ ဘ၀မှာ ဘာမှမလိုတော့သလိုပါပဲ။
ချစ်ခြင်းမေတ္တာ စစ်တဲ့အခါ ဘ၀မှာ ဘာမှမလိုတော့ဘူး
ပလက်ဖောင်းမင်းသား သီချင်းထဲက နာမည်ကျော်ငွေရှိတဲ့ဘ၀ဟာ အိပ်မက်နဲ့ပဲ ကျိန်းကျေတတ်စာသားလေးကို နှလုံးသားထဲ စွဲနေပါတယ်။
ဘ၀မှာ ငွေကြေး၊ ကျော်ကြားမှုနဲ့ အာဏာဟာ သောက်လေသောက်လေငတ်မပြေမယ့် ပင်လယ်ရေလိုပါပဲ။
ငွေရှိသူတွေဟာ ကျော်ကြားချင်တယ်၊ နာမည်ကျော်ငွေရှိတဲ့ဘ၀ ရောက်ပြန်တော့လည်း အာဏာကို တပ်မက်လာပြန်ရော။
ဒါပေမဲ့ ကျနော်တို့ မေ့နေတဲ့အရာဟာ ကိုယ်ချင်းစာတရားနဲ့ ချစ်ခြင်းမေတ္တာပါပဲ။ အဲဒီအရာနှစ်ခုဟာ ကိုယ့်နှလုံးသားထဲ အားမကောင်းရင်
စစ်မှန်တဲ့ အကြည်ဓာတ်ဆိုတာရှိနိုင်မယ်မထင်ဘူး။ ချစ်ခြင်းမေတ္တာ စစ်တဲ့အခါ ဘ၀မှာ ဘာမှမလိုတော့သလိုပါပဲ။
ကိုယ့်ကို တန်ဖိုးထားလေးစားသူနဲ့ ဖူးစာဖက်ဖြစ်ရတဲ့အခါ လောကနိဗ္ဗာန်ကို မိတ်ဆွေခံစားခွင့်ရပါပြီ။ ဘောလုံးလောကထဲ ကိုယ့်ကိုတန်ဖိုးထားလေးစားသူနဲ့
ဖူးစားဖက်ဖြစ်ပြီး လောကနိဗ္ဗာန် ခံစားခွင့်ရသူတစ်ဉီးက မက်ဆီပါပဲ။
အာဂျင်တီးနားနိုင်ငံ၊ ရိုဆာရီယိုက ချစ်မေတ္တာဇာတ်လမ်းလေးဟာ ကမ်ဘာအနှံ့ ပြင်းထန်စွာစီးဆင်းခဲ့ပါတယ်။ GOAT အစစ် မက်ဆီနဲ့
ဖူးစာဖက် အန်တိုနယ်လာရော့ကတ်ဇိုတို့ဟာ ငယ်ကချစ် အနှစ်တစ်ရာမမေ့နိုင်အောင် ခိုင်မြဲတယ်ဆိုတဲ့စကားကို အကောင်းဆုံးသက်သေပြခဲ့ပါတယ်။
မက်််ဆီက ငါးနှစ်သားအရွယ်မှာပဲ သူ့ရဲ့ ဖူးစာဖက်ကို ရှာဖွေတွေ့ရှိခဲ့တာပါပဲ။ မက်ဆီရဲ့ ငယ်သူငယ်ချင်း လူးကပ်စ်ဆကာဂလီယာရဲ့
မောင်နှမ၀မ်းကွဲ အန်တိုနယ်လာရော့ကတ်ဇိုပါပဲ။
၁၉၉၆ ခုနှစ်ရဲ့ မင်္ဂလာရှိသော နေ့လေးတစ်နေ့မှာ မက်််ဆီဟာ လူးကပ်စ်နဲ့အတူရှိနေတုန်း
အန်တိုနယ်လာရော့ကတ်ဇိုကို ပထမဆုံးမြင်တွေ့ခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ မက်ဆီရဲ့ အရွယ်မရောက်သေးတဲ့ ချစ်စိတ်ဟာ
အားကောင်းမောင်းသန် လူးလွန့်လာတာပါပဲ။
မက်ဆီက သူ့ရဲ့ အန်တိုနယ်လာရော့ကတ်ဇိုအပေါ် ထားရွိရာအချစ်စိတ်ကိုနှစ်ကာလများစွာ
ခိုင်မာစွာပြုစုပျိုးထောင်းရင်း (၁၃)နှစ်အကြာမှာ လူသိရှင်ကြားတရား၀င် ဖွင့်ဟခဲ့ပါတယ်။
မက်ဆီနဲ့ အန်တိုနယ်လာရော့ကတ်ဇိုဟာ ငယ်ဘ၀ရဲ့ ညနေခင်းထဲ နေ၀င်ချိန်ကို အတူငေးမောဖူးကြပါလိမ့်မယ်။
ငှက်ကလေးတွေရဲ့ တေးသံကို အတူနားဆင်ဖူးကြပါလိမ့်မယ်။ တိမ်တိုက်တွေထဲ မှိတ်တုပ်မှိတ်တုပ်လင်းနေမယ့် ကြယ်လေးတွေကို
အတူရေကြည့်ဖူးပါလိမ့်မယ်။ မက်ဆီနဲ့ အန်တိုနယ်လာရော့ကတ်ဇိုတို့ရဲ့ နှလုံးသားဟာ ဖြူစင်စွာရစ်နွယ်ခဲ့ပြီး
ဒီတစ်ဘ၀စာသာမဟုတ်ဘဲ သံသရာတစ္ခုစာ အကြောင်းပါဖို့ ဆုတောင်းနေပါလိမ့်မယ်။
ရိုဆာရီယိုမှာ စတိုးဆိုင်ပိုင်ဆိုင်တဲ့ အန်တိုနယ်လာရော့ကတ်ဇိုရဲ့ မိဘတွေ သဘောကျအောင် ထူးခြားထက်မြက်တဲ့ဘောလုံးသမားဖြစ်ဖို့ မက်််ဆီ ရည်ရွယ်ခဲ့ပါတယ်။
အသက် (၉)နှစ်အရွယ်မှာ မက္ဆီက အန်တိုနယ်လာရော့ကတ်ဇိုအတွက် မေတ္တာစာတွေ ရေးနေပါပြီ။
သူ့ ဒိုင်ယာရီစာအုပ်လေးထဲ တစ်နေ့မှာ အန်တိုနယ်လာရော့ကတ်ဇိုရဲ့ အခ်စ္ကို ပိုင်ဆိုင်ရမယ်ဆိုတဲ့စာသားတွေ အက်ကြောင်းထပ်ခဲ့ပါတယ်။
အန်တိုနယ်လာရော့ကတ်ဇိုဟာ မက်ဆီရဲ့ အမာခံပရိသတ်ဖြစ်သလို၊ အကောင်းဆုံးပါရမီဖြည့်ဘက်လည်း ဖြစ်ပါတယ်။
ဒါပေမဲ့ အန်တိုနယ်လာရော့ကတ်ဇိုရဲ့ အချစ်ဦးဟာ မက်ဆီမဟုတ်ခဲ့ပါဘူး။ မက္ဆီက ရေခြားမြေခြားမှာ ဂန္ထဝင်ကစားသမားဘ၀ကို
သရုပ်ဖော်နေတုန်း ရိုဆာရီယိုမှာ ကျန်ရစ်ခဲ့သူ အန်တိုနယ်လာရော့ကတ်ဇိုဟာ နှလုံးသားယားယံမှုကို အခြားအမျိုးသားတစ်ဦးနဲ့ ဖြေဖျောက်ခဲ့တယ်။
ချစ်ဦးသူနဲ့ သုံးနှစ်ကြာ အန်တိုနယ်လာရော့ကတ်ဇို ပျော်ရွှင်စွာလက်တွဲခဲ့တာပါပဲ။ တစ်ရက်တော့ အန်တိုနယ်လာရော့ကတ်ဇိုရဲ့
အရင်းနှီးဆုံးသူငယ်ချင်းတစ်ဦး မတော်တဆမှုနဲ့ ကွယ်လွန်ခဲ့ပါတယ်။ အဲဒီဖြစ်ရပ်ဟာ အန်တိုနယ်လာရော့ကတ်ဇိုရဲ့ စိတ္ကို ကြီးကြီးမားထိခိုက်ခဲ့တယ်။
မက်််ဆီ ဟာ အားငယ္သူ အန်တိုနယ်လာရော့ကတ်ဇိုဆီ အပြေးပြန်လာပြီး နှစ်သိမ့်ဖေးမခဲ့တယ်။
တစ်ချိန်တည်းမှာပဲ မက္ဆီဟာ သူရဲ့ အားကောင်းတဲ့မေတ္တာရေစင်တွေနဲ့ အန်တိုနယ်လာရော့ကတ်ဇိုရဲ့ နှလုံးသားကို အသစ်ပြန်လည်နုပျိုစေခဲ့ပါတယ်။
အန်တိုနယ်လာရဲ့ အရင်းနှီးဆုံးသူငယ်ချင်းတွေအဆိုအရ မက်ဆီနဲ့ ၂၀၀၇ ခုနှစ်မှာ တရား၀င်ချစ်ကြိုက်ခဲ့တယ်လို့ သိရပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် မက္ဆီက သူ့ဘေးနားကနေ အမြဲတမ်းအားပေးနေမယ့် အမာခံပရိသတ်၊ အခိုင်မာဆုံးနှောင်ကြိုးလေး
အန်တိုနယ်လာရော့ကတ်ဇိုနဲ့အတူ ဂန္ထဝင် အောင်ပွဲတွေ ဆွတ်ခူးထားပါပြီ။
လူမှုဘဝမှာလည်း သီယာဂို၊ မက္တီယို၊ ကိုင်ရိုဆိုတဲ့သားလေးသုံးဦးနဲ့အတူ မက်ဆီဟာသူ့ရဲ့ မိသားစုအင်ပါယာကို ချဲ့ထွင်ထားပါတယ်။
ချစ်ခြင်းမေတ္တာစစ်တဲ့အခါ ဘာမှမလိုအပ်တော့သလိုမျိုး အရာအားလုံးပိုင်ဆိုင်ခွင့်ရပါတယ်။