Football News

ချန်ပီယံလိဂ်ဖလားက အာဆင်နယ်အတွက်လား

ချန်ပီယံလိဂ်ဖလားက အာဆင်နယ်အတွက်လား

အာဆင်နယ်က လက်ရှိရာသီချန်ပီယံလိဂ်မှာ ဗိုလ်စွဲဖို့ရေပန်းအစားဆုံးအသင်းအဖြစ်ရပ်တည်နေပြီး စွမ်းဆောင်ရည်အရလည်း ချန်ပီယံလိဂ်ဆုဖလားကို အကြီးအကျယ် မျှော်လင့်ခွင့်ရှိပါတယ်။ Opta ရဲ့ဒေတာအချက်အလက်တွေအရရော၊ ဘောလုံးရေးရာကျွမ်းကျင်သူတွေရဲ့အမြင်အရပါ အာဆင်နယ်က ချန်ပီယံဖြစ်ဖို့နီးစပ်နေတာပါ။

ချန်ပီယံလိဂ်ဖလားက အာဆင်နယ်အတွက်လား

အာဆင်နယ်က လက်ရှိရာသီချန်ပီယံလိဂ်မှာ ဗိုလ်စွဲဖို့ရေပန်းအစားဆုံးအသင်းအဖြစ်ရပ်တည်နေပြီး စွမ်းဆောင်ရည်အရလည်း

ချန်ပီယံလိဂ်ဆုဖလားကို အကြီးအကျယ် မျှော်လင့်ခွင့်ရှိပါတယ်။ Opta ရဲ့ဒေတာအချက်အလက်တွေအရရော၊

ဘောလုံးရေးရာကျွမ်းကျင်သူတွေရဲ့အမြင်အရပါ အာဆင်နယ်က ချန်ပီယံဖြစ်ဖို့နီးစပ်နေတာပါ။

အာဆင်နယ်ရဲ့လက်ရှိရာသီချန်ပီယံလိဂ်ဖလားရနိုင်ခြေက ၂၀ ဒဿမ ၄ ရာခိုင်နှုန်းအထိရှိပါတယ်။

အာဆင်နယ်အသင်းရဲ့နောက်မှာ ဘိုင်ယန်မြူးနစ်က ချန်ပီယံလိဂ်ဖလားရနိုင်ခြေ ၂၀ ရာခိုင်နှုန်းနဲ့ ဒုတိယရေပန်းအစားဆုံး ဖြစ်နေတယ်။

ချန်ပီယံလိဂ်မှာ နှစ်ရာသီဆက်ဗိုလ်စွဲထားတဲ့ PSG က

ချန်ပီယံလိဂ်ဖလားရနိုင်ခြေ ၇ ဒဿမ ၃ ရာခိုင်နှုန်းသာရှိပြီးရေပန်းစားမှု နိမ့်ကျသွားပါတယ်။

လက်ရှိရာသီချန်ပီယံလိဂ်မှာ ဗိုလ်စွဲဖို့ရေပန်းအစားဆုံး ထိပ်ဆုံး ၁၀ သင်းမှာ ပရီးမီးယားလိဂ်အသင်း ၅ သင်းအထိပါဝင်နေပါတယ်။

ပြီးတော့ပရီးမီးယားလိဂ်အသင်းအားလုံးရှုံးထွက် ၁၆ သင်းအဆင့်ရောက်နိုင်ခြေက ၅၀ ရာခိုင်နှုန်းအထိရှိနေတာပါ။

Opta ရဲ့ခန့်မှန်းချက်အရဆိုရင် လက်ရှိရာသီချန်ပီယံလိဂ်မှာ ပရီးမီးယားလိဂ်အသင်းတွေ အောင်ပွဲခံမယ့်အချိန်ပါ။

ပရီးမီးယားလိဂ်အသင်းတွေထဲမှာ လီဗာပူးလ်က ပွဲစဉ်အချောင်ဆုံး၊ မန်စီးတီးက ပွဲစဉ်အကျပ်ဆုံးအဖြစ်

ရပ်တည်နေပါတယ်။ လက်ရှိရာသီချန်ပီယံလိဂ်မှာ ပထမဆုံးကစားခွင့်ရတဲ့အသင်း လေးသင်းရှိပါတယ်။

စီးရီးအေကလပ်ကိုမိုအသင်း၊ သြစတီးယားကလပ် LASK ၊ အဇာဘိုင်ဂျန်ကလပ် ဆာဘာ၊ နော်ဝေကလပ် Viking တို့ပါ။

ပြီးခဲ့တဲ့ရာသီမှာအာဆင်နယ်က ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်အဆင့်ကို နှစ်ရာသီဆက်တက်ရောက်နိုင်ပြီး

ဂုဏ်ယူစရာကောင်းခဲ့ပါတယ်။

အာဆင်နယ်အသင်းက ၂၀၀၅-၀၆ ရာသီ၊ ၂၀၀၈-၀၉ ရာသီတွေမှာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်တက်ရောက်ခဲ့ဖူးပါတယ်။

အဲဒီနောက် ချန်ပီယံလိဂ်မှာ စွမ်းဆောင်ရည် အရောင်မှိန်ခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်ရာသီဆက်မှာတော့ အာဆင်နယ်က

ချန်ပီယံလိဂ်မှာ ထူးချွန်ထက်မြက်ခဲ့တယ်။  အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ကို

အာဆင်နယ်အသင်း နှစ်ရာသီဆက်တက်ရောက်နိုင်ခဲ့ပါတယ်။

လက်ရှိရာသီမှာလည်းအာဆင်နယ်က  စုဖွဲ့မှုကောင်းပြီး ကစားသမားအသစ်တွေလည်း

အားဖြည့်ထားလို့ ချန်ပီယံလိဂ်မှာအနည်းဆုံး ဆီမီးဖိုင်နယ်ရောက်ဖို့များပါတယ်။

相关新闻

သံမဏိအရည်ပျော်ချိန်
Football News

သံမဏိအရည်ပျော်ချိန်

နည်းပြဘဝရဲ့ ကြီးမားတဲ့ စိတ်ဖိစီးမှုနဲ့ ကျန်းမာရေးပြဿနာတွေကြောင့် လေ့ကျင့်ရေးကွင်းမှာ ရုတ်တရက် လဲကျခဲ့ရပြီး အနားယူဖို့ လိုအပ်နေတဲ့ ဘိုင်ယန်မြူးနစ်နည်းပြ ကွန်ပနီရဲ့ အခြေအနေ သုံးသပ်ချက်။

阅读更多
လိဂ်တူးအသင်းကို ရှုံးတဲ့ရှက်စရာအာဆင်နယ်
Football News

လိဂ်တူးအသင်းကို ရှုံးတဲ့ရှက်စရာအာဆင်နယ်

အဓိကကစားသမားတွေ ပါဝင်ခဲ့ပေမဲ့ လိဂ်တူးကလပ် ဖလက်ဝုဒ်တောင်းအသင်းကို ပယ်နယ်တီအဆုံးအဖြတ်မှာ ရှုံးနိမ့်ပြီး လိဂ်ဖလားပြိုင်ပွဲကနေ စောစီးစွာ ထွက်ခွာခဲ့ရတဲ့ အာဆင်နယ်အသင်းရဲ့ ရှက်စရာရှုံးပွဲ သုံးသပ်ချက်။

阅读更多
ကာရစ်အတွက် ကံကြမ္မာအသစ်လား..?  အဆုံးသ-တ်ဇာတ်သိမ်းလား..?
Football News

ကာရစ်အတွက် ကံကြမ္မာအသစ်လား..? အဆုံးသ-တ်ဇာတ်သိမ်းလား..?

၈ ပွဲဆက် နိုင်ပွဲပျောက်နေပေမဲ့ နည်းပြရာထူးကနေ မထုတ်ပယ်ခံရသေးဘဲ ချယ်လ်ဆီးနဲ့ပွဲမှာ နောက်ဆုံးအခွင့်အရေး ထပ်မံရရှိလိုက်တဲ့ မန်ယူနည်းပြ မိုက်ကယ်ကာရစ်ရဲ့ ကံကြမ္မာ သုံးသပ်ချက်။

阅读更多

更多新闻

နှုတ်မစောင့်တဲ့လိပ်ကြောင့်ဖြစ်တဲ့ တရုတ်-လာလီဂါ ပဋိပက္ခ
Players News

နှုတ်မစောင့်တဲ့လိပ်ကြောင့်ဖြစ်တဲ့ တရုတ်-လာလီဂါ ပဋိပက္ခ

အင်တာဗျူးတစ်ခုမှာ အမှားအယွင်းပြောဆိုမိခဲ့တဲ့ ဘာပေကြောင့် တရုတ်နိုင်ငံရဲ့ ပြင်းထန်တဲ့ တုံ့ပြန်မှုနဲ့ သပိတ်မှောက်မှုတွေကို ရင်ဆိုင်နေရပြီး ရုပ်သံဈေးကွက် ဆုံးရှုံးမယ့်အရေးနဲ့ ကြုံနေရတဲ့ လာလီဂါအကြောင်း သုံးသပ်ချက်။

阅读更多
ဒေါင်းမန်းနဲ့ စိတ်လိုက်မာန်ပါ လူငယ်တွေအကြောင်း
Players News

ဒေါင်းမန်းနဲ့ စိတ်လိုက်မာန်ပါ လူငယ်တွေအကြောင်း

ဖလက်ဝုဒ်နဲ့ပွဲမှာ အနီကတ်ပြခံရလို့ အာတီတာရဲ့ ဆူပူမှုကို ခံခဲ့ရတဲ့ ဒေါင်းမန်းနဲ့ ရွန်နီ၊ မက်ဆီတို့လို လူငယ်ဘဝမှာ စိတ်လိုက်မာန်ပါ အမှားလုပ်ခဲ့ကြတဲ့ နာမည်ကျော်ကစားသမားတွေအကြောင်း သုံးသပ်ချက်။

阅读更多
ကာရစ်အတွက် ကံကြမ္မာအသစ်လား..?  အဆုံးသ-တ်ဇာတ်သိမ်းလား..?
Football News

ကာရစ်အတွက် ကံကြမ္မာအသစ်လား..? အဆုံးသ-တ်ဇာတ်သိမ်းလား..?

၈ ပွဲဆက် နိုင်ပွဲပျောက်နေပေမဲ့ နည်းပြရာထူးကနေ မထုတ်ပယ်ခံရသေးဘဲ ချယ်လ်ဆီးနဲ့ပွဲမှာ နောက်ဆုံးအခွင့်အရေး ထပ်မံရရှိလိုက်တဲ့ မန်ယူနည်းပြ မိုက်ကယ်ကာရစ်ရဲ့ ကံကြမ္မာ သုံးသပ်ချက်။

阅读更多
ဟာရီကိန်းရဲ့ စင်ဒရဲလားပုံပြင်
Players News

ဟာရီကိန်းရဲ့ စင်ဒရဲလားပုံပြင်

အောက်တန်းလိဂ် အငှားကစားသမားဘဝကနေ ၂၀၂၆ Ballon d'Or ဆုရှင်အဖြစ် အမြင့်ဆုံး ရောက်ရှိလာတဲ့ ဟာရီကိန်းရဲ့ ဒဏ္ဍာရီဆန်တဲ့ ဖြတ်သန်းမှုနဲ့ စပါးအသင်းဆီ ပြန်လာနိုင်ခြေ သုံးသပ်ချက်။

阅读更多
မက်ဆီ၊ စီရော်နယ်လ်ဒိုတို့နဲ့ ဂုဏ်ရည်တူသွားတဲ့ ဂန္ထဝင်ဟာရီကိန်း
Players News

မက်ဆီ၊ စီရော်နယ်လ်ဒိုတို့နဲ့ ဂုဏ်ရည်တူသွားတဲ့ ဂန္ထဝင်ဟာရီကိန်း

ကမ္ဘာ့ဖလားနဲ့ ချန်ပီယံလိဂ် မရဘဲ Ballon d'Or ဆုကို ဆွတ်ခူးနိုင်ခဲ့ပြီး မက်ဆီ၊ စီရော်နယ်လ်ဒိုတို့နဲ့ ဂုဏ်ရည်တူသွားတဲ့ ဂန္ထဝင်တိုက်စစ်မှူး ဟာရီကိန်းရဲ့ စံချိန်တင် သွင်းဂိုးမှတ်တမ်းများအကြောင်း သုံးသပ်ချက်။

阅读更多
မိုက်ကယ်ကာရစ်ရဲ့ Failed Gamble
Football News

မိုက်ကယ်ကာရစ်ရဲ့ Failed Gamble

နည်းစနစ်ကို ဝေဖန်ခဲ့တဲ့ ဘရူနိုဖာနန်ဒက်စ်ကို ပွဲထွက်စာရင်းကနေ ဖယ်ရှားခဲ့ပေမဲ့ ဘုန်းမောက်ကို ဂိုးပြတ်ရှုံးနိမ့်ပြီး (၈) ပွဲဆက် နိုင်ပွဲပျောက်ခဲ့တဲ့ မန်ယူနည်းပြ မိုက်ကယ်ကာရစ်ရဲ့ ကျရှုံးသွားတဲ့ စွန့်စားခန်း။

阅读更多

Official Channels

ONEX2 banner