Football News

မန်စီးတီးရဲ့အကြီးမားဆုံးဟာကွက်

မန်စီးတီးရဲ့အကြီးမားဆုံးဟာကွက်

ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့စျေးကွက်မှာ ပေါင်သန်းငါးရာနီးပါးသုံးထားပေမယ့် မန်စီးတီးရဲ့အကြီးမားဆုံး ဟာကွက်ရှိနေတယ်။ ဂွာဒီယိုလာခေတ်လွန် မန်စီးတီးပြန်လည်တည်ထောင်ရေး အတွက် အခုလိုမျိုးငွေသုံးကြမ်းခဲ့တာပါ။ မာရက်စ်ကာကဂွာဒီယိုလာတုန်းကလို စိတ်ကြိုက်ငွေသုံးစွဲခွင့်ရခဲ့တယ်။ အန်ဒါဆန်နဲ့ အန်ဇိုဖာနန်ဒက်ဇ်အတွက် မန်စီးတီးက အသင်းစံချိန်တင် ပြောင်းရွှေ့ကြေးနှစ်ကြိမ်တိုင် သုံးစွဲခဲ့ပါတယ်။

မန်စီးတီးရဲ့အကြီးမားဆုံးဟာကွက်

ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့စျေးကွက်မှာ ပေါင်သန်းငါးရာနီးပါးသုံးထားပေမယ့်

မန်စီးတီးရဲ့အကြီးမားဆုံး ဟာကွက်ရှိနေတယ်။ ဂွာဒီယိုလာခေတ်လွန် မန်စီးတီးပြန်လည်တည်ထောင်ရေး အတွက် အခုလိုမျိုးငွေသုံးကြမ်းခဲ့တာပါ။

မာရက်စ်ကာကဂွာဒီယိုလာတုန်းကလို စိတ်ကြိုက်ငွေသုံးစွဲခွင့်ရခဲ့တယ်။ အန်ဒါဆန်နဲ့ အန်ဇိုဖာနန်ဒက်ဇ်အတွက် မန်စီးတီးက

အသင်းစံချိန်တင် ပြောင်းရွှေ့ကြေးနှစ်ကြိမ်တိုင် သုံးစွဲခဲ့ပါတယ်။ အန်ဒါဆန်အတွက် ပေါင် ၁၁၆ သန်း၊

အန်ဇိုဖာနန်ဒက်ဇ်အတွက် ပေါင် ၁၂၅ သန်းသုံးစွဲခဲ့တာပါ။ ပြီးတော့ မော်ရိုကိုကြယ်ပွင့် ဘူအာဒီကို ပေါင် ၈၆ သန်းနဲ့ ခေါ် ယူခဲ့တယ်။

ရိုဒရီ၊ ဘာနာဒိုဆေးလ်ဗား၊ ရိုင်ဒါစ်၊ နီကိုဂွန်ဇာလက်ဇ် တို့ မရှိတဲ့ကွင်းလယ်အတွက် မန်စီးတီးရဲ့အစားထိုးစွမ်းအင်က ပြီးပြည့်စုံခဲ့တယ်။

မန်စီးတီးက နောက်ထပ်ခေတ်တစ်ခုအတွက် စတင်ပြင်ဆင်နေတာ အခုမှမဟုတ်ပါဘူး။

၂၀၂၃ ခုနှစ်မှာ ချန်ပီယံလိဂ်ရခဲ့တဲ့အသင်းကို ၂၀၂၅ ခုနှစ်ကစတင်ပြီး သွေ-းသစ်လောင်းခဲ့တယ်။

အခုဆိုရင် ၂၀၂၃ ချန်ပီယံလိဂ်ရအသင်းက ပွဲထွက်ကစားသမား ၁၁ ဦးထဲက ၄ ဦးပဲ ကျန်တော့တယ်။

မန်စီးတီးနည်းပြ မာရက်စ်ကာ ပိုင်ဆိုင်ထားတဲ့ ကစားသမားအစုအဖွဲ့က တစ်နေရာကို နှစ်ယောက်လောက်ရှိပါတယ်။

ချန်ပီယံဆုတွေအတွက် တိုက်ပွဲဝင်နိုင်စွမ်းရှိပါတယ်။

ဒါပေမဲ့ မေးခွန်းကြီးတွေရှိနေတယ်။

အသစ်သိမ်းပိုက်ထားတဲ့ ကွင်းလယ်လူသုံးယောက်ကို တစ်ပြိုင်တည်းအဆင်ပြေအောင်ဘယ်လိုသုံးမလဲ

ဆိုတာရယ်၊ ဟာလန်းဒဏ်ရာရာသွားရင် ဘယ်သူနဲ့အစားထိုးမလဲဆိုတာ ရယ်ပါ။

ဟာလန်း သန်မာနေတဲ့အခါ မန်စီးတီးက ဘောလုံးလောကတစ်ခုလုံးသိမ်းပိုက်နိုင်စွမ်းရှိပါတယ်။

ပြီးခဲ့တဲ့ရာသီမှာ ဟာလန်းကသူ့ရဲ့ အကောင်းဆုံးစွမ်းရည် မရပေမယ့် ၂၇ ဂိုးသွင်းပြီးပရီးမီးယားလိဂ်ဂိုးသွင်းဘုရင် ဖြစ်ခဲ့ပါတယ်။

ဟာလန်းက စက်ရုပ်ဆန်ပေမယ့် သူ့မှာလည်း အနာတရနေ့ရက်တွေရှိနိုင်ပါတယ်။

တကယ်လို့များ ဟာလန်းဒဏ်ရာရသွားရင် မန်စီးတီးမှာအစားထိုးနိုင်မယ့် အထောင်တိုက်စစ်မှူးစစ်စစ် မရှိပါဘူး၊

ပြီးခဲ့တဲ့ရာသီမှာ မာမွတ်ရှ်က ဟာလန်းရဲ့Back up ဖြစ်ခဲ့ပေမယ့် အခုဘယ်သူနဲ့အစားထိုးမလဲ။

ဂွာဒီယိုလာခေတ်တုန်းက False 9 ကစားဖူးပြီး ၂၀၂၃-၂၄ ရာသီမှာ ၁၉ ဂိုးသွင်းတဲ့

ဖိုဒန်က အဖြေတစ်ခုဖြစ်ပေမယ့် ပြီးခဲ့တဲ့နှစ်ရာသီဆက် ရုန်းကန်ခဲ့ရသူဖြစ်လို့ရာနှုန်းပြည့် အားကိုးလို့ရပါ့မလား။


ဆီမန်ညိုက ပြီးခဲ့တဲ့ရာသီဖလားပွဲတချို့မှာ အထောင်တိုက်စစ်နေရာဆော့ခဲ့ဖူးသလို

အသစ်ရောက်လာတဲ့ အန်ဒီရာယီကလည်း တိုက်စစ်စွယ်စုံကစားနိုင်လို့ ဟာလန်းကွက်လပ်အတွက်

အဖြေဖြစ်လာနိုင်ပါတယ်။ ဟာလန်းကမန်စီးတီးရဲ့အကြီးမားဆုံးစွမ်းအင်ဖြစ်သလို၊

သူမရှိရင် မန်စီးတီးရင်ဆိုင်ရမယ့်ဟာကွက်ကလည်း သိပ်ပြီးကြီးမားပါတယ်။

相关新闻

သံမဏိအရည်ပျော်ချိန်
Football News

သံမဏိအရည်ပျော်ချိန်

နည်းပြဘဝရဲ့ ကြီးမားတဲ့ စိတ်ဖိစီးမှုနဲ့ ကျန်းမာရေးပြဿနာတွေကြောင့် လေ့ကျင့်ရေးကွင်းမှာ ရုတ်တရက် လဲကျခဲ့ရပြီး အနားယူဖို့ လိုအပ်နေတဲ့ ဘိုင်ယန်မြူးနစ်နည်းပြ ကွန်ပနီရဲ့ အခြေအနေ သုံးသပ်ချက်။

阅读更多
လိဂ်တူးအသင်းကို ရှုံးတဲ့ရှက်စရာအာဆင်နယ်
Football News

လိဂ်တူးအသင်းကို ရှုံးတဲ့ရှက်စရာအာဆင်နယ်

အဓိကကစားသမားတွေ ပါဝင်ခဲ့ပေမဲ့ လိဂ်တူးကလပ် ဖလက်ဝုဒ်တောင်းအသင်းကို ပယ်နယ်တီအဆုံးအဖြတ်မှာ ရှုံးနိမ့်ပြီး လိဂ်ဖလားပြိုင်ပွဲကနေ စောစီးစွာ ထွက်ခွာခဲ့ရတဲ့ အာဆင်နယ်အသင်းရဲ့ ရှက်စရာရှုံးပွဲ သုံးသပ်ချက်။

阅读更多
ကာရစ်အတွက် ကံကြမ္မာအသစ်လား..?  အဆုံးသ-တ်ဇာတ်သိမ်းလား..?
Football News

ကာရစ်အတွက် ကံကြမ္မာအသစ်လား..? အဆုံးသ-တ်ဇာတ်သိမ်းလား..?

၈ ပွဲဆက် နိုင်ပွဲပျောက်နေပေမဲ့ နည်းပြရာထူးကနေ မထုတ်ပယ်ခံရသေးဘဲ ချယ်လ်ဆီးနဲ့ပွဲမှာ နောက်ဆုံးအခွင့်အရေး ထပ်မံရရှိလိုက်တဲ့ မန်ယူနည်းပြ မိုက်ကယ်ကာရစ်ရဲ့ ကံကြမ္မာ သုံးသပ်ချက်။

阅读更多

更多新闻

နှုတ်မစောင့်တဲ့လိပ်ကြောင့်ဖြစ်တဲ့ တရုတ်-လာလီဂါ ပဋိပက္ခ
Players News

နှုတ်မစောင့်တဲ့လိပ်ကြောင့်ဖြစ်တဲ့ တရုတ်-လာလီဂါ ပဋိပက္ခ

အင်တာဗျူးတစ်ခုမှာ အမှားအယွင်းပြောဆိုမိခဲ့တဲ့ ဘာပေကြောင့် တရုတ်နိုင်ငံရဲ့ ပြင်းထန်တဲ့ တုံ့ပြန်မှုနဲ့ သပိတ်မှောက်မှုတွေကို ရင်ဆိုင်နေရပြီး ရုပ်သံဈေးကွက် ဆုံးရှုံးမယ့်အရေးနဲ့ ကြုံနေရတဲ့ လာလီဂါအကြောင်း သုံးသပ်ချက်။

阅读更多
ဒေါင်းမန်းနဲ့ စိတ်လိုက်မာန်ပါ လူငယ်တွေအကြောင်း
Players News

ဒေါင်းမန်းနဲ့ စိတ်လိုက်မာန်ပါ လူငယ်တွေအကြောင်း

ဖလက်ဝုဒ်နဲ့ပွဲမှာ အနီကတ်ပြခံရလို့ အာတီတာရဲ့ ဆူပူမှုကို ခံခဲ့ရတဲ့ ဒေါင်းမန်းနဲ့ ရွန်နီ၊ မက်ဆီတို့လို လူငယ်ဘဝမှာ စိတ်လိုက်မာန်ပါ အမှားလုပ်ခဲ့ကြတဲ့ နာမည်ကျော်ကစားသမားတွေအကြောင်း သုံးသပ်ချက်။

阅读更多
ကာရစ်အတွက် ကံကြမ္မာအသစ်လား..?  အဆုံးသ-တ်ဇာတ်သိမ်းလား..?
Football News

ကာရစ်အတွက် ကံကြမ္မာအသစ်လား..? အဆုံးသ-တ်ဇာတ်သိမ်းလား..?

၈ ပွဲဆက် နိုင်ပွဲပျောက်နေပေမဲ့ နည်းပြရာထူးကနေ မထုတ်ပယ်ခံရသေးဘဲ ချယ်လ်ဆီးနဲ့ပွဲမှာ နောက်ဆုံးအခွင့်အရေး ထပ်မံရရှိလိုက်တဲ့ မန်ယူနည်းပြ မိုက်ကယ်ကာရစ်ရဲ့ ကံကြမ္မာ သုံးသပ်ချက်။

阅读更多
ဟာရီကိန်းရဲ့ စင်ဒရဲလားပုံပြင်
Players News

ဟာရီကိန်းရဲ့ စင်ဒရဲလားပုံပြင်

အောက်တန်းလိဂ် အငှားကစားသမားဘဝကနေ ၂၀၂၆ Ballon d'Or ဆုရှင်အဖြစ် အမြင့်ဆုံး ရောက်ရှိလာတဲ့ ဟာရီကိန်းရဲ့ ဒဏ္ဍာရီဆန်တဲ့ ဖြတ်သန်းမှုနဲ့ စပါးအသင်းဆီ ပြန်လာနိုင်ခြေ သုံးသပ်ချက်။

阅读更多
မက်ဆီ၊ စီရော်နယ်လ်ဒိုတို့နဲ့ ဂုဏ်ရည်တူသွားတဲ့ ဂန္ထဝင်ဟာရီကိန်း
Players News

မက်ဆီ၊ စီရော်နယ်လ်ဒိုတို့နဲ့ ဂုဏ်ရည်တူသွားတဲ့ ဂန္ထဝင်ဟာရီကိန်း

ကမ္ဘာ့ဖလားနဲ့ ချန်ပီယံလိဂ် မရဘဲ Ballon d'Or ဆုကို ဆွတ်ခူးနိုင်ခဲ့ပြီး မက်ဆီ၊ စီရော်နယ်လ်ဒိုတို့နဲ့ ဂုဏ်ရည်တူသွားတဲ့ ဂန္ထဝင်တိုက်စစ်မှူး ဟာရီကိန်းရဲ့ စံချိန်တင် သွင်းဂိုးမှတ်တမ်းများအကြောင်း သုံးသပ်ချက်။

阅读更多
မိုက်ကယ်ကာရစ်ရဲ့ Failed Gamble
Football News

မိုက်ကယ်ကာရစ်ရဲ့ Failed Gamble

နည်းစနစ်ကို ဝေဖန်ခဲ့တဲ့ ဘရူနိုဖာနန်ဒက်စ်ကို ပွဲထွက်စာရင်းကနေ ဖယ်ရှားခဲ့ပေမဲ့ ဘုန်းမောက်ကို ဂိုးပြတ်ရှုံးနိမ့်ပြီး (၈) ပွဲဆက် နိုင်ပွဲပျောက်ခဲ့တဲ့ မန်ယူနည်းပြ မိုက်ကယ်ကာရစ်ရဲ့ ကျရှုံးသွားတဲ့ စွန့်စားခန်း။

阅读更多

Official Channels

ONEX2 banner