Football News

အာဆင်နယ်ကို ရပ်တန့်နိုင်တဲ့အသင်းမရှိသေးဘူး

အာဆင်နယ်ကို ရပ်တန့်နိုင်တဲ့အသင်းမရှိသေးဘူး

နွေရာသီအပြောင်းအရွှေ့ကာလမှာ အာဆင်နယ်က ပေါင်သန်းနှစ်ရာနီးပါး သုံးစွဲခဲ့ပေမယ့် Elite Forward မဝယ်ခဲ့လို့အကြီးအကျယ်ဝေဖန်ခံရတယ်။ ယိုကယ်ရက်စ်နဲ့ ဟာဗတ်ဇ်နှစ်ယောက်တည်း အထောင်တိုက်စစ်ကစားနိုင်သူရှိလို့ တစ်ရာသီလုံးအဆင်ပြေမှာမဟုတ်ဘူးလို့ ယူဆခဲ့ကြတယ်။

အာဆင်နယ်ကို ရပ်တန့်နိုင်တဲ့အသင်းမရှိသေးဘူး

နွေရာသီအပြောင်းအရွှေ့ကာလမှာ အာဆင်နယ်က ပေါင်သန်းနှစ်ရာနီးပါး သုံးစွဲခဲ့ပေမယ့် Elite Forward မဝယ်ခဲ့လို့အကြီးအကျယ်ဝေဖန်ခံရတယ်။

ယိုကယ်ရက်စ်နဲ့ ဟာဗတ်ဇ်နှစ်ယောက်တည်း အထောင်တိုက်စစ်ကစားနိုင်သူရှိလို့ တစ်ရာသီလုံးအဆင်ပြေမှာမဟုတ်ဘူးလို့ ယူဆခဲ့ကြတယ်။

အာဆင်နယ်က တိုက်စစ်ပိုင်းအတွက် အယ်လ်ဗာရက်ဇ်၊ မော်ဂန်ရော်ဂျာစ်၊ ဘာကိုလာ၊ဗင်နီစီယက်စ်တို့ကို

ချဉ်းကပ်ပေမယ့် မရခဲ့ဘူး။ ဒါပေမဲ့ အာဆင်နယ်ရဲ့ရာသီအသစ်ချန်ပီယံကာကွယ်ပွဲခရီးစဉ်အစက အေးအေးဆေးဆေး ဖြစ်နေတယ်။

ကိုဗင်ထရီ၊ ဗီလာနဲ့ ချယ်လ်ဆီးအသင်းတွေကို အနိုင်ယူပြီး ပန်းပန်နေဆဲပါ။

အာဆင်နယ်ရဲ့အမှုတော်ကိုထူးချွန်စွာ ထမ်းရွက်လာတဲ့ ဟာဗတ်ဇ်နဲ့ အောျဒီဂှာက

ရာသီသစ်မှာ ဆက်လက်အစွမ်းပြပြီးဂိုးတွေသွင်းခဲ့ပါတယ်။ ပေါင်သန်း ၃၅၀ သုံးထားတဲ့ ချယ်လ်ဆီးက အာဆင်နယ်ကို မယှဉ်နိုင်ဘဲဒူးထောက်ခဲ့ရတယ်။

အာဆင်နယ်အတွက် လက်ရှိရာသီမှာ ၄ ပွဲကစားပြီး ၃ ဂိုး သွင်းထားသူ အော်ဒီဂွာ  က " ကျွန်တော်တို့က

တိုက်ပွဲဝင်စိတ်ဓာတ်ကို ဆက်လက်ထိန်းသိမ်းထားဆဲပါ။ ပွဲအစပိုင်းမှာ ဂိုးမပေးချင်ပေမယ့် ဂိုးပေးလိုက်ရပြီးနောက်ပိုင်းတုံ့ပြန်ပုံက သိပ်ကောင်းပါတယ်။

အဲဒီလိုမျိုးတုံ့ပြန်ပုံကောင်းလို့ အဆုံးသတ်မှာ  အောင်ပွဲရခဲ့တာပါ" လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ် ၃၆ ပွဲမှာတစ်ဂိုးသာ သွင်းယူနိုင်တဲ့ အော်ဒီဂွာက လက်ရှိရာသီအစမှာ ဖိတ်ဖိတ်လက်စွမ်းရည် ပြသနေတာပါ။

အာဆင်နယ်ရဲ့ချန်ပီယံကာကွယ်ပွဲမှာ အော်ဒီဂွာက အဓိကလူဖြစ်လာပါတယ်။ သူ့ကိုကြည့်ရတာဖျော်ဖြေရေးဆန်လွန်းပါတယ်။

သူဘောလုံးရသွားတိုင်း စိတ်လှုပ်ရှားစရာကောင်းပါတယ်။ ဆာကာ၊ ဟာဗတ်ဇ်တို့နဲ့အတူ အာဆင်နယ်ရဲ့ညာခြမ်းမှာ

အော်ဒီဂွာက ဟန်ချက်ညီညီအစွမ်းပြနေတာပါ။

ဟာဗတ်ဇ်က " အော်ဒီဂွာက မယုံနိုင်စရာကစားသမားပါ။ ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ အော်ဒီဂွာရဲ့ အကောင်းဆုံးပုံစံကို မြင်ခဲ့ရပြီးပါပြီ။

အခုရာသီမှာလည်းအာဆင်နယ်အတွက်အော်ဒီဂွာ အစွမ်းပြဉီးမှာပါ" လို့ ချီးကျူးခဲ့တယ်။

အာဆင်နယ်က ပရီးမီးယားလိဂ်ရာသီအစသုံးပွဲစလုံး အနိုင်ရပြီး နှစ်ဂိုးအောက်သာပေးရတဲ့မှတ်တမ်းကို

နှစ်ကြိမ်ပိုင်ဆိုင်ခဲ့ဖူးပါတယ်။ ၁၉၂၄-၂၅ ရာသီနဲ့၂၀၀၃-၀၄ ရာသီတွေမှာပါ။

၁၉၂၄-၂၅ ရာသီမှာ အဆင့် ၂၀ နဲ့ဇာတ်သိမ်းရပေမယ့် ၂၀၀၃-၀၄ ရာသီမှာ ရှုံးပွဲမရှိချန်ပီယံ ဖြစ်ခဲ့ပါတယ်။

အာဆင်နယ်က ပရီးမီးယားလိဂ်ရဲ့ Power House  ဖြစ်လာပြီးတားဆီးရပ်တန့်နိုင်တဲ့အသင်း ရှားသထက်ရှားလာပါတယ်။

相关新闻

သံမဏိအရည်ပျော်ချိန်
Football News

သံမဏိအရည်ပျော်ချိန်

နည်းပြဘဝရဲ့ ကြီးမားတဲ့ စိတ်ဖိစီးမှုနဲ့ ကျန်းမာရေးပြဿနာတွေကြောင့် လေ့ကျင့်ရေးကွင်းမှာ ရုတ်တရက် လဲကျခဲ့ရပြီး အနားယူဖို့ လိုအပ်နေတဲ့ ဘိုင်ယန်မြူးနစ်နည်းပြ ကွန်ပနီရဲ့ အခြေအနေ သုံးသပ်ချက်။

阅读更多
လိဂ်တူးအသင်းကို ရှုံးတဲ့ရှက်စရာအာဆင်နယ်
Football News

လိဂ်တူးအသင်းကို ရှုံးတဲ့ရှက်စရာအာဆင်နယ်

အဓိကကစားသမားတွေ ပါဝင်ခဲ့ပေမဲ့ လိဂ်တူးကလပ် ဖလက်ဝုဒ်တောင်းအသင်းကို ပယ်နယ်တီအဆုံးအဖြတ်မှာ ရှုံးနိမ့်ပြီး လိဂ်ဖလားပြိုင်ပွဲကနေ စောစီးစွာ ထွက်ခွာခဲ့ရတဲ့ အာဆင်နယ်အသင်းရဲ့ ရှက်စရာရှုံးပွဲ သုံးသပ်ချက်။

阅读更多
ကာရစ်အတွက် ကံကြမ္မာအသစ်လား..?  အဆုံးသ-တ်ဇာတ်သိမ်းလား..?
Football News

ကာရစ်အတွက် ကံကြမ္မာအသစ်လား..? အဆုံးသ-တ်ဇာတ်သိမ်းလား..?

၈ ပွဲဆက် နိုင်ပွဲပျောက်နေပေမဲ့ နည်းပြရာထူးကနေ မထုတ်ပယ်ခံရသေးဘဲ ချယ်လ်ဆီးနဲ့ပွဲမှာ နောက်ဆုံးအခွင့်အရေး ထပ်မံရရှိလိုက်တဲ့ မန်ယူနည်းပြ မိုက်ကယ်ကာရစ်ရဲ့ ကံကြမ္မာ သုံးသပ်ချက်။

阅读更多

更多新闻

နှုတ်မစောင့်တဲ့လိပ်ကြောင့်ဖြစ်တဲ့ တရုတ်-လာလီဂါ ပဋိပက္ခ
Players News

နှုတ်မစောင့်တဲ့လိပ်ကြောင့်ဖြစ်တဲ့ တရုတ်-လာလီဂါ ပဋိပက္ခ

အင်တာဗျူးတစ်ခုမှာ အမှားအယွင်းပြောဆိုမိခဲ့တဲ့ ဘာပေကြောင့် တရုတ်နိုင်ငံရဲ့ ပြင်းထန်တဲ့ တုံ့ပြန်မှုနဲ့ သပိတ်မှောက်မှုတွေကို ရင်ဆိုင်နေရပြီး ရုပ်သံဈေးကွက် ဆုံးရှုံးမယ့်အရေးနဲ့ ကြုံနေရတဲ့ လာလီဂါအကြောင်း သုံးသပ်ချက်။

阅读更多
ဒေါင်းမန်းနဲ့ စိတ်လိုက်မာန်ပါ လူငယ်တွေအကြောင်း
Players News

ဒေါင်းမန်းနဲ့ စိတ်လိုက်မာန်ပါ လူငယ်တွေအကြောင်း

ဖလက်ဝုဒ်နဲ့ပွဲမှာ အနီကတ်ပြခံရလို့ အာတီတာရဲ့ ဆူပူမှုကို ခံခဲ့ရတဲ့ ဒေါင်းမန်းနဲ့ ရွန်နီ၊ မက်ဆီတို့လို လူငယ်ဘဝမှာ စိတ်လိုက်မာန်ပါ အမှားလုပ်ခဲ့ကြတဲ့ နာမည်ကျော်ကစားသမားတွေအကြောင်း သုံးသပ်ချက်။

阅读更多
ကာရစ်အတွက် ကံကြမ္မာအသစ်လား..?  အဆုံးသ-တ်ဇာတ်သိမ်းလား..?
Football News

ကာရစ်အတွက် ကံကြမ္မာအသစ်လား..? အဆုံးသ-တ်ဇာတ်သိမ်းလား..?

၈ ပွဲဆက် နိုင်ပွဲပျောက်နေပေမဲ့ နည်းပြရာထူးကနေ မထုတ်ပယ်ခံရသေးဘဲ ချယ်လ်ဆီးနဲ့ပွဲမှာ နောက်ဆုံးအခွင့်အရေး ထပ်မံရရှိလိုက်တဲ့ မန်ယူနည်းပြ မိုက်ကယ်ကာရစ်ရဲ့ ကံကြမ္မာ သုံးသပ်ချက်။

阅读更多
ဟာရီကိန်းရဲ့ စင်ဒရဲလားပုံပြင်
Players News

ဟာရီကိန်းရဲ့ စင်ဒရဲလားပုံပြင်

အောက်တန်းလိဂ် အငှားကစားသမားဘဝကနေ ၂၀၂၆ Ballon d'Or ဆုရှင်အဖြစ် အမြင့်ဆုံး ရောက်ရှိလာတဲ့ ဟာရီကိန်းရဲ့ ဒဏ္ဍာရီဆန်တဲ့ ဖြတ်သန်းမှုနဲ့ စပါးအသင်းဆီ ပြန်လာနိုင်ခြေ သုံးသပ်ချက်။

阅读更多
မက်ဆီ၊ စီရော်နယ်လ်ဒိုတို့နဲ့ ဂုဏ်ရည်တူသွားတဲ့ ဂန္ထဝင်ဟာရီကိန်း
Players News

မက်ဆီ၊ စီရော်နယ်လ်ဒိုတို့နဲ့ ဂုဏ်ရည်တူသွားတဲ့ ဂန္ထဝင်ဟာရီကိန်း

ကမ္ဘာ့ဖလားနဲ့ ချန်ပီယံလိဂ် မရဘဲ Ballon d'Or ဆုကို ဆွတ်ခူးနိုင်ခဲ့ပြီး မက်ဆီ၊ စီရော်နယ်လ်ဒိုတို့နဲ့ ဂုဏ်ရည်တူသွားတဲ့ ဂန္ထဝင်တိုက်စစ်မှူး ဟာရီကိန်းရဲ့ စံချိန်တင် သွင်းဂိုးမှတ်တမ်းများအကြောင်း သုံးသပ်ချက်။

阅读更多
မိုက်ကယ်ကာရစ်ရဲ့ Failed Gamble
Football News

မိုက်ကယ်ကာရစ်ရဲ့ Failed Gamble

နည်းစနစ်ကို ဝေဖန်ခဲ့တဲ့ ဘရူနိုဖာနန်ဒက်စ်ကို ပွဲထွက်စာရင်းကနေ ဖယ်ရှားခဲ့ပေမဲ့ ဘုန်းမောက်ကို ဂိုးပြတ်ရှုံးနိမ့်ပြီး (၈) ပွဲဆက် နိုင်ပွဲပျောက်ခဲ့တဲ့ မန်ယူနည်းပြ မိုက်ကယ်ကာရစ်ရဲ့ ကျရှုံးသွားတဲ့ စွန့်စားခန်း။

阅读更多

Official Channels

ONEX2 banner