Football News

ဂန္ထ၀င်တစ်ဦးရဲ့နောက်ဆုံးအချိန်တွေအကြောင်း

ဂန္ထ၀င်တစ်ဦးရဲ့နောက်ဆုံးအချိန်တွေအကြောင်း

၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၃၀ ရက်ဟာ အဂွဲရိုးအတွက် နတ်ဆိုးပဲ။ နှလုံးခုန်နှုန်း ပုံမှန်မဟုတ်ဘဲ ရုတ်တရက် အသက်ရှုကျပ်လာလို့  အလာဗတ်စ်နဲ့ပွဲမှာ ဆက်မကစားနိုင်ဘဲ ကွင်းထဲကနေ ထွက်ခွာခဲ့ရတယ်။ အဲဒီပွဲဟာ အဂွဲရိုးရဲ့ ပရော်ဖက်ရှင်နယ်ကစားသမားဘဝနောက်ဆုံးပွဲဆိုတာ ဘယ်သူကြိုသိနိုင်မလဲ။ ကံကြမ္မာနတ်သမီးလား။ နတ်ဆိုးခေါင်းဆောင်လား။ အဂွဲရိုးကိုယ်တိုင်လား။ ကိုယ့်နှလုံးသားဖောက်ပြန်ရေးအသံကို နားဆင်ရင်းကြေကွဲခဲ့ရသူ အဂွဲရိုးပါပဲ။

ဂန္ထ၀င်တစ်ဦးရဲ့နောက်ဆုံးအချိန်တွေအကြောင်း

ကိုယ့်ကိုယ်ကို ဂုဏ်ယူစိတ်ဟာ အဂွဲရိုး နှလုံးသားထဲ အားကောင်းမောင်းသန်  စီးဆင်းခဲ့ဖူးတယ်။ အဲဒီနှလုံးသားခံစားချက်တွေကြောင့်ပဲ

တစ်ဘ၀လုံးချစ်ခဲ့ရတဲ့မြတ်နိုးတဲ့  ဘောလုံးအားကစားနည်းကို သံယောစဉ်ဖြတ်ခဲ့ရချိန်မှာ ၀မ်းနည်းလို့ မဆုံးနိုင်ဘူး။

၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၃၀ ရက်ဟာ အဂွဲရိုးအတွက် နတ်ဆိုးပဲ။ နှလုံးခုန်နှုန်း ပုံမှန်မဟုတ်ဘဲ ရုတ်တရက် အသက်ရှုကျပ်လာလို့

အလာဗတ်စ်နဲ့ပွဲမှာ ဆက်မကစားနိုင်ဘဲ ကွင်းထဲကနေ ထွက်ခွာခဲ့ရတယ်။

အဲဒီပွဲဟာ အဂွဲရိုးရဲ့ ပရော်ဖက်ရှင်နယ်ကစားသမားဘဝနောက်ဆုံးပွဲဆိုတာ ဘယ်သူကြိုသိနိုင်မလဲ။

ကံကြမ္မာနတ်သမီးလား။ နတ်ဆိုးခေါင်းဆောင်လား။ အဂွဲရိုးကိုယ်တိုင်လား။

ကိုယ့်နှလုံးသားဖောက်ပြန်ရေးအသံကို နားဆင်ရင်းကြေကွဲခဲ့ရသူ အဂွဲရိုးပါပဲ။

အခက်အခဲဆုံး ဆုံးဖြတ်ချက်ကို ချမှတ်ရတာ မျှော်လင့်ထားတာထက် ပိုနာကျင်ရတယ်။

"ကျနော့်ကို ပထမဆုံး စမ်းသပ်စစ်ဆေးချိန်မှာ ဆေးပညာရှင်က ဘောလုံးဆက်ကစားဖို့ မလွယ်ကူတော့ဘူးလို့ အသိပေးတယ်။

အဲဒီအချိန်ကတည်းက အနားယူရမယ့်အကြောင်း ကြိုတွေးခဲ့ပေမဲ့ တကယ်တမ်းရင်ဆိုင်ရချိန်မှာ မလွယ်ကူပါဘူး။

ဆရာ၀န်တစ်ယောက်ဆိုရင် ကျနော့်ကို နားလိုက်တော့ဆိုပြီး ပွင့်ပွင့်လင်းလင်းပြောခဲ့တယ်။ "

"ကျနော့်ဘ၀မှာ ဖြစ်နိုင်သမျှအရာအားလုံး လုပ်နိုင်ခဲ့ပါတယ်။ ငါးနှစ်သားကတည်းက ဘောလုံးသမားဖြစ်အောင် အိပ်မက်မက်ခဲ့ပါတယ်။

ဘောလုံးနဲ့ ပထမဆုံး ရင်းနှီးခဲ့ပါတယ်။ ကျနော် ပိုင်ဆိုင်ခွင့်ရတဲ့ ကံကြမ္မာနဲ့ ကစားသမားဘ၀ကို ဂုဏ်ယူမိပါတယ်။

အနာဂတ်မှာ ဘယ်လို ဘ၀မျိုးက ကျနော့်ကို စောင့်ကြိုနေမလဲဆိုတာကြိုမသိပေမဲ့ ကျနော့်ကို ချစ်ပြီးအကောင်းဆုံးဖြစ်စေချင်သူတွေ ရှိနေမယ်ဆိုတာ သေချာပါတယ်" လို့

ကစားသမားဘ၀က အနားယူကြောင်း တရား၀င်ကြေညာတဲ့အခမ်းအနားမှာ အဂွဲရိုး ပြောခဲ့ပေါ့။

အက်သလက်တီကိုက အဂွဲရိုးကို ဥရောပဘောလုံး နယ်ပယ်ဆီ တင်သွင်းခဲ့တယ်ဆိုရင် မန်စီးတီးက အဂွဲရိုးကို ဂန္ထ၀င်တစ်ဦးအဖြစ် ပြုစုပျိုးထောင်ပေးခဲ့တာပါပဲ။

မန်စီးတီးနဲ့ ဖြတ်သန်းခဲ့ရာ ဆယ်နှစ်တာကာလအတွင်း  QPR နဲ့ ပွဲမှာနောက်ကျဂိုးသွင်းပြီး အကြီးအကျယ်အောင်ပွဲခံတဲ့အဂွဲရိုးကနေ

မန်စီးတီးသမိုင်းတစ်လျှောက် ဂိုးအများဆုံးသွင်းသူ၊ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် ဂိုးအများဆုံးသွင်းတဲ့ ပြည်ပကစားသမား၊

ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် စတုတ္ထသွင်းဂိုးအများဆုံးကစားသမားဆိုတဲ့ ဂုဏ်ရည်ဟာ မေ့ရက်စရာမဟုတ်ဘူး။

ပြည်တွင်းအောင်မြင်မှုတွေနဲ့ပဲ တင်းတိမ်ရပေမဲ့ ချန်ပီယံလိဂ်ဖလားကို နမ်းရှိုက်ခွင့်မရပေမဲ့ မန်စီးတီးတစ်ခေတ်တည်ထောင်ရေးခရီးစဉ်မှာ

ရွှေရောင်သူရဲကောင်းဆိုတာ သံသယဖြစ်စရာမလိုဘူး။

" ၁၈ နှစ်အရွယ်ချာတိတ်လေးကို  အက်သလက်တီကိုက လောင်းကြေးထပ်ခဲ့တယ်။ ပထမဆုံးဥရောပမြေစွန့်စားခန်းဟာ အောင်မြင်ခဲ့ပါတယ်။

မန်စီးတီးကလည်း ကျနော့်ကိုအကောင်းဆုံး စောင့်ရှောက်ခဲ့ပါတယ်။ သူတို့အပေါ် ကျနော်ရဲ့သဘောထားကိုလည်း အားလုံးသိမယ်ထင်ပါတယ်။

ကစားသမားတိုင်းအတွက် ဆုဖလားအောင်မြင်မှုဆိုတာ အမြဲတမ်းလိုအပ်တဲ့ အရာပါပဲ။ ကျနော် ပိုင်ဆိုင်ခွင့်ရတဲ့ ဆုဖလားအောင်မြင်မှုတွေအတွက်လည်း ကျေနပ်ပါတယ်။

လူတွေက ကျနော်ဟာ ဒီထက်ပိုအောင်မြင်သင့်တယ်လို့ ပြောကြပေမဲ့ ကျနော်က တစ်ဦးချင်းအရရော၊

ကလပ်အသင်းတွေ အတွက်ပါ အကောင်းဆုံးလုပ်နိုင်ခဲ့တယ်လို့ ထင်ပါတယ်" ဆိုပြီး အဂွဲရိုးက သူ့ဘ၀သူ ရောင့်ရဲခဲ့တယ်။

အဂွဲရိုးကို ခပ်လွယ်လွယ်ညွှန်းဆိုရင် Powerful၊ Combative ဆိုပြီး တံဆိပ်ကပ်နိုင်တယ်။ သူ ကျော်ဖြတ်ခဲ့ရာ ခံစစ်တံတိုင်းများစွာဟာ

သူ့ကိုမုန်းတီးရင်းနဲ့ပဲ အမှတ်ရနေလိမ့်မယ်။ အံ့အားသင့်စွာ တသသပြောကျန်လိမ့်မယ်။ နောက်တစ်ခါရင်ဆိုင်ရရင်  ဘယ်လိုတားဆီးလိုက်မယ်ဆိုပြီး

မချိတင်ကဲ ရေရွတ်နေလိမ့်မယ်။ အတိတ်မှာ အဂွဲရိုးရဲ့ စွမ်းအားကြောင့် ပြိုလဲခဲ့သူတွေဟာ ရန်သူတော်တစ်ဦးလို မုန်းတီးနေနိုင်သလို၊ လေးစားစွာလည်း ချစ်မြတ်နိုးနေနိုင်ပါတယ်။

အဂွဲရိုးရဲ့ ကစားသမားဘဝနှောင်းပိုင်းဟာ ဆွေးမြေ့ချင်စရာခပ်များများရယ်။

မက်ဆီနဲ့ ကလပ်အသင်းတစ်ခုတည်း ကစားချင်လို့ ဘာစီလိုနာကို သွားခဲ့တယ်။

ဘယ်သူမှ မျှော်လင့်မထားတဲ့  ဘာစီလိုနာ-မက်ဆီ လမ်းခွဲကြောင့် အဂွဲရိုးဆန္ဒမပြည့်ခဲ့ရှာဘူး။

ဒဏ်ရာပြဿနာ ဇာတ်လမ်းတွဲတွေကြောင့် မန်စီးတီးနဲ့ နောက်ဆုံးနှစ်မှာ အဂွဲရိုးတိတ်ဆိတ်ခဲ့ရ ဘာစီလိုနာရဲ့ ပြဿနာအထွေထွေကြားထဲမှာလည်း

အဂွဲရိုးဟန်၊ အဂွဲရိုး မာန် ခံစားခွင့်မရဘဲ အဆုံးသတ်ခဲ့ရတယ်။

အာဂျင်တီးနားမှာ အဂွဲရိုးရဲ့ မပြီးသေးတဲ့စိတ်ကူးအိပ်မက်တွေ ရှိခဲ့တယ်။

အင်ဒီပင်ဒီယန်တေးအသင်းနဲ့အတူ အဂွဲရိုးရဲ့ စိတ်ကူးအိပ်မက်တွေ၊ နှလုံးသားချင်း နားလည်မှုစာချွှန်လွှာ ထိုးတာတာ တစ်နေ့နေ့မှာ အင်ဒီပင်ဒီယန်တေးအသင်းမှာ

ပြန်ကစားရင်း အနားယူမယ်လို့ အဂွဲရိုး စိတ်ကူးထားခဲ့ဖူးမယ်။ အင်ဒီပင်ဒီယန်တေးအသင်းကလည်း အဂွဲရိုး ပြန်လာမယ့်အချိန်ကို ရင်ဖွင့်ကြိုနေလိမ့်မယ်။

အက်သလက်တီကိုအသင်းဆီကနေ အဂွဲရိုးအတွက်ရတဲ့ငွေကြေးနဲ့  အင်ဒီပင်ဒီယန်တေးအသင်းက အိမ်ကွင်းပြန်လည်ပြုပြင်ခဲ့တာမဟုတ်လား။

အဲဒီကွင်းမှာ ကစားသမားဘဝနေ၀င်ချိန် ဖြတ်သန်းခွင့်ရမယ်ဆိုရင် အဂွဲရိုးအတွက်၊ အင်ဒီပင်ဒီယန်တေးအသင်းအတွက် ဘယ်လောက် ကြည်နူးစရာကောင်းလိုက်မလဲ။

ဒါပေမဲ့ ကံဇာတ်ဆရာက ဖြစ်ခွင့်မပေးခဲ့ဘူး။

ဂန္ထ၀င်တစ်ဦးဟာ အလွမ်းတွေနဲ့ သူ့ရဲ့ကစားသမားဘဝ နောက်ဆုံးအချိန်ကို နှုတ်ဆက်ခဲ့ရတယ်။

ကျန်ရစ်ခဲ့ရသူနဲ့ ချန်ထားရစ်သူ ဘယ်သူဟာ ပိုလို့ နာကျင်ရပါသလဲ။

နှစ်တွေကြာတဲ့အချိန်အထိ ကျွန်တော် မတွေးတတ်ခဲ့ဘူး။

ข่าวที่เกี่ยวข้อง

အိပ်မက်အသေတွေနဲ့ အိုးလ်ထရက်ဖို့ဒ်
Football News

အိပ်မက်အသေတွေနဲ့ အိုးလ်ထရက်ဖို့ဒ်

စီးပွားရေးဆန်လာတဲ့ ခေတ်သစ်ဘောလုံးလောကရဲ့ ပြောင်းလဲမှုတွေနဲ့အတူ အိပ်မက်အသေတွေကြားမှာ ရုန်းကန်နေရတဲ့ မန်ယူအသင်း (Old Trafford) အပေါ် ထားရှိတဲ့ ပရိသတ်တစ်ယောက်ရဲ့ အနက်ရှိုင်းဆုံး ရင်တွင်းခံစားချက်စာစု။

မန်စီးတီးပရိသတ်တွေ ဘယ်လိုခံစားနေရမလဲ
Football News

မန်စီးတီးပရိသတ်တွေ ဘယ်လိုခံစားနေရမလဲ

ပြစ်မှု ၁၁၅ မှုနဲ့ တန်းဆင်းရနိုင်တဲ့ အခြေအနေဆိုးကို ရင်ဆိုင်နေရချိန်မှာ ဖလားတွေ ရုပ်သိမ်းခံရရင်တောင် အသင်းကို ဆက်လက်အားပေးသွားမယ့် မန်စီးတီးပရိသတ်တွေရဲ့ စစ်မှန်တဲ့ ခံစားချက်များ။

ဘောလုံး ပွဲ နိုင် အောင် လောင်း နည်း (အကျိုးကြောင်းဆီလျော်စွာ သုံးသပ်ခြင်း)
Football News

ဘောလုံး ပွဲ နိုင် အောင် လောင်း နည်း (အကျိုးကြောင်းဆီလျော်စွာ သုံးသပ်ခြင်း)

ကံတရားတစ်ခုတည်းကို အားမကိုးဘဲ အချက်အလက်တွေပေါ် မူတည်ပြီး စနစ်တကျ သုံးသပ်နိုင်မယ့် ဘောလုံးပွဲခန့်မှန်းနည်း (၅) ချက်နှင့် Onex2 App တွင် အကျိုးအမြတ်ရှာဖွေနည်း။

ข่าวเพิ่มเติม

ပတ်ဒရီရဲ့အရင်ကဇာတ်လမ်းလေး
Players News

ပတ်ဒရီရဲ့အရင်ကဇာတ်လမ်းလေး

စားသောက်ဆိုင်လေးမှာ ကြီးပြင်းခဲ့ရတဲ့ ဘာစီလိုနာကစားသမား ပတ်ဒရီရဲ့ ငယ်ဘဝ၊ အဘိုးဖြစ်သူရဲ့ ဘာစီလိုနာကို ချစ်မြတ်နိုးမှုနဲ့ ရီးယဲလ်မက်ဒရစ်မှာ အစမ်းသပ်ခံရင်း ရှုံးနိမ့်ခဲ့ရတဲ့ ဇာတ်ကြောင်းများ။

ယုံကြည်စိတ်ချရဆုံး စလော့ app - Onex2 ဖြင့် အမြန်ဆုံး နိုင်ငွေ ထုတ်ယူလိုက်ပါ။
Slot News

ယုံကြည်စိတ်ချရဆုံး စလော့ app - Onex2 ဖြင့် အမြန်ဆုံး နိုင်ငွေ ထုတ်ယူလိုက်ပါ။

JILI, PG Soft, Pragmatic Play စတဲ့ ကမ္ဘာ့အဆင့်မီ ဂိမ်းတွေနဲ့အတူ လုံခြုံစိတ်ချရမှု၊ အမြန်ဆုံး ငွေသွင်း/ငွေထုတ် စနစ်နဲ့ အထူးပရိုမိုးရှင်းတွေ ပေးအပ်ထားတဲ့ အကောင်းဆုံး စလော့ app ဖြစ်တဲ့ Onex2 အကြောင်း မိတ်ဆက်။

ကျွဲ စလော့ app အစစ် ကို ဘယ်လို ဒေါင်းမလဲ?  Onex2 တွင် စိတ်ချလက်ချ download ယူလိုက်ပါ!
Slot News

ကျွဲ စလော့ app အစစ် ကို ဘယ်လို ဒေါင်းမလဲ? Onex2 တွင် စိတ်ချလက်ချ download ယူလိုက်ပါ!

အတုအယောင် App များ၏ လိမ်လည်မှုအန္တရာယ်မှ ကင်းဝေးစေရန်နှင့် ဆုကြေးဘောနပ်စ်များစွာ ရယူနိုင်ရန် Onex2 တွင် တရားဝင် ကျွဲစလော့ App အစစ်ကို ယုံကြည်စိတ်ချစွာ ဒေါင်းလုဒ်ရယူနိုင်ကြောင်း ရှင်းလင်းထားသော လမ်းညွှန်။

စီရော်နယ်လ်ဒိုမရှိလည်း ဖြစ်တယ်
Players News

စီရော်နယ်လ်ဒိုမရှိလည်း ဖြစ်တယ်

ရော်နယ်လ်ဒိုကို အရန်ခုံပို့ပြီး ယော်အိုဖေးလစ်၊ ဂွန်ကာလိုရာမို့စ်တို့ရဲ့ သွင်းဂိုးတွေနဲ့ ဟာလန်းရဲ့ နော်ဝေကို အဝေးကွင်းမှာ အနိုင်ယူခဲ့တဲ့ ပေါ်တူဂီအသင်းရဲ့ ပွဲစဉ်သုံးသပ်ချက်။

မော်ရင်ဟိုရဲ့ ပေါက်ကွဲသံစဉ်
Football News

မော်ရင်ဟိုရဲ့ ပေါက်ကွဲသံစဉ်

မက်ဒရစ်ဒါဘီ ရှုံးပွဲအပြီးမှာ ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်တွေကို မကျေနပ်လို့ သတင်းစာရှင်းလင်းပွဲမှာ A4 စာရွက်တွေပြပြီး ပေါက်ကွဲခဲ့တဲ့ ရီးယဲလ်မက်ဒရစ်နည်းပြ မော်ရင်ဟိုရဲ့ အကြောင်း။

Official Channels

ONEX2 banner