မိုက်ကယ်ကာရစ်ရဲ့ Failed Gamble
နည်းစနစ်ကို ဝေဖန်ခဲ့တဲ့ ဘရူနိုဖာနန်ဒက်စ်ကို ပွဲထွက်စာရင်းကနေ ဖယ်ရှားခဲ့ပေမဲ့ ဘုန်းမောက်ကို ဂိုးပြတ်ရှုံးနိမ့်ပြီး (၈) ပွဲဆက် နိုင်ပွဲပျောက်ခဲ့တဲ့ မန်ယူနည်းပြ မိုက်ကယ်ကာရစ်ရဲ့ ကျရှုံးသွားတဲ့ စွန့်စားခန်း။
နာမည်ပျက်နေတဲ့ အင်ဖန်တီနိုကို စိန်ခေါ်ပြီး ဖီဖာဥက္ကဌအသစ် ဖြစ်လာနိုင်ခြေရှိနေတဲ့ အာဆင်နယ် ဂန္ထဝင်နည်းပြကြီး အာစင်ဝင်းဂါးရဲ့ အခြေအနေနဲ့ အလားအလာ သုံးသပ်ချက်။
ဖီဖာဥက္ကဌ အင်ဖန်တီနိုကို ဆန့်ကျင်တဲ့ တော်လှန်ရေး အောင်မြင်ချင်ရင် သူ့ကို စိန်ခေါ်မယ့် ခေါင်းဆောင်တစ်ဦး လိုအပ်ပါတယ်။)
အဲဒီ စိန်ခေါ် သူဟာ ဘောလုံးလောကအကြောင်း ကောင်းကောင်းနားလည်တဲ့ ထူးချွန်သူတစ်ဦးဖြစ်ရမယ်။
ဘောလုံးဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေကို ကိုယ်တိုင်ဦးဆောင်လုပ်ကိုင်ခဲ့သူ ဖြစ်ရမယ်။
အင်ဖန်တီနိုနေရာ စိန်ခေါ် မယ့်သူအဖြစ် အာဆင်နယ်ဂန္ထဝင်နည်းပြ အာစင်ဝင်းဂါးကို မြင်နေကြပါတယ်။
ဝင်းဂါးကို ဥရောပဘောလုံးလောကမှာသာမက ကမ္ဘာတစ်ဝန်းမှာပါ လေးစားအသိအမှတ်ပြုကြပါတယ်။
သူဟာ ဂျပန်ဘောလုံးလောက အတွေ့အကြုံကြောင့် အာရှမှာလည်း လေးစားခံရသူပါ။
အာစင်ဝင်းဂါးအတွက် " ဖီဖာဥက္ကဌရာထူးဟာ ငွေကြေး၊ ရာထူးဂုဏ်သိက္ခာနဲ့ တစ်ကိုယ်ရေစာကျော်ကြားမှုအတွက် မဟုတ်ပါဘူး" ။
သူဟာ ဘောလုံးအားကစားကို တကယ်စိတ်ရင်းမှန်နဲ့ ချစ်မြတ်နိုးသူပါ။
ဖီဖာဥက္ကဌဖြစ်လာတဲ့အခါ ရင်ဆိုင်ရမယ့် စိန်ခေါ်သံကို အာစင်ဝင်းဂါး ကြံ့ကြံ့ခိုင်နိုင်စွမ်းရှိတယ်။
FIFA အကြောင်းကိုလည်း ကောင်းကောင်းနားလည်တယ်။ ဒါပေမဲ့ အဟန့်အတားတစ်ခုကရှိနေပါတယ်။
FIFA က ကမ္ဘာတစ်ဝန်း ဘောလုံးဖွံ့ဖြိုးတိုးတက်ရေးအတွက် ရန်ပုံငွေပိုမိုရရှိစေဖို့
၂၀၂၆ ခုနှစ်မှာ အဆိုပြုခဲ့တဲ့ စီးပွားရေးဆန်ဆန် အစီအစဉ် FFE ဖြစ်ရပ်ကြောင့်ပါ။
အင်ဖန်တီနိုရဲ့ပုဂ္ဂိုလ်ရေးအမည်းစက်တွေကြောင့် FFE အစီအစဥ်က ပြန်လည်ရုပ်သိမ်း သွားပါတယ်။
အင်ဖန်တီနိုရဲ့သစ္စာတော်ခံအဖြစ်ထင်ရှားတဲ့ ဝင်းဂါးက FFE အစီအစဥ်ဟာ သူနဲ့မပတ်သက်ဘူးလို့ ငြင်းဆန်ထားတယ်။
" FFE အစီအစဉ်ကို သတင်းတွေထွက်လာမှာသိရတာပါ။ ကျွန်တော်နဲ့ ဘာမှမပတ်သက်ပါဘူး" လို့ ဝင်းဂါးပြောခဲ့တာပါ။
FFE အစီအစဉ် ရပ်ဆိုင်းလိုက်တာကိုလည်း ဝင်းဂါးထောက်ခံခဲ့ပါတယ်။
ဖီဖာရဲ့လူငယ်ဖွံ့ဖြိုးတိုးတက်ရေးခေါင်းဆောင်အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ဝင်းဂါးက အင်ဖန်တီနိုကို
၂၀၂၆ ကမ္ဘာ့ဖလားအလွန်မှာ ပြင်းထန်စွာဝေဖန်ဖူးလို့ ဖီဖာနဲ့ဝင်းဂါး အိုးစားကွဲမယ်ထင်ခဲ့ရတယ်။
ဒါပေမဲ့ ဝင်းဂါးက ဖီဖာရဲ့လူငယ်ဖွံ့ဖြိုးတိုးတက်ရေးခေါင်းဆောင်အဖြစ် ဆက်လက်ဆောင်ရွက်သလို၊
International Football Association Board (IFAB) ရဲ့ အကြံပေးတစ်ဦးလည်း ဖြစ်ပါတယ်။
ဖီဖာမှာ အလုပ်လုပ်နေစဉ်ကာလအတွင်းမှာ ဝင်းဂါးရဲ့ တမူထူးခြားတဲ့စိတ်ကူးတွေကြောင့် ဂယက်ထခဲ့ဖူးတယ်။
ကမ္ဘာ့ဖလားကို ၂ နှစ်တစ်ကြိမ် ကျင်းပချင်ခဲ့တာနဲ့ Day Light လူကျွံဘောစည်းမျဉ်းကို အဆိုပြုခဲ့တာကြောင့် ဝင်းဂါးဝေဖန်ခံရတယ်။
Daylight offside law ဆိုတာ တိုက်စစ်ကစားသမားနဲ့ နောက်ဆုံးခံစစ်ကစားသမားကြား သိသာထင်ရှားတဲ့ နေရာလွတ်ရှိမှသာ
လူကျွံဘောလို့ သတ်မှတ်ဖို့ ရည်ရွယ်တာဖြစ်ပါတယ်။ အင်ဖန်တီနိုက ရန်ပုံငွေတိုးမြှင့်ပေးမယ်လို့ ကတိပြုပြီးနောက်
အာဖရိကတိုက်ရှိ FIFA အဖွဲ့ဝင်နိုင်ငံအသင်းအဖွဲ့ ၅၄ ခုစလုံးရဲ့ ထောက်ခံမှုကို ရရှိခဲ့သလို ဝင်းဂါးကလည်း
အာဆင်နယ်အသင်းကို ကိုင်တွယ်ခဲ့စဉ်က အာဖရိကကစားသမားတွေကို နေရာပေးခဲ့သလို
အာဖရိကအသင်း ၁၀ သင်းအထိပါမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အသင်းအရေအတွက် ၄၈ သင်းအထိ တိုးချဲ့ဖို့ ထောက်ခံခဲ့ဖူးတယ်။
သေချာတာက သူတို့နှစ်ဉီးစလုံးက အာဖရိတိုက်ရဲ့ အမာခံအားပေးမှုကိုပိုင်ဆိုင်ထားပြီး ဒါဟာဖီဖာဥက္ကဌရာထူးအတွက်အရေးပါတဲ့အရာပါ။
ဖီဖာအတွက် ခေါင်းဆောင်အပြောင်းအလဲလိုအပ်ပြီး အင်ဖန်တီနိုက နာမည်ပျက်လွန်းနေပါပြီ။
ဒါပေမဲ့ အင်ဖန်တီနိုက လွယ်လွယ်နဲ့ထိုင်ခုံဖယ်ပေးမယ် မထင်ပါဘူး။
ဝင်းဂါးသာ ဆန္ဒရှိမယ်ဆိုရင် ဖီဖာဥက္ကဌရာထူးက သူ့အတွက် ဖြစ်လာနိုင်ပါတယ်။
နည်းစနစ်ကို ဝေဖန်ခဲ့တဲ့ ဘရူနိုဖာနန်ဒက်စ်ကို ပွဲထွက်စာရင်းကနေ ဖယ်ရှားခဲ့ပေမဲ့ ဘုန်းမောက်ကို ဂိုးပြတ်ရှုံးနိမ့်ပြီး (၈) ပွဲဆက် နိုင်ပွဲပျောက်ခဲ့တဲ့ မန်ယူနည်းပြ မိုက်ကယ်ကာရစ်ရဲ့ ကျရှုံးသွားတဲ့ စွန့်စားခန်း။
ရာထူးကနေ ထုတ်ပယ်ခံရတော့မယ့် မိုက်ကယ်ကာရစ်နေရာမှာ အစားထိုးဖို့ နည်းပြသစ် ရှာဖွေနေတဲ့ မန်ယူအသင်းရဲ့ အခြေအနေနဲ့ ချယ်လ်ဆီး၊ လီဗာပူးလ်တို့အပါအဝင် စောင့်ကြိုနေတဲ့ ပွဲကျပ်ငရဲခန်းအကြောင်း သုံးသပ်ချက်။
ဘာပေရဲ့ သွင်းဂိုးတွေနဲ့အတူ အယ်လ်ကလက်စီကို (El Clasico) မှာ ဘာစီလိုနာကို အနိုင်ယူပြီးနောက် နူးကမ့်ကွင်းထဲမှာ နာမည်ကျော် Knee Slide နဲ့ အောင်ပွဲခံကာ လာလီဂါချန်ပီယံဆုကို စိန်ခေါ်လိုက်တဲ့ မော်ရင်ဟိုရဲ့ ရီးယဲလ်အသင်း သုံးသပ်ချက်။
၂၀၂၆ ကမ္ဘာ့ဖလားနဲ့ ချန်ပီယံလိဂ်ကို ရယူထားတဲ့ ယမားလ်၊ စံချိန်တင်ဂိုးတွေ သွင်းယူထားတဲ့ ဟာရီကိန်း၊ မက်ဆီ၊ ဘာပေနဲ့ PSG ကြယ်ပွင့် ကွာရတ်စကယ်လီယာတို့ အပြိုင်ဖြစ်နေတဲ့ Ballon d'Or ဆုရှင် ခန့်မှန်းသုံးသပ်ချက်။
မန်ယူအသင်းနဲ့ သရေကျပြီးနောက်ပိုင်း ယုံကြည်မှုတွေ ပြန်လည်မြင့်တက်လာကာ ချယ်လ်ဆီးကိုပါ အနိုင်ယူပြီး လမ်းကြောင်းမှန်ပေါ် ပြန်ရောက်လာတဲ့ ဒီဇာဘီရဲ့ စပါးအသင်းအကြောင်း သုံးသပ်ချက်။
ဘာစီလိုနာရဲ့ လွှမ်းမိုးမှုကို ရပ်တန့်ဖို့ ရီးယဲလ်နည်းပြအဖြစ် ပြန်ရောက်လာတဲ့ မော်ရင်ဟို၊ ယမားလ်ရဲ့ တုံ့ပြန်မှုနဲ့ ဗင်နီစီယက်စ် လွဲချော်မယ့် El Clasico ပွဲကြိုသုံးသပ်ချက်။
ဘုန်းမောက်ကို ဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီးနောက် ဖန်တီးမှုကင်းမဲ့နေတဲ့ ကွင်းလယ်၊ စိတ်ဓာတ်ကျဆင်းနေတဲ့ ကစားသမားတွေနဲ့အတူ နလံထူဖို့ ခက်ခဲနေတဲ့ နည်းပြ မိုက်ကယ်ကာရစ်ရဲ့ မန်ယူအသင်းအကြောင်း ပြင်းပြင်းထန်ထန် သုံးသပ်ချက်။

ဗင်နီစီယက်စ် ပွဲပယ်ခံထားရလို့ El Clasico လွဲချော်မယ့်အချိန်မှာ ဘာပေ၊ ဘယ်လင်ဟမ်၊ အန်ဒရစ်တို့နဲ့အတူ ရီးယဲလ်တိုက်စစ်မှာ အံဝင်ခွင်ကျ ခြေစွမ်းပြနေတဲ့ ဒီယိုမန်ဒီနဲ့ မော်ရင်ဟိုရဲ့ နည်းစနစ်ပိုင်း သုံးသပ်ချက်။
