ဟာရီကိန်းကို အင်္ဂလန်နဲ့အတူ ချန်ပီယံဖြစ်စေချင်တယ်
အင်္ဂလန်အသင်းသမိုင်းတစ်လျှောက် ပွဲအများဆုံး စံချိန်နဲ့ သွင်းဂိုးအများဆုံး စံချိန်တွေကို ပိုင်ဆိုင်ထားပြီး အင်္ဂလန်နဲ့အတူ ဆုဖလားတစ်ခု ထိုက်ထိုက်တန်တန် ရသင့်နေပြီဖြစ်တဲ့ ဟာရီကိန်းအကြောင်း။
အာတီတာရဲ့ Safety First ကစားဟန်နဲ့ ပရိသတ်တွေရဲ့ မျှော်လင့်ချက် ကြီးမားမှုတွေကြားမှာ ရပ်ရှ်ဖို့ဒ်လို ခြေစွမ်းကျသွားမလား စိုးရိမ်ခံနေရတဲ့ အာဆင်နယ်ကြယ်ပွင့် ဆာကာရဲ့ အခြေအနေ သုံးသပ်ချက်။
ခေတ်ကလည်း စိတ်ပျက်စရာပါ။
လတ်တလောထင် ပေါ် ကျော်ကြားမှုကိုပဲ ကြည့်တယ်၊ လူတစ်ယောက်ရဲ့အတိတ်ဖြတ်သန်းမှု၊
အနစ်နာခံစိတ်နဲ့ ဝမ်းစာဘယ်လောက်ဖြည့်ခဲ့ရလဲဆိုတာမသိကြဘူး။
ကစားသမားတစ်ယောက်အတွက်လည်း ဒီအတိုင်းပါပဲ။
ခြေစွမ်းမပြနိုင်တဲ့အခါ အရင်ကဘာတွေလုပ်ပြခဲ့လဲ ဆိုတာ မေ့ပစ်လိုက်ကြတယ်။
ဘယ်လောက်ကောင်းခဲ့လဲဆိုတာ မေ့ပစ်လိုက်ကြတယ်။
အာဆင်နယ်မှာ ဆာကာဖြစ်နေတဲ့ပြဿနာကလည်း ဒီလိုပါပဲ။
ဆာကာထူးချွန်ခဲ့သမျှကို မေ့ပစ်လိုက်ကြတယ်။ အဲဒီလိုမေ့ပစ်သူတွေထဲ အာဆင်နယ်ပရိသတ်တချို့လည်းပါတယ်။
တကယ်ဆိုရင် အာတီတာရဲ့အာဆင်နယ်တခေတ်မှာ ဆာကာက အထူးချွန်ဆုံး ကြယ်တပွင့်ပါ။
လတ်တလောစွမ်းရည်ကိုကြည့်ပြီး ဆာကာက မာဒူအေကေလောက်တောင် အသုံးမဝင်တော့ဘူးလို့
ဝေဖန်တာ၊ မာဒူအေကေကပဲ အာဆင်နယ်တိုက်စစ်အတွက်မရှိမဖြစ်လို့ ပြောဆိုတာ၊
ဒေါင်းမန်းက ဆာကာရဲ့နေရာအစားဝင်တော့မယ်ဆိုပြီး ယူဆနေကြတာတွေက Logic Out နေပါတယ်။
ဆာကာမှာအပြစ်မရှိဘူးလို့ မျက်လုံးမှိတ်မပြောချင်ပါဘူး။ ဆာကာရဲ့တစ်ဦးချင်းကျော်ဖြတ်ပုံတွေ အားနည်းလာပါတယ်။
ပြိုင်ဘက်ခံစစ်ကစားသမားတွေက ဆာကာရဲ့အထာကို သိလာပါတယ်။
နောက်ဆုံးကစားတဲ့လိဒ်စ်အသင်းနဲ့ပွဲမှာ ဆာကာက အပိုင်အခွင့်အရေးတစ်ကြိမ် ဖြုန်းတီးခဲ့လို့ ဆာကာခြေကျသွားပြီဆိုပြီးဝေဖန်သံထွက်လာတာပါ။
အဲဒီလိုဝေဖန်တဲ့အတိုင်းပဲ ဆာကာကတကယ်ပဲခြေကျနေတာလား၊ ရာသီအစ ကိုဗင်ထရီနဲ့ဗီလာပွဲတွေမှာ ဆာကာအစွမ်းပြ ဂိုးသွင်းခဲ့တယ်။
ခရိုအေးရှားကို ၇ ဂိုးဂိုးမရှိနဲ့ အနိုင်ရတဲ့ပွဲမှာ ဆာကာနှစ်ဂိုးသွင်းနိုင်ခဲ့တယ်။ အဲဒီမှတ်တမ်းတွေကြောင့်
လက်ရှိရာသီမှာ ဆာကာရဲ့ခြေစွမ်း ကျသွားပြီလို့ ယတိပြတ်ပြောခွင့်မရှိပါဘူး။
ဒါဆိုရင်ဆာကာဆီကနေ သွင်းဂိုးတွေ၊ ဖန်တီးမှုတွေဘာလို့အများကြီး မမြင်ရတော့တာလဲ။
ခပ်လွယ်လွယ်ပြောရရင် အာတီတာရဲ့Safety First ကစားဟန်ကြောင့်ပါ။
အာဆင်နယ်ကတိုက်စစ်ကစားတဲ့အခါ အမှားနည်းနိုင်သမျှနည်းအောင်၊ တန်ပြန်တိုက်စစ်ဒဏ် မခံရအောင် သတိကြီးကြီးထားပါတယ်။
အသင်းတစ်သင်းလုံးရဲ့ တိုက်စစ်ဆင်မှု နှေးကွေးနေတဲ့အခါ ဆာကာလို တောင်ပံကစားသမားတွေအတွက်လည်း အခွင့်အရေးဖန်တီးဖို့ ပိုခက်လာတယ်။
ဆာကာအပေါ် မျှော်လင့်ချက် မြင့်မားလွန်းတာကလည်း ထည့်တွေးရမယ့်အချက်ပါ။
အာတီတာက ဆာကာကို Ballon d'Or ရစေချင်တယ်လို့ ပြောဖူးတဲ့အထိ မျှော်လင့်ချက်ကြီးမားသလို၊
အာဆင်နယ်ပရိသတ် အများစုကလည်း ဆာကာပွဲတိုင်းဂိုးသွင်းတာ မြင်ချင်တဲ့လောဘလေး ရှိတယ်။
အာဆင်နယ်ပရိသတ်တွေ မြင်ချင်တဲ့ဆာကာ ပြန်ဖြစ်လာအောင် ဘာတွေပြင်ဆင်ရမလဲ။
ဆာကာရဲ့Playing Style က တောင်ပံကနေဆွဲပြေးမယ်၊ Cut Inside လုပ်မယ်။ ဘယ်ခြေနဲ့ ကန်သွင်းမယ်ဆိုတာမျိုးပါ။
ဒါပေမဲ့အခုနောက်ပိုင်းမှာ အာဆင်နယ်တိုက်စစ်ကနှေးလာသလို၊ ဆာကာရဲ့ဆုံးဖြတ်နိုင်စွမ်းကလည်း လေးလာလို့ အလုပ်မဖြစ်တာပါ။
တချို့အချိန်တွေမှာ ဆာကာကဘောလုံးကိုင်ထားပြီး ဘာဆက်လုပ်ရမှန်းမသိဖြစ်နေတာ မြင်ရတယ်။
အာဆင်နယ်ပရိသတ်တွေကအဲဒီလိုမြင်ကွင်းမျိုး မမြင်ချင်ကြပါဘူး။
ဆာကာစွမ်းရည်မှေးမှိန်သလိုဖြစ်နေချိန်မှာ ဒေါင်းမန်းက ကစားခွင့်ရချိန်တိုင်း ပရိသတ်အကြိုက် ကစားပြနေလို့ ဆာကာဖိအားပိုများလာပါတယ်။
စာချုပ်သစ်ချုပ်ပြီး လစာအများကြီးရမှ စွမ်းရည်မှေးမှိန်သွားတဲ့ဆာကာဟာ မန်ယူက ရပ်ရှ်ဖို့ဒ် လိုမျိုးဖြစ်လာမလားဆိုပြီး စိုးရိမ်သူတွေလည်း ရှိပါတယ်။
ရပ်ရှ်ဖို့ဒ်က တောင်ပံတစ်လျှောက် လျှမ်းလျှမ်းတောက်ခဲ့ပေမယ့် မန်ယူနဲ့စာချုပ်သစ်ချုပ်၊ မန်ယူအသင်းရဲ့လစာအများဆုံးကစားသမားတစ်ဦးဖြစ်လာပြီးနောက်
စွမ်းရည်နိမ့်သွားခဲ့တယ်။ အဆုံးသတ်ပိုင်းအားနည်းသွားတယ်။ ဆာကာကိုလည်းအာဆင်နယ်ပရိသတ်တွေ အဲဒီလို ဖြစ်စေချင်မယ်မထင်ပါဘူး။
ဒါပေမဲ့ လတ်တလောစွမ်းရည်ကိုကြည့်ပြီး ဆာကာညံ့သွားပြီလို့ မပြောစေချင်ဘူး။
ဆာကာလိုအပ်နေတာတွေရှိသလို၊ အာတီတာရဲ့ Safety First တိုက်စစ်ကစားဟန်ကြောင့်လည်း စွမ်းရည်ကျနေတာပါ။
အင်္ဂလန်အသင်းသမိုင်းတစ်လျှောက် ပွဲအများဆုံး စံချိန်နဲ့ သွင်းဂိုးအများဆုံး စံချိန်တွေကို ပိုင်ဆိုင်ထားပြီး အင်္ဂလန်နဲ့အတူ ဆုဖလားတစ်ခု ထိုက်ထိုက်တန်တန် ရသင့်နေပြီဖြစ်တဲ့ ဟာရီကိန်းအကြောင်း။
ဘာစီလိုနာ လေ့ကျင့်ရေးကွင်းကို ပထမဆုံးရောက်ချိန် မက်ဆီရဲ့ နွေးထွေးစွာ ကြိုဆိုမှု၊ ရော်နယ်ကိုးမန်းရဲ့ ယုံကြည်မှုတို့နဲ့အတူ ငယ်ဘဝအိပ်မက်တွေ အကောင်အထည်ပေါ်လာခဲ့တဲ့ ပတ်ဒရီရဲ့ စိတ်ဝင်စားဖွယ် ဇာတ်ကြောင်း အပိုင်း (၂)။
ပွဲကစားခွင့်မရလို့ အသင်းကနေ ထွက်ခွာသွားတဲ့ စီရော်နယ်လ်ဒိုကို ပြန်လာဖို့ တံခါးဖွင့်ထားဆဲဖြစ်ပေမဲ့ ပွဲထွက်ခွင့်ကိုတော့ အာမခံမှာမဟုတ်ဘူးလို့ ပြောဆိုလိုက်တဲ့ ပေါ်တူဂီနည်းပြ ဂျီးဆပ်ရဲ့ သဘောထားမှတ်ချက်။
အီရာအိုလာလက်ထက်မှာ ရလဒ်တွေ ဆိုးရွားလာပြီး ပြိုင်ဘက်တွေ ဖိမ့်ဖိမ့်တုန်ခဲ့ရတဲ့ အန်ဖီးလ်ကွင်းရဲ့ အရှိန်အဝါ ဘယ်လိုကျဆင်းလာသလဲဆိုတဲ့ လီဗာပူးလ်အသင်း သုံးသပ်ချက်။
ဘဏ္ဍာရေးအရှုပ်အထွေးတွေကြောင့် လီဗာပူးလ်ပရိသတ်တွေရဲ့ ပြင်းပြင်းထန်ထန် လှောင်ပြောင်မှုတွေကို ခံခဲ့ရပေမဲ့ အန်ဖီးလ်ကွင်းမှာ အကောင်းဆုံး တုံ့ပြန်အနိုင်ယူပြခဲ့တဲ့ မန်စီးတီးအသင်းရဲ့ ပွဲစဉ်သုံးသပ်ချက်။
ဗင်နီစီယက်စ်ရဲ့ သွင်းဂိုးကို ပယ်ဖျက်ပြီး အနီကတ်ပြခဲ့တဲ့ ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်ကို မကျေနပ်လို့ သတင်းစာရှင်းလင်းပွဲ မတက်ဘဲ ဆန္ဒပြခဲ့တဲ့ ရီးယဲလ်နည်းပြ မော်ရင်ဟိုအကြောင်း။
ယာယီနည်းပြဘဝကနေ အမြဲတမ်းနည်းပြဖြစ်လာပြီးနောက် ဖာဂူဆန်ခေတ်လွန် အဆိုးရွားဆုံး ရာသီအစမှတ်တမ်းနဲ့အတူ ရာထူးပြုတ်နိုင်တဲ့ ဖိအားတွေကြားက တန်းဆင်းအန္တရာယ်ရှိနေတဲ့ မိုက်ကယ်ကာရစ်ရဲ့ မန်ယူအသင်း သုံးသပ်ချက်။
ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ခဲ့တဲ့ အာဆင်နယ်အသင်းဟာ 3-1-6 ကစားဟန်အသစ်ကို စမ်းသပ်နေပေမဲ့ ဘရိုက်တန်ရဲ့ High Intensity ကစားဟန်အောက်မှာ ဂိုးပြတ်ရှုံးနိမ့်ခဲ့ရတဲ့ နည်းဗျူဟာ သုံးသပ်ချက်။
ဘဏ္ဍာရေးအရှုပ်အထွေးကြောင့် ဖိအားဝင်နေတဲ့ မန်စီးတီးအသင်းနဲ့ အီဆက်ခ်၊ ဂတ်ပိုတို့ ဒဏ်ရာရနေလို့ တိုက်စစ်ပိုင်း ပြဿနာတက်နေတဲ့ နည်းပြ အီရာအိုလာရဲ့ လီဗာပူးလ်တို့ ရင်ဆိုင်ရမယ့် ပွဲကြိုသုံးသပ်ချက်။
