နည်းပြ တူဟယ်လ်ရဲ့ အမေ့ခံဘဝကနေ ၂၀၂၆ ကမ္ဘာ့ဖလားမှာ ခြေစွမ်းပြပြီး ခရိုအေးရှားနဲ့ပွဲမှာပါ အသင်းခေါင်းဆောင်အဖြစ် ခြေစွမ်းပြခဲ့တဲ့ အင်္ဂလန်ရဲ့ အကောင်းဆုံး No.10 ဘယ်လင်ဂမ်အကြောင်း သုံးသပ်ချက်။
လွန်ခဲ့တဲ့တစ်နှစ်လောက်က ဘယ်လင်ဂမ်ရဲ့အင်္ဂလန်ကစားသမားဘဝက မရေရာခဲ့ဘူး။
အခုတော့ ဘယ်လင်ဂမ်က ဘောလုံးလောကရဲ့ ထာဝရအကောင်းဆုံး ကစားသမားတစ်ဦးဖြစ်လာမယ့် အရိပ်အယောင်မြင် နေရတယ်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလမှာ တူဟယ်လ်က အင်္ဂလန်အသင်းနည်းပြဘဝစတင်ခဲ့တယ်။
အဲဒီအချိန်မှာ တူဟယ်လ်က ဘယ်လင်ဂမ်ကို မေ့ထားခဲ့တယ်။ ဘယ်လင်ဂမ်ရဲ့ခံယူချက်နဲ့ ခြေစွမ်းကို ဝေဖန်ခဲ့တယ်။
ဘယ်လင်ဂမ်က တူဟယ်လ်ရဲ့ယုံကြည်စိတ်ကို စကားလုံးတွေနဲ့ မတုံ့ပြန်ဘဲ ထက်မြက်စွမ်းရည်ပြသပြီး သူ့တန်ဖိုးသူ သရုပ်ဖော်ခဲ့တယ်။
၂၀၂၆ ကမ္ဘာ့ဖလားမှာ ၇ ဂိုးသွင်းပြီး အင်္ဂလန်ရဲ့ အတောက်ပဆုံးကြယ်ပွင့်ဖြစ်ခဲ့တယ်။
ဘယ်လင်ဂမ်ရဲ့ဖိတ်ဖိတ်လက်ခြေစွမ်းနဲ့အတူ အင်္ဂလန်အသင်းလည်း တတိယနေရာပိုင်ဆိုင်ခဲ့တယ်။
အခုနောက်ဆုံးကစားတဲ့ ခရိုအေးရှားနဲ့ပွဲမှာ ဘယ်လင်ဂမ်က မှော်ဆရာလေးဖြစ်ခဲ့ပြန်တယ်။
ဂိုးဖန်တီးမှု ၃ ကြိမ်ပြုလုပ်နိုင်သလို၊ ဂိုးလည်းသွင်းနိုင်ခဲ့တယ်။ ဘယ်လင်ဂမ်ကအသင်းခေါင်းဆောင်ရာထူးပိုင်ဆိုင်ခဲ့ချိန်မှာ ထူးရှယ်ခြေစွမ်း ပြသနိုင်ခဲ့တာပါ။
လက်ရှိစွမ်းရည်ကို ဆက်ထိန်းထားနိုင်ရင် ဘယ်လင်ဂမ်က GOAT အဖြစ် မျှော်လင့်ခွင့်ရှိနေပြီ။
သူ့ဆီမှာ အမြန်နှုန်း၊ ဖန်တီးနိုင်စွမ်း၊ ဂိုးပေါက်ခြိမ်းခြောက်နိုင်မှု၊ တစ်ဉီးချင်းဖြတ်ကျော်နိုင်စွမ်းတွေ ထူးချွန်စွာ ပိုင်ဆိုင်ထားတယ်၊
ဘယ်လင်ဂမ်က အခုထက်ပိုပြီးထက်မြက်လာမယ့်သူပါ။
အင်္ဂလန်အသင်းရဲ့တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို နှစ်ကြိမ်တိုင်ရရှိထားသူ ဘယ်လင်ဂမ်က
လက်ရှိအချိန်မှာ အကောင်းဆုံး No.10 အဖြစ် ရပ်တည်နေပါပြီ။
ဘယ်လင်ဂမ်က Off the Ball Movement တွေလည်း ကောင်းမွန်ပြီး မခိုမကပ် လုပ်အားနှုန်းအပြည့်နဲ့ ခံစစ်ကိုလည်းကူညီတတ်သူပါ။
လွန်ခဲ့တဲ့တစ်နှစ်က တူဟယ်လ်ရဲ့အမေ့ခံဘယ်လင်ဂမ်ဟာ အခုဆိုရင် အင်္ဂလန်ရဲ့မရှိမဖြစ်ကစားသမားဘဝ ရောက်လာပါတယ်။
ဘယ်လင်ဂမ်က Next Level ရောက်ခဲ့ပါပြီ။