Football News

၃၈ ပွဲကစား ၃၈ မှတ်ဆိုရင် တန်းဆင်းရလိမ့်မယ် မန်ယူ

၃၈ ပွဲကစား ၃၈ မှတ်ဆိုရင် တန်းဆင်းရလိမ့်မယ် မန်ယူ

ယာယီနည်းပြဘဝကနေ အမြဲတမ်းနည်းပြဖြစ်လာပြီးနောက် ဖာဂူဆန်ခေတ်လွန် အဆိုးရွားဆုံး ရာသီအစမှတ်တမ်းနဲ့အတူ ရာထူးပြုတ်နိုင်တဲ့ ဖိအားတွေကြားက တန်းဆင်းအန္တရာယ်ရှိနေတဲ့ မိုက်ကယ်ကာရစ်ရဲ့ မန်ယူအသင်း သုံးသပ်ချက်။

လက်ရှိရာသီပရီးမီးယားလိဂ်မှာ မန်ယူက ၆ ပွဲကစား  ၆ မှတ်နဲ့ အိမ်နိမ့်စံဖြစ်နေပါတယ်။

၁၉၈၆-၈၇ ရာသီ၊ ဖာဂူဆန်ခေတ်က ပရီးမီးယား လိဂ် ၆ ပွဲကစားပြီး ၄ မှတ်သာရပြီးနောက် အဆိုးရွားဆုံးမှတ်တမ်း ပိုင်ဆိုင်ခဲ့တာပါ။

ယာယီနည်းပြဘဝမှာ မိုက်ကယ်ကာရစ်က ပရီးမီးယားလိဂ် ၁၇ ပွဲတာဝန်ယူပြီး နိုင်ပွဲ ၁၂ ပွဲဲ၊ သရေ ၃ ပွဲ၊ ရှုံးပွဲ ၂ ပွဲပိုင်ဆိုင်ခဲ့ပါတယ်။

မန်ယူရဲ့အမြဲတမ်းနည်းပြဖြစ်လာပြီးနောက် မိုက်ကယ်ကာရစ်က ပရီးမီးယားလိဂ် ၆ ပွဲမှာ ၁ ပွဲသာ အနိုင်ရခဲ့တယ်။

ယာယီနည်းပြဘဝနဲ့ အမြဲတမ်းနည်းပြဘဝဟာ နိဗ္ဗာန်နဲ့ ငရဲလိုကွာခြားခဲ့တယ်။

မန်ယူအသင်းက နောက်ဆုံးနှစ်ပွဲဆက် အမှတ်ပေးဇယားအောက်ဆုံးကအသင်းတွေကို အနိုင်မရခဲ့ဘူး။

လက်ရှိရာသီပရီးမီးယားလိဂ်မှာတစ်ယောက်လျော့နဲ့ကစားရတဲ့နှစ်ပွဲစလုံး မန်ယူ ရလဒ်ဆိုးခဲ့တယ်။

မန်ယူက ပြီးခဲ့တဲ့ရာသီကလို ချန်ပီယံလိဂ်ဝင်ခွင့် ရဖို့ မလွယ်ကူဘဲ တန်းဆင်းဇုန်နဲ့ နီးသထက်နီးကပ်လာတယ်။

မန်ယူအသင်းဘုတ်အဖွဲ့က မိုက်ကယ်ကာရစ်ကို ထောက်ခံဆဲဆိုပေမယ့် မန်ယူအသင်းပရိသတ်တွေက စိတ်ပျက်ဒေါသထွက်နေကြပြီ။

မိုက်ကယ်ကာရစ်ကိုလှောင်ပြောင်နေကြပြီ။ လွန်ခဲ့တဲ့နှစ်ရာသီတုန်းက တန်ဟက်ဂ်လိုမျိုး ရာသီအစ ၉ ပွဲကစားပြီးချိန်မှာ

နိုင်ပွဲ ၂ ပွဲသာပိုင်ဆိုင်တဲ့ အခြေအနေဆိုးကို မိုက်ကယ်ကာရစ်လက်ထက်မန်ယူ ရင်ဆိုင်ရဖွယ်ရှိပါတယ်။

လက်ရှိအချိန်မှာ မန်ယူက ပြိုင်ပွဲစုံ ၈ ပွဲကစားပြီး နိုင်ပွဲ ၂ ပွဲသာရထားတယ်။

လာမယ့် ၉ ပွဲမြောက်က အက်သလက်တီကိုအသင်းနဲ့ ဖြစ်လို့ မန်ယူနိုင်ပွဲရဖို့ မဖြစ်နိုင်ပါဘူး။

ဒီတော့မိုက်ကယ်ကာရစ်ရဲ့မန်ယူအသင်းက တန်ဟက်ဂ်လက်ထက် မှတ်တမ်းဆိုးနဲ့ ထပ်တူကျတော့မယ်။

အချိန်ကာလကလည်း မန်ယူရဲ့နည်းပြထုတ်ပယ်နေကျ အချိန် ဖြစ်နေပြီ။ တန်ဟက်ဂ်တုန်းက အောက်တိုဘာလကုန်ပိုင်း မှာ ရာထူးကနေထုတ်ပယ်ခံရတယ်။

လက်ရှိအောက်တိုဘာလအတွင်းမှာ မန်ယူအသင်း ပွဲကျပ်နေလို့ စွမ်းရည်တိုးတက်အောင်မလုပ်နိုင်ဘူးဆိုရင် မိုက်ကယ်ကာရစ်ရဲ့ရာထူးက စတေးရတော့မှာပါ။

မိုက်ကယ်ကာရစ် သူ့အသင်းသားတွေကို ယုံကြည်နေဆဲပါ။ အသင်းကောင်းတစ်သင်းဖြစ်နေဆဲလို့ ယုံကြည်နေဆဲပါ။

ဒါပေမဲ့ မန်ယူအသင်းကစားသမားတွေရဲ့ခံယူချက်နဲ့ ကြိုးစားအားထုတ်လိုစိတ်က အဝီစိရောက်နေပါတယ်။

မန်ယူအသင်းကစားသမားတွေက အားကြိုးမာန်တက် ပြေးလွှားကစားလိုစိတ်မရှိကြဘူး။ ပွဲတိုင်းနီးပါးမှာ

မန်ယူကစားသမားတွေက ပြိုင်ဘက်ကစားသမားတွေထက် High-speed Run နည်းလွန်းခဲ့ပါတယ်။

မန်ယူအသင်းက Physical battle တွေမှာလည်း တဆင့်နိမ့်နေပါတယ်။

စပါးအသင်းနဲ့ပွဲမှာ ဆိုလန်ကီရဲ့ ချေပဂိုးပေးလိုက်ရတာ မာတီနက်ဇ်တစ်ယောက် Physical Battle အားနည်းလို့ပါ။

ဂယ်ရီနဗီးလ်က မန်ယူအတွက် Worrying Day စိုးရိမ်ဖွယ်ရာနေ့ရက်တွေ ရောက်လာပြီလို့သတိပေးလိုက်တယ်။

တကယ်ဆိုရင် မန်ယူရဲ့အခြေအနေက စိုးရိမ်ဖွယ်ရာထက် ပိုပါတယ်။ ကုရာနတ္တိဆေးမရှိဘူး ဖြစ်နေတယ်။

လက်ရှိရာသီ ပရီးမီးယားလိဂ်မှာ တစ်ပွဲတစ်မှတ်ထက်ပိုမရသေးတဲ့ မန်ယူက ၃၈ ပွဲကစားပြီး ၃၈ မှတ်ဆိုရင် တန်းဆင်းသွားရနိုင်ပါတယ်။

ဆက်စပ်သတင်းများ

အာဆင်နယ်ကို အနိုင်ရမယ့် နည်းလမ်း
Football News

အာဆင်နယ်ကို အနိုင်ရမယ့် နည်းလမ်း

ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ခဲ့တဲ့ အာဆင်နယ်အသင်းဟာ 3-1-6 ကစားဟန်အသစ်ကို စမ်းသပ်နေပေမဲ့ ဘရိုက်တန်ရဲ့ High Intensity ကစားဟန်အောက်မှာ ဂိုးပြတ်ရှုံးနိမ့်ခဲ့ရတဲ့ နည်းဗျူဟာ သုံးသပ်ချက်။

လီဗာပူးလ်ရဲ့တိုက်စစ်ဒုက္ခ
Football News

လီဗာပူးလ်ရဲ့တိုက်စစ်ဒုက္ခ

ဘဏ္ဍာရေးအရှုပ်အထွေးကြောင့် ဖိအားဝင်နေတဲ့ မန်စီးတီးအသင်းနဲ့ အီဆက်ခ်၊ ဂတ်ပိုတို့ ဒဏ်ရာရနေလို့ တိုက်စစ်ပိုင်း ပြဿနာတက်နေတဲ့ နည်းပြ အီရာအိုလာရဲ့ လီဗာပူးလ်တို့ ရင်ဆိုင်ရမယ့် ပွဲကြိုသုံးသပ်ချက်။

လက်ရွေးစင်အသင်းအတွက် ကစားပေးရင်း ဒဏ်ရာရရင် လျော်ကြေးဘယ်လောက်ရလဲ ?
Football News

လက်ရွေးစင်အသင်းအတွက် ကစားပေးရင်း ဒဏ်ရာရရင် လျော်ကြေးဘယ်လောက်ရလဲ ?

နိုင်ငံတကာပွဲစဉ်တွေကြောင့် ကစားသမားတွေ ဒဏ်ရာရရှိမှု များပြားလာတဲ့ ပြဿနာနဲ့ ဖီဖာ (FIFA) ဆီကနေ ကလပ်အသင်းတွေ လျော်ကြေးတောင်းခံနိုင်မယ့် အခွင့်အရေးများအကြောင်း သုံးသပ်ချက်။

နောက်ထပ် သတင်းများ

ဟာရီကိန်းကို အင်္ဂလန်နဲ့အတူ ချန်ပီယံဖြစ်စေချင်တယ်
Players News

ဟာရီကိန်းကို အင်္ဂလန်နဲ့အတူ ချန်ပီယံဖြစ်စေချင်တယ်

အင်္ဂလန်အသင်းသမိုင်းတစ်လျှောက် ပွဲအများဆုံး စံချိန်နဲ့ သွင်းဂိုးအများဆုံး စံချိန်တွေကို ပိုင်ဆိုင်ထားပြီး အင်္ဂလန်နဲ့အတူ ဆုဖလားတစ်ခု ထိုက်ထိုက်တန်တန် ရသင့်နေပြီဖြစ်တဲ့ ဟာရီကိန်းအကြောင်း။

ပတ်ဒရီရဲ့အရင်ကဇာတ်လမ်းလေး (၂)
Players News

ပတ်ဒရီရဲ့အရင်ကဇာတ်လမ်းလေး (၂)

ဘာစီလိုနာ လေ့ကျင့်ရေးကွင်းကို ပထမဆုံးရောက်ချိန် မက်ဆီရဲ့ နွေးထွေးစွာ ကြိုဆိုမှု၊ ရော်နယ်ကိုးမန်းရဲ့ ယုံကြည်မှုတို့နဲ့အတူ ငယ်ဘဝအိပ်မက်တွေ အကောင်အထည်ပေါ်လာခဲ့တဲ့ ပတ်ဒရီရဲ့ စိတ်ဝင်စားဖွယ် ဇာတ်ကြောင်း အပိုင်း (၂)။

စီရော်နယ်လ်ဒို ပြန်လာခွင့်ရှိပါတယ်
Players News

စီရော်နယ်လ်ဒို ပြန်လာခွင့်ရှိပါတယ်

ပွဲကစားခွင့်မရလို့ အသင်းကနေ ထွက်ခွာသွားတဲ့ စီရော်နယ်လ်ဒိုကို ပြန်လာဖို့ တံခါးဖွင့်ထားဆဲဖြစ်ပေမဲ့ ပွဲထွက်ခွင့်ကိုတော့ အာမခံမှာမဟုတ်ဘူးလို့ ပြောဆိုလိုက်တဲ့ ပေါ်တူဂီနည်းပြ ဂျီးဆပ်ရဲ့ သဘောထားမှတ်ချက်။

မန်ယူက ဖာဂူဆန်ရဲ့အသက်ရှည်ဆေး
Football News

မန်ယူက ဖာဂူဆန်ရဲ့အသက်ရှည်ဆေး

ဦးနှောက်သွေးကြောပေါက်တဲ့ ကျန်းမာရေးအကျပ်အတည်းကနေ ရုန်းထွက်နိုင်ခဲ့ပြီး မန်ယူအသင်းကို အသက်ရှည်ဆေးတစ်ခွက်လို မှီဝဲနေတဲ့ ဂန္ထဝင်နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန်ရဲ့ စိတ်လှုပ်ရှားဖွယ်ရာ ဇာတ်ကြောင်း။

ေ-သ-န-တ် ပြောင်းဝရှေ့က ရူအီပင်တို
Football News

ေ-သ-န-တ် ပြောင်းဝရှေ့က ရူအီပင်တို

မန်စီးတီးနဲ့ ထိပ်သီးကလပ်အသင်းတွေရဲ့ ဘဏ္ဍာရေးအရှုပ်အထွေးတွေကို ဖွင့်ချခဲ့ပေမဲ့ ပေါ်တူဂီအစိုးရရဲ့ သက်သေအဖြစ် အကာအကွယ်ပေးမှု ရုပ်သိမ်းခံလိုက်ရလို့ အသက်အန္တရာယ် စိုးရိမ်နေရတဲ့ ဟက်ကာ ရူအီပင်တို (Rui Pinto) အကြောင်း။

Doctor Messi
Players News

Doctor Messi

အာဂျင်တီးနားရဲ့ နာတာရှည်ရောဂါကို ကုသပေးခဲ့ပြီး ဘောလုံးပညာရပ်မှာ ခွဲစိတ်ဆရာဝန်တစ်ဦးလို တိကျသပ်ရပ်လွန်းတဲ့အတွက် ဗျူနိုအေရိစ်တက္ကသိုလ်ကနေ ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ ချီးမြှင့်ခံရမယ့် Doctor Messi အကြောင်း။

တရားဝင်ချန်နယ်များ:

ONEX2 banner