Football News

မက်ဒရစ်မြေမှာ မိုက်ကယ်ကာရစ် အရှက်ကွဲဦးမလား

မက်ဒရစ်မြေမှာ မိုက်ကယ်ကာရစ် အရှက်ကွဲဦးမလား

မန်ယူအသင်းရဲ့ ကွင်းလယ်အားနည်းချက်နဲ့ အက်သလက်တီကိုရဲ့ မာကျောတဲ့ ၄-၄-၂ ကစားကွက်တို့ ထိပ်တိုက်တွေ့နေပြီး နည်းပြ မိုက်ကယ်ကာရစ်အတွက် နောက်ဆုံးပွဲ ဖြစ်လာနိုင်တဲ့ ချန်ပီယံလိဂ် ပွဲကြိုသုံးသပ်ချက်။

မိုက်ကယ်ကာရစ်ဖိအားကာလကို ပိုပြီးဆိုးရွားစေနိုင်မယ့် ပွဲတစ်ပွဲက ရောက်လာပြန်ပြီ။

အက်သလက်တီကိုနဲ့ ချန်ပီယံလိဂ်ပွဲပါ။

ချန်ပီယံလိဂ်သမိုင်းတစ်လျှောက် စပိန်အသင်းတွေနဲ့ ရင်ဆိုင်ရတိုင်းမန်ယူရလဒ်ကောင်းထားပါတယ်။

လာလီဂါအသင်းတွေနဲ့ ၁၁ ပွဲမှာ ၇ ပွဲနိုင်၊ ၃ ပွဲသရေကျပြီး တစ်ပွဲသာရှုံးခဲ့တာပါ။

ဒါပေမဲ့ လက်ရှိအချိန်မှာ မန်ယူအတွက် အက်သလက်တီကိုအသင်းဟာ မြင့်မားတောင်တန်းပါ။

အက်သလက်တီကိုရဲ့ ဖိအားပေးကစားပုံနဲ့ မန်ယူရဲ့ တန်ပြန်တိုက်စစ်ကစားပုံ ဘယ်အရာက  အသာစီးရယူနိုင်မလဲ။

မန်ယူ မျှော်လင့်ရမှာက တန်ပြန်တိုက်စစ်ကနေရမယ့် အခွင့်အရေးတွေပါ။

အဲဒီဗျူဟာအတွက် မန်ယူကအန္တရာယ်ပေးနိုင်တဲ့ ကစားသမားတွေ ပိုင်ဆိုင်ထားပါတယ်။

ဆီမြွန်နီရဲ့အက်သလက်တီကိုက ဘောလုံးပိုင်ဆိုင်ထားချိန်မှာ တိုက်စစ်ကို ဖြေးဖြေးမှန်မှန် ထိထိရောက်ရောက် တည်ဆောက်ပါတယ်။

ဘောလုံးဆုံးရှုံးချိန်မှာ မာဂုဏ်မြင့်မြင့်နဲ့ ပြိုင်ဘက်ကို နေရာလွတ်မပေးဘဲ ပိတ်ဆို့ကစားတာဖြစ်ပါတယ်။

အက်သလက်တီကိုရဲ့ (၄-၄-၂) ကစားကွက်မှာ အလယ်တန်းကစားသမားလေးယောက်ကို  Solid ဖြစ်အောင်ထားပါတယ်။

အဲဒီလိုကစားပုံကြောင့် မန်ယူတိုက်စစ်ရဲ့အဓိကအသက်သွေးကြော ဘရူနိုဖာနန်ဒက်စ် အခက်အခဲရှိလာမှာပါ။

ဘရူနိုဖာနန်ဒက်စ် လှုပ်မရအောင် ထိန်းချုပ်ဖိအားပေးနိုင်ရင် မန်ယူရဲ့ တိုက်စစ်တည်ဆောက်မှု ပျက်သွားနိုင်ပါတယ်။

မန်ယူက အက်သလက်တီကိုကို ဘောလုံးပိုင်ဆိုင်မှုချင်း ယှဉ်ပြိုင်တာထက် ဘောလုံးပြန်ရချိန်မှာ တန်ပြန် တိုက်စစ်ဆင်တာက ပိုထိရောက်ပါလိမ့်မယ်။

ဘရူနိုဖာနန်ဒက်စ်ရဲ့တောင်ပံတိုက်စစ်ပေးပို့မှုတွေက အဓိကဖြစ်လာနိုင်ပါတယ်။

ဒါပေမဲ့ မန်ယူရဲ့ အဓိကအားနည်းချက်က ကွင်းလယ်မာဂုဏ်သံပတ်လျော့နေတာပါ။

ဟန်ချက်မညီဘဲ နေရာလွတ်တွေပေးရသလို၊ တစ်ဉီးချင်းထိန်းချုပ်တာလည်းညံ့ပါတယ်။

အက်သလက်တီကိုတိုက်စစ်မှာ အယ်လ်ဗာရက်ဇ်၊ ဂျိုနသန်ဒေးဗစ်၊ ဘာအီနာတို့က အားနည်းချက်များစွာနဲ့ မန်ယူခံစစ်ကို ဂိုးသွင်းနိုင်ဖို့မခက်ပါဘူး။

ဒီတော့ မက်ဒရစ်မြေမှာ မိုက်ကယ်ကာရစ် အရှက်ထပ်ကွဲဖို့များနေပါတယ်။

မိုက်ကယ်ကာရစ်ရဲ့မန်ယူနည်းပြဘဝနောက်ဆုံးပွဲ ဖြစ်လာနိုင်ပါတယ်။

ဆက်စပ်သတင်းများ

အန်ဖီးလ်မှာ လီဗာပူးလ်က လွယ်လွန်းအားကြီးတယ်
Football News

အန်ဖီးလ်မှာ လီဗာပူးလ်က လွယ်လွန်းအားကြီးတယ်

အီရာအိုလာလက်ထက်မှာ ရလဒ်တွေ ဆိုးရွားလာပြီး ပြိုင်ဘက်တွေ ဖိမ့်ဖိမ့်တုန်ခဲ့ရတဲ့ အန်ဖီးလ်ကွင်းရဲ့ အရှိန်အဝါ ဘယ်လိုကျဆင်းလာသလဲဆိုတဲ့ လီဗာပူးလ်အသင်း သုံးသပ်ချက်။

လှောင်ရယ်သံတွေကို နိုင်ပွဲနဲ့ တိတ်ဆိတ်စေတဲ့မန်စီးတီး
Football News

လှောင်ရယ်သံတွေကို နိုင်ပွဲနဲ့ တိတ်ဆိတ်စေတဲ့မန်စီးတီး

ဘဏ္ဍာရေးအရှုပ်အထွေးတွေကြောင့် လီဗာပူးလ်ပရိသတ်တွေရဲ့ ပြင်းပြင်းထန်ထန် လှောင်ပြောင်မှုတွေကို ခံခဲ့ရပေမဲ့ အန်ဖီးလ်ကွင်းမှာ အကောင်းဆုံး တုံ့ပြန်အနိုင်ယူပြခဲ့တဲ့ မန်စီးတီးအသင်းရဲ့ ပွဲစဉ်သုံးသပ်ချက်။

မော်ရင်ဟိုက လုပ်ချလိုက်ပြန်ပြီ
Football News

မော်ရင်ဟိုက လုပ်ချလိုက်ပြန်ပြီ

ဗင်နီစီယက်စ်ရဲ့ သွင်းဂိုးကို ပယ်ဖျက်ပြီး အနီကတ်ပြခဲ့တဲ့ ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်ကို မကျေနပ်လို့ သတင်းစာရှင်းလင်းပွဲ မတက်ဘဲ ဆန္ဒပြခဲ့တဲ့ ရီးယဲလ်နည်းပြ မော်ရင်ဟိုအကြောင်း။

နောက်ထပ် သတင်းများ

ဆာကာက ဘာလို့ဒီရာသီမှာ ညံ့သွားတာလဲ
Players News

ဆာကာက ဘာလို့ဒီရာသီမှာ ညံ့သွားတာလဲ

အာတီတာရဲ့ Safety First ကစားဟန်နဲ့ ပရိသတ်တွေရဲ့ မျှော်လင့်ချက် ကြီးမားမှုတွေကြားမှာ ရပ်ရှ်ဖို့ဒ်လို ခြေစွမ်းကျသွားမလား စိုးရိမ်ခံနေရတဲ့ အာဆင်နယ်ကြယ်ပွင့် ဆာကာရဲ့ အခြေအနေ သုံးသပ်ချက်။

၃၈ ပွဲကစား ၃၈ မှတ်ဆိုရင် တန်းဆင်းရလိမ့်မယ် မန်ယူ
Football News

၃၈ ပွဲကစား ၃၈ မှတ်ဆိုရင် တန်းဆင်းရလိမ့်မယ် မန်ယူ

ယာယီနည်းပြဘဝကနေ အမြဲတမ်းနည်းပြဖြစ်လာပြီးနောက် ဖာဂူဆန်ခေတ်လွန် အဆိုးရွားဆုံး ရာသီအစမှတ်တမ်းနဲ့အတူ ရာထူးပြုတ်နိုင်တဲ့ ဖိအားတွေကြားက တန်းဆင်းအန္တရာယ်ရှိနေတဲ့ မိုက်ကယ်ကာရစ်ရဲ့ မန်ယူအသင်း သုံးသပ်ချက်။

အာဆင်နယ်ကို အနိုင်ရမယ့် နည်းလမ်း
Football News

အာဆင်နယ်ကို အနိုင်ရမယ့် နည်းလမ်း

ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ခဲ့တဲ့ အာဆင်နယ်အသင်းဟာ 3-1-6 ကစားဟန်အသစ်ကို စမ်းသပ်နေပေမဲ့ ဘရိုက်တန်ရဲ့ High Intensity ကစားဟန်အောက်မှာ ဂိုးပြတ်ရှုံးနိမ့်ခဲ့ရတဲ့ နည်းဗျူဟာ သုံးသပ်ချက်။

လီဗာပူးလ်ရဲ့တိုက်စစ်ဒုက္ခ
Football News

လီဗာပူးလ်ရဲ့တိုက်စစ်ဒုက္ခ

ဘဏ္ဍာရေးအရှုပ်အထွေးကြောင့် ဖိအားဝင်နေတဲ့ မန်စီးတီးအသင်းနဲ့ အီဆက်ခ်၊ ဂတ်ပိုတို့ ဒဏ်ရာရနေလို့ တိုက်စစ်ပိုင်း ပြဿနာတက်နေတဲ့ နည်းပြ အီရာအိုလာရဲ့ လီဗာပူးလ်တို့ ရင်ဆိုင်ရမယ့် ပွဲကြိုသုံးသပ်ချက်။

ဟာရီကိန်းကို အင်္ဂလန်နဲ့အတူ ချန်ပီယံဖြစ်စေချင်တယ်
Players News

ဟာရီကိန်းကို အင်္ဂလန်နဲ့အတူ ချန်ပီယံဖြစ်စေချင်တယ်

အင်္ဂလန်အသင်းသမိုင်းတစ်လျှောက် ပွဲအများဆုံး စံချိန်နဲ့ သွင်းဂိုးအများဆုံး စံချိန်တွေကို ပိုင်ဆိုင်ထားပြီး အင်္ဂလန်နဲ့အတူ ဆုဖလားတစ်ခု ထိုက်ထိုက်တန်တန် ရသင့်နေပြီဖြစ်တဲ့ ဟာရီကိန်းအကြောင်း။

လက်ရွေးစင်အသင်းအတွက် ကစားပေးရင်း ဒဏ်ရာရရင် လျော်ကြေးဘယ်လောက်ရလဲ ?
Football News

လက်ရွေးစင်အသင်းအတွက် ကစားပေးရင်း ဒဏ်ရာရရင် လျော်ကြေးဘယ်လောက်ရလဲ ?

နိုင်ငံတကာပွဲစဉ်တွေကြောင့် ကစားသမားတွေ ဒဏ်ရာရရှိမှု များပြားလာတဲ့ ပြဿနာနဲ့ ဖီဖာ (FIFA) ဆီကနေ ကလပ်အသင်းတွေ လျော်ကြေးတောင်းခံနိုင်မယ့် အခွင့်အရေးများအကြောင်း သုံးသပ်ချက်။

တရားဝင်ချန်နယ်များ:

ONEX2 banner