မစ္စတာဝင်းဂါးနဲ့ ဖီဖာဥက္ကဌရာထူး
နာမည်ပျက်နေတဲ့ အင်ဖန်တီနိုကို စိန်ခေါ်ပြီး ဖီဖာဥက္ကဌအသစ် ဖြစ်လာနိုင်ခြေရှိနေတဲ့ အာဆင်နယ် ဂန္ထဝင်နည်းပြကြီး အာစင်ဝင်းဂါးရဲ့ အခြေအနေနဲ့ အလားအလာ သုံးသပ်ချက်။
ရလဒ်ဆိုးတွေနဲ့ ရုန်းကန်နေရတဲ့ မန်ယူနဲ့ စပါး၊ ဘဏ္ဍာရေးအရှုပ်အထွေးကြောင့် ပြစ်ဒဏ်စောင့်နေရတဲ့ မန်စီးတီးတို့ရဲ့ အခြေအနေတွေကြောင့် အဆုံးသတ်သွားနိုင်တဲ့ ပရီးမီးယားလိဂ် Big Six ခေတ်အကြောင်း သုံးသပ်ချက်။
ပရီးမီးယားလိဂ်မှာ Big Six Era ကို နှစ်ကာလများစွာ မြင်ခဲ့ရတယ်။
နည်းပြပိုချက်တီနိုနဲ့အတူ စပါးအသင်း အင်အားကြီးမားလာချိန်မှာ အာဆင်နယ်၊ ချယ်လ်ဆီး၊ လီဗာပူးလ်၊ မန်ယူ၊ မန်စီးတီးတို့နဲ့အတူ ပရီးမီးယားလိဂ် Big Six Era စတင်ခဲ့တာပါ။
လက်ရှိအချိန်မှာ ပရီးမီးယားလိဂ် Big Six အသင်းတွေထဲ မန်ယူနဲ့ စပါးက အိမ်နိမ့်စံဖြစ်နေလို့ Big Six Era အဆုံးသတ်ပြီဆိုပြီး ယူဆသူတွေရှိပါတယ်။
မန်ယူနဲ့ စပါးအသင်းတို့ရဲ့နေရာတွေကို ဗီလာ၊ ဘရိုက်တန်၊ ဘရန့်ဖို့ဒ်အသင်းတွေက ခြိမ်းခြောက်ခဲ့လို့လည်း အဲဒီယူဆချက်ဟာ အမှန်တရားလို ဖြစ်လာတာပါ။
Big Six Era ကို ပျက်စီးစေမယ့် နောက်ထပ်အချက်က မန်စီးတီးရဲ့ဘဏ္ဍာရေးအရှုပ်အထွေးပါ။
မန်စီးတီးသာ တန်းဆင်းပြစ်ဒဏ် ကျခံရတဲ့အထိ ကြီးကြီးမားမား အရေးယူခံရမယ်ဆိုရင် ပရီးမီးယားလိဂ် Big Six Era အဆုံးသတ်ပါပြီ။
စွမ်းဆောင်ရည်အင်အားအရ Big Six နယ်မြေထဲ ဗီလာ၊ ဘရိုက်တန်၊ ဘရန့်ဖို့ဒ်အသင်းတွေ တိုးဝင်လာပေမယ့် ဘဏ္ဍာရေးအင်အားအရတော့
မန်ယူ၊ မန်စီးတီး၊ အာဆင်နယ်၊ စပါး၊ လီဗာပူးလ်၊ ချယ်လ်ဆီးအသင်းတွေကို မယှဉ်နိုင်သေးပါဘူး။
အဲဒီအသင်းတွေက ဝင်ငွေအကောင်းဆုံးအသင်း ၁၀ သင်းစာရင်းဝင်နေဆဲပါ။
ပြီးခဲ့တဲ့ ဆယ်စုနှစ်တစ်ခုအတွင်းမှာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို လက်စတာက ဒဏ္ဍာရီဆန်ဆန် ပိုင်ဆိုင်ခဲ့တာကလွဲလို့
Big Six အသင်းစာရင်းဝင်တွေပဲ ချန်ပီယံဖြစ်ခဲ့ပါတယ်။ ၂၀၁၀-၁၁ ရာသီကနေ ၂၀၁၈-၁၉ ရာသီအတွင်းမှာ
Big Six အသင်းတွေက ပရီးမီးယားလိဂ်အမှတ်ပေးဇယား အဆင့် ၁ ကနေ ၆ အတွင်းနေရာကို ငါးရာသီအထိ သိမ်းပိုက်နိုင်ခဲ့ပါတယ်။
ဒါပေမဲ့ အဲဒီကာလနောက်ပိုင်း ၆ ရာသီမှာတော့ Big Six အသင်းတွေ ပရီးမီးယားလိဂ်အမှတ်ပေးဇယား အဆင့် ၆ အတွင်းဝင်တာ တစ်ရာသီပဲရှိခဲ့တယ်။
စပါးက တန်းမဆင်းရအောင် ရုန်းကန်နေရပြီး မန်ယူကလည်း ခေတ်ပျက်လို့မဆုံးနိုင်လို့ Big Six Era ဟာ အပြောင်းအလဲ ဖြစ်လာတာပါ။
ပြီးခဲ့တဲ့ ၆ ရာသီအတွင်းမှာ မန်စီးတီးရဲ့ပရီးမီးယားလိဂ် Average Position က အဆင့် ၂ ၊ လီဗာပူးလ်နဲ့ အာဆင်နယ်က Average Position အဆင့် ၃၊
မန်ယူနဲ့ ချယ်လ်ဆီးက Average Position အဆင့် ၆ ၊ စပါးက Average Position အဆင့် ၁၀ ဖြစ်ခဲ့ပါတယ်။
Big Six အသင်းတွေရဲ့အင်အားလျော့သွားရတဲ့ အကြောင်းရင်းတစ်ခုက နယူးကာဆယ်ကို ဆော်ဒီစော်ဘွားတွေပိုင်ဆိုင်ခဲ့တာပါ။
ဆော်ဒီတွေပိုင်ဆိုင်ပြီးနောက် ပရီးမီးယားလိဂ်က Big Seven ဖြစ်လာနိုင်တယ်လို့ ထင်ကြေးပေးခဲ့ကြတယ်။
ဒါပေမဲ့ နယူးကာဆယ်က ငွေကြေးသုံးစွဲမှုကို တစ်ရာသီပြီးတစ်ရာသီ ကန့်သတ်လာလို့ Big Seven Era ဖြစ်မလာခဲ့ဘူး။
ဒါပေမဲ့ နယူးကာဆယ်က ဗီလာ၊ ဘရိုက်တန်၊ ဘရန့်ဖို့ဒ်အသင်းတွေလို Big Six အသင်းတွေအတွက် မဟာရန်သူဖြစ်ခဲ့ပါတယ်။
ဘရိုက်တန်အသင်း ကတော့ နယူးကာဆယ်လို ငွေလမ်းမခင်းနိုင်ပေမယ့် Data နဲ့ Scouting ကို အသုံးချပြီး ပါရမီရှင်အသစ်တွေရှာဖွေနိုင်ခဲ့ပါတယ်။
ကိုင်စီဒို၊ ကူကူရယ်လာ၊ မက်အယ်လစ်စတာတို့ကို တန်ဖိုးနည်းနည်းနဲ့ သိမ်းပိုက်ပြီး စံချိန်တင်ရောင်းချခဲ့တယ်။
ဘရိုက်တန်က Player Trading အသင်းအဖြစ် ထင်ရှားလာပြီး ပရီးမီးယားလိဂ်ဖျက်မြင်းဘဝရောက်လာပါတယ်။
ချယ်လ်ဆီး၊ စပါးနဲ့ မန်ယူတို့ရဲ့နည်းပြအပြောင်းအလဲ များတာကလည်း Big Six Era ကို အင်အားနည်းစေတယ်။
၂၀၂၀-၂၁ ရာသီနောက်ပိုင်းမှာ ချယ်လ်ဆီးက နည်းပြ ၇ ဦး၊ စပါးက နည်းပြ ၆ ဦး၊ မန်ယူက နည်းပြ ၅ ဦးအထိအပြောင်းအလဲဖြစ်ပြီး မတည်ငြိမ်ခဲ့ပါဘူး။
ပရီးမီးယားလိဂ်အစ ၁၉၉၂ ခုနှစ်မှာ အာဆင်နယ်၊ အဲဗာတန်၊ လီဗာပူးလ်၊ မန်ယူ၊ စပါးဆိုပြီး 'Big Five' ခေတ် ရှိခဲ့ဖူးတယ်။
အဲဒီနောက် ၁၉၉၄ ခုနှစ်ကနေ ၂၀၀၀ ပြည့်နှစ်ကျော်အစပိုင်းကာလတွေအထိ မန်ယူနဲ့အာဆင်နယ် နှစ်သင်းတည်းကြီးစိုးတဲ့ Big Two ခေတ်မြင်ခဲ့ရတယ်။
အဲဒီနောက် မန်ယူနဲ့အာဆင်နယ် Big Two ခေတ်ကနေ ချယ်လ်ဆီးနဲ့ လီဗာပူးလ်ပါဝင်တဲ့ Big Four ခေတ်၊ ရောက်လာတယ်။
၂၀၁၀-၁၁ ရာသီမှာတော့ Big Six ခေတ်ရောက်ခဲ့တာပါ။ ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ Big Six အသင်းတွေရဲ့
အရှိန်အဝါကျဆင်းလာပြီး ခေတ်အပြောင်းအလဲဖြစ်လာမလားစောင့်ကြည့်ရမယ်။
နာမည်ပျက်နေတဲ့ အင်ဖန်တီနိုကို စိန်ခေါ်ပြီး ဖီဖာဥက္ကဌအသစ် ဖြစ်လာနိုင်ခြေရှိနေတဲ့ အာဆင်နယ် ဂန္ထဝင်နည်းပြကြီး အာစင်ဝင်းဂါးရဲ့ အခြေအနေနဲ့ အလားအလာ သုံးသပ်ချက်။
အက်သလက်တီကိုနဲ့ ပွဲအပြီး မန်ယူဘုတ်အဖွဲ့ကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့မိတဲ့အတွက် နည်းပြ ကာရစ်၊ ဘုတ်အဖွဲ့ဝင်တွေနဲ့ ဆွေးနွေးအပြီးမှာ လူမှုကွန်ရက်ကနေ ပြန်လည်တောင်းပန်ခဲ့ရတဲ့ မာတီနက်ဇ်ရဲ့ အခြေအနေ သုံးသပ်ချက်။
နည်းပြဟောင်း အာမိုရင်မ်လိုပဲ အားကစားဒါရိုက်တာ ဝီလ်ကော့ဇ်ကို ဒဲ့ဖြဲဝေဖန်လိုက်တဲ့ နောက်ခံလူ မာတီနက်ဇ်နဲ့ ပဲပြုတ်ဖိုးပဲရှိပြီး ဒံပေါက်စားချင်နေတဲ့ မန်ယူဘုတ်အဖွဲ့ရဲ့ စီမံခန့်ခွဲမှု အားနည်းချက်များအကြောင်း သုံးသပ်ချက်။
ခြေစွမ်းကျဆင်းမှု၊ အချစ်ရေးကံခေမှုတွေနဲ့အတူ ဆံပင်ဆွဲလို့ ၄ ပွဲပယ်ခံရတာကြောင့် အယ်လ်ကလက်စီကို (El Clasico) လွဲချော်မယ့် ရီးယဲလ်တိုက်စစ်မှူး ဗင်နီစီယက်စ်ရဲ့ ရှုပ်ထွေးနေတဲ့ အခြေအနေများအကြောင်း သုံးသပ်ချက်။
လက်ရှိရာသီ ပရီးမီးယားလိဂ်မှာ စန်းပွင့်လာတဲ့ လူစားဝင်ကစားသမားတွေအကြောင်းနဲ့ ၁၉၉၉ ချန်ပီယံလိဂ်ဖိုင်နယ်ကို ပြောင်းလဲပစ်ခဲ့တဲ့ မန်ယူအသင်းရဲ့ ဂန္ထဝင် Super Sub ဆိုးလ်ရှားအကြောင်း လွမ်းမောဖွယ်ရာ သုံးသပ်ချက်။
ဒဏ်ရာနတ်ဆိုးရဲ့ ထပ်တလဲလဲ နှိပ်စက်မှုကို ခံနေရပေမဲ့ ချယ်လ်ဆီးအသင်းအပေါ် သစ္စာရှိရှိနဲ့ အစွမ်းကုန် ပေးဆပ်ချင်နေတဲ့ အသင်းခေါင်းဆောင် ရစ္စဂျိမ်းစ်ရဲ့ စိတ်လှုပ်ရှားဖွယ် ဖြတ်သန်းမှု သမိုင်းကြောင်း။
လူးဝစ်အင်းနရစ်လက်အောက်မှာ ငွေကြေးထက် နည်းစနစ်ပိုင်းနဲ့ လူငယ်စီမံကိန်းကို အားပြုလာပြီး မန်စီးတီးကို ဂိုးပြတ်အနိုင်ယူကာ ချန်ပီယံလိဂ် ၃ နှစ်ဆက်ဗိုလ်စွဲဖို့ ပစ်မှတ်ထားလာတဲ့ PSG အသင်းရဲ့ ခြေစွမ်းသုံးသပ်ချက်။
ခြေစွမ်းကျနေတယ်ဆိုတဲ့ ဝေဖန်မှုတွေကို လိုင်လီနဲ့ ချန်ပီယံလိဂ်ပွဲမှာ သွင်းဂိုး၊ ဂိုးဖန်တီးမှုတွေနဲ့ အကောင်းဆုံး တုံ့ပြန်လိုက်ပြီး တစ်ပွဲကို အနည်းဆုံး ၂ ဂိုးသွင်းပြမယ်လို့ ကြွေးကြော်လိုက်တဲ့ အာဆင်နယ်ကြယ်ပွင့် ဆာကာအကြောင်း။
မန်စီးတီးအသင်းရဲ့ ငွေကြေးမသမာမှုတွေကြောင့် ၂၀၀၉ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အတွင်း ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ ဆုကြေးငွေ ပေါင်သန်း ၁၂၀ နီးပါး အများဆုံး နစ်နာဆုံးရှုံးခဲ့ရတဲ့ စပါးအသင်းအကြောင်း သုံးသပ်ချက်။
