မိုက်ကယ်ကာရစ်ရဲ့ Failed Gamble
နည်းစနစ်ကို ဝေဖန်ခဲ့တဲ့ ဘရူနိုဖာနန်ဒက်စ်ကို ပွဲထွက်စာရင်းကနေ ဖယ်ရှားခဲ့ပေမဲ့ ဘုန်းမောက်ကို ဂိုးပြတ်ရှုံးနိမ့်ပြီး (၈) ပွဲဆက် နိုင်ပွဲပျောက်ခဲ့တဲ့ မန်ယူနည်းပြ မိုက်ကယ်ကာရစ်ရဲ့ ကျရှုံးသွားတဲ့ စွန့်စားခန်း။
လူးဝစ်အင်းနရစ်လက်အောက်မှာ ငွေကြေးထက် နည်းစနစ်ပိုင်းနဲ့ လူငယ်စီမံကိန်းကို အားပြုလာပြီး မန်စီးတီးကို ဂိုးပြတ်အနိုင်ယူကာ ချန်ပီယံလိဂ် ၃ နှစ်ဆက်ဗိုလ်စွဲဖို့ ပစ်မှတ်ထားလာတဲ့ PSG အသင်းရဲ့ ခြေစွမ်းသုံးသပ်ချက်။
ချန်ပီယံလိဂ်ဆိုရင် PSG ရဲ့စွမ်းအင်က ထက်မြက်လွန်းပါတယ်။ မန်စီးတီးကို ခပ်လွယ်လွယ် အနိုင်ယူပြလိုက်တာက PSG ရဲ့ပါဝါကိုမြင်သာစေတယ်။
တစ်ချိန်တုန်းက ရီးယဲလ်လိုမျိုး ချန်ပီယံလိဂ်ဘုရင်ဆိုတဲ့ဂုဏ်ပုဒ်က PSG နဲ့ လက်တကမ်းအကွာရောက်လာပြီ။
ချန်ပီယံလိဂ်အောင်ပွဲဆိုတာ PSG အသင်း သမိုင်းနဲ့ချီအောင်စောင့်ဆိုင်းခဲ့ရတဲ့ အောင်ပွဲပါ။
အဲဒီအောင်ပွဲကို နည်းပြ လူးဝစ်အင်းနရစ်နဲ့အတူ PSG က သရုပ်ဖော်ခဲ့တယ်။
၂၀၂၅ ခုနှစ်မှာ အင်တာမီလန်ကို ငါးဂိုးဂိုးမရှိ၊ ၂၀၂၆ ခုနှစ်မှာ အာဆင်နယ်ကို ပယ်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ယူကျော်ဖြတ်ပြီး
PSG က သူတို့ရဲ့ချန်ပီယံလိဂ်ခေတ်ကိုစတင်ခဲ့တာပါ။
အခုဆိုရင် PSG က ချန်ပီယံလိဂ်သမိုင်းတစ်လျှောက် သုံးရာသီဆက်ဖလားရတဲ့ ဒုတိယမြောက်အသင်း ဖြစ်လာဖို့မျှော်လင့်ချက်အားကောင်းနေတယ်။
ချန်ပီယံလိဂ်ခေတ်မှာ သုံးရာသီဆက်ချန်ပီယံဖြစ်ဖူးတာ ရီးယဲလ်တစ်သင်းပဲရှိခဲ့ဖူးတယ်။
ချန်ပီယံလိဂ်မတိုင်ခင်ဉရောပဖလားပြိုင်ပွဲခေတ်မှာလည်း သုံးရာသီဆက်ချန်ပီယံဖြစ်တာ သုံးသင်းပဲရှိခဲ့တာပါ။
PSG က လက်ရှိရာသီအစမှာ မတည်ငြိမ်ခဲ့ပေမယ့် ချန်ပီယံလိဂ်ရောက်တဲ့အခါ ေ-သွ-း- ဆာနေတဲ့ ဒရက်ကူလာတစ်ကောင်လို ဖြစ်ခဲ့တယ်။
PSG ရဲ့ပေါက်ကွဲအားအပြည့်နဲ့ Press လုပ်ပြီး ကစားဟန်က မန်စီးတီးကို ရက်ရက်စက်စက် အနိုင်ယူပြခဲ့တယ်။
ပြိုင်ဘက်တိုင်းတုန်လှုပ်စေမယ့်ကစားပုံပါ။
လက်ရှိရာသီမှာ ရာနှုန်းပြည့်နိုင်ပွဲတွေနဲ့ ထည်ဝါနေတဲ့ မန်စီးတီးလိုအသင်းကို အဝေးကွင်းဂိုးပြတ်အောင်ပွဲ
ယူပြပြီးနောက် PSG က ရပ်တန့်မရအသင်းဖြစ်လာတယ်။
လွန်ခဲ့တဲ့ ၁၅ နှစ်က PSG ကိုစတင်ပိုင်ဆိုင်ခဲ့ပြီးနောက် ကာတာတွေက ငွေလမ်းခင်းခဲ့ပါတယ်။ သူတို့ရဲ့အင်ပါယာကို ငွေလမ်းခင်းပြီးတည်ဆောက်ခဲ့တာပါ။
လူးဝစ်အင်းနရစ်ရောက်လာပြီးနောက် PSG က လူငယ်စီမံကိန်းအောင်မြင်ခဲ့ပြီး ငွေကြေးထက် မူဝါဒနဲ့ နည်းစနစ်ပိုင်းဦးစားပေးခဲ့တယ်။
အဲဒီအပြောင်းအလဲနဲ့အတူ PSG က ဂန္ထဝင်တွင်တဲ့ဆုဖလားအောင်ပွဲတွေအပြင် ဘောလုံးအားကစားနည်းရဲ့အဓိက အနှစ်သာရ၊
လှပတဲ့ ဂိမ်းတစ်ခုကို ဖျော်ဖြေရေးဆန်ဆန် သရုပ်ဖော်ခဲ့ပါတယ်။
PSG က Next Level ကိုရောက်နေပါပြီ။ သုံးရာသီဆက်ချန်ပီယံလိဂ်ဖလားအောင်ပွဲက PSG အတွက်သိပ်ပြီးမခက်ပါဘူး။
နည်းစနစ်ကို ဝေဖန်ခဲ့တဲ့ ဘရူနိုဖာနန်ဒက်စ်ကို ပွဲထွက်စာရင်းကနေ ဖယ်ရှားခဲ့ပေမဲ့ ဘုန်းမောက်ကို ဂိုးပြတ်ရှုံးနိမ့်ပြီး (၈) ပွဲဆက် နိုင်ပွဲပျောက်ခဲ့တဲ့ မန်ယူနည်းပြ မိုက်ကယ်ကာရစ်ရဲ့ ကျရှုံးသွားတဲ့ စွန့်စားခန်း။
ရာထူးကနေ ထုတ်ပယ်ခံရတော့မယ့် မိုက်ကယ်ကာရစ်နေရာမှာ အစားထိုးဖို့ နည်းပြသစ် ရှာဖွေနေတဲ့ မန်ယူအသင်းရဲ့ အခြေအနေနဲ့ ချယ်လ်ဆီး၊ လီဗာပူးလ်တို့အပါအဝင် စောင့်ကြိုနေတဲ့ ပွဲကျပ်ငရဲခန်းအကြောင်း သုံးသပ်ချက်။
ဘာပေရဲ့ သွင်းဂိုးတွေနဲ့အတူ အယ်လ်ကလက်စီကို (El Clasico) မှာ ဘာစီလိုနာကို အနိုင်ယူပြီးနောက် နူးကမ့်ကွင်းထဲမှာ နာမည်ကျော် Knee Slide နဲ့ အောင်ပွဲခံကာ လာလီဂါချန်ပီယံဆုကို စိန်ခေါ်လိုက်တဲ့ မော်ရင်ဟိုရဲ့ ရီးယဲလ်အသင်း သုံးသပ်ချက်။
၂၀၂၆ ကမ္ဘာ့ဖလားနဲ့ ချန်ပီယံလိဂ်ကို ရယူထားတဲ့ ယမားလ်၊ စံချိန်တင်ဂိုးတွေ သွင်းယူထားတဲ့ ဟာရီကိန်း၊ မက်ဆီ၊ ဘာပေနဲ့ PSG ကြယ်ပွင့် ကွာရတ်စကယ်လီယာတို့ အပြိုင်ဖြစ်နေတဲ့ Ballon d'Or ဆုရှင် ခန့်မှန်းသုံးသပ်ချက်။
မန်ယူအသင်းနဲ့ သရေကျပြီးနောက်ပိုင်း ယုံကြည်မှုတွေ ပြန်လည်မြင့်တက်လာကာ ချယ်လ်ဆီးကိုပါ အနိုင်ယူပြီး လမ်းကြောင်းမှန်ပေါ် ပြန်ရောက်လာတဲ့ ဒီဇာဘီရဲ့ စပါးအသင်းအကြောင်း သုံးသပ်ချက်။
ဘာစီလိုနာရဲ့ လွှမ်းမိုးမှုကို ရပ်တန့်ဖို့ ရီးယဲလ်နည်းပြအဖြစ် ပြန်ရောက်လာတဲ့ မော်ရင်ဟို၊ ယမားလ်ရဲ့ တုံ့ပြန်မှုနဲ့ ဗင်နီစီယက်စ် လွဲချော်မယ့် El Clasico ပွဲကြိုသုံးသပ်ချက်။
ဘုန်းမောက်ကို ဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီးနောက် ဖန်တီးမှုကင်းမဲ့နေတဲ့ ကွင်းလယ်၊ စိတ်ဓာတ်ကျဆင်းနေတဲ့ ကစားသမားတွေနဲ့အတူ နလံထူဖို့ ခက်ခဲနေတဲ့ နည်းပြ မိုက်ကယ်ကာရစ်ရဲ့ မန်ယူအသင်းအကြောင်း ပြင်းပြင်းထန်ထန် သုံးသပ်ချက်။

ဗင်နီစီယက်စ် ပွဲပယ်ခံထားရလို့ El Clasico လွဲချော်မယ့်အချိန်မှာ ဘာပေ၊ ဘယ်လင်ဟမ်၊ အန်ဒရစ်တို့နဲ့အတူ ရီးယဲလ်တိုက်စစ်မှာ အံဝင်ခွင်ကျ ခြေစွမ်းပြနေတဲ့ ဒီယိုမန်ဒီနဲ့ မော်ရင်ဟိုရဲ့ နည်းစနစ်ပိုင်း သုံးသပ်ချက်။
