Players News

El Clasico မကစားရတဲ့ ဗင်နီစီယက်စ်အတု

El Clasico မကစားရတဲ့ ဗင်နီစီယက်စ်အတု

ခြေစွမ်းကျဆင်းမှု၊ အချစ်ရေးကံခေမှုတွေနဲ့အတူ ဆံပင်ဆွဲလို့ ၄ ပွဲပယ်ခံရတာကြောင့် အယ်လ်ကလက်စီကို (El Clasico) လွဲချော်မယ့် ရီးယဲလ်တိုက်စစ်မှူး ဗင်နီစီယက်စ်ရဲ့ ရှုပ်ထွေးနေတဲ့ အခြေအနေများအကြောင်း သုံးသပ်ချက်။

လက်ရှိအချိန်မှာ ဗင်နီစီယက်စ်ရဲ့ ဘဝက ရှုပ်ရှုပ်ထွေးထွေးနိုင်လွန်းပါတယ်။

တချို့ကလည်းပြောကြတယ်၊ အခုမြင်နေရတာ ဗင်နီစီယက်စ် အစစ်မဟုတ်ဘူး၊ အတုကြီးဆိုပဲ၊

V Shape မျက်နှာကြီးဖြစ်အောင် ခွဲစိတ်တဲ့အချိန်မှာ ဗင်နီစီယက်စ်က ခန္ဓာကိုယ်ပါလဲခံလိုက်ရတယ်ဆိုပြီး ကောလာဟလ ထွက်ခဲ့တာပါ။

ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ ကာလက ဗင်နီစီယက်စ် အတွက် ကိစ္စ သိပ်များခဲ့ပါတယ်။ ၂၀၂၆ ကမ္ဘာ့ဖလားမှာ အောင်ပွဲမရလို့ ဗင်နီစီယက်စ် စိတ်လေခဲ့တယ်။

ပြီးတော့ ရီးယဲလ်အသင်းနဲ့ စာချုပ်သစ်ကိစ္စ အဆင်မပြေဖြစ်ခဲ့တယ်။ အာဆင်နယ်ကို ရောက်မလို ဖြစ်ခဲ့တယ်။

အခုလည်း ဗင်နီစီယက်စ်က ဆံပင်ဆွဲလို့ လေးပွဲပယ်ခံလိုက်ရတယ်။ တကယ်ဆိုရင် အဲဒီ ဗီလာရီးယဲလ်နဲ့ပွဲမှာ ဗင်နီစီယက်စ်က အရန်လူဖြစ်ခဲ့တာပါ။

ပြီးခဲ့တဲ့ဧပြီလနောက်ပိုင်းပထမဆုံးအကြိမ်အဖြစ် ဗင်နီစီယက်စ် အရန်ခံထိုင်ခဲ့ရတာပါ။ မော်ရင်ဟိုက ဗင်နီစီယက်စ် မသုံးဘဲ ဒီယိုမန်ဒီကို ယုံကြည်ခဲ့တာပါ။

လက်ရှိရာသီမှာ ရီးယဲလ်ပရိသတ်တချို့က ဗင်နီစီယက်စ်ကို မကြည်ဖြူဘဲ လှောင်ပြောင်နေကြပါတယ်။ မော်ရင်ဟိုကတော့ ဗင်နီစီယက်စ်ဘက်ကနေ ရပ်တည်ပေးခဲ့ပါတယ်။

" ဗင်နီက အမြဲတမ်းကြိုးစားနေပြီး အကောင်းဆုံး ဖြစ်ချင်သူပါ။ အခုထက်ပိုပြီးကောင်းမွန်စွာ ဆက်ဆံခံရသင့်ပါတယ်" လို့ မော်ရင်ဟိုပြောခဲ့တယ်။

ဗီလာရီးယဲလ်နဲ့ပွဲတုန်းက ၅၂ မိနစ်မှာလူစားဝင်လာပြီး ဗင်နီစီယက်စ်ဂိုးတစ်ဂိုးသွင်းနိုင်ခဲ့ပါတယ်။

ဒါပေမဲ့ ကံဆိုးစွာပဲ ဂိုးမရတဲ့အပြင် ဗီလာရီးယဲလ်က နာသန်ဆာလီဘာကို ဆံပင်ဆွဲတယ်ဆိုပြီး ဗင်နီစီယက်စ် ထုတ်ပယ်ခံလိုက်ရပါတယ်။

ဗင်နီစီယက်စ်က လာလီဂါအဖွဲ့ချုပ်က သူ့ကို ကြည့်မရလို့ လေးပွဲပယ်ခဲ့တယ်ဆိုပြီး ယူဆနေတယ်။

" နောက်ဆုံးအကြိမ်  လေးပွဲဲပယ် ခံရတဲ့ ကစားသမားကဘယ်သူလဲဆိုတာ မမှတ်မိတော့ဘူး" လို့ ပြောပြီးသူပြစ်ဒဏ်က ပြင်းထန်လွန်းတဲ့အကြောင်း ဝေဖန်ခဲ့တယ်။

ဆံပင်ဆွဲလို့ အနီကတ်ပြခံရတာအတွက် ဗင်နီစီယက်စ် လက်ခံပေမယ့် ဒိုင်ကိုရိုင်းပြတဲ့စကားတစ်ခွန်း မပြောပေမယ့် လေးပွဲပယ်ခံရလို့ စိတ်ပျက်နေတာပါ။

ဗင်နီစီယက်စ်အတွက် နောက်ထပ်စိတ်ပျက်စရာက ရီးယဲလ်အတွက် ၆ ပွဲဆက် ဂိုးမသွင်းနိုင်တာပါ။

ပြီးတော့ ဗင်နီစီယက်စ်ကအသည်းကွဲရောဂါ ခံစားနေရပါတယ်။

ဘရာဇီးလ်-အမေရိကန်ကပြား ရုပ်သံအစီအစဉ် တင်ဆက်သူ ဗာဂျီးနီးယားဖွန်ဆီကာနဲ့ ဗင်နီစီယက်စ် ပြတ်စဲခဲ့တာပါ။

ရိုးမားကို အနိုင်ရတဲ့ပွဲမှာ  ဗင်နီစီယက်စ်က အစွမ်းပြခဲ့ပါတယ်။ အဲဒီပွဲအပြီးမှာဗင်နီစီယက်စ်က " အခုအချိန်မှာ ကျွန်တော်က အကောင်းဆုံးပုံစံ မဟုတ်ပါဘူး။

ကျွန်တော့်အတွက် ဆိုးရွားတဲ့ အခိုက်အတန့်တွေ၊ ဝေဖန်သံတွေရှိနေချိန်မှာလည်း ရီးယဲလ်အတွက်အမြဲတမ်းရပ်တည်ပေးခဲ့ပါတယ်။

မကြာခင်မှာ ပုံစံကောင်းပြန်ရပြီး ဂိုးတွေသွင်းနိုင်မယ်လို့ သံသယမရှိယုံကြည်ပါတယ်" ဆိုပြီးပြောခဲ့တယ်။

ဘယ်လိုပဲဖြစ်ဖြစ်၊ ဗင်နီစီယက်စ်ရဲ့လတ်တလော အခြေအနေက စိတ်ရှုပ်စရာတွေများပါတယ်။

အဲဒီကာလကနေ ဗင်နီစီယက်စ် လွတ်မြောက်ချင်နေပြီ။

Related News

Super Sub တွေ စန်းပွင့်လာတဲ့ ပရီးမီးယားလိဂ်နဲ့ လွမ်းစရာ Super Sub တစ်ဦးအကြောင်း
Players News

Super Sub တွေ စန်းပွင့်လာတဲ့ ပရီးမီးယားလိဂ်နဲ့ လွမ်းစရာ Super Sub တစ်ဦးအကြောင်း

လက်ရှိရာသီ ပရီးမီးယားလိဂ်မှာ စန်းပွင့်လာတဲ့ လူစားဝင်ကစားသမားတွေအကြောင်းနဲ့ ၁၉၉၉ ချန်ပီယံလိဂ်ဖိုင်နယ်ကို ပြောင်းလဲပစ်ခဲ့တဲ့ မန်ယူအသင်းရဲ့ ဂန္ထဝင် Super Sub ဆိုးလ်ရှားအကြောင်း လွမ်းမောဖွယ်ရာ သုံးသပ်ချက်။

Read more
ဒဏ်ရာရ ခေါင်းဆောင်တစ်ဦး
Players News

ဒဏ်ရာရ ခေါင်းဆောင်တစ်ဦး

ဒဏ်ရာနတ်ဆိုးရဲ့ ထပ်တလဲလဲ နှိပ်စက်မှုကို ခံနေရပေမဲ့ ချယ်လ်ဆီးအသင်းအပေါ် သစ္စာရှိရှိနဲ့ အစွမ်းကုန် ပေးဆပ်ချင်နေတဲ့ အသင်းခေါင်းဆောင် ရစ္စဂျိမ်းစ်ရဲ့ စိတ်လှုပ်ရှားဖွယ် ဖြတ်သန်းမှု သမိုင်းကြောင်း။

Read more
တစ်ပွဲကို နှစ်ဂိုးအနည်းဆုံး သွင်းပြမယ် (ဆာကာ)
Players News

တစ်ပွဲကို နှစ်ဂိုးအနည်းဆုံး သွင်းပြမယ် (ဆာကာ)

ခြေစွမ်းကျနေတယ်ဆိုတဲ့ ဝေဖန်မှုတွေကို လိုင်လီနဲ့ ချန်ပီယံလိဂ်ပွဲမှာ သွင်းဂိုး၊ ဂိုးဖန်တီးမှုတွေနဲ့ အကောင်းဆုံး တုံ့ပြန်လိုက်ပြီး တစ်ပွဲကို အနည်းဆုံး ၂ ဂိုးသွင်းပြမယ်လို့ ကြွေးကြော်လိုက်တဲ့ အာဆင်နယ်ကြယ်ပွင့် ဆာကာအကြောင်း။

Read more

More News

မစ္စတာဝင်းဂါးနဲ့ ဖီဖာဥက္ကဌရာထူး
Football News

မစ္စတာဝင်းဂါးနဲ့ ဖီဖာဥက္ကဌရာထူး

နာမည်ပျက်နေတဲ့ အင်ဖန်တီနိုကို စိန်ခေါ်ပြီး ဖီဖာဥက္ကဌအသစ် ဖြစ်လာနိုင်ခြေရှိနေတဲ့ အာဆင်နယ် ဂန္ထဝင်နည်းပြကြီး အာစင်ဝင်းဂါးရဲ့ အခြေအနေနဲ့ အလားအလာ သုံးသပ်ချက်။

Read more
မာတီနက်ဇ် ပြန်တောင်းပန်ရပြီ
Football News

မာတီနက်ဇ် ပြန်တောင်းပန်ရပြီ

အက်သလက်တီကိုနဲ့ ပွဲအပြီး မန်ယူဘုတ်အဖွဲ့ကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့မိတဲ့အတွက် နည်းပြ ကာရစ်၊ ဘုတ်အဖွဲ့ဝင်တွေနဲ့ ဆွေးနွေးအပြီးမှာ လူမှုကွန်ရက်ကနေ ပြန်လည်တောင်းပန်ခဲ့ရတဲ့ မာတီနက်ဇ်ရဲ့ အခြေအနေ သုံးသပ်ချက်။

Read more
ပဲပြုတ်ဖိုးပဲ ရှိတဲ့လူက ဒံပေါက်စားချင်လို့မရဘူး
Football News

ပဲပြုတ်ဖိုးပဲ ရှိတဲ့လူက ဒံပေါက်စားချင်လို့မရဘူး

နည်းပြဟောင်း အာမိုရင်မ်လိုပဲ အားကစားဒါရိုက်တာ ဝီလ်ကော့ဇ်ကို ဒဲ့ဖြဲဝေဖန်လိုက်တဲ့ နောက်ခံလူ မာတီနက်ဇ်နဲ့ ပဲပြုတ်ဖိုးပဲရှိပြီး ဒံပေါက်စားချင်နေတဲ့ မန်ယူဘုတ်အဖွဲ့ရဲ့ စီမံခန့်ခွဲမှု အားနည်းချက်များအကြောင်း သုံးသပ်ချက်။

Read more
PSG က Next Level ကိုရောက်နေပြီ
Football News

PSG က Next Level ကိုရောက်နေပြီ

လူးဝစ်အင်းနရစ်လက်အောက်မှာ ငွေကြေးထက် နည်းစနစ်ပိုင်းနဲ့ လူငယ်စီမံကိန်းကို အားပြုလာပြီး မန်စီးတီးကို ဂိုးပြတ်အနိုင်ယူကာ ချန်ပီယံလိဂ် ၃ နှစ်ဆက်ဗိုလ်စွဲဖို့ ပစ်မှတ်ထားလာတဲ့ PSG အသင်းရဲ့ ခြေစွမ်းသုံးသပ်ချက်။

Read more
မန်စီးတီးညစ်လို့ ပေါင်သန်း ၁၂၀ နစ်နာခဲ့တဲ့ စပါး
Football News

မန်စီးတီးညစ်လို့ ပေါင်သန်း ၁၂၀ နစ်နာခဲ့တဲ့ စပါး

မန်စီးတီးအသင်းရဲ့ ငွေကြေးမသမာမှုတွေကြောင့် ၂၀၀၉ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အတွင်း ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ ဆုကြေးငွေ ပေါင်သန်း ၁၂၀ နီးပါး အများဆုံး နစ်နာဆုံးရှုံးခဲ့ရတဲ့ စပါးအသင်းအကြောင်း သုံးသပ်ချက်။

Read more
ဒီယေဂိုကော်စတာလို တိုက်စစ်မှူး | ဒရော့ဘာလိုတိုက်စစ်မှူး
Players News

ဒီယေဂိုကော်စတာလို တိုက်စစ်မှူး | ဒရော့ဘာလိုတိုက်စစ်မှူး

ဒရော့ဘာနောက်ပိုင်း ၁၆ နှစ်ကြာ ဝေးကွာနေတဲ့ ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုကို ချယ်လ်ဆီးအသင်းဆီ ပြန်လည်ယူဆောင်ပေးဖို့ မျှော်လင့်ခံနေရတဲ့ တိုက်စစ်မှူး ယော်အိုပတ်ဒရိုရဲ့ ခြေစွမ်းသုံးသပ်ချက်။

Read more

Official Channels

ONEX2 banner