Ballon d'Or ဆု ဘယ်သူရမလဲ?
၂၀၂၆ ကမ္ဘာ့ဖလားနဲ့ ချန်ပီယံလိဂ်ကို ရယူထားတဲ့ ယမားလ်၊ စံချိန်တင်ဂိုးတွေ သွင်းယူထားတဲ့ ဟာရီကိန်း၊ မက်ဆီ၊ ဘာပေနဲ့ PSG ကြယ်ပွင့် ကွာရတ်စကယ်လီယာတို့ အပြိုင်ဖြစ်နေတဲ့ Ballon d'Or ဆုရှင် ခန့်မှန်းသုံးသပ်ချက်။
အက်သလက်တီကိုကို ရှုံးနိမ့်ပြီးနောက် အသင်းရဲ့ အင်အားနည်းပါးမှုနဲ့ ဘုတ်အဖွဲ့ရဲ့ ရင်းနှီးမြှုပ်နှံမှု အားနည်းချက်တွေကို ပွင့်ပွင့်လင်းလင်း ဝေဖန်လိုက်တဲ့ မန်ယူနောက်ခံလူ မာတီနက်ဇ်ရဲ့ ပြောကြားချက်။
" စုတ်ပြတ်သတ်နေတာပဲ၊ တကယ့်ကိုစုတ်ပြတ်သတ်နေတာပဲ၊ ကျွန်တော့်စိတ်ကိုထိန်းပေမယ့် လက်ရှိမန်ယူရဲ့ အခြေအနေကြောင့်
ဘယ်လိုမှထိန်းချုပ်မရနိုင်ပါဘူး။ ပြီးခဲ့တဲ့ရာသီမှာ မန်ယူအသင်းက သိပ်ပြီးကောင်းမွန်ခဲ့ပါတယ်။
လက်ရှိရာသီမှာတော့ ကျွန်တော်တို့အသင်းက အခုလိုချန်ပီယံလိဂ်ပွဲမျိုးမှာ ယှဉ်ပြိုင်ဖို့အတွက် ကစားသမားမလုံလောက်ပါဘူး။
တခြားအသင်းတွေက ကစားသမားအများကြီး ခေါ် ပြီး အားဖြည့်ပေမယ့် မန်ယူကမလုပ်နိုင်ခဲ့ဘူး။
ကျွန်တော်တို့အသင်း ရင်းနှီးမြှုပ်နှံမှုတွေလုပ်ရပါမယ်။ နည်းစနစ်ဒါရိုက်တာ ဝီလ်ကော့ဇ်ဆီကနေ
အများကြီးမျှော်လင့်မိပါတယ်။ ကစားသမားတွေဘက်ကလည်းလိုအပ်ချက်ရှိပေမယ့် ချန်ပီယံလိဂ်မှာ
အဆင့်အတန်းရှိရှိကစားနိုင်အောင် အင်အားတောင့်တဲ့အသင်းတစ်သင်းလိုအပ်ပါတယ်။
လက်ရှိမန်ယူအသင်းက လိုအပ်ချက်တွေများပြီး နေရာစုံအားနည်းနေတာပါ။ လက်ရှိရလဒ်အတွက် ကျွန်တော်စိတ်ပျက်ဒေါသထွက်မိတယ်။
ကျွန်တော်တို့အသင်းက ရလဒ်ကောင်းစေဖို့ဘာမှမလုပ်ခဲ့ပါဘူး။ အက်သလက်တီကိုက အသင်းကောင်းဖြစ်ပြီး နိုင်ပွဲနဲ့ ထိုက်တန်လွန်းပါတယ်"
ဒီစကားက မန်ယူနောက်ခံလူ မာတီနက်ဇ် ပြောခဲ့တာပါ။
မာတီနက်ဇ်က ကစားသမားကောင်းတွေ လုံလုံလောက် လောက်အားမဖြည့်ပေးတဲ့ အသင်းဘုတ်အဖွဲ့ကို အပြစ်တင်ခဲ့ပါတယ်။
မာတီနက်ဇ်ပြောသလိုမျိုး၊ မန်ယူအသင်းက ကစားသမားကောင်းတွေ မခေါ်ပေးလို့ လက်ရှိအချိန်မှာရလဒ်ဆိုးနေတာလား။
၂၀၂၆ ကမ္ဘာ့ဖလားနဲ့ ချန်ပီယံလိဂ်ကို ရယူထားတဲ့ ယမားလ်၊ စံချိန်တင်ဂိုးတွေ သွင်းယူထားတဲ့ ဟာရီကိန်း၊ မက်ဆီ၊ ဘာပေနဲ့ PSG ကြယ်ပွင့် ကွာရတ်စကယ်လီယာတို့ အပြိုင်ဖြစ်နေတဲ့ Ballon d'Or ဆုရှင် ခန့်မှန်းသုံးသပ်ချက်။
ကိုမိုအသင်းကို အရှက်တကွဲ ရှုံးနိမ့်ပြီးနောက် နည်းပြ မိုက်ကယ်ကာရစ်ရဲ့ နည်းဗျူဟာကို ဝေဖန်ခဲ့တဲ့ အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်နဲ့ သူတို့နှစ်ဦးကြားက စိတ်ဝမ်းကွဲမှုပြဿနာများအကြောင်း သုံးသပ်ချက်။
နည်းစနစ်ကို ဝေဖန်ခဲ့တဲ့ ဘရူနိုဖာနန်ဒက်စ်ကို ပွဲထွက်စာရင်းကနေ ဖယ်ရှားခဲ့ပေမဲ့ ဘုန်းမောက်ကို ဂိုးပြတ်ရှုံးနိမ့်ပြီး (၈) ပွဲဆက် နိုင်ပွဲပျောက်ခဲ့တဲ့ မန်ယူနည်းပြ မိုက်ကယ်ကာရစ်ရဲ့ ကျရှုံးသွားတဲ့ စွန့်စားခန်း။
ရာထူးကနေ ထုတ်ပယ်ခံရတော့မယ့် မိုက်ကယ်ကာရစ်နေရာမှာ အစားထိုးဖို့ နည်းပြသစ် ရှာဖွေနေတဲ့ မန်ယူအသင်းရဲ့ အခြေအနေနဲ့ ချယ်လ်ဆီး၊ လီဗာပူးလ်တို့အပါအဝင် စောင့်ကြိုနေတဲ့ ပွဲကျပ်ငရဲခန်းအကြောင်း သုံးသပ်ချက်။
ဘာပေရဲ့ သွင်းဂိုးတွေနဲ့အတူ အယ်လ်ကလက်စီကို (El Clasico) မှာ ဘာစီလိုနာကို အနိုင်ယူပြီးနောက် နူးကမ့်ကွင်းထဲမှာ နာမည်ကျော် Knee Slide နဲ့ အောင်ပွဲခံကာ လာလီဂါချန်ပီယံဆုကို စိန်ခေါ်လိုက်တဲ့ မော်ရင်ဟိုရဲ့ ရီးယဲလ်အသင်း သုံးသပ်ချက်။
မန်ယူအသင်းနဲ့ သရေကျပြီးနောက်ပိုင်း ယုံကြည်မှုတွေ ပြန်လည်မြင့်တက်လာကာ ချယ်လ်ဆီးကိုပါ အနိုင်ယူပြီး လမ်းကြောင်းမှန်ပေါ် ပြန်ရောက်လာတဲ့ ဒီဇာဘီရဲ့ စပါးအသင်းအကြောင်း သုံးသပ်ချက်။
ဘာစီလိုနာရဲ့ လွှမ်းမိုးမှုကို ရပ်တန့်ဖို့ ရီးယဲလ်နည်းပြအဖြစ် ပြန်ရောက်လာတဲ့ မော်ရင်ဟို၊ ယမားလ်ရဲ့ တုံ့ပြန်မှုနဲ့ ဗင်နီစီယက်စ် လွဲချော်မယ့် El Clasico ပွဲကြိုသုံးသပ်ချက်။
ဘုန်းမောက်ကို ဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီးနောက် ဖန်တီးမှုကင်းမဲ့နေတဲ့ ကွင်းလယ်၊ စိတ်ဓာတ်ကျဆင်းနေတဲ့ ကစားသမားတွေနဲ့အတူ နလံထူဖို့ ခက်ခဲနေတဲ့ နည်းပြ မိုက်ကယ်ကာရစ်ရဲ့ မန်ယူအသင်းအကြောင်း ပြင်းပြင်းထန်ထန် သုံးသပ်ချက်။
