Post Messi Era
မက်ဆီ အနားယူသွားပြီးနောက်ပိုင်း (Post-Messi Era) ပထမဆုံးပွဲစဉ်အဖြစ် ဘိုလစ်ဗီးယားကို လေးဂိုးပြတ် အနိုင်ရခဲ့ပြီး ပရိသတ်တွေရဲ့ စိုးရိမ်စိတ်ကို လျော့ပါးစေခဲ့တဲ့ အာဂျင်တီးနားအသင်းရဲ့ ခြေစွမ်းသုံးသပ်ချက်။
အသက် ၄၀ ကျော်အရွယ်ရောက်လာပေမဲ့ ကိုယ့်ကိုယ်ကိုယ် သိနားလည်မှု (Self-understanding) အားနည်းပြီး အတ္တကြီးလွန်းတဲ့ စီရော်နယ်လ်ဒိုရဲ့ ရင့်ကျက်မှုမရှိတဲ့ လုပ်ရပ်တွေအပေါ် ဝေဖန်သုံးသပ်ချက်။
ငယ်ငယ်က English ဆရာတစ်ယောက်က ပြောဖူးတယ်။ ဆယ်ကျော်သက်ဘဝမှာ Self-control က သိပ်ပြီးအရေးကြီးတယ်ဆိုတာပါ။
ဆယ်ကျော်သက်အရွယ်မှာ ကိုယ့်စိတ်ကို၊ ကိုယ့်ကိုယ်ကို မထိန်းချုပ်နိုင်ရင် ဒုက္ခများနိုင်ပါတယ်။
အရွယ်ရောက်လာတဲ့အခါ၊ အထူးသဖြင့် အသက်သုံးဆယ်ကျော် လေးဆယ်အရွယ်ရောက်လာရင် Self-understanding က သိပ်ပြီးအရေးကြီးတယ်။
ကိုယ့်ကိုယ်ကိုသိနားလည်ခြင်း၊ ကိုယ့်နေရမယ့်နေရာ သိနားလည်ခြင်းပေါ့လေ။
အသက်လေးဆယ်ကျော် စီရော်နယ်လ်ဒိုက Self-understanding အားနည်းနေတယ်။ သူ့ကိုယ်သူ လုပ်တိုင်းဖြစ်ဉီးမယ်ထင်နေတယ်။
သူ့ရဲ့ဖြစ်ချင်လွန်းစိတ်မီးတောင်က ချော်ရည်ပူတွေဟာ သူ့ကိုယ်သာမကဘဲ တစ်ပါးသူကိုပါပူလောင်စေတယ်။
ဒီလိုနဲ့ပဲ သူ့ရဲ့ဒဏ္ဍာရီဆန်ဆန် ခမ်းနားမှုဟာ လူမလေးခွေးမခန့်ဖြစ်လာခဲ့တယ်။
လူဆိုတာ အသက်အရွယ်အလိုက်ရင့်ကျက်ရတယ်။ အဲဒီထဲမှာ စီရော်နယ်လ်ဒိုမပါဘူး ထင်ပါရဲ့။
သူ့ကြည့်ရတာ အောင်ပွဲဆာလောင်စိတ်ပြင်းထန်တာနဲ့ မတူဘဲ အတ္တကြီးလို့မဆုံးနိုင်တဲ့ အာဏာရှင်လို ဖြစ်လာတယ်။
ကမ္ဘာ့ဖလားမရသေးလို့ လေးဆယ်ကျော်အရွယ်အထိ လက်ရွေးစင်အသင်းကနေ မနားနိုင်သေးဘူး။
စီရော်နယ်လ်ဒိုက ကမ္ဘာ့ဖလားရတဲ့မက်ဆီကို တိုက်ခိုက်တာ ရယ်စရာပါ။
လာလီဂါထက် ဆော်ဒီလိဂ်က ဂိုးသွင်းရတာ ပိုခက်တယ်လို့ပြောဖူးတာကလည်း Idiot ဆန်ပါတယ်။
စီရော်နယ်လ်ဒိုက ကိုယ့်ရဲ့ဂန္ထဝင်ဆန်မှုကို တန်ဖိုးမထားဘဲ အာရှချန်ပီယံလိဂ် ၂ ဖလားမရလို့ မျက်ရည်ချောင်းစီး ပြတယ်။
ဒုတိယဆုလက်မခံချင်လောက်တဲ့အထိ ဖြစ်ခဲ့ဖူးပါတယ်။ ဆော်ဒီလိဂ်မှာ သူရဲကောင်းဖြစ်ရတာ ဂုဏ်ယူမဆုံးဖြစ်နေခဲ့တယ်။
မိသားစုမှာ၊ လုပ်ငန်းခွင်ထဲမှာ၊ လူမှုဆက်ဆံရေးနယ်ပယ်မှာ ကိုယ့်ကိုယ်ကို သိနားလည်မှု (Self-understanding) နဲ့ ရှင်သန်နေရပါတယ်။
စီရော်နယ်လ်ဒိုကတော့ ပွဲမကစားရလို့ စိတ်ကောက်တယ်။ အသင်းကနေနုတ်ထွက်တယ်။ ကိုယ့်ကိုယ်ကိုအမှန်အတိုင်း မမြင်နိုင်သေးဘူး။
မက်ဆီ အနားယူသွားပြီးနောက်ပိုင်း (Post-Messi Era) ပထမဆုံးပွဲစဉ်အဖြစ် ဘိုလစ်ဗီးယားကို လေးဂိုးပြတ် အနိုင်ရခဲ့ပြီး ပရိသတ်တွေရဲ့ စိုးရိမ်စိတ်ကို လျော့ပါးစေခဲ့တဲ့ အာဂျင်တီးနားအသင်းရဲ့ ခြေစွမ်းသုံးသပ်ချက်။
အာဆင်နယ်အသင်းရဲ့ ချန်ပီယံအိပ်မက်ကို ဝေးကွာစေခဲ့တဲ့ အမှားကနေတစ်ဆင့် အာတီတာရဲ့ ယုံကြည်မှုကို ဆုံးရှုံးခဲ့ရပြီး ဆောက်သမ်တန်၊ နယူးကာဆယ်တို့မှာပါ ဇာတာကျဆင်းနေတဲ့ ဂိုးသမား ရမ်စ်ဒေးလ်ရဲ့ အကြောင်း။
စားသောက်ဆိုင်လေးမှာ ကြီးပြင်းခဲ့ရတဲ့ ဘာစီလိုနာကစားသမား ပတ်ဒရီရဲ့ ငယ်ဘဝ၊ အဘိုးဖြစ်သူရဲ့ ဘာစီလိုနာကို ချစ်မြတ်နိုးမှုနဲ့ ရီးယဲလ်မက်ဒရစ်မှာ အစမ်းသပ်ခံရင်း ရှုံးနိမ့်ခဲ့ရတဲ့ ဇာတ်ကြောင်းများ။
ရလဒ်ဆိုးတွေနဲ့ ရုန်းကန်နေရတဲ့ မိုက်ကယ်ကာရစ်ရဲ့ မန်ယူနဲ့ အမှတ်ပေးဇယားအောက်ဆုံးက ဒီဇာဘီရဲ့ စပါးအသင်းတို့ ထိပ်တိုက်တွေ့ဆုံနေပြီး ရှုံးတဲ့သူ ရာထူးပြုတ်နိုင်တဲ့အထိ ဖိအားများနေတဲ့ ပွဲစဉ်သုံးသပ်ချက်။
နာမည်ကျော် ကစားသမားတွေကို ပစ်ပယ်ပြီး လူငယ်ကစားသမားတွေအပေါ် ယုံကြည်မှုနဲ့အတူ စပိန်အသင်းကို ယူရို ၂၀၂၄ နဲ့ ၂၀၂၆ ကမ္ဘာ့ဖလား ချန်ပီယံဖြစ်အောင် စွမ်းဆောင်ပေးခဲ့တဲ့ နည်းပြ လူးဝစ်ဒီလာဖွန်တေအကြောင်း။
ဘဏ္ဍာရေးစည်းမျဉ်း ချိုးဖောက်မှု (၁၁၅) ချက်စလုံးကို ကျူးလွန်ခဲ့ကြောင်း ပရီးမီးယားလိဂ်က စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် အဝီစိထိုးဆင်းရတော့မယ့် မန်စီးတီးရဲ့ စပွန်ဆာလိမ်လည်မှုများနဲ့ အယူခံဝင်မယ့် လုပ်ငန်းစဉ်များအကြောင်း။
နည်းပြ ဒေးရွှမ့်စ်နေရာမှာ အစားဝင်လာပြီးနောက် တူရကီနဲ့ ဘယ်လ်ဂျီယံတို့ကို အနိုင်ယူကာ ပြင်သစ်အသင်းနဲ့အတူ နေးရှင်းလိဂ်မှာ အကောင်းဆုံး စတင်နိုင်ခဲ့တဲ့ နည်းပြသစ် ဇီဒန်းရဲ့ အကြောင်း သုံးသပ်ချက်။
ဂွာဒီယိုလာ မရှိတော့တဲ့နောက်ပိုင်း ပရီးမီးယားလိဂ်မှာ ဘောလုံးပိုင်ဆိုင်မှုအသားပေး ကစားဟန် (Possession Football) ကျရှုံးလာပြီး တန်ပြန်တိုက်စစ်နဲ့ လျင်မြန်တဲ့ အကူးအပြောင်းတွေက ပိုမိုအရေးပါလာကြောင်း နည်းဗျူဟာ သုံးသပ်ချက်။
Football Leaks ကနေတစ်ဆင့် ဘောလုံးလောကရဲ့ အမှောင်ဘက်ခြမ်းကို ဖွင့်ချခဲ့ပြီး မန်စီးတီးရဲ့ ဘဏ္ဍာရေး အရှုပ်အထွေး အမှု (၁၁၅) ခုကို စတင်မီးမွှေးခဲ့တဲ့ ပေါ်တူဂီ ဟက်ကာ ရူအီပင်တို (Rui Pinto) အကြောင်း။
