Football News

မန်ယူရဲ့ရွှေပြည်တော် မျှော်တိုင်းဝေး

မန်ယူရဲ့ရွှေပြည်တော် မျှော်တိုင်းဝေး

မန်ယူက တစ်ရာသီစာလက်မှတ်စျေးနှုန်းကို တစ်နှစ်ပြီးတစ်နှစ် ထပ်ခါထပ်ခါ စျေးတင်ထားခဲ့တယ်။ အရွယ်ရောက်ပြီးသူတွေရဲ့ လက်မှတ်စျေးနှုန်းက တစ်ပွဲပျမ်းမျှ ၂ ပေါင်နှုန်းလောက် မြင့်တက်ခဲ့တာပါ။ အခုလို လက်မှတ်စျေးနှုန်း မြှင့်တင်ရတာက အသင်းအတွက် ရင်းနှီးမြှုပ်နှံမှုနဲ့ မြင့်တက်လာတဲ့ ကုန်ကျစရိတ်တွေအတွက်ဆိုပြီး မန်ယူ အကြောင်းပြပါတယ်။

မန်ယူရဲ့ရွှေပြည်တော် မျှော်တိုင်းဝေး

အရင်တုန်းက နေ့ရက်တွေ ဘယ်တော့မှ  ပြန်မလာတော့ဘူး။ မန်ယူနဲ့ပတ်သက်ရင် အဲဒီစကားကအမှန်တရားပါ။

မန်ယူက ဘာအသွေးအသားဝိညာဉ်မှမရှိတော့ဘူး၊ စီးပွားရေး၊ ငွေကြေးနဲ့ လောဘပဲရှိတယ်။

လက်မှတ်စျေးတွေတစ်ရာသီပြီးတစ်ရာသီ တိုးတောင်းလို့အမာခံပရိသ-တ်တွေ  အသက်ရှူကျပ်ပြန်တယ်။

မန်ယူက တစ်ရာသီစာလက်မှတ်စျေးနှုန်းကို တစ်နှစ်ပြီးတစ်နှစ် ထပ်ခါထပ်ခါ စျေးတင်ထားခဲ့တယ်။

အရွယ်ရောက်ပြီးသူတွေရဲ့ လက်မှတ်စျေးနှုန်းက တစ်ပွဲပျမ်းမျှ ၂ ပေါင်နှုန်းလောက် မြင့်တက်ခဲ့တာပါ။

အခုလို လက်မှတ်စျေးနှုန်း မြှင့်တင်ရတာက အသင်းအတွက် ရင်းနှီးမြှုပ်နှံမှုနဲ့ မြင့်တက်လာတဲ့ ကုန်ကျစရိတ်တွေအတွက်ဆိုပြီး မန်ယူ အကြောင်းပြပါတယ်။

ပေါင်တစ်ဘီလီယံလောက် အကြွေးတင်နေတဲ့ မန်ယူက ကွင်းသစ်စီမံကိန်းစီစဉ်နေတာလည်း ကျိုးကြောင်းဆီလျော်မှု မရှိပါဘူး။

ဒါဟာ False Hope တစ်ခု၊ ဒါမှမဟုတ်၊ စီးပွားရေးလုပ်ကွက်လို့ တံဆိပ်ကပ်နိုင်တယ်။

အာဆင်နယ်လို၊ စပါးလို ကွင်းသစ်စီမံကိန်းကြောင့် ဆုဖလားအိပ်မက်တွေရဲ့အဝေး အချိန်အကြာကြီး ရောက်သွားသလိုမျိုး မန်ယူလည်းရင်ဆိုင်ရနိုင်တယ်။

ဝင်ငွေတွေကတော့ တိုးပြီးရင်းတိုးနေမှာပေါ့လေ။ အသင်းစံချိန်တင်ဝင်ငွေရဖို့ အဓိက၊ ဖလားမရလည်း အေးဆေး၊ ငွေရရင်ပြီးရောဆိုတဲ့

အချိုးကို မန်ယူအသင်း ထိပ်တန်းတာဝန်ရှိသူတွေ ချုိး နေပါတယ်။

မန်ယူအသင်းအမှုဆောင်ချုပ် အိုမာဘာရာဒါက ကွင်းအတွင်းအောင်မြင်မှုဉီးစားပေးမူဝါဒ ကျင့်သုံးနေတယ်ပြောပေမယ့် တကယ်မဟုတ်ပါဘူး။

၂၀၂၈ ခုနှစ်မှာ ပရီးမီးယားလိဂ်ဖလား ပြန်သိမ်းမယ်ဆိုတာကလည်း အလကားပါ။

မန်ယူကခေတ်ဆိုးတွေ အများကြီးကြုံခဲ့ဖူးတယ်။ ဒါပေမဲ့ခေတ်ဆိုးတိုင်းမှာ မန်ယူကိုကယ်တင်မယ့်

နည်းပြကောင်းတွေ၊ ကစားသမားကောင်းတွေရှိခဲ့တယ်။ အခုမန်ယူမှာက အဲဒီလိုအရာတွေမမြင်ရဘူး။

မန်ယူက ရေတိုကုစားမှုတွေ သိပ်များခဲ့တယ်။ Short-term boost ဆိုတဲ့စကားလုံးက အတော်လေး

ကြောက်စရာကောင်းတယ်။ မန်ယူအသင်းက အဲဒီလိုရေတိုကုစားမှများပြီး မန်ယူကနေ နလံမထူဖြစ်နေတာကြာပြီ။

နည်းပြပြောင်းလဲတာ short-term boost ဖြစ်ပြီး မန်ယူအတွက် အသင်းဖွဲ့စည်းမှုပြန်တည်ဆောက်တာ၊မန်ယူ DNA ပြန်လည်ပြုစုပျိုးထောင်တာကပိုအရေးကြီးပါတယ်။ ကစားသမားတစ်ဦးချင်းစွမ်းဆောင်ကောင်းတချို့ရှိပေမယ့် အစုအဖွဲ့လိုက်သန်မာလာအောင် နည်းပြရဲ့management နဲ့ training system က

သိပ်ပြီးအရေးကြီးတယ်။ အရေးကြီးဆုံးအရာက မန်ယူရဲ့DNA ကို ပြန်လည်ဖန်ဆင်းပေးဖို့ ဖြစ်ပါတယ်။

မန်ယူရဲ့DNA ဆိုတာ နောက်ဆုံးချိန်အထိ အရှုံးမပေးလိုတာပါ။ ပြိုင်ဘက်ကို  လွှမ်းမိုးပြီး

တိုက်စစ်ပြီးရင်းတိုက်စစ်ကစားတာပါ။ ပြိုင်ဘက်ကို Aggressive Style နဲ့ ဖိအားပေးတတ်တာပါ။

ဘာစီလိုနာက ဂွာဒီယိုလာမရှိတဲ့နောက် နည်းပြအမျိုးမျိုး ပြောင်းလဲပေမယ့် သူတို့ရဲ့ရိုးရာကို အပျက်မခံဘူး။ သူတို့ရဲ့DNA ကို အထိမခံဘူး။

မန်ယူကတော့ အဲဒီလိုမျိုးမဟုတ်ဘူး။ နည်းပြများစွာ အပြောင်းအလဲ ဖြစ်ပြီး အဲဒီနည်းပြတွေက

သူတို့ရဲ့ဟန်ကိုအတင်းအကြပ် သွပ်သွင်းခဲ့ပါတယ်။ မော်ရင်ဟိုလက်ထက်မှာ Bus ကားကွက်၊ ဗန်ဟားလ်နဲ့ ရန်းနစ်လက်ထက်မှာ ဘာမှန်းမသိ၊

မအောင်မြင်တဲ့ နည်းစနစ်တွေကြောင့် မန်ယူရဲ့DNA ပျက်စီးသွားတယ်။

မန်ယူက အသင်းတစ်သင်းအတွက်အရေးကြီးဆုံးအချက် တွေဖြစ်တဲ့ နည်းပြ၊ ကစားသမား၊ အသင်းစည်းလုံးမှု အကုန်လုံးဖရိုဖရဲဖြစ်ခဲ့တာပါ။

အရင်ခေတ်က ဖာဂီလို နည်းပြကောင်းဉှီးဆောင်ပြီး ကစားသမားတွေက တသွေးတသံတမိန့် လိုက်နာလို့ အသင်းလိုက်စုစည်းမှု သိပ်ပြီးကောင်းမွန်တယ်။

မန်ယူရဲ့DNA ကို ခံစားခွင့်ရခဲ့တယ်။ မန်ယူပရိသတ်တွေရဲ့လွမ်းမောဖွယ်ရာ အရင်ခေတ်ပါပဲ။

ချန်ပီယံစိတ်ဓာတ်ဆိုတာ ချန်ပီယံဖလားမရဖူးသူတွေဆီမှာမရှိပါဘူး။ လက်ရှိမန်ယူမှာ ပရီးမီးယားလိဂ်ဖလားရဖူးသူတစ်ယောက်မှမရှိလို့

ချန်ပီယံစိတ်ဓာတ် မရှိတာမဆန်းဘူး။ ဖာဂီနောက်ပိုင်းကတည်းက မန်ယူမှာနည်းပြအများအပြားပြောင်းလဲခဲ့ပြီး တည်ငြိမ်မှုမရှိတော့တာက

အသင်းစွမ်းဆောင်ရည်ကိုထိခိုက်တယ်။ အသင်းဖွဲ့စည်းမှုမတည်မြဲတာ၊ အသင်းမှာကစားသမားအသစ်တွေဝယ်ယူတာများပြီး

တစ်ဦးချင်းစွမ်းဆောင်ရည်မညီတာကြောင့် အောင်မြင်မှုမရရှိနိုင်ဘူး။

မန်ယူကသာမန်အသင်းဖြစ်နေပြီလားလို့မေးလာရင် ခေါင်းညိတ်မိမှာပါ။

လက်ရှိအခြေအနေအရ မန်ယူက ထိပ်တန်းအသင်းဖြစ်နေပေမယ့် အောင်မြင်မှုအတွက် ဘာအာမခံချက်မှမရှိဘူး။

နိုင်ပွဲပုံမှန်ရအောင် မနည်းရုန်းကန်နေရတယ်။

မန်ယူရဲ့အရင်ခေတ်ဆီ ပြန်ရောက်ဖို့ဆိုတာ ဝေးနေဉီးမယ်။

ข่าวที่เกี่ยวข้อง

အာတီတာနဲ့ အာဆင်နယ် နောက်ထပ်နှစ်ကာလများစွာ
Football News

အာတီတာနဲ့ အာဆင်နယ် နောက်ထပ်နှစ်ကာလများစွာ

အာတီတာနဲ့ အာဆင်နယ်ကြား နောက်ထပ်နှစ်ကာလများစွာ သက်တမ်းတိုးဖို့ သေချာသလောက် ဖြစ်လာပါတယ်။ အာဆင်နယ်ဘက်က အာတီတာကို နှစ်ရှည်စာချုပ်ချုပ်ဆိုသွားမှာဖြစ်ပြီး အာတီတာဘက်ကလည်း လက်ခံဖို့အသင့်ပါပဲ။  စာချုပ်သက်တမ်းတိုးပြီးရင် အာတီတာက လစာအများဆုံးနည်းပြတစ်ဉီး ဖြစ်လာမှာပါ။

စပါးလုယူခံရတဲ့ ပရီးမီးယားလိဂ်ဖလားအကြောင်း
Football News

စပါးလုယူခံရတဲ့ ပရီးမီးယားလိဂ်ဖလားအကြောင်း

ပိုချက်တီနိုက ၂၀၁၆-၁၇ ရာသီ ပရီးမီးယားလိဂ်ဖလားကိုသူ့ရဲ့အသင်းဟောင်းစပါးရသင့်တယ်လို့ တောင်းဆိုလိုက်ပါတယ်။ အဲဒီရာသီမှာ ချယ်လ်ဆီးက ပရီးမီးယားလိဂ်ချန်ပီယံ ဖြစ်ခဲ့ပြီး စပါးက ဒုတိယလူဖြစ်ခဲ့တယ်။

လာရာလမ်းကို ပြန်ရမလား ကိုဗင်ထရီ
Football News

လာရာလမ်းကို ပြန်ရမလား ကိုဗင်ထရီ

ပရီးမီးယားလိဂ်ကို ပြန်ရောက်အောင် ကိုဗင်ထရီက ၂၅ နှစ်ကြာစောင့်ဆိုင်းခဲ့ရတယ်။ သူတို့ရဲ့၂၅ နှစ်ကြာ ပရီးမီးယားလိဂ်အိပ်မက်ဟာ ဆပ်ပြာပူဖောင်းလိုမျိုး အလွယ်တကူပြိုကွဲခဲ့တယ်။ မျှော်လင့်ချက်တွေနဲ့ ပရီးမီးယားလိဂ်ခရီးအစဟာ လေးပွဲဆက်အရှုံး၊ ဘဲဉမကွဲတဲ့မှတ်တမ်းကြောင့် အရုပ်ဆိုးသွားပါတယ်။

ข่าวเพิ่มเติม

ရာဖင်ညာရဲ့The Best ကာလ
Players News

ရာဖင်ညာရဲ့The Best ကာလ

ဘာစီလိုနာရဲ့ပြိုင်ဘက်တိုင်းထိတ်လန့်နေမယ့်တိုက်စစ်မှာ အရေးပါဆုံးလူက ရာဖင်ညာဖြစ်ပါတယ်။ ရာဖင်ညာက Breaking Limits ဖြစ်ပြီး သူ့ရဲ့လုပ်နိုင်စွမ်းထက်ကျော်လွန်တဲ့အရာတွေ ဖန်ဆင်းပြနေတယ်။ ဒါပေမဲ့စိုင်းထီးဆိုင်ရဲ့  " စွမ်းသလောက်ကိုယ့်မှာကြိုးစားခဲ့ပါတယ်၊ ထိပ်ဆုံးတော့မရောက်တောင်၊ အလယ်အလတ်တော့မကပါဘူး" သီချင်းစာသားလို ဘဝမျိုးရာဖင်ညာရင်ဆိုင်နေရတယ်။

ချစ်ခြင်းမေတ္တာ စစ်တဲ့အခါ ဘ၀မှာ ဘာမှမလိုတော့ဘူး
Players News

ချစ်ခြင်းမေတ္တာ စစ်တဲ့အခါ ဘ၀မှာ ဘာမှမလိုတော့ဘူး

ဘ၀မှာ ငွေကြေး၊ ကျော်ကြားမှုနဲ့ အာဏာဟာ  သောက်လေသောက်လေငတ်မပြေမယ့်  ပင်လယ်ရေလိုပါပဲ။ ငွေရှိသူတွေဟာ ကျော်ကြားချင်တယ်၊ နာမည်ကျော်ငွေရှိတဲ့ဘ၀ ရောက်ပြန်တော့လည်း အာဏာကို တပ်မက်လာပြန်ရော။ ဒါပေမဲ့ ကျနော်တို့ မေ့နေတဲ့အရာဟာ ကိုယ်ချင်းစာတရားနဲ့ ချစ်ခြင်းမေတ္တာပါပဲ။  အဲဒီအရာနှစ်ခုဟာ ကိုယ့်နှလုံးသားထဲ အားမကောင်းရင် စစ်မှန်တဲ့ အကြည်ဓာတ်ဆိုတာရှိနိုင်မယ်မထင်ဘူး။  ချစ်ခြင်းမေတ္တာ စစ်တဲ့အခါ ဘ၀မှာ ဘာမှမလိုတော့သလိုပါပဲ။

မိသားစုရဲ့လူရွှင်တော်၊ ဂန္ထဝင်ကစားသမား
Players News

မိသားစုရဲ့လူရွှင်တော်၊ ဂန္ထဝင်ကစားသမား

တကယ်လို့များ ကျွန်တော်သာ ဘောလုံးသမားတစ်ဦးမဖြစ်ခဲ့ဘူးဆိုရင် ပါရီမြို့က စားသောက်ဆိုင်တစ်ခုရဲ့အပြင်ဘက်မှာ Sandwich ၀ယ်စားချင်လို့ ပိုက်ဆံတောင်းရတဲ့သူ ဖြစ်နေမလားပဲ။  ဒါဟာ ခင်ဗျားတို့မသိမယ့် ကျွန်တော့်ရဲ့ မဟာလျှို့ဝှက်ချက်ကြီးလေ။ ကျွန်တော် တကယ်ပြောနေတာ၊ ခင်ဗျားတို့စိတ်ထဲနောက်နေတယ်ထင်တာလား။  တကယ်မနောက်ပါဘူး။ ဘောလုံးသမားဘ၀ကိုသာ မရွေးချယ်ခဲ့ရင် ပိုက်ဆံတောင်းစားနေရမယ်ထင်တာပဲ။ 

ချယ်လ်ဆီးရဲ့ကျောနံပါတ် ၉ ကျိန်စာကို ဖယ်ရှားမယ့်သူ
Players News

ချယ်လ်ဆီးရဲ့ကျောနံပါတ် ၉ ကျိန်စာကို ဖယ်ရှားမယ့်သူ

ယော်အိုပတ်ဒရိုရဲ့မခံချင်စိတ်မီးတောင်ဟာ ထိန်းချုပ်မရနိုင်ဘဲ ပြင်းပြင်းထန်ထန် ပေါက်ကွဲနေတယ်။ ဘရာဇီးလ်နည်းပြ အန်ဆယ်လော့တီရဲ့အမေ့လျော့ခံ တိုက်စစ်ကစားသမားဟာ ကမ္ဘာ့ဖလားကစားခွင့် လွဲချော်ပြီးနောက် အတော်လေးခံစားခဲ့ရတယ်။ မခံချင်စိတ် ပြင်းထန်ခဲ့ရတယ်။

စီရော်နယ်လ်ဒိုနဲ့ ဘန်ဇီမာလို ဟာရီကိန်း
Players News

စီရော်နယ်လ်ဒိုနဲ့ ဘန်ဇီမာလို ဟာရီကိန်း

ဟာရီကိန်းက အသက်သုံးဆယ်ကျော်မှ ပိုပြီးထူးချွန်လာတယ်။ ဂိုးတွေပိုသွင်းလာတယ်။ ဘိုဒိုဂလင့်အသင်းနဲ့ ချန်ပီယံလိဂ်ပွဲမှာ ဟာရီကိန်းက ဂိုးသွင်းယူပြီးနောက် စီရော်နယ်လ်ဒို၊ လီဝန်ဒေါစကီး၊ နစ္စတယ်ရွိုင်းတို့ရဲ့ချန်ပီယံလိဂ် ၈ ပွဲဆက်ဂိုးသွင်းနိုင်တဲ့ စံချိန်ပိုင်ဆိုင်ခဲ့ပါတယ်။

အီစတီဗာအိုအတွက် ပရီးမီးယားလိဂ်ကစားခွင့် ရှိပါဉီးမလား
Players News

အီစတီဗာအိုအတွက် ပရီးမီးယားလိဂ်ကစားခွင့် ရှိပါဉီးမလား

အီစတီဗာအိုရဲ့စွမ်းရည်ကို ချယ်လ်ဆီးပရိသတ်တွေ ခံစားသိရှိဖူးပါတယ်။ သူက ချယ်လ်ဆီးတိုက်စစ်အတွက် ရွပ်ရွပ်ချွံချွံတာဝန်ထမ်းဆောင်ဖူးတယ်။ အလွန်ဆိုလက်ထက်မှာ အီစတီဗာအိုအတွက်နေရာမရှိသလိုဖြစ်နေပါတယ်။ ဒါပေမဲ့ အာဆင်နယ်နဲ့ပွဲမှာ သူဝင်လာပြီးနောက် ပြသခဲ့တဲ့စွမ်းရည်ကြောင့် အလွန်ဆို နေရာပေးသင့်တယ်လို့တောင်းဆိုသံက ကျယ်လောင်လာပါတယ်။ 

Official Channels

ONEX2 banner