Football News

မန်ယူအသင်းကံဆိုးနေတာလားတကယ်ညံ့နေတာလား

မန်ယူအသင်းကံဆိုးနေတာလားတကယ်ညံ့နေတာလား

အဲဗာတန်အသင်းနဲ့ပွဲမှာမန်ယူအမှတ်လျော့ခဲ့ပြန်တယ်။ လက်ရှိရာသီ ပရီးမီးယားလိဂ်သုံးပွဲမှာမန်ယူအသင်းက တစ်ပွဲနိုင်၊တစ်ပွဲသရေ၊ တစ်ပွဲရှုံးနဲ့ရိုလာကိုစတာဖြစ်နေပါတယ်။ အဲဗာတန်အသင်းနဲ့ပွဲမှာမန်ယူအသင်းက နောက်ကျဂိုးပေးရပြီးနိုင်ပွဲနဲ့ဝေးခဲ့ရတာရင်နာစရာပါ။

မန်ယူအသင်းကံဆိုးနေတာလားတကယ်ညံ့နေတာလား

အဲဗာတန်အသင်းနဲ့ပွဲမှာမန်ယူအမှတ်လျော့ခဲ့ပြန်တယ်။ လက်ရှိရာသီ ပရီးမီးယားလိဂ်သုံးပွဲမှာမန်ယူအသင်းက

တစ်ပွဲနိုင်၊တစ်ပွဲသရေ၊ တစ်ပွဲရှုံးနဲ့ရိုလာကိုစတာဖြစ်နေပါတယ်။ အဲဗာတန်အသင်းနဲ့ပွဲမှာမန်ယူအသင်းက

နောက်ကျဂိုးပေးရပြီးနိုင်ပွဲနဲ့ဝေးခဲ့ရတာရင်နာစရာပါ။

မန်ယူအသင်းရဲ့နည်းပြ ကာရစ်က အဲဗာတန်နဲ့ သရေကျတာကို ရှုံးနိမ့်သလို ခံစားရတယ်လို့ ပြောခဲ့ပါတယ်။

မန်ယူအသင်းအနေနဲ့ အဲဗာတန်နဲဲ့ပွဲမှာ (၂-၁)ဂိုးနဲ့ အနိုင်ရဖို့ နီးစပ်ခဲ့ပေမဲ့ ပွဲပြီးခါနီးမှာ အဲဗာတန်အသင်းက ချေပဂိုး ပြန်သွင်းသွားခဲ့တာပါ။

''ကျွန်တော်တို့ အရမ်းစိတ်ပျက်ခဲ့ရပါတယ်။ ကျွန်တော်တို့ ဦးဆောင်ခွင့်နှစ်ကြိမ်ရရှိခဲ့ပြီး နိုင်ပွဲနဲ့ အဆုံးသတ်နိုင်ဖို့

အရမ်းနီးစပ်ခဲ့ပေမဲ့ ဖြစ်မလာခဲ့ပါဘူး။ ဒါက ရှုံးပွဲတစ်ပွဲလို ခံစားရပါတယ်'' လို့ ကာရစ်က ပြောခဲ့ပါတယ်။

မန်ယူအသင်းဟာ ရာသီအဖွင့်(၃)ပွဲမှာ တစ်ပွဲနိုင်၊ တစ်ပွဲသရေ၊ တစ်ပွဲရှုံးရလဒ်နဲ့ (၄)မှတ်သာ ရယူနိုင်ခဲ့လို့

ပွဲစဉ်(၃)အပြီးမှာ အမှတ်ပေးဇယားအဆင့်(၁၁)နေရာ ရောက်ရှိနေခဲ့ပါတယ်။

မန်ယူအသင်းနည်းပြမိုက်ကယ်ကာရစ်ကတော့ အသင်းအနေနဲ့ တိုးတက်မှုရှိဖို့

လိုအပ်နေသေးတာမှန်ပေမဲ့ ဆိုးရွားတဲ့စတင်မှုမဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။

မန်ယူအသင်းနည်းပြ ကာရစ်ခ်က ယိုယွင်းနေတဲ့ ခံစစ်ကို အဲဗာတန်နဲ့ ပွဲအပြီးမှာအဓိကထား ထောက်ပြ ပြောဆိုသွားခဲ့ပါတယ်။

နောက်ဆုံး အချိန်ပို အရောက်မှ အဲဗာတန်ကို မန်ယူအသင်း ချေပဂိုး ပေးလိုက်ရတာ ဖြစ်ပြီး ရင်နာစရာကောင်းလှပါတယ်။

မန်ယူအသင်းဟာ လက်ရှိရာသီအစ ၃ ပွဲစလုံး ပြိုင်ဘက်အသင်းတိုင်းကို ပွဲတိုင်း ၂ ဂိုးစီ ပေးနေရတာ

ရှက်စရာကောင်းပါတယ်။

မန်ယူအသင်းက လက်ရှိရာသီအစမှာ ပွဲချောင်နေပြီး ဟားလ်စီးတီး၊ အစ်ဝစ်ချ်၊ အဲဗာတန်တို့နဲ့သာ

ဆုံတွေ့ခဲ့ပေမဲ့ပထမဆုံးကစားရတဲ့  ဟားလ်စီးတီးအသင်းနဲ့ပွဲမှာ ရှုံးနိမ့်ခဲ့ သလို၊ အခုလည်းအဝေးကွင်းမှာအဲဗာတန်နဲ့သရေကျခဲ့

တာကြောင့် နည်းပြမိုက်ကယ်ကာရစ်အတွက် ဝေဖန်သံတွေ မြင့်တက်လာပါတယ်။

လာမယ့်တနင်္ဂနွေနေ့မှာ မန်စီးတီးနဲ့ ပွဲကျပ်နေလို့ မိုက်ကယ်ကာရစ်အတွက်ပိုပြီးဖိအားများလာနိုင်တယ်။

မန်ယူအသင်းက ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ နည်းပြအပြောင်းအလဲများစွာဖြစ်ခဲ့ပြီး မတည်ငြိမ်ခဲ့ပါဘူး။

နည်းပြအပြောင်းအလဲများလို့မန်ယူအသင်းက ထိပ်တန်းအဆင့် အောင်ပွဲတွေနဲ့ ဝေးကွာနေပြီး

ပရီးမီးယားလိဂ်ဖလားမရတာ ၁၃ နှစ်ကျော်လာပါပြီ။ ချန်ပီယံလိဂ်ကစားခွင့်ရအောင်လည်း

မန်ယူအသင်း ရုန်းကန်ခဲ့ရတာဖြစ်ပါတယ်။

သေချာတာကမိုက်ကယ်ကာရစ်တစ်ယောက်လာမယ့်ပွဲတွေမှာ ထပ်မှားလို့မရတော့ပါဘူး။

သူ့အသင်းကစားပုံကောင်းပေမယ့်ရလဒ်မကောင်းတာကိုပြင်ဆင်ရပါမယ်။

မန်ယူအသင်းကံဆိုးနေတာလားခြေစွမ်းဆိုးနေတာလားဆိုတာကွဲပြားအောင်မိုက်ကယ်ကာရစ်လုပ်ပြရပါမယ်။

ข่าวที่เกี่ยวข้อง

သံမဏိအရည်ပျော်ချိန်
Football News

သံမဏိအရည်ပျော်ချိန်

နည်းပြဘဝရဲ့ ကြီးမားတဲ့ စိတ်ဖိစီးမှုနဲ့ ကျန်းမာရေးပြဿနာတွေကြောင့် လေ့ကျင့်ရေးကွင်းမှာ ရုတ်တရက် လဲကျခဲ့ရပြီး အနားယူဖို့ လိုအပ်နေတဲ့ ဘိုင်ယန်မြူးနစ်နည်းပြ ကွန်ပနီရဲ့ အခြေအနေ သုံးသပ်ချက်။

လိဂ်တူးအသင်းကို ရှုံးတဲ့ရှက်စရာအာဆင်နယ်
Football News

လိဂ်တူးအသင်းကို ရှုံးတဲ့ရှက်စရာအာဆင်နယ်

အဓိကကစားသမားတွေ ပါဝင်ခဲ့ပေမဲ့ လိဂ်တူးကလပ် ဖလက်ဝုဒ်တောင်းအသင်းကို ပယ်နယ်တီအဆုံးအဖြတ်မှာ ရှုံးနိမ့်ပြီး လိဂ်ဖလားပြိုင်ပွဲကနေ စောစီးစွာ ထွက်ခွာခဲ့ရတဲ့ အာဆင်နယ်အသင်းရဲ့ ရှက်စရာရှုံးပွဲ သုံးသပ်ချက်။

ကာရစ်အတွက် ကံကြမ္မာအသစ်လား..?  အဆုံးသ-တ်ဇာတ်သိမ်းလား..?
Football News

ကာရစ်အတွက် ကံကြမ္မာအသစ်လား..? အဆုံးသ-တ်ဇာတ်သိမ်းလား..?

၈ ပွဲဆက် နိုင်ပွဲပျောက်နေပေမဲ့ နည်းပြရာထူးကနေ မထုတ်ပယ်ခံရသေးဘဲ ချယ်လ်ဆီးနဲ့ပွဲမှာ နောက်ဆုံးအခွင့်အရေး ထပ်မံရရှိလိုက်တဲ့ မန်ယူနည်းပြ မိုက်ကယ်ကာရစ်ရဲ့ ကံကြမ္မာ သုံးသပ်ချက်။

ข่าวเพิ่มเติม

နှုတ်မစောင့်တဲ့လိပ်ကြောင့်ဖြစ်တဲ့ တရုတ်-လာလီဂါ ပဋိပက္ခ
Players News

နှုတ်မစောင့်တဲ့လိပ်ကြောင့်ဖြစ်တဲ့ တရုတ်-လာလီဂါ ပဋိပက္ခ

အင်တာဗျူးတစ်ခုမှာ အမှားအယွင်းပြောဆိုမိခဲ့တဲ့ ဘာပေကြောင့် တရုတ်နိုင်ငံရဲ့ ပြင်းထန်တဲ့ တုံ့ပြန်မှုနဲ့ သပိတ်မှောက်မှုတွေကို ရင်ဆိုင်နေရပြီး ရုပ်သံဈေးကွက် ဆုံးရှုံးမယ့်အရေးနဲ့ ကြုံနေရတဲ့ လာလီဂါအကြောင်း သုံးသပ်ချက်။

ဒေါင်းမန်းနဲ့ စိတ်လိုက်မာန်ပါ လူငယ်တွေအကြောင်း
Players News

ဒေါင်းမန်းနဲ့ စိတ်လိုက်မာန်ပါ လူငယ်တွေအကြောင်း

ဖလက်ဝုဒ်နဲ့ပွဲမှာ အနီကတ်ပြခံရလို့ အာတီတာရဲ့ ဆူပူမှုကို ခံခဲ့ရတဲ့ ဒေါင်းမန်းနဲ့ ရွန်နီ၊ မက်ဆီတို့လို လူငယ်ဘဝမှာ စိတ်လိုက်မာန်ပါ အမှားလုပ်ခဲ့ကြတဲ့ နာမည်ကျော်ကစားသမားတွေအကြောင်း သုံးသပ်ချက်။

ကာရစ်အတွက် ကံကြမ္မာအသစ်လား..?  အဆုံးသ-တ်ဇာတ်သိမ်းလား..?
Football News

ကာရစ်အတွက် ကံကြမ္မာအသစ်လား..? အဆုံးသ-တ်ဇာတ်သိမ်းလား..?

၈ ပွဲဆက် နိုင်ပွဲပျောက်နေပေမဲ့ နည်းပြရာထူးကနေ မထုတ်ပယ်ခံရသေးဘဲ ချယ်လ်ဆီးနဲ့ပွဲမှာ နောက်ဆုံးအခွင့်အရေး ထပ်မံရရှိလိုက်တဲ့ မန်ယူနည်းပြ မိုက်ကယ်ကာရစ်ရဲ့ ကံကြမ္မာ သုံးသပ်ချက်။

ဟာရီကိန်းရဲ့ စင်ဒရဲလားပုံပြင်
Players News

ဟာရီကိန်းရဲ့ စင်ဒရဲလားပုံပြင်

အောက်တန်းလိဂ် အငှားကစားသမားဘဝကနေ ၂၀၂၆ Ballon d'Or ဆုရှင်အဖြစ် အမြင့်ဆုံး ရောက်ရှိလာတဲ့ ဟာရီကိန်းရဲ့ ဒဏ္ဍာရီဆန်တဲ့ ဖြတ်သန်းမှုနဲ့ စပါးအသင်းဆီ ပြန်လာနိုင်ခြေ သုံးသပ်ချက်။

မက်ဆီ၊ စီရော်နယ်လ်ဒိုတို့နဲ့ ဂုဏ်ရည်တူသွားတဲ့ ဂန္ထဝင်ဟာရီကိန်း
Players News

မက်ဆီ၊ စီရော်နယ်လ်ဒိုတို့နဲ့ ဂုဏ်ရည်တူသွားတဲ့ ဂန္ထဝင်ဟာရီကိန်း

ကမ္ဘာ့ဖလားနဲ့ ချန်ပီယံလိဂ် မရဘဲ Ballon d'Or ဆုကို ဆွတ်ခူးနိုင်ခဲ့ပြီး မက်ဆီ၊ စီရော်နယ်လ်ဒိုတို့နဲ့ ဂုဏ်ရည်တူသွားတဲ့ ဂန္ထဝင်တိုက်စစ်မှူး ဟာရီကိန်းရဲ့ စံချိန်တင် သွင်းဂိုးမှတ်တမ်းများအကြောင်း သုံးသပ်ချက်။

မိုက်ကယ်ကာရစ်ရဲ့ Failed Gamble
Football News

မိုက်ကယ်ကာရစ်ရဲ့ Failed Gamble

နည်းစနစ်ကို ဝေဖန်ခဲ့တဲ့ ဘရူနိုဖာနန်ဒက်စ်ကို ပွဲထွက်စာရင်းကနေ ဖယ်ရှားခဲ့ပေမဲ့ ဘုန်းမောက်ကို ဂိုးပြတ်ရှုံးနိမ့်ပြီး (၈) ပွဲဆက် နိုင်ပွဲပျောက်ခဲ့တဲ့ မန်ယူနည်းပြ မိုက်ကယ်ကာရစ်ရဲ့ ကျရှုံးသွားတဲ့ စွန့်စားခန်း။

Official Channels

ONEX2 banner