Football News

မန်ယူနည်းပြသစ်နဲ့ ပွဲကျပ်ငရဲခန်း

မန်ယူနည်းပြသစ်နဲ့ ပွဲကျပ်ငရဲခန်း

ရာထူးကနေ ထုတ်ပယ်ခံရတော့မယ့် မိုက်ကယ်ကာရစ်နေရာမှာ အစားထိုးဖို့ နည်းပြသစ် ရှာဖွေနေတဲ့ မန်ယူအသင်းရဲ့ အခြေအနေနဲ့ ချယ်လ်ဆီး၊ လီဗာပူးလ်တို့အပါအဝင် စောင့်ကြိုနေတဲ့ ပွဲကျပ်ငရဲခန်းအကြောင်း သုံးသပ်ချက်။

မိုက်ကယ်ကာရစ်နဲ့ မန်ယူအသင်း အိုးစားကွဲတော့မယ်။ မန်ယူအသင်းကို ရောက်လာမယ့် နည်းပြသစ်ဟာ ကြမ်းတမ်းလွန်းတဲ့ ဆူးခင်းလမ်းကို လျှောက်လှမ်းရမှာပါ။

နည်းပြသစ်အတွက် စောင့်ကြိုနေမယ့် ပွဲကြပ်ကာလက ကြမ်းတမ်းလွန်းပါတယ်။ ကာရစ်မဟုတ်ဘဲ နည်းပြသစ်ရောက်လာလည်း

ပွဲကြပ်ကာလကို ခပ်လွယ်လွယ် ကျော်ဖြတ်နိုင်မယ်မထင်ဘူး။

မန်ယူအသင်းရဲ့ လာမယ့်ပွဲစဉ် (၆)ပွဲက ချယ်လ်ဆီး၊ ရိုးမား၊ ဗီလာ၊ လီဗာပူးလ်၊ စပို့တင်းလစ္စဘွန်း၊ ဘရန့်ဖို့ဒ်အသင်းတွေနဲ့ ပါ။

အောက်တိုဘာ (၃၁) ရက်ကနေ နို၀င်ဘာလ (၈)ရက်အတွင်း ချယ်လ်ဆီး၊ ရိုးမား၊ ဗီလာအသင်းသုံးသင်းနဲ့ ဆက်တိုက်ကစားရမှာ ဖြစ်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ဖိအားတွေကြားထဲက မန်ယူကို ပွဲကျပ္ကာလက ထပ်ပြီးနစ်မွန်းအောင် ရည်ရွယ်ထားပုံပါပဲ။

ဂယ်ရီနဗီးလ်က မိုက်ကယ်ကာရစ်ကို မန်ယူအသင်း  မထုတ်လို့မရတော့ဘူးဆိုပြီး သုံးသပ်ထားပါတယ်။ မနက်ဖြန်လောက်ထုတ်ပယ်ခံရမယ်ဆိုပြီး ဂယ်ရီနဗီးလ် ခန့်မှန်းခဲ့တာပါ။

ကာရစ်နေရာမှာ အစား၀င်မယ့်သူအဖြစ် နယူးကာဆယ်နည်းပြဟောင်း အက်ဒီဟောင်း ထိပ်ဆုံးကရေပန်းစားနေပါတယ်။

ပြီးတော့ မန်ယူအသင်းထိပ်ပိုင်းတာ၀န်ရှိသူတွေနဲ့ ရင်းနှီးသူ နာဂယ်စ်မန်းကလည်း မန်ယူနည်းပြသစ်အဖြစ် ရေပန်းစားနေပါတယ်။

မန်ယူအသင်း နည်းပြသစ်ဖြစ်လာနိုင်သူတွေထဲ အူနိုင်းအမ်မရီနဲ့ ကွန်တီလည်း ပါ၀င်နေတယ်။ အူနိုင်းအမ်မရီက ဗီလာကေန ထွက်ဖို့မရှိဘဲ

ကွန်တီကတော့ မန်ယူကသာ တကယ်ခေါ်မယ်ဆိုရင် ရောက်လာမယ့်သူပါ။

မန်ယူကစားသမားတွေရဲ့ လက်ရှိစိတ်ဓာတ်ခံယူချက်အရ အက်ဒီဟောင်း၊ နာဂယ်စ်မန်းတို့လို နည်းပြတွေထက်

ကွန်တီလို ခပ်ကြမ်းကြမ်းကိုင်တွယ်မယ့် နည်းပြမျိုးလိုအပ်ပါတယ်။

လီဗာပူးလ်ကစားသမားဟောင်း ကာရေဂါကတော့ ဗီလာနည်းပြ အမ်မရီက မန်ယူအတွက် အသင့်တော်ဆုံးနည်းပြလို့ သုံးသပ်ထားပါတယ်။

ကာရေဂါက "လက်ရှိပရီးမီးယားလိဂ်မှာ အမ္မရီက အကောင်းဆုံးနည်းပြပါ။ သူ့ရဲ့ယူရိုပါလိဂ်မှတ်တမ်းက သိပ်ပြီးကောင်းမွန်ပါတယ်။

ဒါပေမဲ့ ဗီလာနဲ့ဆိုရင် အူနိုင်းအမ်မရီက ချန်ပီယံလိဂ်ရနိုင်မှာမဟုတ်ပါဘူး။

PSG ၊ အာဆင်နယ်တို့လိုအသင်းတို့လိုအသင်းတွေမှာဆိုရင် ချန်ပီယံလိဂ်ရနိုင်ပါတယ်။

မန်ယူက ပထမဦးစားပေးအဖြစ် အူနိုင်းအမ်မရီကို ရွေးချယ်သင့်ပါတယ်"လို့ ပြောခဲ့ပါတယ်။

မန်ယူက ရလဒ််််ဆိုးရင် နည်းပြထုတ်တဲ့ ဓာတ်ပြားဟောင်းကြီးကို ပြန်ဖွင့်ပါတော့မယ်။

နည်းပြသစ်ရောက်လာရင်ရော မန်ယူအသင်း အဆင်ပြေသွားမလား?

သေချာတာက ကာရစ်မဟုတ်ဘဲ နည်းပြသစ်ရောက်လာလည်း ပွဲက်ပ္ကာလဟာ မန်ယူအတွက် ငရဲခန်းလိုဖြစ်နေပါတယ်။

ข่าวที่เกี่ยวข้อง

သံမဏိအရည်ပျော်ချိန်
Football News

သံမဏိအရည်ပျော်ချိန်

နည်းပြဘဝရဲ့ ကြီးမားတဲ့ စိတ်ဖိစီးမှုနဲ့ ကျန်းမာရေးပြဿနာတွေကြောင့် လေ့ကျင့်ရေးကွင်းမှာ ရုတ်တရက် လဲကျခဲ့ရပြီး အနားယူဖို့ လိုအပ်နေတဲ့ ဘိုင်ယန်မြူးနစ်နည်းပြ ကွန်ပနီရဲ့ အခြေအနေ သုံးသပ်ချက်။

လိဂ်တူးအသင်းကို ရှုံးတဲ့ရှက်စရာအာဆင်နယ်
Football News

လိဂ်တူးအသင်းကို ရှုံးတဲ့ရှက်စရာအာဆင်နယ်

အဓိကကစားသမားတွေ ပါဝင်ခဲ့ပေမဲ့ လိဂ်တူးကလပ် ဖလက်ဝုဒ်တောင်းအသင်းကို ပယ်နယ်တီအဆုံးအဖြတ်မှာ ရှုံးနိမ့်ပြီး လိဂ်ဖလားပြိုင်ပွဲကနေ စောစီးစွာ ထွက်ခွာခဲ့ရတဲ့ အာဆင်နယ်အသင်းရဲ့ ရှက်စရာရှုံးပွဲ သုံးသပ်ချက်။

ကာရစ်အတွက် ကံကြမ္မာအသစ်လား..?  အဆုံးသ-တ်ဇာတ်သိမ်းလား..?
Football News

ကာရစ်အတွက် ကံကြမ္မာအသစ်လား..? အဆုံးသ-တ်ဇာတ်သိမ်းလား..?

၈ ပွဲဆက် နိုင်ပွဲပျောက်နေပေမဲ့ နည်းပြရာထူးကနေ မထုတ်ပယ်ခံရသေးဘဲ ချယ်လ်ဆီးနဲ့ပွဲမှာ နောက်ဆုံးအခွင့်အရေး ထပ်မံရရှိလိုက်တဲ့ မန်ယူနည်းပြ မိုက်ကယ်ကာရစ်ရဲ့ ကံကြမ္မာ သုံးသပ်ချက်။

ข่าวเพิ่มเติม

နှုတ်မစောင့်တဲ့လိပ်ကြောင့်ဖြစ်တဲ့ တရုတ်-လာလီဂါ ပဋိပက္ခ
Players News

နှုတ်မစောင့်တဲ့လိပ်ကြောင့်ဖြစ်တဲ့ တရုတ်-လာလီဂါ ပဋိပက္ခ

အင်တာဗျူးတစ်ခုမှာ အမှားအယွင်းပြောဆိုမိခဲ့တဲ့ ဘာပေကြောင့် တရုတ်နိုင်ငံရဲ့ ပြင်းထန်တဲ့ တုံ့ပြန်မှုနဲ့ သပိတ်မှောက်မှုတွေကို ရင်ဆိုင်နေရပြီး ရုပ်သံဈေးကွက် ဆုံးရှုံးမယ့်အရေးနဲ့ ကြုံနေရတဲ့ လာလီဂါအကြောင်း သုံးသပ်ချက်။

ဒေါင်းမန်းနဲ့ စိတ်လိုက်မာန်ပါ လူငယ်တွေအကြောင်း
Players News

ဒေါင်းမန်းနဲ့ စိတ်လိုက်မာန်ပါ လူငယ်တွေအကြောင်း

ဖလက်ဝုဒ်နဲ့ပွဲမှာ အနီကတ်ပြခံရလို့ အာတီတာရဲ့ ဆူပူမှုကို ခံခဲ့ရတဲ့ ဒေါင်းမန်းနဲ့ ရွန်နီ၊ မက်ဆီတို့လို လူငယ်ဘဝမှာ စိတ်လိုက်မာန်ပါ အမှားလုပ်ခဲ့ကြတဲ့ နာမည်ကျော်ကစားသမားတွေအကြောင်း သုံးသပ်ချက်။

ကာရစ်အတွက် ကံကြမ္မာအသစ်လား..?  အဆုံးသ-တ်ဇာတ်သိမ်းလား..?
Football News

ကာရစ်အတွက် ကံကြမ္မာအသစ်လား..? အဆုံးသ-တ်ဇာတ်သိမ်းလား..?

၈ ပွဲဆက် နိုင်ပွဲပျောက်နေပေမဲ့ နည်းပြရာထူးကနေ မထုတ်ပယ်ခံရသေးဘဲ ချယ်လ်ဆီးနဲ့ပွဲမှာ နောက်ဆုံးအခွင့်အရေး ထပ်မံရရှိလိုက်တဲ့ မန်ယူနည်းပြ မိုက်ကယ်ကာရစ်ရဲ့ ကံကြမ္မာ သုံးသပ်ချက်။

ဟာရီကိန်းရဲ့ စင်ဒရဲလားပုံပြင်
Players News

ဟာရီကိန်းရဲ့ စင်ဒရဲလားပုံပြင်

အောက်တန်းလိဂ် အငှားကစားသမားဘဝကနေ ၂၀၂၆ Ballon d'Or ဆုရှင်အဖြစ် အမြင့်ဆုံး ရောက်ရှိလာတဲ့ ဟာရီကိန်းရဲ့ ဒဏ္ဍာရီဆန်တဲ့ ဖြတ်သန်းမှုနဲ့ စပါးအသင်းဆီ ပြန်လာနိုင်ခြေ သုံးသပ်ချက်။

မက်ဆီ၊ စီရော်နယ်လ်ဒိုတို့နဲ့ ဂုဏ်ရည်တူသွားတဲ့ ဂန္ထဝင်ဟာရီကိန်း
Players News

မက်ဆီ၊ စီရော်နယ်လ်ဒိုတို့နဲ့ ဂုဏ်ရည်တူသွားတဲ့ ဂန္ထဝင်ဟာရီကိန်း

ကမ္ဘာ့ဖလားနဲ့ ချန်ပီယံလိဂ် မရဘဲ Ballon d'Or ဆုကို ဆွတ်ခူးနိုင်ခဲ့ပြီး မက်ဆီ၊ စီရော်နယ်လ်ဒိုတို့နဲ့ ဂုဏ်ရည်တူသွားတဲ့ ဂန္ထဝင်တိုက်စစ်မှူး ဟာရီကိန်းရဲ့ စံချိန်တင် သွင်းဂိုးမှတ်တမ်းများအကြောင်း သုံးသပ်ချက်။

မိုက်ကယ်ကာရစ်ရဲ့ Failed Gamble
Football News

မိုက်ကယ်ကာရစ်ရဲ့ Failed Gamble

နည်းစနစ်ကို ဝေဖန်ခဲ့တဲ့ ဘရူနိုဖာနန်ဒက်စ်ကို ပွဲထွက်စာရင်းကနေ ဖယ်ရှားခဲ့ပေမဲ့ ဘုန်းမောက်ကို ဂိုးပြတ်ရှုံးနိမ့်ပြီး (၈) ပွဲဆက် နိုင်ပွဲပျောက်ခဲ့တဲ့ မန်ယူနည်းပြ မိုက်ကယ်ကာရစ်ရဲ့ ကျရှုံးသွားတဲ့ စွန့်စားခန်း။

Official Channels

ONEX2 banner