Football News

လာရာလမ်းကို ပြန်ရမလား ကိုဗင်ထရီ

လာရာလမ်းကို ပြန်ရမလား ကိုဗင်ထရီ

ပရီးမီးယားလိဂ်ကို ပြန်ရောက်အောင် ကိုဗင်ထရီက ၂၅ နှစ်ကြာစောင့်ဆိုင်းခဲ့ရတယ်။ သူတို့ရဲ့၂၅ နှစ်ကြာ ပရီးမီးယားလိဂ်အိပ်မက်ဟာ ဆပ်ပြာပူဖောင်းလိုမျိုး အလွယ်တကူပြိုကွဲခဲ့တယ်။ မျှော်လင့်ချက်တွေနဲ့ ပရီးမီးယားလိဂ်ခရီးအစဟာ လေးပွဲဆက်အရှုံး၊ ဘဲဉမကွဲတဲ့မှတ်တမ်းကြောင့် အရုပ်ဆိုးသွားပါတယ်။

လာရာလမ်းကို ပြန်ရမလား ကိုဗင်ထရီ

ပရီးမီးယားလိဂ်ကို ပြန်ရောက်အောင် ကိုဗင်ထရီက ၂၅ နှစ်ကြာစောင့်ဆိုင်းခဲ့ရတယ်။

သူတို့ရဲ့၂၅ နှစ်ကြာ ပရီးမီးယားလိဂ်အိပ်မက်ဟာ ဆပ်ပြာပူဖောင်းလိုမျိုး အလွယ်တကူပြိုကွဲခဲ့တယ်။

မျှော်လင့်ချက်တွေနဲ့ ပရီးမီးယားလိဂ်ခရီးအစဟာ လေးပွဲဆက်အရှုံး၊ ဘဲဉမကွဲတဲ့မှတ်တမ်းကြောင့် အရုပ်ဆိုးသွားပါတယ်။

လက်ရှိရာသီအစ ငရဲခန်းဟာ ၁၉၁၉-၂၀ ရာသီနောက်ပိုင်း ကိုဗင်ထရီအတွက် ရာသီအစအဆိုးရွားဆုံးမှတ်တမ်းပါ။

၁၉၁၉-၂၀ ရာသီမှာ ကိုဗင်ထရီက ပထမဆုံးလိဂ်ပြိုင်ပွဲ ကစားပြီး ရာသီအစ ၉ ပွဲဆက်ရှုံးဖူးတယ်။

ဒါဘီကောင်တီ (၁၈၉၉-၁၉၀၀)၊ စတုတ်စီးတီး (၁၉၀၆-၀၇)၊ ပရက်စတန်နော့အန့် (၁၉၂၄-၂၅)၊

ခရစ္စတယ်ပဲလေ့စ် (၂၀၁၇-၁၈)အသင်းတွေပြီးရင် ကိုဗင်ထရီက ရာသီအစလေးပွဲမှာ ဂိုးမသွင်းနိုင်ဘဲ

ရှုံးနိမ့်တဲ့ငါးသင်းမြောက်အသင်းဖြစ်လာပါတယ်။

ကိုဗင်ထရီက မန်စီးတီးနဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၃ မှာ အမှတ်ရလုနီးပါး တုံ့ပြန်နိုင်ခဲ့ပါတယ်။

မန်စီးတီးဂိုးသမား ဒွန်နာရမ်မာက ကိုဗင်ထရီတိုက်စစ်ကြောင့် ဖိအားများပြီး ဂိုးပေါက်ကန်သွင်းမှု ၁၂ ကြိမ်အထိရင်ဆိုင်ခဲ့ရတယ်။

အဲဒီပွဲမှာ ကိုဗင်ထရီက xG ၁ ဒဿမ ၃၇ အထိရှိပြီး ဂိုးမရခဲ့တာ ကံဆိုးလို့ပါ။

ဘရိုက်တန်ကို ဂိုးပြတ်အညံ့ခံရတဲ့ပွဲမှာလည်း အဖွင့်ဂိုးမပေးရခင်အထိ ကိုဗင်ထရီရဲ့စွမ်းရည်က

ကောင်းခဲ့တယ်။ ဂိုးပေါက်ကန်ခွင့် ၁၀ ကြိမ်အထိ ပိုင်ဆိုင်ခဲ့ပါတယ်။ ပထမပိုင်းပြီးခါနီးမှာ ကိုဗင်ထရီ

အဖွင့်ဂိုးပေးရသလို၊ ဒုတိယပိုင်းစပြီး သိပ်မကြာခင် နောက်တစ်ဂိုးပေးလိုက်ရတယ်။ အဲဒီနောက်

ကစားသမားတစ်ယောက်ထုတ်ပယ်ခံလိုက်ရလို့ ကိုဗင်ထရီပြန်လမ်းမဲ့ပြီး ဂိုးပြတ်ရှုံးနိမ့်ခဲ့တာပါ။

အခုလိုမျိုး ဂိုးပြတ်ရှုံးလိုက်တာဟာ ကိုဗင်ထရီရဲ့ ယုံကြည်စိတ်ကိုပိုပြီးယိုင်လဲစေတယ်။

ပရီးမီးယားလိဂ်အဆင့်အတန်းနဲ့ သူတို့ကြား မိုင်သန်းပေါင်းများစွာ ကွာခြားသလိုခံစားနေရပါလိမ့်မယ်။

သူတို့အတွက် လွတ်မြောက်လမ်းဟာ ဘယ်ဆီမှာများလဲတွေးရင်း နာကျင်နေရမှာပါ။

ပရီးမီးယားလိဂ်စတင်တဲ့ ၁၉၉၂ ခုနှစ်ကစတင်ပြီး ပရီးမီးယားလိဂ်ရာသီအစ ၄ ပွဲဆက်ရှုံးတဲ့အသင်းတွေထဲ

၂၀၁၂-၁၃ ရာသီက ဆောက်သမ်တန်တစ်သင်းတည်းသာ တန်းဆင်းဇုန်က လွတ်မြောက်ခဲ့ပါတယ်။

အဲဒီမှတ်တမ်းအတိုင်းဆိုရင် ကိုဗင်ထရီရဲ့ ရာသီပိတ်ဇာတ်သိမ်းက လာရာလမ်းဆီပြန်ရပါလိမ့်မယ်။

ข่าวที่เกี่ยวข้อง

သံမဏိအရည်ပျော်ချိန်
Football News

သံမဏိအရည်ပျော်ချိန်

နည်းပြဘဝရဲ့ ကြီးမားတဲ့ စိတ်ဖိစီးမှုနဲ့ ကျန်းမာရေးပြဿနာတွေကြောင့် လေ့ကျင့်ရေးကွင်းမှာ ရုတ်တရက် လဲကျခဲ့ရပြီး အနားယူဖို့ လိုအပ်နေတဲ့ ဘိုင်ယန်မြူးနစ်နည်းပြ ကွန်ပနီရဲ့ အခြေအနေ သုံးသပ်ချက်။

လိဂ်တူးအသင်းကို ရှုံးတဲ့ရှက်စရာအာဆင်နယ်
Football News

လိဂ်တူးအသင်းကို ရှုံးတဲ့ရှက်စရာအာဆင်နယ်

အဓိကကစားသမားတွေ ပါဝင်ခဲ့ပေမဲ့ လိဂ်တူးကလပ် ဖလက်ဝုဒ်တောင်းအသင်းကို ပယ်နယ်တီအဆုံးအဖြတ်မှာ ရှုံးနိမ့်ပြီး လိဂ်ဖလားပြိုင်ပွဲကနေ စောစီးစွာ ထွက်ခွာခဲ့ရတဲ့ အာဆင်နယ်အသင်းရဲ့ ရှက်စရာရှုံးပွဲ သုံးသပ်ချက်။

ကာရစ်အတွက် ကံကြမ္မာအသစ်လား..?  အဆုံးသ-တ်ဇာတ်သိမ်းလား..?
Football News

ကာရစ်အတွက် ကံကြမ္မာအသစ်လား..? အဆုံးသ-တ်ဇာတ်သိမ်းလား..?

၈ ပွဲဆက် နိုင်ပွဲပျောက်နေပေမဲ့ နည်းပြရာထူးကနေ မထုတ်ပယ်ခံရသေးဘဲ ချယ်လ်ဆီးနဲ့ပွဲမှာ နောက်ဆုံးအခွင့်အရေး ထပ်မံရရှိလိုက်တဲ့ မန်ယူနည်းပြ မိုက်ကယ်ကာရစ်ရဲ့ ကံကြမ္မာ သုံးသပ်ချက်။

ข่าวเพิ่มเติม

နှုတ်မစောင့်တဲ့လိပ်ကြောင့်ဖြစ်တဲ့ တရုတ်-လာလီဂါ ပဋိပက္ခ
Players News

နှုတ်မစောင့်တဲ့လိပ်ကြောင့်ဖြစ်တဲ့ တရုတ်-လာလီဂါ ပဋိပက္ခ

အင်တာဗျူးတစ်ခုမှာ အမှားအယွင်းပြောဆိုမိခဲ့တဲ့ ဘာပေကြောင့် တရုတ်နိုင်ငံရဲ့ ပြင်းထန်တဲ့ တုံ့ပြန်မှုနဲ့ သပိတ်မှောက်မှုတွေကို ရင်ဆိုင်နေရပြီး ရုပ်သံဈေးကွက် ဆုံးရှုံးမယ့်အရေးနဲ့ ကြုံနေရတဲ့ လာလီဂါအကြောင်း သုံးသပ်ချက်။

ဒေါင်းမန်းနဲ့ စိတ်လိုက်မာန်ပါ လူငယ်တွေအကြောင်း
Players News

ဒေါင်းမန်းနဲ့ စိတ်လိုက်မာန်ပါ လူငယ်တွေအကြောင်း

ဖလက်ဝုဒ်နဲ့ပွဲမှာ အနီကတ်ပြခံရလို့ အာတီတာရဲ့ ဆူပူမှုကို ခံခဲ့ရတဲ့ ဒေါင်းမန်းနဲ့ ရွန်နီ၊ မက်ဆီတို့လို လူငယ်ဘဝမှာ စိတ်လိုက်မာန်ပါ အမှားလုပ်ခဲ့ကြတဲ့ နာမည်ကျော်ကစားသမားတွေအကြောင်း သုံးသပ်ချက်။

ကာရစ်အတွက် ကံကြမ္မာအသစ်လား..?  အဆုံးသ-တ်ဇာတ်သိမ်းလား..?
Football News

ကာရစ်အတွက် ကံကြမ္မာအသစ်လား..? အဆုံးသ-တ်ဇာတ်သိမ်းလား..?

၈ ပွဲဆက် နိုင်ပွဲပျောက်နေပေမဲ့ နည်းပြရာထူးကနေ မထုတ်ပယ်ခံရသေးဘဲ ချယ်လ်ဆီးနဲ့ပွဲမှာ နောက်ဆုံးအခွင့်အရေး ထပ်မံရရှိလိုက်တဲ့ မန်ယူနည်းပြ မိုက်ကယ်ကာရစ်ရဲ့ ကံကြမ္မာ သုံးသပ်ချက်။

ဟာရီကိန်းရဲ့ စင်ဒရဲလားပုံပြင်
Players News

ဟာရီကိန်းရဲ့ စင်ဒရဲလားပုံပြင်

အောက်တန်းလိဂ် အငှားကစားသမားဘဝကနေ ၂၀၂၆ Ballon d'Or ဆုရှင်အဖြစ် အမြင့်ဆုံး ရောက်ရှိလာတဲ့ ဟာရီကိန်းရဲ့ ဒဏ္ဍာရီဆန်တဲ့ ဖြတ်သန်းမှုနဲ့ စပါးအသင်းဆီ ပြန်လာနိုင်ခြေ သုံးသပ်ချက်။

မက်ဆီ၊ စီရော်နယ်လ်ဒိုတို့နဲ့ ဂုဏ်ရည်တူသွားတဲ့ ဂန္ထဝင်ဟာရီကိန်း
Players News

မက်ဆီ၊ စီရော်နယ်လ်ဒိုတို့နဲ့ ဂုဏ်ရည်တူသွားတဲ့ ဂန္ထဝင်ဟာရီကိန်း

ကမ္ဘာ့ဖလားနဲ့ ချန်ပီယံလိဂ် မရဘဲ Ballon d'Or ဆုကို ဆွတ်ခူးနိုင်ခဲ့ပြီး မက်ဆီ၊ စီရော်နယ်လ်ဒိုတို့နဲ့ ဂုဏ်ရည်တူသွားတဲ့ ဂန္ထဝင်တိုက်စစ်မှူး ဟာရီကိန်းရဲ့ စံချိန်တင် သွင်းဂိုးမှတ်တမ်းများအကြောင်း သုံးသပ်ချက်။

မိုက်ကယ်ကာရစ်ရဲ့ Failed Gamble
Football News

မိုက်ကယ်ကာရစ်ရဲ့ Failed Gamble

နည်းစနစ်ကို ဝေဖန်ခဲ့တဲ့ ဘရူနိုဖာနန်ဒက်စ်ကို ပွဲထွက်စာရင်းကနေ ဖယ်ရှားခဲ့ပေမဲ့ ဘုန်းမောက်ကို ဂိုးပြတ်ရှုံးနိမ့်ပြီး (၈) ပွဲဆက် နိုင်ပွဲပျောက်ခဲ့တဲ့ မန်ယူနည်းပြ မိုက်ကယ်ကာရစ်ရဲ့ ကျရှုံးသွားတဲ့ စွန့်စားခန်း။

Official Channels

ONEX2 banner