Players News

ချယ်လ်ဆီးရဲ့ကျောနံပါတ် ၉ ကျိန်စာကို ဖယ်ရှားမယ့်သူ

ချယ်လ်ဆီးရဲ့ကျောနံပါတ် ၉ ကျိန်စာကို ဖယ်ရှားမယ့်သူ

ယော်အိုပတ်ဒရိုရဲ့မခံချင်စိတ်မီးတောင်ဟာ ထိန်းချုပ်မရနိုင်ဘဲ ပြင်းပြင်းထန်ထန် ပေါက်ကွဲနေတယ်။ ဘရာဇီးလ်နည်းပြ အန်ဆယ်လော့တီရဲ့အမေ့လျော့ခံ တိုက်စစ်ကစားသမားဟာ ကမ္ဘာ့ဖလားကစားခွင့် လွဲချော်ပြီးနောက် အတော်လေးခံစားခဲ့ရတယ်။ မခံချင်စိတ် ပြင်းထန်ခဲ့ရတယ်။

ချယ်လ်ဆီးရဲ့ကျောနံပါတ် ၉ ကျိန်စာကို ဖယ်ရှားမယ့်သူ

ယော်အိုပတ်ဒရိုရဲ့မခံချင်စိတ်မီးတောင်ဟာ ထိန်းချုပ်မရနိုင်ဘဲ ပြင်းပြင်းထန်ထန် ပေါက်ကွဲနေတယ်။

ဘရာဇီးလ်နည်းပြ အန်ဆယ်လော့တီရဲ့အမေ့လျော့ခံ တိုက်စစ်ကစားသမားဟာ ကမ္ဘာ့ဖလားကစားခွင့်

လွဲချော်ပြီးနောက် အတော်လေးခံစားခဲ့ရတယ်။ မခံချင်စိတ် ပြင်းထန်ခဲ့ရတယ်။

ဒီလိုနဲ့ပဲ ပရီးမီးယားလိဂ်ရာသီသစ်စတင်ချိန်မှာ ယော်အိုပတ်ဒရိုက သူ့တန်ဖိုးသူပြသလိုက်တယ်။

ပရီးမီးယားလိဂ်အစ ပထမဆုံးလမှာပဲ ယော်အိုပတ်ဒရိုက အကောင်းဆုံးကစားသမားဆု ပိုင်ဆိုင်တဲ့အထိ ထူးချွန်ခဲ့တယ်။

သူကချယ်လ်ဆီးရဲ့ရာသီသစ်ပရီးမီးယားလိဂ်သုံးပွဲမှာ ၂ ဂိုးသွင်းပြီး ၂ ဂိုးဖန်တီးခဲ့တယ်။

ချယ်လ်ဆီးတိုက်စစ်မှာ ရော်ဂျာစ်၊ပါလ်မာတို့နဲ့အတူ R2P တိုက်စစ်ကို ဟန်ချက်ညီစွာ သရုပ်ဖော်နေတယ်။

အလွန်ဆိုက ယော်အိုပတ်ဒရိုရဲ့ကစားဟန်က ဘန်ဇီမာနဲ့တူညီပြီး ဟာလန်းလိုမျိုး အဆုံးသတ်စွမ်းရည် ရှိသူလို့ အမွှမ်းတင်ပါတယ်။

ပရီးမီးယားလိဂ်တစ်လတာအကောင်းဆုံးကစားသမားဆုဟာ ချယ်လ်ဆီးရပ်ဝန်းဆီ မရောက်လာတာကြာပြီ။

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလမှာ ပါလ်မာပိုင်ဆိုင်ပြီးနောက် ချယ်လ်ဆီးကစားသမားတွေနဲ့ ဝေးကွာခဲ့တယ်။

အခုကျမှ ယော်အိုပတ်ဒရိုက ချယ်လ်ဆီးကိုယ်စားပြုပြီး ရခဲ့တာပါ။

အလွန်ဆိုက " ပရီးမီးယားလိဂ်မှာ ထိပ်တန်းတိုက်စစ်မှူး အများကြီးမရှိပါဘူး။ ဟာလန်းက ထိပ်တန်းတိုက်စစ်မှူး

ဖြစ်တယ်ဆိုရင် ယော်အိုပတ်ဒရိုကလည်း အလားတူပါပဲ" လို့ ပြောပါတယ်။

လက်ရှိရာသီမစခင်မှာ ယော်အိုပတ်ဒရိုက ချယ်လ်ဆီးနဲ့ ၂၀၃၄ ခုနှစ်အထိစာချုပ်သက်တမ်း တိုးခဲ့ပြီး

ကျောနံပါတ် ၉ ဆက်ခံခွင့်ရခဲ့တယ်။

ချယ်လ်ဆီးမှာ ကျောနံပါတ် ၉ ကျိန်စာမိနေတာ ကြာပါပြီ။ ချယ်လ်ဆီးမှာ ကျောနံပါတ် ၉ ဆင်မြန်းတဲ့ကစားသမားတွေ

ကံဆိုးမိုးမှောင်ကျနေတာကြာပြီ။ တောရက်စ်လိုကမ္ဘာပတ်ပြီးဂိုးသွင်းလာသူ၊ အူဘာမီယန်းလိုအဆုံးသတ်သမားကောင်းတွေဟာ

ချယ်လ်ဆီးမှာ ကျောနံပါတ် ၉ ဝတ်ဆင်ခွင့်ရပြီးနောက် ကိုယ်ရည်ကိုယ်သွေး သံချေးတက်သွားပါတယ်။

လူကာကူ၊ ဟီဂွာအင်၊ ဖယ်လ်ကာအို၊ မိုရာတာတို့လည်းကျောနံပါတ် ၉ ကျိန်စာသင့်ခဲ့ကြတယ်။

၂၀၂၂-၂၃ ရာသီမှာ အူဘာမီယန်းက ၂၁ ပွဲကစားပြီး သုံးဂိုးသာ သွင်းယူနိုင်လို့ဝေဖန်ခံရတယ်။

မြင့်မားတဲ့ပြောင်းရွှေ့ကြေးနဲ့ချယ်လ်ဆီးကိုတစ်ကျော့ပြန်ရောက်လာတဲ့လူကာကူလည်း

၂၀၂၁-၂၂ ရာသီမှာ ၅၈ ပွဲကစားပြီး ၁၅ ဂိုးသာသွင်းယူနိုင်ခဲ့တာပါ။ လူကာကူက အင်တာမီလန်၊ နာပိုလီတို့မှာ

ဂိုးတွေသွင်းပြီး ချန်ပီယံဆုပါယူပြခဲ့လို့ ချယ်လ်ဆီးရဲ့ ကျောနံပါတ် ၉ ကျိန်စာ ကြောက်စရာကောင်းတယ်ဆိုတာ မြင်သာခဲ့တယ်။

အဂ်လန်ရဲ့No 9  ကြယ်ပွင့်အသစ်လို့ထင်ရှားဖူးတဲ့ အေဘရာဟမ်လည်း ချယ်လ်ဆီးရဲ့

ကျောနံပါတ် ၉ ကိုဆက်ခံမိပြီး နာမည်ပျက်ခဲ့ရတယ်။

နှစ်ရာသီအတွင်းမှာ ၈၂ ပွဲကစားပြီး ဂိုးသုံးဆယ်သာသွင်းနိုင်ခဲ့တာပါ။

ဟီဂွာအင်၊ ဖယ်လ်ကာအိုတို့လို သွင်းဂိုးမုဆိုးတွေလည်း ချယ်လ်ဆီးကစားသမားမှ ဆယ်ဂိုးပြည့်အောင်

မသွင်းယူနိုင်ခဲ့ပါဘူး။ ဟီဂွာအင်က ငါးဂိုး၊ဖယ်လ်ကာအိုက တစ်ဂိုးသာ သွင်းယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ယော်အိုပတ်ဒရိုက ချယ်လ်ဆီးရဲ့အထောင်တိုက်စစ်မှူး ကျိန်စာဆိုးကို ဖယ်ရှားပစ်နေတယ်။

ယော်အိုပတ်ဒရိုက ချယ်လ်ဆီးပရိသတ်အချစ်တော် ဒီယေဂိုကော်စတာနောက်ပိုင်း တစ်ရာသီအတွင်း

သွင်းဂိုး ၂၀ နဲ့အထက်သွင်းယူနိုင်သူအဖြစ် မှတ်တမ်းဝင်ခဲ့တယ်။

အလွန်ဆိုက ဟာလန်းလိုတိုက်စစ်မှူးလို့ ယော်အိုပတ်ဒရိုကို အမွှမ်းတင်ပေမယ့်

တကယ်ဆိုရင် ယော်အိုပတ်ဒရိုက ဟာလန်းထက်ပိုပြီး တိုက်စစ်ကိုအကျိုးပြုနိုင်တယ်။

ဂိုးသွင်းတတ်ရုံမဟုတ်ဘဲ တိုက်စစ်အခင်းအကျင်း တစ်ခုလုံးကို ပုံဖော်ပေးနိုင်တယ်။

နောက်ချန်တိုက်စစ်မှူး၊ No 10 Role ၊ ကွင်းလယ်လူတွေအဖြစ် အသုံးတော်ခံနိုင်တယ်။

ဘန်ဇီမာနဲ့ပွဲပေါင်းနှစ်ရာနီးပါး တွဲကစားဖူးတဲ့ အလွန်ဆိုက " ယော်အိုပတ်ဒရိုကိုကြည့်ရင်း ဘန်ဇီမာကို

ကျွန်တော်အမှတ်ရလာမိတယ်။ သူကဘန်ဇီမာလိုပဲ ဂိုးဧရိယာထဲကောင်းမွန်တယ်၊ ဂိုးဧရိယာအပြင်ဘက်မှာလည်းကောင်းမွန်တယ်။

ဘယ်တောင်ပံထွက်ကစားနိုင်သလို၊ ခေါင်းတိုက်ဂိုးလည်းသွင်းယူနိုင်တယ်။ပြီးပြည့်စုံ၊ ထက်မြက်တဲ့ကစားသမားပါ" လို့ ချီးကျုးတယ်။

ယော်အိုပတ်ဒရိုက ချယ်လ်ဆီး တိုက်စစ်တာဝန်ကို ထူးချွန်စွာထမ်းရွက်ရင်း ကာလရှည်အမြစ်တွယ်နေတဲ့

ချယ်လ်ဆီးရဲ့ကျောနံပါတ် ၉ ကျိန်စာကိုဖယ်ရှားမယ့်သူပါ။

ข่าวที่เกี่ยวข้อง

နှုတ်မစောင့်တဲ့လိပ်ကြောင့်ဖြစ်တဲ့ တရုတ်-လာလီဂါ ပဋိပက္ခ
Players News

နှုတ်မစောင့်တဲ့လိပ်ကြောင့်ဖြစ်တဲ့ တရုတ်-လာလီဂါ ပဋိပက္ခ

အင်တာဗျူးတစ်ခုမှာ အမှားအယွင်းပြောဆိုမိခဲ့တဲ့ ဘာပေကြောင့် တရုတ်နိုင်ငံရဲ့ ပြင်းထန်တဲ့ တုံ့ပြန်မှုနဲ့ သပိတ်မှောက်မှုတွေကို ရင်ဆိုင်နေရပြီး ရုပ်သံဈေးကွက် ဆုံးရှုံးမယ့်အရေးနဲ့ ကြုံနေရတဲ့ လာလီဂါအကြောင်း သုံးသပ်ချက်။

ဒေါင်းမန်းနဲ့ စိတ်လိုက်မာန်ပါ လူငယ်တွေအကြောင်း
Players News

ဒေါင်းမန်းနဲ့ စိတ်လိုက်မာန်ပါ လူငယ်တွေအကြောင်း

ဖလက်ဝုဒ်နဲ့ပွဲမှာ အနီကတ်ပြခံရလို့ အာတီတာရဲ့ ဆူပူမှုကို ခံခဲ့ရတဲ့ ဒေါင်းမန်းနဲ့ ရွန်နီ၊ မက်ဆီတို့လို လူငယ်ဘဝမှာ စိတ်လိုက်မာန်ပါ အမှားလုပ်ခဲ့ကြတဲ့ နာမည်ကျော်ကစားသမားတွေအကြောင်း သုံးသပ်ချက်။

ဟာရီကိန်းရဲ့ စင်ဒရဲလားပုံပြင်
Players News

ဟာရီကိန်းရဲ့ စင်ဒရဲလားပုံပြင်

အောက်တန်းလိဂ် အငှားကစားသမားဘဝကနေ ၂၀၂၆ Ballon d'Or ဆုရှင်အဖြစ် အမြင့်ဆုံး ရောက်ရှိလာတဲ့ ဟာရီကိန်းရဲ့ ဒဏ္ဍာရီဆန်တဲ့ ဖြတ်သန်းမှုနဲ့ စပါးအသင်းဆီ ပြန်လာနိုင်ခြေ သုံးသပ်ချက်။

ข่าวเพิ่มเติม

သံမဏိအရည်ပျော်ချိန်
Football News

သံမဏိအရည်ပျော်ချိန်

နည်းပြဘဝရဲ့ ကြီးမားတဲ့ စိတ်ဖိစီးမှုနဲ့ ကျန်းမာရေးပြဿနာတွေကြောင့် လေ့ကျင့်ရေးကွင်းမှာ ရုတ်တရက် လဲကျခဲ့ရပြီး အနားယူဖို့ လိုအပ်နေတဲ့ ဘိုင်ယန်မြူးနစ်နည်းပြ ကွန်ပနီရဲ့ အခြေအနေ သုံးသပ်ချက်။

လိဂ်တူးအသင်းကို ရှုံးတဲ့ရှက်စရာအာဆင်နယ်
Football News

လိဂ်တူးအသင်းကို ရှုံးတဲ့ရှက်စရာအာဆင်နယ်

အဓိကကစားသမားတွေ ပါဝင်ခဲ့ပေမဲ့ လိဂ်တူးကလပ် ဖလက်ဝုဒ်တောင်းအသင်းကို ပယ်နယ်တီအဆုံးအဖြတ်မှာ ရှုံးနိမ့်ပြီး လိဂ်ဖလားပြိုင်ပွဲကနေ စောစီးစွာ ထွက်ခွာခဲ့ရတဲ့ အာဆင်နယ်အသင်းရဲ့ ရှက်စရာရှုံးပွဲ သုံးသပ်ချက်။

ကာရစ်အတွက် ကံကြမ္မာအသစ်လား..?  အဆုံးသ-တ်ဇာတ်သိမ်းလား..?
Football News

ကာရစ်အတွက် ကံကြမ္မာအသစ်လား..? အဆုံးသ-တ်ဇာတ်သိမ်းလား..?

၈ ပွဲဆက် နိုင်ပွဲပျောက်နေပေမဲ့ နည်းပြရာထူးကနေ မထုတ်ပယ်ခံရသေးဘဲ ချယ်လ်ဆီးနဲ့ပွဲမှာ နောက်ဆုံးအခွင့်အရေး ထပ်မံရရှိလိုက်တဲ့ မန်ယူနည်းပြ မိုက်ကယ်ကာရစ်ရဲ့ ကံကြမ္မာ သုံးသပ်ချက်။

ကာရစ်အတွက် ကံကြမ္မာအသစ်လား..?  အဆုံးသ-တ်ဇာတ်သိမ်းလား..?
Football News

ကာရစ်အတွက် ကံကြမ္မာအသစ်လား..? အဆုံးသ-တ်ဇာတ်သိမ်းလား..?

၈ ပွဲဆက် နိုင်ပွဲပျောက်နေပေမဲ့ နည်းပြရာထူးကနေ မထုတ်ပယ်ခံရသေးဘဲ ချယ်လ်ဆီးနဲ့ပွဲမှာ နောက်ဆုံးအခွင့်အရေး ထပ်မံရရှိလိုက်တဲ့ မန်ယူနည်းပြ မိုက်ကယ်ကာရစ်ရဲ့ ကံကြမ္မာ သုံးသပ်ချက်။

မက်ဆီ၊ စီရော်နယ်လ်ဒိုတို့နဲ့ ဂုဏ်ရည်တူသွားတဲ့ ဂန္ထဝင်ဟာရီကိန်း
Players News

မက်ဆီ၊ စီရော်နယ်လ်ဒိုတို့နဲ့ ဂုဏ်ရည်တူသွားတဲ့ ဂန္ထဝင်ဟာရီကိန်း

ကမ္ဘာ့ဖလားနဲ့ ချန်ပီယံလိဂ် မရဘဲ Ballon d'Or ဆုကို ဆွတ်ခူးနိုင်ခဲ့ပြီး မက်ဆီ၊ စီရော်နယ်လ်ဒိုတို့နဲ့ ဂုဏ်ရည်တူသွားတဲ့ ဂန္ထဝင်တိုက်စစ်မှူး ဟာရီကိန်းရဲ့ စံချိန်တင် သွင်းဂိုးမှတ်တမ်းများအကြောင်း သုံးသပ်ချက်။

မိုက်ကယ်ကာရစ်ရဲ့ Failed Gamble
Football News

မိုက်ကယ်ကာရစ်ရဲ့ Failed Gamble

နည်းစနစ်ကို ဝေဖန်ခဲ့တဲ့ ဘရူနိုဖာနန်ဒက်စ်ကို ပွဲထွက်စာရင်းကနေ ဖယ်ရှားခဲ့ပေမဲ့ ဘုန်းမောက်ကို ဂိုးပြတ်ရှုံးနိမ့်ပြီး (၈) ပွဲဆက် နိုင်ပွဲပျောက်ခဲ့တဲ့ မန်ယူနည်းပြ မိုက်ကယ်ကာရစ်ရဲ့ ကျရှုံးသွားတဲ့ စွန့်စားခန်း။

Official Channels

ONEX2 banner