Football News

ဂုဏ်သိက္ခာနတ္တိနဲ့ ကပ်ဆိုက်နေတဲ့ စပါး

ဂုဏ်သိက္ခာနတ္တိနဲ့ ကပ်ဆိုက်နေတဲ့ စပါး

အဲဗာတန်နဲ့ပွဲမှာ စပါးအသင်းပရိသတ်တွေက ''Please Score A Goal" ဆိုပြီး တောင်းဆိုခဲ့တယ်။ ပထမပိုင်းအပြီး ဂိုးမရှိသရေကျနေတော့  စပါးအသင်းပရိသတ်တွေရဲ့တောင်းဆိုသံပြောင်းလဲသွားတယ်။ "Please Have A Shot" ဖြစ်သွားပါတယ်။

ဂုဏ်သိက္ခာနတ္တိနဲ့ ကပ်ဆိုက်နေတဲ့ စပါး

အဲဗာတန်နဲ့ပွဲမှာ စပါးအသင်းပရိသတ်တွေက ''Please Score A Goal" ဆိုပြီး တောင်းဆိုခဲ့တယ်။

ပထမပိုင်းအပြီး ဂိုးမရှိသရေကျနေတော့  စပါးအသင်းပရိသတ်တွေရဲ့တောင်းဆိုသံပြောင်းလဲသွားတယ်။

"Please Have A Shot" ဖြစ်သွားပါတယ်။

နည်းပြဒီဇယ်ဘီရဲ့စပါးအသင်းအဖြစ်က ဂိုးတစ်ဂိုးရဖို့နေနေသာသာ၊ ဂိုးပေါက်ကန်သွင်းမှုတောင်

သိပ်မလုပ်နိုင်ပါဘူး။ စပါးအသင်းပရိသတ်တွေအတွက် နာကျင်စရာကာလဟာ ရှည်ကြာလွန်းနေပါပြီ။

ပြီးခဲ့တဲ့ရာသီက တန်းဆင်းငရဲကနေ စပါးကို ဆွဲထုတ်ပေးခဲ့သူ နည်းပြ ဒီဇယ်ဘီအတွက်

ဂုဏ်သိက္ခာ တစစီကျိုးကြေနေတယ်။

ပရီးမီးယားလိဂ်မှာ တစ်ပွဲမှ မနိုင်သေးဘူး။ ပရီးမီးယားလိဂ်မှာ တစ်ဂိုးမှ မသွင်းနိုင်သေးဘူး။

စပါးအသင်းပရိသတ်တွေရဲ့နာကျင်စိတ်ဟာ ဒေါသစိတ်အဖြစ် ပြောင်းလဲခဲ့ပါတယ်။

ပေါင်သန်းသုံးရာကျော် သုံးထားတဲ့ရာသီမှာ ၄၀၇ မိနစ်အထိ ဂိုးပေါက်ပျောက်နေတာဟာ

စိတ်ပျက်စရာထက်ပိုပါတယ်။ အဖြေရှာမရတဲ့ ပြဿနာဖြစ်လာတယ်။

ပရီးမီးယားလိဂ်လေးပွဲဆက် ဂိုးမသွင်းနိုင်တာ စပါးကြုံဖူးပါတယ်။ ၂၀၀၆ ခုနှစ်၊ စက်တင်ဘာလမှာ

စပါးကပရီးမီးယားလိဂ်လေးပွဲဆက် ဂိုးမသွင်းနိုင်တဲ့ မှတ်တမ်းဆိုးရင်ဆိုင်ရဖူးတယ်။

ဒါပေမဲ့ ပရီးမီးယားလိဂ် ရာသီအဖွင့်လေးပွဲဆက် ဂိုးမသွင်းနိုင်တာတော့ စပါးအသင်းသမိုင်းတစ်လျှောက်ရင်ဆိုင်ရတာပါ။

စပါးအသင်းရဲ့အိမ်ကွင်း ပွဲ၁၄၀ မြောက်မှာ ပထမဆုံးဂိုးမရှိသရေပွဲဖြစ်ခဲ့ပါတယ်။

အခုအချိန်မှာ စပါးအသင်းပရိသတ်တွေအတွက် တောင်းပန်ရုံကလွဲ တခြားမရှိပါဘူး။

" စပါးပရိသတ်တွေကို တောင်းပန်ပါတယ်၊ အသင်းသားတွေနဲ့အတူ တောင်းပန်ပါတယ်" လို့ ဒီဇယ်ဘီပြောခဲ့တယ်။

ပြီးတော့ စပါးပရိသတ်တွေရဲ့ ခံစားချက်ကို နားလည်တယ်လို့ ဒီဇယ်ဘီပြောပါတယ်။

စပါးကတစ်ဂိုးမှ မရသေးပေမယ့် xG တန်ဖိုးက အတော်လေးမြင့်မားနေပါတယ်။ ဂိုးဖြစ်နိုင်ခြေရာခိုင်နှုန်း

များတဲ့အခြေအနေတွေ ဖန်တီးထားပါတယ်။ စပါးရဲ့xG က ၃ ဒဿမ ၄ အထိရှိပြီး

အဲဒီ ကိန်းဂဏန်းအတိုင်းဆိုရင်  သုံးဂိုးဒါမှမဟုတ်လေးဂိုးလောက်ရသင့်ပါတယ်။

Numbers will never Lie ဆိုတဲ့စကားရှိပေမယ့် စပါးအတွက်တော့မဟုတ်ပါဘူး။

သွင်းဂိုးနတ္တိ၊ နိုင်ပွဲနတ္တိ၊ ဂုဏ်သိက္ခာနတ္တိနဲ့ စပါးက ကပ်ဆိုက်နေတယ်။

ข่าวที่เกี่ยวข้อง

သံမဏိအရည်ပျော်ချိန်
Football News

သံမဏိအရည်ပျော်ချိန်

နည်းပြဘဝရဲ့ ကြီးမားတဲ့ စိတ်ဖိစီးမှုနဲ့ ကျန်းမာရေးပြဿနာတွေကြောင့် လေ့ကျင့်ရေးကွင်းမှာ ရုတ်တရက် လဲကျခဲ့ရပြီး အနားယူဖို့ လိုအပ်နေတဲ့ ဘိုင်ယန်မြူးနစ်နည်းပြ ကွန်ပနီရဲ့ အခြေအနေ သုံးသပ်ချက်။

လိဂ်တူးအသင်းကို ရှုံးတဲ့ရှက်စရာအာဆင်နယ်
Football News

လိဂ်တူးအသင်းကို ရှုံးတဲ့ရှက်စရာအာဆင်နယ်

အဓိကကစားသမားတွေ ပါဝင်ခဲ့ပေမဲ့ လိဂ်တူးကလပ် ဖလက်ဝုဒ်တောင်းအသင်းကို ပယ်နယ်တီအဆုံးအဖြတ်မှာ ရှုံးနိမ့်ပြီး လိဂ်ဖလားပြိုင်ပွဲကနေ စောစီးစွာ ထွက်ခွာခဲ့ရတဲ့ အာဆင်နယ်အသင်းရဲ့ ရှက်စရာရှုံးပွဲ သုံးသပ်ချက်။

ကာရစ်အတွက် ကံကြမ္မာအသစ်လား..?  အဆုံးသ-တ်ဇာတ်သိမ်းလား..?
Football News

ကာရစ်အတွက် ကံကြမ္မာအသစ်လား..? အဆုံးသ-တ်ဇာတ်သိမ်းလား..?

၈ ပွဲဆက် နိုင်ပွဲပျောက်နေပေမဲ့ နည်းပြရာထူးကနေ မထုတ်ပယ်ခံရသေးဘဲ ချယ်လ်ဆီးနဲ့ပွဲမှာ နောက်ဆုံးအခွင့်အရေး ထပ်မံရရှိလိုက်တဲ့ မန်ယူနည်းပြ မိုက်ကယ်ကာရစ်ရဲ့ ကံကြမ္မာ သုံးသပ်ချက်။

ข่าวเพิ่มเติม

နှုတ်မစောင့်တဲ့လိပ်ကြောင့်ဖြစ်တဲ့ တရုတ်-လာလီဂါ ပဋိပက္ခ
Players News

နှုတ်မစောင့်တဲ့လိပ်ကြောင့်ဖြစ်တဲ့ တရုတ်-လာလီဂါ ပဋိပက္ခ

အင်တာဗျူးတစ်ခုမှာ အမှားအယွင်းပြောဆိုမိခဲ့တဲ့ ဘာပေကြောင့် တရုတ်နိုင်ငံရဲ့ ပြင်းထန်တဲ့ တုံ့ပြန်မှုနဲ့ သပိတ်မှောက်မှုတွေကို ရင်ဆိုင်နေရပြီး ရုပ်သံဈေးကွက် ဆုံးရှုံးမယ့်အရေးနဲ့ ကြုံနေရတဲ့ လာလီဂါအကြောင်း သုံးသပ်ချက်။

ဒေါင်းမန်းနဲ့ စိတ်လိုက်မာန်ပါ လူငယ်တွေအကြောင်း
Players News

ဒေါင်းမန်းနဲ့ စိတ်လိုက်မာန်ပါ လူငယ်တွေအကြောင်း

ဖလက်ဝုဒ်နဲ့ပွဲမှာ အနီကတ်ပြခံရလို့ အာတီတာရဲ့ ဆူပူမှုကို ခံခဲ့ရတဲ့ ဒေါင်းမန်းနဲ့ ရွန်နီ၊ မက်ဆီတို့လို လူငယ်ဘဝမှာ စိတ်လိုက်မာန်ပါ အမှားလုပ်ခဲ့ကြတဲ့ နာမည်ကျော်ကစားသမားတွေအကြောင်း သုံးသပ်ချက်။

ကာရစ်အတွက် ကံကြမ္မာအသစ်လား..?  အဆုံးသ-တ်ဇာတ်သိမ်းလား..?
Football News

ကာရစ်အတွက် ကံကြမ္မာအသစ်လား..? အဆုံးသ-တ်ဇာတ်သိမ်းလား..?

၈ ပွဲဆက် နိုင်ပွဲပျောက်နေပေမဲ့ နည်းပြရာထူးကနေ မထုတ်ပယ်ခံရသေးဘဲ ချယ်လ်ဆီးနဲ့ပွဲမှာ နောက်ဆုံးအခွင့်အရေး ထပ်မံရရှိလိုက်တဲ့ မန်ယူနည်းပြ မိုက်ကယ်ကာရစ်ရဲ့ ကံကြမ္မာ သုံးသပ်ချက်။

ဟာရီကိန်းရဲ့ စင်ဒရဲလားပုံပြင်
Players News

ဟာရီကိန်းရဲ့ စင်ဒရဲလားပုံပြင်

အောက်တန်းလိဂ် အငှားကစားသမားဘဝကနေ ၂၀၂၆ Ballon d'Or ဆုရှင်အဖြစ် အမြင့်ဆုံး ရောက်ရှိလာတဲ့ ဟာရီကိန်းရဲ့ ဒဏ္ဍာရီဆန်တဲ့ ဖြတ်သန်းမှုနဲ့ စပါးအသင်းဆီ ပြန်လာနိုင်ခြေ သုံးသပ်ချက်။

မက်ဆီ၊ စီရော်နယ်လ်ဒိုတို့နဲ့ ဂုဏ်ရည်တူသွားတဲ့ ဂန္ထဝင်ဟာရီကိန်း
Players News

မက်ဆီ၊ စီရော်နယ်လ်ဒိုတို့နဲ့ ဂုဏ်ရည်တူသွားတဲ့ ဂန္ထဝင်ဟာရီကိန်း

ကမ္ဘာ့ဖလားနဲ့ ချန်ပီယံလိဂ် မရဘဲ Ballon d'Or ဆုကို ဆွတ်ခူးနိုင်ခဲ့ပြီး မက်ဆီ၊ စီရော်နယ်လ်ဒိုတို့နဲ့ ဂုဏ်ရည်တူသွားတဲ့ ဂန္ထဝင်တိုက်စစ်မှူး ဟာရီကိန်းရဲ့ စံချိန်တင် သွင်းဂိုးမှတ်တမ်းများအကြောင်း သုံးသပ်ချက်။

မိုက်ကယ်ကာရစ်ရဲ့ Failed Gamble
Football News

မိုက်ကယ်ကာရစ်ရဲ့ Failed Gamble

နည်းစနစ်ကို ဝေဖန်ခဲ့တဲ့ ဘရူနိုဖာနန်ဒက်စ်ကို ပွဲထွက်စာရင်းကနေ ဖယ်ရှားခဲ့ပေမဲ့ ဘုန်းမောက်ကို ဂိုးပြတ်ရှုံးနိမ့်ပြီး (၈) ပွဲဆက် နိုင်ပွဲပျောက်ခဲ့တဲ့ မန်ယူနည်းပြ မိုက်ကယ်ကာရစ်ရဲ့ ကျရှုံးသွားတဲ့ စွန့်စားခန်း။

Official Channels

ONEX2 banner