Players News

အာဆင်နယ်က ငကြောက်အသင်း ဖြစ်နေဆဲလား

အာဆင်နယ်က ငကြောက်အသင်း ဖြစ်နေဆဲလား

အာဆင်နယ်ရဲ့ Safety First ကစားဟန်က ဝေဖန်ခံရတယ်။ အာတီတာက စွန့်စားမှုနည်းနိုင်သမျှ နည်းပြီး ထိရောက်မှုဉီးစားပေးဟန်ကို အချိန်ယူတည်ဆောက်ထားတာပါ။ ပရိသတ်အတော်များများက အာဆင်နယ်ကို မကြည့်ချင်ကြဘူး၊ပျင်းစရာကောင်းတယ်ဆိုပြီး ပြစ်တင်ပါတယ်။ ပြီးခဲ့တဲ့ရာသီမှာ အာဆင်နယ်က (၁-၀) ရလဒ်တွေနဲ့ တည်ကန်ဘောဂိုးတွေများခဲ့လို့ အခုလိုမျိုး ဝေဖန်ခံရတာပါ။ 

အာဆင်နယ်က ငကြောက်အသင်း ဖြစ်နေဆဲလား

အာဆင်နယ်ရဲ့ Safety First ကစားဟန်က ဝေဖန်ခံရတယ်။ အာတီတာက စွန့်စားမှုနည်းနိုင်သမျှ နည်းပြီး

ထိရောက်မှုဉီးစားပေးဟန်ကို အချိန်ယူတည်ဆောက်ထားတာပါ။

ပရိသတ်အတော်များများက အာဆင်နယ်ကို မကြည့်ချင်ကြဘူး၊ပျင်းစရာကောင်းတယ်ဆိုပြီး ပြစ်တင်ပါတယ်။

ပြီးခဲ့တဲ့ရာသီမှာ အာဆင်နယ်က (၁-၀) ရလဒ်တွေနဲ့ တည်ကန်ဘောဂိုးတွေများခဲ့လို့ အခုလိုမျိုး ဝေဖန်ခံရတာပါ။

အဲဒီလို ဝေဖန်သံတွေကြားထဲကနေ အာဆင်နယ်က ၂၂ နှစ်ကြာဝေးကွာနေတဲ့ ပရီးမီးယားလိဂ်ချန်ပီယံဖလား သိမ်းပိုက်နိုင်သလို၊

လက်ရှိရာသီမှာလည်း Opta ရဲ့ ချန်ပီယံဖြစ်နိုင်ခြေ ၅၇ ဒဿမ ၂ ရာခိုင်နှုန်းနဲ့ ရေပန်းအစားဆုံးဖြစ်နေတယ်။

အာဆင်နယ်ရဲ့အားသာချက်က ကိုယ်လုပ်ရမယ့်အရာ ရှင်းလင်းပြတ်သားစွာသိတာပါ။ ကိုယ်ကျင့်သုံးမယ့် မူဝါဒကို ခိုင်မာစွာချမှတ်ထားတာပါ။

မူခိုင်မာပြီးသားအာဆင်နယ်က လူစွမ်းအားအရင်းအမြစ် ပိုပြီးထက်မြက်လာလို့ ရပ်တန့်ရခက်လာပြီ။ နိုင်ပွဲဆက်မှတ်တမ်းတွေပိုင်ဆိုင်လာတယ်။

ပရီးမီးယားလိဂ်ပြိုင်ဘက်တွေထက် ကစားသမားစုဖွဲ့မှု တည်ငြိမ်နေတာက အာဆင်နယ်ရဲ့အားသာချက်

ဖြစ်ပြီး မှန်ကန်တဲ့ကစားသမားအသစ်တွေလည်း ခေါ် ယူထားနိုင်တယ်။

အာဆင်နယ်ကတိုးတက်လာပြီးချန်ပီယံဆု ဆက်လက်ထိန်းသိမ်းနိုင်ဖို့ အခွင့်အရေးများပေမယ့်  ဖျော်ဖြေဆန်တဲ့အသင်း ဖြစ်မလာသေးဘူး။

လက်ရှိရာသီပရီးမီးယားလိဂ်မှာ လိမ်ခေါက်ကျော်ဖြတ်မှု ဒုတိယအနည်းဆုံးအသင်းအဖြစ်ရပ်တည်နေတယ်။

အာဆင်နယ်က လိမ်ခေါက်ကျော်ဖြတ်မှု ၄၃ ကြိမ်သာ လုပ်ထားပြီး ဟားလ်စီးတီး ၃၉ ကြိမ်နောက် ဒုတိယအနည်းဆုံး ဖြစ်နေတာပါ။

လိမ်ခေါက်ကျော်ဖြတ်မှုအောင်မြင်တာ ၁၇ ကြိမ်နဲ့ လက်ရှိရာသီပရီးမီးယားလိဂ်မှာ အနည်းဆုံးပါ။

ဆာကာက တစ်ဦးချင်းကျော်ဖြတ်တာ ထူးချွန်ပေမယ့် အာတီတာရဲ့Safety First မူဝါဒကြောင့်  စွန့်စားခန်းမဖွင့်ရဲဘူး။

အာဆင်နယ်က လိမ်ခေါက်ကျော်ဖြတ်တဲ့အပိုင်းမှာ ညံ့နေပေမယ့် ထိရောက်တဲ့ဖြတ်တင်ဘောပေးပို့မှု အကောင်းဆုံးအဖြစ် ရပ်တည်နေတယ်။

လက်ရှိရာသီပရီးမီးယားလိဂ်မှာ အာဆင်နယ်က ဖြတ်တင်ဘောပေးပို့မှု ၈၁ ရာခိုင်နှုန်း အောင်မြင်ပြီး တန်ဖိုးမြင့်မားပါတယ်။

သွင်းဂိုးတွေအတွက် အရေးပါတဲ့ဖြတ်တင်ဘောတွေ ဖြစ်နေတယ်။

အာဆင်နယ်က ပြီးခဲ့တဲ့ရာသီကထက် Open Play ကနေ ဂိုးတွေပိုရလာပေမယ့် စွန့်စားကစားတာနည်းနေဆဲပါ။

Safety First ကစားဟန်နဲ့ စွန့်စားမှုနည်းနိုင်သမျှ နည်းတဲ့ ထိရောက်မှုဉီးစားပေးဟန်ကို လက်ကိုင်ထားပြီး  ချန်ပီယံဆုဆီ ချီတက်နေတယ်။

ข่าวที่เกี่ยวข้อง

ရာဖင်ညာရဲ့The Best ကာလ
Players News

ရာဖင်ညာရဲ့The Best ကာလ

ဘာစီလိုနာရဲ့ပြိုင်ဘက်တိုင်းထိတ်လန့်နေမယ့်တိုက်စစ်မှာ အရေးပါဆုံးလူက ရာဖင်ညာဖြစ်ပါတယ်။ ရာဖင်ညာက Breaking Limits ဖြစ်ပြီး သူ့ရဲ့လုပ်နိုင်စွမ်းထက်ကျော်လွန်တဲ့အရာတွေ ဖန်ဆင်းပြနေတယ်။ ဒါပေမဲ့စိုင်းထီးဆိုင်ရဲ့  " စွမ်းသလောက်ကိုယ့်မှာကြိုးစားခဲ့ပါတယ်၊ ထိပ်ဆုံးတော့မရောက်တောင်၊ အလယ်အလတ်တော့မကပါဘူး" သီချင်းစာသားလို ဘဝမျိုးရာဖင်ညာရင်ဆိုင်နေရတယ်။

ချစ်ခြင်းမေတ္တာ စစ်တဲ့အခါ ဘ၀မှာ ဘာမှမလိုတော့ဘူး
Players News

ချစ်ခြင်းမေတ္တာ စစ်တဲ့အခါ ဘ၀မှာ ဘာမှမလိုတော့ဘူး

ဘ၀မှာ ငွေကြေး၊ ကျော်ကြားမှုနဲ့ အာဏာဟာ  သောက်လေသောက်လေငတ်မပြေမယ့်  ပင်လယ်ရေလိုပါပဲ။ ငွေရှိသူတွေဟာ ကျော်ကြားချင်တယ်၊ နာမည်ကျော်ငွေရှိတဲ့ဘ၀ ရောက်ပြန်တော့လည်း အာဏာကို တပ်မက်လာပြန်ရော။ ဒါပေမဲ့ ကျနော်တို့ မေ့နေတဲ့အရာဟာ ကိုယ်ချင်းစာတရားနဲ့ ချစ်ခြင်းမေတ္တာပါပဲ။  အဲဒီအရာနှစ်ခုဟာ ကိုယ့်နှလုံးသားထဲ အားမကောင်းရင် စစ်မှန်တဲ့ အကြည်ဓာတ်ဆိုတာရှိနိုင်မယ်မထင်ဘူး။  ချစ်ခြင်းမေတ္တာ စစ်တဲ့အခါ ဘ၀မှာ ဘာမှမလိုတော့သလိုပါပဲ။

မိသားစုရဲ့လူရွှင်တော်၊ ဂန္ထဝင်ကစားသမား
Players News

မိသားစုရဲ့လူရွှင်တော်၊ ဂန္ထဝင်ကစားသမား

တကယ်လို့များ ကျွန်တော်သာ ဘောလုံးသမားတစ်ဦးမဖြစ်ခဲ့ဘူးဆိုရင် ပါရီမြို့က စားသောက်ဆိုင်တစ်ခုရဲ့အပြင်ဘက်မှာ Sandwich ၀ယ်စားချင်လို့ ပိုက်ဆံတောင်းရတဲ့သူ ဖြစ်နေမလားပဲ။  ဒါဟာ ခင်ဗျားတို့မသိမယ့် ကျွန်တော့်ရဲ့ မဟာလျှို့ဝှက်ချက်ကြီးလေ။ ကျွန်တော် တကယ်ပြောနေတာ၊ ခင်ဗျားတို့စိတ်ထဲနောက်နေတယ်ထင်တာလား။  တကယ်မနောက်ပါဘူး။ ဘောလုံးသမားဘ၀ကိုသာ မရွေးချယ်ခဲ့ရင် ပိုက်ဆံတောင်းစားနေရမယ်ထင်တာပဲ။ 

ข่าวเพิ่มเติม

မန်ယူရဲ့ရွှေပြည်တော် မျှော်တိုင်းဝေး
Football News

မန်ယူရဲ့ရွှေပြည်တော် မျှော်တိုင်းဝေး

မန်ယူက တစ်ရာသီစာလက်မှတ်စျေးနှုန်းကို တစ်နှစ်ပြီးတစ်နှစ် ထပ်ခါထပ်ခါ စျေးတင်ထားခဲ့တယ်။ အရွယ်ရောက်ပြီးသူတွေရဲ့ လက်မှတ်စျေးနှုန်းက တစ်ပွဲပျမ်းမျှ ၂ ပေါင်နှုန်းလောက် မြင့်တက်ခဲ့တာပါ။ အခုလို လက်မှတ်စျေးနှုန်း မြှင့်တင်ရတာက အသင်းအတွက် ရင်းနှီးမြှုပ်နှံမှုနဲ့ မြင့်တက်လာတဲ့ ကုန်ကျစရိတ်တွေအတွက်ဆိုပြီး မန်ယူ အကြောင်းပြပါတယ်။

ချယ်လ်ဆီးရဲ့ကျောနံပါတ် ၉ ကျိန်စာကို ဖယ်ရှားမယ့်သူ
Players News

ချယ်လ်ဆီးရဲ့ကျောနံပါတ် ၉ ကျိန်စာကို ဖယ်ရှားမယ့်သူ

ယော်အိုပတ်ဒရိုရဲ့မခံချင်စိတ်မီးတောင်ဟာ ထိန်းချုပ်မရနိုင်ဘဲ ပြင်းပြင်းထန်ထန် ပေါက်ကွဲနေတယ်။ ဘရာဇီးလ်နည်းပြ အန်ဆယ်လော့တီရဲ့အမေ့လျော့ခံ တိုက်စစ်ကစားသမားဟာ ကမ္ဘာ့ဖလားကစားခွင့် လွဲချော်ပြီးနောက် အတော်လေးခံစားခဲ့ရတယ်။ မခံချင်စိတ် ပြင်းထန်ခဲ့ရတယ်။

စီရော်နယ်လ်ဒိုနဲ့ ဘန်ဇီမာလို ဟာရီကိန်း
Players News

စီရော်နယ်လ်ဒိုနဲ့ ဘန်ဇီမာလို ဟာရီကိန်း

ဟာရီကိန်းက အသက်သုံးဆယ်ကျော်မှ ပိုပြီးထူးချွန်လာတယ်။ ဂိုးတွေပိုသွင်းလာတယ်။ ဘိုဒိုဂလင့်အသင်းနဲ့ ချန်ပီယံလိဂ်ပွဲမှာ ဟာရီကိန်းက ဂိုးသွင်းယူပြီးနောက် စီရော်နယ်လ်ဒို၊ လီဝန်ဒေါစကီး၊ နစ္စတယ်ရွိုင်းတို့ရဲ့ချန်ပီယံလိဂ် ၈ ပွဲဆက်ဂိုးသွင်းနိုင်တဲ့ စံချိန်ပိုင်ဆိုင်ခဲ့ပါတယ်။

အာတီတာနဲ့ အာဆင်နယ် နောက်ထပ်နှစ်ကာလများစွာ
Football News

အာတီတာနဲ့ အာဆင်နယ် နောက်ထပ်နှစ်ကာလများစွာ

အာတီတာနဲ့ အာဆင်နယ်ကြား နောက်ထပ်နှစ်ကာလများစွာ သက်တမ်းတိုးဖို့ သေချာသလောက် ဖြစ်လာပါတယ်။ အာဆင်နယ်ဘက်က အာတီတာကို နှစ်ရှည်စာချုပ်ချုပ်ဆိုသွားမှာဖြစ်ပြီး အာတီတာဘက်ကလည်း လက်ခံဖို့အသင့်ပါပဲ။  စာချုပ်သက်တမ်းတိုးပြီးရင် အာတီတာက လစာအများဆုံးနည်းပြတစ်ဉီး ဖြစ်လာမှာပါ။

စပါးလုယူခံရတဲ့ ပရီးမီးယားလိဂ်ဖလားအကြောင်း
Football News

စပါးလုယူခံရတဲ့ ပရီးမီးယားလိဂ်ဖလားအကြောင်း

ပိုချက်တီနိုက ၂၀၁၆-၁၇ ရာသီ ပရီးမီးယားလိဂ်ဖလားကိုသူ့ရဲ့အသင်းဟောင်းစပါးရသင့်တယ်လို့ တောင်းဆိုလိုက်ပါတယ်။ အဲဒီရာသီမှာ ချယ်လ်ဆီးက ပရီးမီးယားလိဂ်ချန်ပီယံ ဖြစ်ခဲ့ပြီး စပါးက ဒုတိယလူဖြစ်ခဲ့တယ်။

လာရာလမ်းကို ပြန်ရမလား ကိုဗင်ထရီ
Football News

လာရာလမ်းကို ပြန်ရမလား ကိုဗင်ထရီ

ပရီးမီးယားလိဂ်ကို ပြန်ရောက်အောင် ကိုဗင်ထရီက ၂၅ နှစ်ကြာစောင့်ဆိုင်းခဲ့ရတယ်။ သူတို့ရဲ့၂၅ နှစ်ကြာ ပရီးမီးယားလိဂ်အိပ်မက်ဟာ ဆပ်ပြာပူဖောင်းလိုမျိုး အလွယ်တကူပြိုကွဲခဲ့တယ်။ မျှော်လင့်ချက်တွေနဲ့ ပရီးမီးယားလိဂ်ခရီးအစဟာ လေးပွဲဆက်အရှုံး၊ ဘဲဉမကွဲတဲ့မှတ်တမ်းကြောင့် အရုပ်ဆိုးသွားပါတယ်။

Official Channels

ONEX2 banner