Players News

စီရော်နယ်လ်ဒိုမရှိလည်း ဖြစ်တယ်

စီရော်နယ်လ်ဒိုမရှိလည်း ဖြစ်တယ်

ရော်နယ်လ်ဒိုကို အရန်ခုံပို့ပြီး ယော်အိုဖေးလစ်၊ ဂွန်ကာလိုရာမို့စ်တို့ရဲ့ သွင်းဂိုးတွေနဲ့ ဟာလန်းရဲ့ နော်ဝေကို အဝေးကွင်းမှာ အနိုင်ယူခဲ့တဲ့ ပေါ်တူဂီအသင်းရဲ့ ပွဲစဉ်သုံးသပ်ချက်။

စီရော်နယ်လ်ဒိုမရှိလည်း ဖြစ်တယ်

ပေါ် တူဂီက စီရော်နယ်လ်ဒိုကို အရန်ခုံပို့ပြီး နော်ဝေကို အဝေးကွင်းမှာအနိုင်ယူပြလိုက်တယ်။

နေးရှင်းလိဂ်မှာ တစ်ပွဲစီအနိုင်ရထားတဲ့ နော်ဝေနဲ့ ပေါ် တူဂီတို့ရဲ့စီးချင်းထိုးပွဲက အကြိတ်အနယ် ရှိခဲ့ပါတယ်။

နော်ဝေက ဟာလန်း၊ နူဆာ၊ အော်ဒီဂွာစတဲ့တိုက်စစ်အစုအဖွဲ့နဲ့ပွဲထွက်လာတယ်။

ပေါ် တူဂီအသင်းကတော့ ယော်အိုဖေးလစ်၊ ဂွန်ကာလိုရာမို့စ်၊ နေဗတ်စ်၊ နေတို၊ ကွန်ဆီကာအိုစတဲ့

ကစားသမားတွေနဲ့ နော်ဝေခံစစ်ကို ဖိအားပေးခဲ့တယ်။

နော်ဝေအသင်းက ဂိုးပေါက်ကန်သွင်းမှု ၂၂ ကြိမ်၊ ပြိုင်ဖက် ဂိုးဧရိယာထဲဘောလုံးထိချက် ၃၅ ကြိမ်အထိ ရပေမယ့်

အဆုံးသတ်အားနည်းချက်တွေကြောင့် ကံဆိုးခဲ့ရပါတယ်။ နော်ဝေက ဟာလန်း ဂိုးမသွင်းရင်

ဂိုးသွင်းနိုင်မယ့်သူမရှိတဲ့ပြဿနာကို ဆက်လက်ရင်ဆိုင်ရပြီး အခုပွဲမှာလည်းဟာလန်းပဲ ဂိုးသွင်းပေးခဲ့ပါတယ်။

ဟာလန်းအတွက် နော်ဝေကစားသမားဘဝ ၆၅ ဂိုးမြောက် သွင်းဂိုးဖြစ်ခဲ့ပါတယ်။

ပေါ် တူဂီတိုက်စစ်မှာတော့ ယော်အိုဖေးလစ် ငယ်မူငယ်သွေးခြေစွမ်း ပြန်ပြနေတယ်။

ပြီးခဲ့တဲ့နေးရှင်းလိဂ်ပွဲမှာ တစ်ဂိုးသွင်းယူခဲ့သလို၊ အခုပွဲမှာလည်း ယော်အိုဖေးလစ်က တစ်ဂိုးသွင်းယူနိုင်ခဲ့တယ်။

သူ့ရဲ့ဂိုးဟာ ပေါ် တူဂီရဲ့နိုင်ပွဲအတွက်အရေးပါတဲ့ ဦးဆောင်ဂိုးဖြစ်ခဲ့ပါတယ်။

ပေါ် တူဂီအတွက် အနိုင်ဂိုးကိုတော့ ဟာလန်းချေပဂိုးသွင်းပြီး သုံးမိနစ်အကြာ၊ ၅၄ မိနစ်မှာ ဂွန်ကာလိုရာမို့စ်က

နော်ဝေဂိုးသမားအမှားကနေ အပိုင်သွင်း ယူပေးခဲ့ပါတယ်။

ပေါ် တူဂီအသင်းက စီရော်နယ်လ်ဒိုကို အရန်ခုံပို့ချောင်ထိုးထားချိန်မှာ ယော်အိုဖေးလစ်နဲ့ ဂွန်ကာလိုရာမို့စ်တို့ အစွမ်းပြခဲ့တာကျေနပ်စရာပါ။

ပေါ် တူဂီအတွက် စီရော်နယ်လ်ဒိုမရှိလည်းဖြစ်တယ် ဆိုတာ သက်သေပြတဲ့ပွဲပါ။

စီရော်နယ်လ်ဒိုကတော့ သူ့ရဲ့သွင်းဂိုး ၁၀၀၀ ရည်မှန်းချက်နဲ့ ၂၁ ဂိုး ကွာဝေးနေဆဲဖြစ်ပါတယ်။

Related News

ဘာပေသာ လီဗာပူးလ်ရောက်ခဲ့ရင်...
Players News

ဘာပေသာ လီဗာပူးလ်ရောက်ခဲ့ရင်...

၂၀၁၇ ခုနှစ်က မိုနာကိုကနေ ထွက်ခွာချိန်မှာ အမေဖြစ်သူရဲ့ တိုက်တွန်းချက်ကို လွန်ဆန်ပြီး ယာဂန်ကလော့ပ်ရဲ့ လီဗာပူးလ်အသင်းအစား PSG ကို ရွေးချယ်ခဲ့တဲ့ ဘာပေရဲ့ အပြောင်းအရွှေ့ ဇာတ်ကြောင်း။

Read more
ကိုဗင်ထရီအတွက် နိုင်ပွဲတစ်ပွဲဟာ Nokia ခေတ်ကနေ Iphone 18 ခေတ်အထိကြာခဲ့တယ်
Players News

ကိုဗင်ထရီအတွက် နိုင်ပွဲတစ်ပွဲဟာ Nokia ခေတ်ကနေ Iphone 18 ခေတ်အထိကြာခဲ့တယ်

ကိုဗင်ထရီနဲ့အတူ တန်းဆင်းသွားတဲ့အသင်းသုံးသင်းထဲ မန်စီးတီးလည်းပါဝင်ခဲ့တယ်။ မန်စီးတီးကပရီးမီးယားလိဂ်ရဲ့အရှင်သခင်ဘဝ ပြန်ရောက်လာပေမယ့် ကိုဗင်ထရီအသင်းကတော့ ပရီးမီးယားလိဂ်နဲ့အခုအချိန်မှ ရေစက်ပြန်ဆုံခွင့်ရခဲ့တယ်။ ၁၉၆၇ ကနေ ၂၀၀၁ ခုနှစ်အထိ အဂ်လန်နိုင်ငံရဲ့ အဆင့်အမြင့်ဆုံးလိဂ်(အခုပရီးမီးယားလိဂ်)မှာ ရှင်သန်ခွင့်ရခဲ့တဲ့ ကိုဗင်ထရီအတွက် ပရီးမီးယားလိဂ်ရင်ငွေ့လှုံခွင့်မရတာ ၂၅ နှစ်ကြာခဲ့ပါတယ်။

Read more
ဂန္ထဝင်ဆန်လွန်းတဲ့ဟာရီကိန်း
Players News

ဂန္ထဝင်ဆန်လွန်းတဲ့ဟာရီကိန်း

ဟာရီကိန်းက ဘွန်ဒစ်လီဂါသမိုင်းတစ်လျှောက် ဂိုး ၁၀၀ အမြန်ဆုံးပြည့်တဲ့ စံချိန်ပိုင်ဆိုင်ခဲ့တာပါ။ ဘွန်ဒစ်လီဂါသမိုင်းတစ်လျှောက် ဂိုး ၁၀၀ အမြန်ဆုံး ပြည့်တဲ့စံချိန် ပိုင်ဆိုင်ထားသူက ဒီယက်တာမူလာဖြစ်ပြီး ၁၂၉ နဲ့စံချိန်တင်ခဲ့တာပါ။ အခု ဟာရီကိန်းက ၉၈ ပွဲနဲ့ ဂိုး ၁၀၀ ပြည့်တဲ့စံချိန်သစ်တင်ခဲ့ပါတယ်။

Read more

More News

မော်ရင်ဟိုရဲ့ ပေါက်ကွဲသံစဉ်
Football News

မော်ရင်ဟိုရဲ့ ပေါက်ကွဲသံစဉ်

မက်ဒရစ်ဒါဘီ ရှုံးပွဲအပြီးမှာ ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်တွေကို မကျေနပ်လို့ သတင်းစာရှင်းလင်းပွဲမှာ A4 စာရွက်တွေပြပြီး ပေါက်ကွဲခဲ့တဲ့ ရီးယဲလ်မက်ဒရစ်နည်းပြ မော်ရင်ဟိုရဲ့ အကြောင်း။

Read more
ပရီးမီးယားလိဂ်အသင်းတွေက Hidden Gem ကို ဘယ်လိုရှာဖွေသလဲ
Football News

ပရီးမီးယားလိဂ်အသင်းတွေက Hidden Gem ကို ဘယ်လိုရှာဖွေသလဲ

ပရီးမီးယားလိဂ်အသင်းတွေနဲ့ ဥရောပကလပ်တွေဟာ လူငယ်ကြယ်ပွင့် (Hidden Gems) တွေကို ရှာဖွေရာမှာ Data Analytics တွေနဲ့ Eyeball Platform တို့ကို ပေါင်းစပ်ပြီး ဘယ်လိုအသုံးပြုနေလဲဆိုတာကို သုံးသပ်ထားတဲ့ ဆောင်းပါး။

Read more
မန်စီးတီး တန်းဆင်းရတော့မယ် ထင်တယ်
Football News

မန်စီးတီး တန်းဆင်းရတော့မယ် ထင်တယ်

ဘဏ္ဍာရေးစည်းမျဉ်း ချိုးဖောက်မှု စွဲချက် (၁၁၅) ခုထဲက (၁၁၄) ခုမှာ အပြစ်ရှိကြောင်း တွေ့ရှိရပြီးနောက် တန်းဆင်းပြစ်ဒဏ် ဒါမှမဟုတ် ဆုဖလားရုပ်သိမ်းခံရဖို့ ရှိနေတဲ့ မန်စီးတီးအသင်းရဲ့ အကျပ်အတည်း။

Read more
ဒေးဗစ်ဘက်ခမ်ဆီသို့
Football News

ဒေးဗစ်ဘက်ခမ်ဆီသို့

ပြိုင်ဘက်ကင်း ဖရီးကစ်သွင်းဂိုးများ၊ တိကျသေချာတဲ့ ဖြတ်တင်ဘောများနဲ့ မန်ယူအသင်းသမိုင်းတစ်လျှောက် သူချန်ရစ်ခဲ့တဲ့ မေ့ဖျောက်မရနိုင်တဲ့ အနုပညာဆန်ဆန် ခြေစွမ်းများအကြောင်း သုံးသပ်ချက်။

Read more
အာတီတာရဲ့" အာဆင်နယ်ခေတ်ရောက်ရမည်မှာ မလွဲပါ"
Football News

အာတီတာရဲ့" အာဆင်နယ်ခေတ်ရောက်ရမည်မှာ မလွဲပါ"

ဂွာဒီယိုလာနဲ့ ကလော့ပ်တို့ခေတ်ကို အဆုံးသတ်စေခဲ့ပြီး အာဆင်နယ်အသင်းမှာ ၁၀ နှစ်ကြာ နေထိုင်ကာ အာဆင်နယ်ခေတ်တစ်ခု တည်ထောင်ဖို့ စာချုပ်သစ် ချုပ်ဆိုလိုက်တဲ့ အာတီတာရဲ့ ရည်မှန်းချက်များအကြောင်း။

Read more
အာဆင်နယ်ရဲ့ပရီးမီးယားလိဂ်အဆင့်မဟုတ်တဲ့ခြေစွမ်း
Football News

အာဆင်နယ်ရဲ့ပရီးမီးယားလိဂ်အဆင့်မဟုတ်တဲ့ခြေစွမ်း

ဘရိုက်တန်ကို အရှက်တကွဲ ရှုံးနိမ့်ခဲ့ပြီးနောက် ကစားသမားတွေရဲ့ ခြေစွမ်းဟာ ပရီးမီးယားလိဂ်အဆင့်မဟုတ်ဘူးလို့ နည်းပြ အာတီတာကိုယ်တိုင် ဝေဖန်ခဲ့ရတဲ့ အာဆင်နယ်အသင်းရဲ့ ချန်ပီယံကာကွယ်ရေး အကျပ်အတည်း။

Read more

Official Channels

ONEX2 banner