Players News

ပတ်ဒရီရဲ့အရင်ကဇာတ်လမ်းလေး

ပတ်ဒရီရဲ့အရင်ကဇာတ်လမ်းလေး

စားသောက်ဆိုင်လေးမှာ ကြီးပြင်းခဲ့ရတဲ့ ဘာစီလိုနာကစားသမား ပတ်ဒရီရဲ့ ငယ်ဘဝ၊ အဘိုးဖြစ်သူရဲ့ ဘာစီလိုနာကို ချစ်မြတ်နိုးမှုနဲ့ ရီးယဲလ်မက်ဒရစ်မှာ အစမ်းသပ်ခံရင်း ရှုံးနိမ့်ခဲ့ရတဲ့ ဇာတ်ကြောင်းများ။

ပတ်ဒရီရဲ့အရင်ကဇာတ်လမ်းလေး

ကျွန်တော့်အဘိုးထက် ဘောလုံးကို ရူးသွပ်တဲ့သူ မမြင်ဖူးသေးဘူး။

စပိန်မှာ ရေပန်းစားတဲ့စကားတစ်ခုရှိတယ်။ " ငါဉီးလေးက အရူးသွပ်ဆုံး" ဆိုတာပေါ့။

ဒါပေမဲ့ ကျွန်တော့်အဘိုးကို တွေ့ရင် အဲဒီစကားကအလကားဖြစ်သွားလိမ့်မယ်။

အဘိုးက Old School Style စားသောက်ဆိုင် ဖွင့်ထားတယ်။ တစ်ဆိုင်လုံးသစ်သားတွေသုံးပြီး သစ်သားအမိုး၊ သစ်သားထိုင်ခုံ၊ သစ်သားဘားတွေနဲ့

ဖွဲ့စည်းထားတဲ့ Canary ကျွန်းစုက နာမည်ကျော် စားသောက်ဆိုင်လေးပေါ့။

အဲဒီသစ်သားစားသောက်ဆိုင်လေးရဲ့ထိုင်ခုံတွေကြား ပြေးလွှားဆော့ကစားရင်း ကျွန်တော်ကြီးပြင်းလာခဲ့တယ်။

အဘွားက လာစားသူတွေဆီ မှာထားတာလေးတွေ သွားပို့ချိန်မှာကျွန်တော်တို့ညီအစ်ကိုနှစ်ယောက်က အကြိုက်ကဲခဲ့ကြတာပါ။

ဆိုင်မှာလူကျချိန် ကျွန်တော်တို့ညီအစ်ကိုနှစ်ယောက် အပြတ်သောင်းကျန်းရင် အဘွားကVIP အခန်းထဲ ပို့လိုက်ပါတယ်။

VIP အခန်းဆိုတာ စားသောက်ဆိုင်ရဲ့ မြေအောက်ခန်းကိုပြောတာပါ။ ဝိုင်ပုလင်းတွေထားတဲ့အခန်းပါ။

အဲဒီအခန်းထဲမှာ ကျွန်တော့်ရဲ့ငယ်ဘဝအချိန်အများစုကုန်ဆုံးခဲ့တယ်။ မြေအောက်ခန်းနံရံတွေကို ဘောလုံးကန်ပြီးရင်းကန်ရင်း ပျော်ရွှင်မှုရှာဖွေခဲ့တယ်။

ကျွန်တော်အသက် ၇ နှစ်မှာ စပိန်က ၂၀၁၀ ကမ္ဘာ့ဖလားချန်ပီယံ ဖြစ်ခဲ့တယ်။ အဲဒီအချိန်ကစလို့ ကျွန်တော်က ကိုယ့်အိပ်မက်ကို သိနားလည်ခဲ့ပါတယ်။

ဘောလုံးကန်ဖိနပ်ကြိုးတွေ ကျွန်တော့်ခြေထောက်မှာ မချည်နှောင်ခင်ကတည်းက ကျွန်တော့်နှလုံးသားထဲ ဘောလုံးအားကစားနည်းက ချည်နှောင်လိုက်ပြီ။

ကျွန်တော့်စိတ်ထဲ ဆာဟာရကန္တာရထဲရောက်နေလို့ ရေကြည်တပေါက်မသောက်ရလည်း ဘာစီလိုနာချစ်စိတ်ဟာ မပြောင်းလဲနိုင်ပါဘူး။

ကျွန်တော့်အဘိုးလိုပဲ ကျွန်တော်ကမက်ဒရစ်မြို့မှာ တစက်လေးမှမရှင်သန်ချင်ဘူး။ ရီးယဲလ်က ရွှေတွေပုံပေးလည်း မသွားချင်ပါဘူး။

တစ်ရက်တော့ ကျွန်တော့်အဘိုးကသူ့ဘော်ဒါတွေနဲ့ နူးကမ့်မှာ ပွဲသွားကြည့်တယ်။ အပြန်ခရီးကျတော့ မက်ဒရစ်လေဆိပ်မှာ ခနနားဖြစ်တယ်။

မက်ဒရစ်လေဆိပ်ရောက်တော့ သူ့ဘော်ဒါတွေက အထုပ်ဆွဲပြီးဆင်းသွားကြတယ်။

ကျွန်တော့်အဘိုးကတော့ လေယာဉ်ထိုင်ခုံမှာ ဆက်ထိုင်နေခဲ့ပါတယ်။

၁၉၉၂ ခုနှစ်မှာ ရီးယဲလ်နဲ့ ဘာစီလိုနာက ချန်ပီယံဆုအတွက် နောက်ဆုံးအချိန်အထိ အဆုံးအဖြတ်ခံယူခဲ့ရတယ်။

ရီးယဲလ်က တီနီရိုက်ဖ်အသင်းနဲ့ကစားရပြီး အနိုင်ရရင်ချန်ပီယံ ဖြစ်ပါပြီ။ အဲဒီပွဲမှာ ရီးယဲလ်က တီနီရိုက်ဖ်အသင်းကို နှစ်ဂိုးဂိုးမရှိနဲ့ နိုင်နေခဲ့တယ်။

အဲဒီနောက် နှစ်ဂိုးတစ်ဂိုး၊ နှစ်ဂိုးနှစ်ဂိုး၊ နောက်ဆုံးသုံးဂိုးနှစ်ဂိုးနဲ့ တီနီရိုက်ဖ်အနိုင်ရသွားပါတယ်။

အဲဒီရလဒ်ကြောင့် ဘာစီလိုနာက အသက် ၆၀ အရွယ် ကျွန်တော့်အဘိုးက  ပွဲကြည့်စင်တစ်ပတ် ပတ်ပြေးပြီးအောင်ပွဲခံခဲ့တယ်။

အဘိုးက ကျွန်တော်ခပ်ငယ်ငယ်အရွယ်မှာ ကွယ်လွန်ခဲ့လို့ သူနဲ့အမှတ်တရများစွာမရှိပေမယ့် ဘာစီလိုနာကိုချစ်တတ်အောင် သင်ပေးခဲ့သူပါ။

ဘာစီလိုနာကို နှလုံးသားအတွင်းနံရံထဲရောက်အောင် သင်ပေးခဲ့သူပါ။

ကျွန်တော်တို့  Canary ကျွန်းကလူတွေက အေးဆေးသမားတွေပါ။ ဖိအားတွေစိတ်ထဲမထားဘဲ ပေါ့ပေါ့ပါးပါးနေတတ်ကြတယ်။

အဲဒီလိုလွတ်လပ်ပေါ့ပါးတဲ့ စိတ်ကြောင့် Creative player များစွာထွက်လာခဲ့ပါတယ်။

ကျွန်တော့်လေ့ကျင့်ခန်းဆင်းရင် အဖေကလိုက်ပို့ ဖူးပါတယ်။ အဘိုးရဲ့စားသောက်ဆိုင်မှာ တစ်ညလုံးလုပ်ပြီး မနက်အစောကြီးလိုက်ပို့တာပါ။

လမ်းမှာ ဂတ်စ်ဝင်ဖြည့်ရင်းအဖေက အေးရာအေးကြောင်း ကော်ဖီတစ်ခွက်သောက်နေတတ်တယ်။

ကျွန်တော်က " အဖေ၊ နောက်ကျနေပြီသွားရအောင်ဗျာ" လို့ပြောရင် အဖေက " အေးဆေးပေါ့ကွာ၊

ကစားသမားကောင်းတွေကအမြဲနောက်ကျတယ်" ဆိုပြီး တုံ့ပြန်တတ်တယ်။

" ကျွန်တော်က ရော်နယ်လ်ဒင်ဟို မဟုတ်ဘူးလေ"  လို့ပြောလည်း အဖေက ဂရုမစိုက်ပါဘူး။

အဖေက ဂိုးဖမ်းကောင်းသူပါ။ ဒါပေမဲ့ အဘိုးကွယ်လွန်ပြီးနောက် စားသောက်ဆိုင်ကိုဉီးစီးရအောင် သူ့အိပ်မက်ကို စွန့်လွှတ်ခဲ့ရတယ်။

ဘားကောင်တာနောက်မှာ ဘောလုံးကစားခဲ့ချိန်ကလည်း မမေ့နိုင်စရာပါ။

တကယ်တော့ ဘောလုံးတစ်လုံးနဲ့  ဟိုဘက်ပြေးဒီဘက်ပြေး လုပ်ခဲ့တာပါ။

အဖေက ဘားကောင်တာနောက်မှာ ကျွန်တော့်ကို တာဝန်ပေးထားပြီး အားတဲ့အချိန်မှာ အဲဒီလိုမျိုး လုပ်နေခဲ့တာပါ။

အဖေက " ကိုလာနှစ်လုံး၊ ဘီယာသုံးခွက်" လို့ လာအော်လိုက်၊ " ဝိုင်နှစ်ခွက်၊ ကိုလာသုံးလုံး" လို့ လာအော်လိုက်ဆိုတော့

ကျွန်တော့်ခေါင်းက ချာချာလည်နေပြီ။ ကျွန်တော့်ခြေထောက်တွေက ကချေသည်တစ်ယောက်လို လှုပ်ရမ်းနေတယ်။

မောပန်းလွန်းလို့ " အဖေ ဘယ်တော့နားရမလဲ" မေးတော့ " ဘောလုံးပွဲမဟုတ်ဘူး။ နားချိန်မရှိဘူး" ဆိုပြီး အဖေကပြန်ပြောတယ်။

ဘားကောင်တာနောက်က နွမ်းလျနေ့ရက်တွေဟာ တစ်နေ့မှာ ရပ်တန့်ဖို့အကြောင်းဖန်လာပါတယ်။

ဒီပို့တီဗိုအသင်းနဲ့ ရီးယဲလ်အသင်းက စိတ်ဝင်စားခဲ့တာပါ။

အဲဒီအချိန်မှာ " ရီးယဲလ်က မဟာအခွင့်အရေးပဲ" ဆိုပြီး ပြောကြသူတွေရှိပါတယ်။ ဒါပေမဲ့ ကျွန်တော့် နှလုံးသားက လက်မခံချင်ဘူး။

အဖေကလည်း ဘာလုပ်ရမယ် မသိခဲ့ဘဲ နောက်ဆုံးမတတ်သာလို့ ရီးယဲလ်ကို ဆက်သွယ်ခဲ့တယ်။

ရီးယဲလ်အကယ်ဒမီကို ရောက်တော့ ကျွန်တော်နဲ့ရွယ်တူချာတိတ်တွေက အခြေကျနေပြီ။

ကျွန်တော်ကသာ ဟိုတယ်မှာတစ်နေကုန် ဘာမှမလုပ်ရဘဲဖြတ်သန်းခဲ့ရတယ်။ အဲဒီအခြေအနေကြောင့် စိတ်ထိခိုက်ရတယ်။

ရက်သတ္တပတ်တစ်ခုလုံး ပျင်းရိငြီးငွေ့စွာဖြတ်သန်းရပြီးနောက် ကျွန်တော့်ကိုအိမ်ပြန်ပို့ခဲ့ပါတယ်။

ကျရှုံးသူတစ်ယောက်လိုမျိုး အိမ်ပြန်လာရပေမယ့် သိပ်ပြီးကြီးကြီးမားမား မခံစားရဘူး။

ကျွန်တော့်ပတ်ဝန်းကျင်က လူတွေကလည်း နှစ်သိမ့်အားပေးလို့ စိတ်ဒဏ်ရာ သက်သာခဲ့တယ်။

" မင်းအဘိုးက ရီးယဲလ်ကိုမသွားစေချင်လို့နေမယ်" ဆိုတဲ့စကားသံတွေလည်းကြားခဲ့ရပါတယ်။

လူငယ်ကစားသမားဘဝမှာ ကိုယ်ပိုင်ပိုက်ဆံနဲ့ ကြက်ရင်အုံတောင် ဝယ်မစားနိုင်ခဲ့ဘူး။ ဝယ်စားနိုင်တော့လည်း ဆီမပါလာပြန်ဘူး။

YouTube ကနေ ကြည့်ပြီးချက်မယ်လုပ်တော့မှ ဆီမပါလာမှန်းသိကြတယ်။

ဘော်ဒါတစ်ယောက်က " မင်းက စားသောက်ဆိုင်မှာ ကြီးလာတာမဟုတ်လား" လို့ ကျွန်တော့်ကိုမေးတယ်။

ဒီလိုနဲ့ပဲ အမေ့ဆီဖုန်းဆက်ပြီး " ကြက်သားကိုဆီမပါဘဲ ဘယ်လိုချက်လဲ" လို့ လှမ်းမေးရတယ်။

တကယ်တော့ ကြက်သားချက်ဖို့ဆီပဲ မရှိတာမဟုတ်ဘူး။ ကျွန်တော်တို့ဆီမှာ ဆားလည်းမရှိပါဘူး။

လက်စ်ပါးမားစ်အကယ်ဒမီမှာ တစ်နှစ်ကြာ မင်းအတွက်ရွေးချယ်စရာအသစ်တွေ

" သားရေ၊ မင်းအတွက်ရွေးချယ်စရာအသစ်တွေ ရှိနေပြီ" လို့ပြောတယ်။

ကျွန်တော်က " ဘယ်အသင်းတွေလဲ" ဆိုပြီး မေးတော့... " ဘာကာ" လို့ပြန်ပြောတယ်။

ကျွန်တော်ချက်ခြင်းပဲ ခေါင်းညိတ်ပြီး သွားကြစို့အဖေလို့ ပြောလိုက်ပါတယ်။

(ဆက်လက်ဖော်ပြပါမည်)

Related News

စီရော်နယ်လ်ဒိုမရှိလည်း ဖြစ်တယ်
Players News

စီရော်နယ်လ်ဒိုမရှိလည်း ဖြစ်တယ်

ရော်နယ်လ်ဒိုကို အရန်ခုံပို့ပြီး ယော်အိုဖေးလစ်၊ ဂွန်ကာလိုရာမို့စ်တို့ရဲ့ သွင်းဂိုးတွေနဲ့ ဟာလန်းရဲ့ နော်ဝေကို အဝေးကွင်းမှာ အနိုင်ယူခဲ့တဲ့ ပေါ်တူဂီအသင်းရဲ့ ပွဲစဉ်သုံးသပ်ချက်။

Read more
ဘာပေသာ လီဗာပူးလ်ရောက်ခဲ့ရင်...
Players News

ဘာပေသာ လီဗာပူးလ်ရောက်ခဲ့ရင်...

၂၀၁၇ ခုနှစ်က မိုနာကိုကနေ ထွက်ခွာချိန်မှာ အမေဖြစ်သူရဲ့ တိုက်တွန်းချက်ကို လွန်ဆန်ပြီး ယာဂန်ကလော့ပ်ရဲ့ လီဗာပူးလ်အသင်းအစား PSG ကို ရွေးချယ်ခဲ့တဲ့ ဘာပေရဲ့ အပြောင်းအရွှေ့ ဇာတ်ကြောင်း။

Read more
ကိုဗင်ထရီအတွက် နိုင်ပွဲတစ်ပွဲဟာ Nokia ခေတ်ကနေ Iphone 18 ခေတ်အထိကြာခဲ့တယ်
Players News

ကိုဗင်ထရီအတွက် နိုင်ပွဲတစ်ပွဲဟာ Nokia ခေတ်ကနေ Iphone 18 ခေတ်အထိကြာခဲ့တယ်

ကိုဗင်ထရီနဲ့အတူ တန်းဆင်းသွားတဲ့အသင်းသုံးသင်းထဲ မန်စီးတီးလည်းပါဝင်ခဲ့တယ်။ မန်စီးတီးကပရီးမီးယားလိဂ်ရဲ့အရှင်သခင်ဘဝ ပြန်ရောက်လာပေမယ့် ကိုဗင်ထရီအသင်းကတော့ ပရီးမီးယားလိဂ်နဲ့အခုအချိန်မှ ရေစက်ပြန်ဆုံခွင့်ရခဲ့တယ်။ ၁၉၆၇ ကနေ ၂၀၀၁ ခုနှစ်အထိ အဂ်လန်နိုင်ငံရဲ့ အဆင့်အမြင့်ဆုံးလိဂ်(အခုပရီးမီးယားလိဂ်)မှာ ရှင်သန်ခွင့်ရခဲ့တဲ့ ကိုဗင်ထရီအတွက် ပရီးမီးယားလိဂ်ရင်ငွေ့လှုံခွင့်မရတာ ၂၅ နှစ်ကြာခဲ့ပါတယ်။

Read more

More News

အိပ်မက်အသေတွေနဲ့ အိုးလ်ထရက်ဖို့ဒ်
Football News

အိပ်မက်အသေတွေနဲ့ အိုးလ်ထရက်ဖို့ဒ်

စီးပွားရေးဆန်လာတဲ့ ခေတ်သစ်ဘောလုံးလောကရဲ့ ပြောင်းလဲမှုတွေနဲ့အတူ အိပ်မက်အသေတွေကြားမှာ ရုန်းကန်နေရတဲ့ မန်ယူအသင်း (Old Trafford) အပေါ် ထားရှိတဲ့ ပရိသတ်တစ်ယောက်ရဲ့ အနက်ရှိုင်းဆုံး ရင်တွင်းခံစားချက်စာစု။

Read more
ဂန္ထ၀င်တစ်ဦးရဲ့နောက်ဆုံးအချိန်တွေအကြောင်း
Football News

ဂန္ထ၀င်တစ်ဦးရဲ့နောက်ဆုံးအချိန်တွေအကြောင်း

၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၃၀ ရက်ဟာ အဂွဲရိုးအတွက် နတ်ဆိုးပဲ။ နှလုံးခုန်နှုန်း ပုံမှန်မဟုတ်ဘဲ ရုတ်တရက် အသက်ရှုကျပ်လာလို့  အလာဗတ်စ်နဲ့ပွဲမှာ ဆက်မကစားနိုင်ဘဲ ကွင်းထဲကနေ ထွက်ခွာခဲ့ရတယ်။ အဲဒီပွဲဟာ အဂွဲရိုးရဲ့ ပရော်ဖက်ရှင်နယ်ကစားသမားဘဝနောက်ဆုံးပွဲဆိုတာ ဘယ်သူကြိုသိနိုင်မလဲ။ ကံကြမ္မာနတ်သမီးလား။ နတ်ဆိုးခေါင်းဆောင်လား။ အဂွဲရိုးကိုယ်တိုင်လား။ ကိုယ့်နှလုံးသားဖောက်ပြန်ရေးအသံကို နားဆင်ရင်းကြေကွဲခဲ့ရသူ အဂွဲရိုးပါပဲ။

Read more
မန်စီးတီးပရိသတ်တွေ ဘယ်လိုခံစားနေရမလဲ
Football News

မန်စီးတီးပရိသတ်တွေ ဘယ်လိုခံစားနေရမလဲ

ပြစ်မှု ၁၁၅ မှုနဲ့ တန်းဆင်းရနိုင်တဲ့ အခြေအနေဆိုးကို ရင်ဆိုင်နေရချိန်မှာ ဖလားတွေ ရုပ်သိမ်းခံရရင်တောင် အသင်းကို ဆက်လက်အားပေးသွားမယ့် မန်စီးတီးပရိသတ်တွေရဲ့ စစ်မှန်တဲ့ ခံစားချက်များ။

Read more
Best Slot Games in Myanmar 2026: Top 5 Online Slot Games to Play on Onex2
Slot News

Best Slot Games in Myanmar 2026: Top 5 Online Slot Games to Play on Onex2

If you are looking for the absolute best online slot game myanmar experience with guaranteed fast payouts and reliable customer service, you are in the right place. To help you navigate the massive library of titles, here are the top 5 must-play slot games currently dominating the Onex2 platform and creating massive winners every single day:

Read more
ဘောလုံး ပွဲ နိုင် အောင် လောင်း နည်း (အကျိုးကြောင်းဆီလျော်စွာ သုံးသပ်ခြင်း)
Football News

ဘောလုံး ပွဲ နိုင် အောင် လောင်း နည်း (အကျိုးကြောင်းဆီလျော်စွာ သုံးသပ်ခြင်း)

ကံတရားတစ်ခုတည်းကို အားမကိုးဘဲ အချက်အလက်တွေပေါ် မူတည်ပြီး စနစ်တကျ သုံးသပ်နိုင်မယ့် ဘောလုံးပွဲခန့်မှန်းနည်း (၅) ချက်နှင့် Onex2 App တွင် အကျိုးအမြတ်ရှာဖွေနည်း။

Read more
ယုံကြည်စိတ်ချရဆုံး စလော့ app - Onex2 ဖြင့် အမြန်ဆုံး နိုင်ငွေ ထုတ်ယူလိုက်ပါ။
Slot News

ယုံကြည်စိတ်ချရဆုံး စလော့ app - Onex2 ဖြင့် အမြန်ဆုံး နိုင်ငွေ ထုတ်ယူလိုက်ပါ။

JILI, PG Soft, Pragmatic Play စတဲ့ ကမ္ဘာ့အဆင့်မီ ဂိမ်းတွေနဲ့အတူ လုံခြုံစိတ်ချရမှု၊ အမြန်ဆုံး ငွေသွင်း/ငွေထုတ် စနစ်နဲ့ အထူးပရိုမိုးရှင်းတွေ ပေးအပ်ထားတဲ့ အကောင်းဆုံး စလော့ app ဖြစ်တဲ့ Onex2 အကြောင်း မိတ်ဆက်။

Read more

Official Channels

ONEX2 banner