Football News

အိပ်မက်အသေတွေနဲ့ အိုးလ်ထရက်ဖို့ဒ်

အိပ်မက်အသေတွေနဲ့ အိုးလ်ထရက်ဖို့ဒ်

စီးပွားရေးဆန်လာတဲ့ ခေတ်သစ်ဘောလုံးလောကရဲ့ ပြောင်းလဲမှုတွေနဲ့အတူ အိပ်မက်အသေတွေကြားမှာ ရုန်းကန်နေရတဲ့ မန်ယူအသင်း (Old Trafford) အပေါ် ထားရှိတဲ့ ပရိသတ်တစ်ယောက်ရဲ့ အနက်ရှိုင်းဆုံး ရင်တွင်းခံစားချက်စာစု။

အိပ်မက်အသေတွေနဲ့ အိုးလ်ထရက်ဖို့ဒ်

ဘယ်သူကယ်နိုင်မလဲ၊ အသည်းကွဲတဲ့ရောဂါ၊

ဘယ်သူကယ်နိုင်မလဲ၊ ဒုက္ခကပျားရည်လိုချိုလား

သီချင်းလေးထဲပဲ ဒုက္ခဟာ ချိုမြိန် မှာပေါ့။

တကယ်တမ်းဒုက္ခနဲ့ ရင်ဆိုင်ရတဲ့အခါ ဘယ်လိုလုပ်များ ချိုမြိန်နိုင်မလဲ။ ဉီးမျိုးကျော့မြိုင်က လူဖြစ်ရတဲ့ဒုက္ခဆိုပြီး ညည်းတွားခဲ့ဖူးတယ်။

လူဖြစ်ရတဲ့ ဒုက္ခထဲ ဘောလုံးအသင်းတစ်သင်းသင်းကို စွဲမြဲနေတာဟာ ချစ်ဒုက္ခတစ်ခုပါပဲ။ သံသရာပါမယ့်အစွဲအလန်းတစ်ခုပါပဲ

တကယ်လို့များ ကိုယ်ချစ်မြတ်နိုးရာအသင်းဟာ ရေတိမ်နစ်နေတဲ့အခါ ဘယ်လိုခံစားရပါသလဲ။

ကရုဏာဒေါသတွေကြောင့် ဆဲဆိုမိလည်း အချိန်တန်ရင် ပြန်လည်မြတ်နိုးရတာပဲမဟုတ်လား။

ပြင်သစ်ဂန္ထဝင်ကန်တိုနာပြောသလိုပဲ။ "ခင်ဗျား စော်တွေထည်လဲတွဲလို့ရတယ်၊ မိန်းမတစ်ယောက်ပြီးတစ်ယောက် ယူချင်ယူနိုင်တယ်၊

ဒါပေမဲ့ ကိုယ်အားပေးတဲ့အသင်းကို ဘယ်တော့မှ ပြောင်းလို့မရနိုင်ဘူး" တဲ့။

ဘယ်လောက်လှလိုက်တဲ့စကားလေးလဲ။

ခင်ဗျားအားပေးတဲ့အသင်းက တန်းဆင်းသွားလည်း ခင်ဗျားနှလုံးသားကို ရွှေ့လိုက်လို့မရဘူး။ ကိုယ့်နှလုံးသားကိုယ် သစ္စာဖောက်လို့မရဘူး။

ခမ်းနားအောင်ပွဲတွေနဲ့အသင်းတွေကို ခင်ဗျားအားကျချင် အားကျနိုင်တယ်။  လက်ခုပ်တီးအားပေးချင်အားပေးနိုင်တယ်။

မုဒိတာပွားလို့ရတယ်၊ ခင်ဗျားရဲ့သစ္စာတွေတော့ ပေးလိုက်လို့မရပါဘူး။

ပရီးမီးယားလိဂ်မှော်ရုံတောမှာ ကျွန်တော်ဟာ နှစ်ကာလများစွာ လမ်းပျောက်ခဲ့တယ်။ ကျွန်တော် ချစ်မြတ်နိုးရတဲ့  အမှတ်တံဆိပ်လေးတစ်ခုရှိတယ်။

ကျွန်တော့်နှလုံးသားအတွင်းနံရံထဲ စွဲမြဲနေတယ်။ အဲဒီအမှတ်တံဆိပ်လေးကို ကျော်လွန်ပြီး

ကျွန်တော် မုဒိတာပွားမိတဲ့အသင်းတွေ၊ လူပုဂ္ဂိုလ်တွေ ရှိတယ်။ ရောမမှာဆို တော့တီ၊ လူပုလေး အင်ဆစ်ဂ်နီ၊ အဝါရောင်ရေငုပ်သင်းဘောက ရီကွယ်လ်မီး၊

ဘောလုံးလောကရဲ့ဘုရားသခင် မာရာဒိုနာ၊ ဘယ်တော့မှ ဆင်တူရိုးမားမရှိနိုင်တဲ့ မက်ဆီ၊ ဂျူနင်ဟိုရဲ့သက်တံ့ရောင် ဖရီးကစ်ကန်ချက်တွေ၊

ပီယာလိုရဲ့ အအေးခန်းသေတ္တာထဲက  ဉာဏ်ရည်ဉာဏ်သွေး၊ ကြောင်သူတော်မဆန်တဲ့ ရွန်နီ၊ ဖရန်ကီနဲ့ ပေါလ်စခိုးလ်ရဲ့အဝေးကန်ချက်တွေ၊

ရွိုင်ကိန်းနဲ့ ဗီယာရာလည်ပင်းညှစ်နေတာတွေ၊ ပြောရရင် ကုန်နိုင်မယ်မထင်ဘူး။

နည်းပြတွေအကြောင်း ပြောတဲ့အခါ မော်ရင်ဟိုကို မုန်းပြီးမှ ပြန်လည်ချစ်ခင်မိတာတွေ၊ အာစင်ဝင်းဂါးရဲ့နည်းပြဘဝနောက်ဆုံးနေ့ရက်တွေကို ကရုဏာသက်မိတာတွေ၊

ဖာဂီ ထွေးထုတ်လိုက်တဲ့ ပီကေတွေ၊ စိတ်ကြွဆေးတွေ မှီဝဲထားသလို ယာဂန်ကလော့ပ်၊ နည်းပြလောကရဲ့ အိုင်းစတိုင်းဖြစ်တဲ့ ဂွာဒီယိုလာ၊

ပရီးမီးယားလိဂ် Big Six Era ကို ဖန်ဆင်းခဲ့သူ ပိုချက်တီနို၊ ကျွန်တော် ထိမိ၊ ငြိမိတဲ့ ခေါင်းဆောင်တွေ။

ခေါင်းဆောင်တွေအကြောင်း တွေးတဲ့အခါ နောက်လိုက်ငယ်သားတွေအကြောင်း ချန်ထားလို့မရဘူး။

ဟစ်တလာက သူတစ်ယောက်တည်း ရူးခဲ့တာမဟုတ်ဘူး။ မူဆိုလီနီက သူတစ်ယောက်တည်း ရူးခဲ့တာမဟုတ်ဘူး။

ဆာဒမ်ဟူစိန်က သူတစ်ယောက်တည်း ရူးခဲ့တာမဟုတ်ဘူး။

ကမ္ဘာကြီးကို ပေါက်ကွဲစေမယ့်လောင်စာတွေဟာ တစ်ကိုယ်ရေစာခံစားချက်ကနေ ပေါက်ဖွားလာတာ မဟုတ်ဘူး။

အိပ်မက်လေးလို့ နူးနူးညံ့ညံ့တံဆိပ်ကပ်လိုက်ရင်၊ ရိုင်းတာမလား။

ဟစ်တလာ၊ မူဆိုလီနီ၊ ဆာဒမ်ဟူစိန်၊ ဘယ်ခေတ်မျိုးမှာမဆို အာဏာရှင်တွေဟာ အိပ်မက်ဆိုးတွေ မက်ကြတယ်။

အဲဒီအိပ်မက်ဆိုးတွေ တည်တံ့အောင် Follower တွေက ပါရမီဖြည့်ပေးတယ်။

Blogger တွေ၊ YouTuber တွေ၊ Influencer တွေဟာ ကမ္ဘာကိုဖျက်မယ့် တခြားသောအရပ်က  ဂြိုလ်သားတွေများလား။

ကျွန်တော် မသိဘူး.. ကျွန်တော်သိတာ ခေတ်ပျက်နေပြီဆိုတာပဲ။

တကယ်မရှိသောနှစ်များစာအုပ်ထဲက အောင်ခင်မြင့်ရေးတဲ့ ချာလီက ခင်ဗျားလည်းဖြစ်နိုင်၊ ကျွန်တော်လည်း ဖြစ်နိုင်တယ်။

"ချာလီရေ ...ကောင်လေးရေ...ထတော့ဟေ့။ ခေတ်ဆိုးကြီးကို တစ်ခန်းမှ မလွတ်စေနဲ့"

ကဗျာဆရာ ဘေတောက် ရေးခဲ့သလို 'ဘောပင်နဲ့ ခြစ်ထားတဲ့ ရှုခင်းဟာ ဒီမှာ ပြန်ပေါ်လာပြီ'

ခေတ်ဆိုးကြီးကို တစ်ခန်းမှ မလွတ်အောင်  ကျွန်တော် ကြည့်တယ်။  ကျွန်တော့်နှလုံးသားအတွင်းနံရံက အရာတွေ အထိအရှမရှိအောင် ခံစားရင်း

ခေတ်ဆိုးကြီးကို ကျွန်တော်ကြည့်တယ်။

ဘောလုံးလောကကလည်း ခေတ်ဆိုးကြီးထဲ ရှင်သန်နေရတယ်။ ဖျော်ဖြေရေးကနေ စီးပွားရေး ဆန်သွားတယ်။ ဘယ်သူမှလည်း မတားဆီးနိုင်ဘူး။

ငွေကြေးက ဘောလုံးလောကကို သိမ်းပိုက်သွားလည်း ဘယ်သူမှ မရပ်တန့်နိုင်ဘူး။

 Virtual World ထဲ ကျွန်တော်တို့ ပျော်ချင်ယောင်ဆောင်ရတာ မပြီးသေးဘူးလား။ တစ်ယောက်ယောက်လောက် ဖြေသိမ့်ပေးပါဉီး။

ဖီဖာက  ဘလတ္တာလက်ထပ်တော်ကစလို့ အကျင့်ပျက်ခြစားနေပြီ။ အင်ဖန်တီနိုနဲ့ ဆယ်လ်ဖာရင်က ပြိုင်ပွဲအသစ်တွေ ကျင်းပပြီး ဆင်သေကိုဆိတ်သားရေနဲ့ဖုံးနေတယ်။

မလိုအပ်ဘဲချဲ့ထွင်ခံထားရတဲ့ ချန်ပီယံလိဂ်နဲ့ ဖီဖာကလပ်ကမ္ဘာ့ဖလား၊ ကစားသမားတွေဟာ စက်ရုပ်ကျွန်တွေပါပဲ။

ပွင့်ပွင့်လင်းလင်းပြောရရင် မဖြူစင်တော့တဲ့လောကထဲ ကျွန်တော်တို့နှလုံးသားတွေ လူကျွံဘောဖြစ်နေတာပဲ။

VAR နဲ့ ပြန်ကြည့်စရာမလိုအောင် ကျွန်တော်တို့ နှလုံးသားတွေ ကျွံဝင်နေခဲ့ပြီ။

အခုခံစားနေရတာ ပြောရရင် ကျွန်တော့်နှလုံးသားအတွင်းနံရံက ပုံရိပ်တစ်ခုကို အသည်းမကွဲစေချင်တော့ဘူး။

မန်ယူနိုက်တက်၊ သံချေးတက်နေတဲ့ ဂုဏ်သိက္ခာတစ်ခု၊ ပရီးမီးယားလိဂ်ရဲ့နန်းကျဘုရင်၊ ခေတ်ပေါ် ကမ္ဘာရဲ့ တံတွေးခွက်ထဲက Brand တစ်ခု၊

ခေါင်းဆောင်ကောင်းတွေ မြေမြှုပ်မိုင်းမိတဲ့ရပ်ဝန်း၊ စိတ်ကျရောဂါခံစားနေရတဲ့ကစားသမားတွေနဲ့

အိပ်မက်အသေတွေ မူးယစ်ဆေးလိုအာရုံကြောထဲ ရောက်ရှိနေတဲ့ အိုးလ်ထရက်ဖို့ဒ်ပါပဲ။

ခင်ဗျားတို့ချစ်မိလို့နောင်တရဖူးတာရှိလို့လား။ ချစ်မိရင် ထပ်ချစ်ဖို့သာရှိတာပဲမဟုတ်လား။

ချစ်၊ ချစ်၊ ချစ်၊

ချစ်မိလို့ အပြစ်မရှိပါဘူး။

Related News

ဂန္ထ၀င်တစ်ဦးရဲ့နောက်ဆုံးအချိန်တွေအကြောင်း
Football News

ဂန္ထ၀င်တစ်ဦးရဲ့နောက်ဆုံးအချိန်တွေအကြောင်း

၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၃၀ ရက်ဟာ အဂွဲရိုးအတွက် နတ်ဆိုးပဲ။ နှလုံးခုန်နှုန်း ပုံမှန်မဟုတ်ဘဲ ရုတ်တရက် အသက်ရှုကျပ်လာလို့  အလာဗတ်စ်နဲ့ပွဲမှာ ဆက်မကစားနိုင်ဘဲ ကွင်းထဲကနေ ထွက်ခွာခဲ့ရတယ်။ အဲဒီပွဲဟာ အဂွဲရိုးရဲ့ ပရော်ဖက်ရှင်နယ်ကစားသမားဘဝနောက်ဆုံးပွဲဆိုတာ ဘယ်သူကြိုသိနိုင်မလဲ။ ကံကြမ္မာနတ်သမီးလား။ နတ်ဆိုးခေါင်းဆောင်လား။ အဂွဲရိုးကိုယ်တိုင်လား။ ကိုယ့်နှလုံးသားဖောက်ပြန်ရေးအသံကို နားဆင်ရင်းကြေကွဲခဲ့ရသူ အဂွဲရိုးပါပဲ။

Read more
မန်စီးတီးပရိသတ်တွေ ဘယ်လိုခံစားနေရမလဲ
Football News

မန်စီးတီးပရိသတ်တွေ ဘယ်လိုခံစားနေရမလဲ

ပြစ်မှု ၁၁၅ မှုနဲ့ တန်းဆင်းရနိုင်တဲ့ အခြေအနေဆိုးကို ရင်ဆိုင်နေရချိန်မှာ ဖလားတွေ ရုပ်သိမ်းခံရရင်တောင် အသင်းကို ဆက်လက်အားပေးသွားမယ့် မန်စီးတီးပရိသတ်တွေရဲ့ စစ်မှန်တဲ့ ခံစားချက်များ။

Read more
ဘောလုံး ပွဲ နိုင် အောင် လောင်း နည်း (အကျိုးကြောင်းဆီလျော်စွာ သုံးသပ်ခြင်း)
Football News

ဘောလုံး ပွဲ နိုင် အောင် လောင်း နည်း (အကျိုးကြောင်းဆီလျော်စွာ သုံးသပ်ခြင်း)

ကံတရားတစ်ခုတည်းကို အားမကိုးဘဲ အချက်အလက်တွေပေါ် မူတည်ပြီး စနစ်တကျ သုံးသပ်နိုင်မယ့် ဘောလုံးပွဲခန့်မှန်းနည်း (၅) ချက်နှင့် Onex2 App တွင် အကျိုးအမြတ်ရှာဖွေနည်း။

Read more

More News

ပတ်ဒရီရဲ့အရင်ကဇာတ်လမ်းလေး
Players News

ပတ်ဒရီရဲ့အရင်ကဇာတ်လမ်းလေး

စားသောက်ဆိုင်လေးမှာ ကြီးပြင်းခဲ့ရတဲ့ ဘာစီလိုနာကစားသမား ပတ်ဒရီရဲ့ ငယ်ဘဝ၊ အဘိုးဖြစ်သူရဲ့ ဘာစီလိုနာကို ချစ်မြတ်နိုးမှုနဲ့ ရီးယဲလ်မက်ဒရစ်မှာ အစမ်းသပ်ခံရင်း ရှုံးနိမ့်ခဲ့ရတဲ့ ဇာတ်ကြောင်းများ။

Read more
Best Slot Games in Myanmar 2026: Top 5 Online Slot Games to Play on Onex2
Slot News

Best Slot Games in Myanmar 2026: Top 5 Online Slot Games to Play on Onex2

If you are looking for the absolute best online slot game myanmar experience with guaranteed fast payouts and reliable customer service, you are in the right place. To help you navigate the massive library of titles, here are the top 5 must-play slot games currently dominating the Onex2 platform and creating massive winners every single day:

Read more
ယုံကြည်စိတ်ချရဆုံး စလော့ app - Onex2 ဖြင့် အမြန်ဆုံး နိုင်ငွေ ထုတ်ယူလိုက်ပါ။
Slot News

ယုံကြည်စိတ်ချရဆုံး စလော့ app - Onex2 ဖြင့် အမြန်ဆုံး နိုင်ငွေ ထုတ်ယူလိုက်ပါ။

JILI, PG Soft, Pragmatic Play စတဲ့ ကမ္ဘာ့အဆင့်မီ ဂိမ်းတွေနဲ့အတူ လုံခြုံစိတ်ချရမှု၊ အမြန်ဆုံး ငွေသွင်း/ငွေထုတ် စနစ်နဲ့ အထူးပရိုမိုးရှင်းတွေ ပေးအပ်ထားတဲ့ အကောင်းဆုံး စလော့ app ဖြစ်တဲ့ Onex2 အကြောင်း မိတ်ဆက်။

Read more
ကျွဲ စလော့ app အစစ် ကို ဘယ်လို ဒေါင်းမလဲ?  Onex2 တွင် စိတ်ချလက်ချ download ယူလိုက်ပါ!
Slot News

ကျွဲ စလော့ app အစစ် ကို ဘယ်လို ဒေါင်းမလဲ? Onex2 တွင် စိတ်ချလက်ချ download ယူလိုက်ပါ!

အတုအယောင် App များ၏ လိမ်လည်မှုအန္တရာယ်မှ ကင်းဝေးစေရန်နှင့် ဆုကြေးဘောနပ်စ်များစွာ ရယူနိုင်ရန် Onex2 တွင် တရားဝင် ကျွဲစလော့ App အစစ်ကို ယုံကြည်စိတ်ချစွာ ဒေါင်းလုဒ်ရယူနိုင်ကြောင်း ရှင်းလင်းထားသော လမ်းညွှန်။

Read more
စီရော်နယ်လ်ဒိုမရှိလည်း ဖြစ်တယ်
Players News

စီရော်နယ်လ်ဒိုမရှိလည်း ဖြစ်တယ်

ရော်နယ်လ်ဒိုကို အရန်ခုံပို့ပြီး ယော်အိုဖေးလစ်၊ ဂွန်ကာလိုရာမို့စ်တို့ရဲ့ သွင်းဂိုးတွေနဲ့ ဟာလန်းရဲ့ နော်ဝေကို အဝေးကွင်းမှာ အနိုင်ယူခဲ့တဲ့ ပေါ်တူဂီအသင်းရဲ့ ပွဲစဉ်သုံးသပ်ချက်။

Read more
မော်ရင်ဟိုရဲ့ ပေါက်ကွဲသံစဉ်
Football News

မော်ရင်ဟိုရဲ့ ပေါက်ကွဲသံစဉ်

မက်ဒရစ်ဒါဘီ ရှုံးပွဲအပြီးမှာ ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်တွေကို မကျေနပ်လို့ သတင်းစာရှင်းလင်းပွဲမှာ A4 စာရွက်တွေပြပြီး ပေါက်ကွဲခဲ့တဲ့ ရီးယဲလ်မက်ဒရစ်နည်းပြ မော်ရင်ဟိုရဲ့ အကြောင်း။

Read more

Official Channels

ONEX2 banner