သံမဏိအရည်ပျော်ချိန်
နည်းပြဘဝရဲ့ ကြီးမားတဲ့ စိတ်ဖိစီးမှုနဲ့ ကျန်းမာရေးပြဿနာတွေကြောင့် လေ့ကျင့်ရေးကွင်းမှာ ရုတ်တရက် လဲကျခဲ့ရပြီး အနားယူဖို့ လိုအပ်နေတဲ့ ဘိုင်ယန်မြူးနစ်နည်းပြ ကွန်ပနီရဲ့ အခြေအနေ သုံးသပ်ချက်။
ဘဏ္ဍာရေးစည်းမျဉ်း ချိုးဖောက်မှု (၁၁၅) ချက်စလုံးကို ကျူးလွန်ခဲ့ကြောင်း ပရီးမီးယားလိဂ်က စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် အဝီစိထိုးဆင်းရတော့မယ့် မန်စီးတီးရဲ့ စပွန်ဆာလိမ်လည်မှုများနဲ့ အယူခံဝင်မယ့် လုပ်ငန်းစဉ်များအကြောင်း။
မန်စီးတီးက အဝီစိကို ထိုးဆင်းတော့မယ်ထင်တယ်။
ပရီးမီးယားလိဂ်ဘက်က ဘဏ္ဍာရေးမသမာမှု ၁၁၅ ချက်စလုံး မန်စီးတီး ကျူးလွန်ခဲ့တယ်လို့ ကြေညာလိုက်ပါပြီ။
မန်စီးတီးရဲ့အမှုတွေက ၂၀၀၉-၁၀ ရာသီကနေ ၂၀၁၇-၁၈ ရာသီအတွင်း ဘဏ္ဍာရေးအချက်အလက်တွေ အတိအကျပေးချေရန်ပျက်ကွက်မှု ၅၄ ကြိမ်၊
၂၀၀၉-၁၀ ရာသီကနေ ၂၀၁၇-၁၈ ရာသီအတွင်း ကစားသမားနဲ့ နည်းပြတွေအတွက် ငွေပေးချေမှုကို အတိအကျဖော်ပြရန်ပျက်ကွက်မှု ၁၄ ကြိမ်၊
၂၀၁၃-၁၄ ရာသီကနေ ၂၀၁၇-၁၈ ရာသီအတွင်းမှာ UEFA ရဲ့ဘဏ္ဍာရေးစည်းမျဉ်း FFP ကို ၅ ကြိမ်တိုင်ချိုးဖောက်မှု
၂၀၁၅-၁၆ ရာသီကနေ ၂၀၁၇-၁၈ ရာသီအတွင်း ပရီးမီးယားလိဂ်ရဲ့ဘဏ္ဍာရေးစည်းမျဉ်း PSR ကို ၇ ကြိမ်တိုင်ချိုးဖောက်မှု
၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာကနေ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလအတွင်း ပရီးမီးယားလိဂ်ရဲ့စစ်ဆေးမှုကိုပူးပေါင်းပါဝင်ရန်ပျက်ကွက်မှု ၃၅ ကြိမ် ဖြစ်ပါတယ်။
အခု ပရီးမီးယားလိဂ်ဘက်က မန်စီးတီးဟာ စပွန်ဆာဝင်ငွေနဲ့ပတ်သက်ပြီး အကြီးအကျယ်လိမ်လည်ထားတယ်လို့ စစ်ဆေးတွေ့ရှိခဲ့ပါတယ်။
မန်စီးတီးက စပွန်ဆာဝင်ငွေတွေကို sham contracts နဲ့ အလွဲသုံးစားလုပ်ပြီး စီးပွားရေးစည်းမျဉ်းချိုးဖောက်ခဲ့တာပါ။
မန်စီးတီးက ၂၀၀၉-၁၀ ရာသီကနေ ၂၀၁၇-၁၈ ရာသီအတွင်းမှာ စပွန်ဆာဝင်ငွေ ပေါင် ၉၄၉ ဒဿမ ၄ သန်းရတယ်လို့ စာရင်းတွေမှာဖော်ပြခဲ့ပါတယ်။
ဒါပေမဲ့ အဲဒီစပွန်ဆာဝင်ငွေထဲက ပေါင် ၁၁၉ ဒဿမ ၂ သန်းကသာ မန်စီးတီးအမှန်တကယ်ရရှိတာဖြစ်ပြီး
ကျန်တဲ့ ပေါင်သန်း ၈၃၀ ဒဿမ ၆၉ သန်းကို မန်စီးတီးပိုင်ရှင်တွေက စိုက်ထုတ်ပေးခဲ့တာပါ။
မန်စီးတီးက သူတို့ရဲ့ Operating Cost ကို ကိုယ်ပိုင်ငွေကြေးစိုက်ထုတ်ပြီး အရှုံးငွေမရှိအောင် လိမ်လည်လှည့်ဖျားခဲ့တာလည်း ဖြစ်ပါတယ်။
မန်စီးတီးက ၂၀၀၉-၁၀ ရာသီကနေ ၂၀၁၇-၁၈ ရာသီအတွင်း UEFA နဲ့ ပရီးမီးယားလိဂ်ရဲ့ဘဏ္ဍာရေးစည်းမျဉ်းတွေကို လက်တလုံးခြားကျော်ဖြတ်ခဲ့တာပါ။
ဒါ့အပြင် မန်စီးတီးက Fordham ဆိုတဲ့ကုမ္ပဏီနဲ့ အတုအယောင်စာချုပ်လုပ်ပြီး ကစားသမားပုံရိပ်အသုံးပြုခတွေကို ထောက်ပံ့ပေးခဲ့ပါတယ်။
မန်စီးတီးကတော့ အခုအချိန်အထိ သူတို့ရဲ့လုပ်ရပ်တွေကိုဖုံးကွယ်ထားပြီး အမှားမလုပ်ဘူးလို့ ငြင်းဆန်ထားဆဲပါ။
မန်စီးတီးက အယူခံဝင်ပြီး ဆက်လက် ငြင်းဆန်သွားဉီးမယ့်သဘောဖြစ်ပါတယ်။
Independent Appeal Board
ပရီးမီးယားလိဂ်စည်းမျဉ်းအရ စွဲချက်တင်ခံထားရတဲ့ အသင်းတစ်သင်း လွတ်လပ်တဲ့ကော်မရှင်ရဲ့ပြစ်ဒဏ် ကို အယူခံဝင်နိုင်ပြီး
Independent Appeal Board က ဆက်လက်ဆုံးဖြတ်မှာပါ။
UK High Court
အမှုကို အပြည်ပြည်ဆိုင်ရာမဟုတ်ဘဲ ဗြိတိန်ဉပဒေအရ တရားရင်ဆိုင်ချင်ရင် High Court မှာဖြေရှင်းခွင့်ရှိပါတယ်။
Independent Appeal Board မှာ အယူခံဝင်ရင် ပြန်လည်စစ်ဆေးချိန် ၆ လကနေ ၁ နှစ်ကြားကြာနိုင်ပြီး
UK High Court မှာ အမှုရင်ဆိုင်ရင် ပြန်လည်စစ်ဆေးချိန် ၂ နှစ်ကနေ ၃ နှစ်ကြား ကြာမြင့်နိုင်ပါတယ်။
နည်းပြဘဝရဲ့ ကြီးမားတဲ့ စိတ်ဖိစီးမှုနဲ့ ကျန်းမာရေးပြဿနာတွေကြောင့် လေ့ကျင့်ရေးကွင်းမှာ ရုတ်တရက် လဲကျခဲ့ရပြီး အနားယူဖို့ လိုအပ်နေတဲ့ ဘိုင်ယန်မြူးနစ်နည်းပြ ကွန်ပနီရဲ့ အခြေအနေ သုံးသပ်ချက်။
အဓိကကစားသမားတွေ ပါဝင်ခဲ့ပေမဲ့ လိဂ်တူးကလပ် ဖလက်ဝုဒ်တောင်းအသင်းကို ပယ်နယ်တီအဆုံးအဖြတ်မှာ ရှုံးနိမ့်ပြီး လိဂ်ဖလားပြိုင်ပွဲကနေ စောစီးစွာ ထွက်ခွာခဲ့ရတဲ့ အာဆင်နယ်အသင်းရဲ့ ရှက်စရာရှုံးပွဲ သုံးသပ်ချက်။
၈ ပွဲဆက် နိုင်ပွဲပျောက်နေပေမဲ့ နည်းပြရာထူးကနေ မထုတ်ပယ်ခံရသေးဘဲ ချယ်လ်ဆီးနဲ့ပွဲမှာ နောက်ဆုံးအခွင့်အရေး ထပ်မံရရှိလိုက်တဲ့ မန်ယူနည်းပြ မိုက်ကယ်ကာရစ်ရဲ့ ကံကြမ္မာ သုံးသပ်ချက်။
အင်တာဗျူးတစ်ခုမှာ အမှားအယွင်းပြောဆိုမိခဲ့တဲ့ ဘာပေကြောင့် တရုတ်နိုင်ငံရဲ့ ပြင်းထန်တဲ့ တုံ့ပြန်မှုနဲ့ သပိတ်မှောက်မှုတွေကို ရင်ဆိုင်နေရပြီး ရုပ်သံဈေးကွက် ဆုံးရှုံးမယ့်အရေးနဲ့ ကြုံနေရတဲ့ လာလီဂါအကြောင်း သုံးသပ်ချက်။
ဖလက်ဝုဒ်နဲ့ပွဲမှာ အနီကတ်ပြခံရလို့ အာတီတာရဲ့ ဆူပူမှုကို ခံခဲ့ရတဲ့ ဒေါင်းမန်းနဲ့ ရွန်နီ၊ မက်ဆီတို့လို လူငယ်ဘဝမှာ စိတ်လိုက်မာန်ပါ အမှားလုပ်ခဲ့ကြတဲ့ နာမည်ကျော်ကစားသမားတွေအကြောင်း သုံးသပ်ချက်။
၈ ပွဲဆက် နိုင်ပွဲပျောက်နေပေမဲ့ နည်းပြရာထူးကနေ မထုတ်ပယ်ခံရသေးဘဲ ချယ်လ်ဆီးနဲ့ပွဲမှာ နောက်ဆုံးအခွင့်အရေး ထပ်မံရရှိလိုက်တဲ့ မန်ယူနည်းပြ မိုက်ကယ်ကာရစ်ရဲ့ ကံကြမ္မာ သုံးသပ်ချက်။
အောက်တန်းလိဂ် အငှားကစားသမားဘဝကနေ ၂၀၂၆ Ballon d'Or ဆုရှင်အဖြစ် အမြင့်ဆုံး ရောက်ရှိလာတဲ့ ဟာရီကိန်းရဲ့ ဒဏ္ဍာရီဆန်တဲ့ ဖြတ်သန်းမှုနဲ့ စပါးအသင်းဆီ ပြန်လာနိုင်ခြေ သုံးသပ်ချက်။
ကမ္ဘာ့ဖလားနဲ့ ချန်ပီယံလိဂ် မရဘဲ Ballon d'Or ဆုကို ဆွတ်ခူးနိုင်ခဲ့ပြီး မက်ဆီ၊ စီရော်နယ်လ်ဒိုတို့နဲ့ ဂုဏ်ရည်တူသွားတဲ့ ဂန္ထဝင်တိုက်စစ်မှူး ဟာရီကိန်းရဲ့ စံချိန်တင် သွင်းဂိုးမှတ်တမ်းများအကြောင်း သုံးသပ်ချက်။
နည်းစနစ်ကို ဝေဖန်ခဲ့တဲ့ ဘရူနိုဖာနန်ဒက်စ်ကို ပွဲထွက်စာရင်းကနေ ဖယ်ရှားခဲ့ပေမဲ့ ဘုန်းမောက်ကို ဂိုးပြတ်ရှုံးနိမ့်ပြီး (၈) ပွဲဆက် နိုင်ပွဲပျောက်ခဲ့တဲ့ မန်ယူနည်းပြ မိုက်ကယ်ကာရစ်ရဲ့ ကျရှုံးသွားတဲ့ စွန့်စားခန်း။
