Football News

မန်စီးတီးကို ကမ္ဘာပျက်စေခဲ့သူ

မန်စီးတီးကို ကမ္ဘာပျက်စေခဲ့သူ

Football Leaks ကနေတစ်ဆင့် ဘောလုံးလောကရဲ့ အမှောင်ဘက်ခြမ်းကို ဖွင့်ချခဲ့ပြီး မန်စီးတီးရဲ့ ဘဏ္ဍာရေး အရှုပ်အထွေး အမှု (၁၁၅) ခုကို စတင်မီးမွှေးခဲ့တဲ့ ပေါ်တူဂီ ဟက်ကာ ရူအီပင်တို (Rui Pinto) အကြောင်း။

မန်စီးတီးကို ကမ္ဘာပျက်စေခဲ့သူ

လက်ရှိအချိန်မှာ မန်စီးတီးရပ်ဝန်းက ကမ္ဘာပျက်နေတယ်။ မန်စီးတီးကို ကမ္ဘာပျက်အောင် စတင်မီးမွှေးခဲ့သူက

ရူအီပင်တိုလို့အမည်ရတဲ့ ပေါ် တူဂီသား Hacker ပါ။

သူက Football Leaks လို့အမည်ရတဲ့ဝက်ဘ်ဆိုက်ကနေ ကလပ်အသင်းတွေရဲ့ဘဏ္ဍာရေးအရှုပ်အထွေးကို အစဆွဲထုတ်ခဲ့ပါတယ်။

မန်စီးတီးရဲ့အမှုပေါင်း ၁၁၅ မှုကလည်း ရူအီပင်တို အစဆွဲထုတ်ခဲ့ရာကနေ ကမ္ဘာသိပြီးပရီးမီးယားလိဂ်က စစ်ဆေးခဲ့တာပါ။

ရူအီပင်တိုက Hacker တစ်ဦးဖြစ်လို့ ကျင့်ဝတ်နဲ့မညီတဲ့၊ ရပ်ကွက်ဆန်ဆန်ပြောရရင် " သူခိုး" ဆန်တဲ့အပြုအမူတွေ ကျူးလွန်ခဲ့ပေမယ့်

သူ့ကြောင့်သာ Beautiful Game ရဲ့Darkside တွေ သိခွင့်ရတာပါ။

ရူအီပင်တိုက ဘယ်လိုရည်ရွယ်ချက်နဲ့ အခုလိုမျိုး Hacker ဖြစ်ခဲ့တာလဲ။ မန်စီးတီးအသင်းဆီကနေ ငွေညှစ်ချင်ခဲ့တာများလား။

ဒါမှမဟုတ် သူ့မှာ တရားမျှတမှုလိုအပ်တယ်ဆိုတဲ့ ခံစားချက် ရှိခဲ့မယ်ထင်တယ်။

ရူအီပင်တိုရဲ့ပုံစံကတစ်ခါမြင်လိုက်ရုံနဲ့ မှတ်မိနိုင်ပါတယ်။ မျက်ခုံးမွေးကောင်းကောင်း၊ ဆံပင်ထောင်ထောင်နဲ့ ရုပ်ရှင်ထဲက Hacker အထာမျိုးပါ။

သူ့ရဲ့ဆရာဟောင်း မာရီယိုဖယ်လ်ကာအိုက ရူအီပင်တိုဟာ ငယ်ငယ်ကအတိုင်းပဲလို့ ပြောတယ်။

ပေါ်တူဂီနိုင်ငံက ခြံဝန်းသေးသေးလေးနဲ့ အိမ်ဝင်းငယ်တစ်ခုမှာ ရူအီပင်တိုရဲ့ကလေးဘဝအချိန်အတော်များများကုန်ဆုံးခဲ့ပါတယ်။

ရူအီပင်တိုက လူတိုင်းနဲ့ အဆင်ပြေပြီးသဘောကောင်းတဲ့ ကျောင်းသားဖြစ်ပေမယ့် ကိုယ့်ကိုယ်ကိုယုံကြည်စိတ်ပြင်းထန်လွန်းသူ၊ Extrovert မဟုတ်ဘူး။

ကျောင်းမကြာခဏပျက်ပေမယ့် အဖေကအထိန်းအသိမ်းကောင်းလို့ မပျက်စီးခဲ့ပါဘူး။

ကွန်ပြူတာကိုတော့ ခပ်ငယ်ငယ်အရွယ်ကတည်းက စိတ်ဝင်စားစိတ်ပြင်းထန်ခဲ့တယ်။ သူစိတ်နှစ်ပြီးလုပ်လေ့ရှိတယ်။

ကွန်ပြူတာရှေ့မှာ အထိုင်််််များသူ ရူအီပင်တိုက GYM မသွားဘဲ McDonald's ဆိုင်ကိုအသွားများပါတယ်။

ပေါ် တို့မြို့အနီး Douro မြစ်ဘေးနားက မြို့လေးရဲ့ နာမည်ကျော် Escola Secundaria Almeida Garrett မှာ ပညာသင်ခဲ့ပါတယ်။

သူ့အဖေက ဖိနပ်စက်ရုံမှာအလုပ်လုပ်ပြီး နောက်ပိုင်းမှာ ရှေးဟောင်းပစ္စည်းရောင်းဝယ်သူဖြစ်လာတယ်။

အမေကတော့ ရူအီပင်တို အသက် ၁၁ နှစ်အရွယ်မှာ ကွယ်လွန်ခဲ့တယ်။

ဆရာဟောင်း မာရီယိုဖယ်လ်ကာအိုက "Football Leaks တည်ထောင်သူက ရူအီပင်တိုမှန်း သိချိန်မှာ သိပ်ပြီးအံ့အားသင့်မိတယ်" လို့ပြောပြတယ်။

တရားမျှတမှုအတွက် ရလာတဲ့ပြဿနာတွေနဲ့အတူ ရူအီပင်တို အဆင်ပြေပါ့မလားဆိုပြီးတော့လည်း မာရီယိုဖယ်လ်ကာအို စိုးရိမ်ခဲ့တယ်။

ပေါ် တိုအသင်းကို အရူးအမူး အားပေးစိတ်ကြောင့် ရူအီပင်တိုက ထိပ်သီးအသင်းတွေရဲ့လျှို့ဝှက်ချက်ကို

Hack ခဲ့တယ်ဆိုပေမယ့် ရူအီပင်တိုက တရားမျှတချင်တဲ့ခံစားချက်ရှိခဲ့ပါတယ်။

"Hero' or a 'thief'?"  "သူရဲကောင်းလား" " သူခိုး" လား ဆိုတဲ့ မေးခွန်းတွေကြား ရူအီပင်တို ပိတ်မိနေခဲ့တယ်။

လူတွေရဲ့ အမြင်တွေက မတူညီကွဲပြားခဲ့ပါတယ်။

ပေါ်တူဂီနိုင်ငံ နိုင်ငံရေးလောကမှာထင်ရှားသူ  Ana Gomes က ရူအီပင်တို ထောင်ကျနေချိန်မှာ သွားတွေ့ပြီးကူညီအားပေးခဲ့တယ်။

" ရူအီပင်တိုက တရားစွဲခံရမယ့်သူမဟုတ်၊ ကာကွယ်ပေးရမယ့်သူ" လို့ပြောခဲ့ပါတယ်။

ရူအီပင်တိုကို Whistleblower အဖြစ် မြင်လာကြတယ်။ တရားရေးရာတာဝန်ရှိသူတွေရဲ့အကြံပေးအဖြစ် ခန့်အပ်သင့်တယ်လို့တောင်းဆိုလာကြတယ်။

Catch Me If You Can ဇာတ်လမ်းထဲက ချက်လက်မှတ်အတုလုပ်တဲ့လီယိုနာဒိုလိုပေါ့။ နောက်ပိုင်းမှာ လီယိုနာဒိုက အစိုးရနဲ့ပူးပေါင်းပြီး

ချက်လက်မှတ်အတု စစ်ဆေးဖော်ထုတ်ရေးအတွက် ပူးပေါင်းခဲ့တယ်။

ရူအီပင်တိုကလည်း အကျင့်ပျက်ခြစားသူတွေ၊ အပြစ်လုပ်သူတွေကို အစိုးရနဲ့ပူးပေါင်းပြီး  ဖော်ထုတ်ပေးနိုင်သူပါ။

တချို့ကလည်းသူ့ကို ရော်ဘင်ဟုဒ်နဲ့ ခိုင်းနှိုင်းကြတယ်။ အများကောင်းကျိုးအတွက် မဟုတ်တာတွေလုပ်သူပေါ့။

ကျွန်တော့်ရဲ့အမြင်အရ ရူအီပင်တိုကို  Whistleblower နဲ့ Hacker ကြားထားချင်ပါတယ်။

အချက်အလက်တွေကို တရားမဝင်နည်းနဲ့ ရခဲ့ပေမယ့်  ဥရောပဘောလုံးရဲ့ အမှောင်ဘက်ခြမ်းကို လူအများသိအောင် ဖော်ထုတ်ပေးခဲ့တယ်။

စာရွက်စာတန်း သန်း ၇၀ ကျော်ကို ထုတ်ပေးခဲ့ပြီး  မန်စီးတီး၊ PSG စတဲ့အသင်းကြီးတွေရဲ့ ဘဏ္ဍာရေးအရှုပ်အထွေး စုံစမ်းစစ်ဆေးခံခဲ့ရတယ်။

"သူတို့မှာ ကွယ်ဝှက်ထားစရာ ဘာမှ မရှိရင်  ပြဿနာလည်း မရှိနိုင်ပါဘူး" 

ဒါပေမဲ့ ကွယ်ဝှက်ထားတာတွေရှိလို့ မန်စီးတီးက ပြဿနာအကြီးကြီးတက်နေပါပြီ။

မန်စီးတီး ဘယ်လိုအရေးယူခံရမလဲဆိုတာက ရူအီပင်တိုရဲ့အသက်ပါပဲ။

သေချာတာက ရူအီပင်တိုဆီမှာ အာဏာကြီးမားတဲ့ ရန်သူတွေ ရှိနေပါတယ်။

Related News

အိပ်မက်အသေတွေနဲ့ အိုးလ်ထရက်ဖို့ဒ်
Football News

အိပ်မက်အသေတွေနဲ့ အိုးလ်ထရက်ဖို့ဒ်

စီးပွားရေးဆန်လာတဲ့ ခေတ်သစ်ဘောလုံးလောကရဲ့ ပြောင်းလဲမှုတွေနဲ့အတူ အိပ်မက်အသေတွေကြားမှာ ရုန်းကန်နေရတဲ့ မန်ယူအသင်း (Old Trafford) အပေါ် ထားရှိတဲ့ ပရိသတ်တစ်ယောက်ရဲ့ အနက်ရှိုင်းဆုံး ရင်တွင်းခံစားချက်စာစု။

Read more
ဂန္ထ၀င်တစ်ဦးရဲ့နောက်ဆုံးအချိန်တွေအကြောင်း
Football News

ဂန္ထ၀င်တစ်ဦးရဲ့နောက်ဆုံးအချိန်တွေအကြောင်း

၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၃၀ ရက်ဟာ အဂွဲရိုးအတွက် နတ်ဆိုးပဲ။ နှလုံးခုန်နှုန်း ပုံမှန်မဟုတ်ဘဲ ရုတ်တရက် အသက်ရှုကျပ်လာလို့  အလာဗတ်စ်နဲ့ပွဲမှာ ဆက်မကစားနိုင်ဘဲ ကွင်းထဲကနေ ထွက်ခွာခဲ့ရတယ်။ အဲဒီပွဲဟာ အဂွဲရိုးရဲ့ ပရော်ဖက်ရှင်နယ်ကစားသမားဘဝနောက်ဆုံးပွဲဆိုတာ ဘယ်သူကြိုသိနိုင်မလဲ။ ကံကြမ္မာနတ်သမီးလား။ နတ်ဆိုးခေါင်းဆောင်လား။ အဂွဲရိုးကိုယ်တိုင်လား။ ကိုယ့်နှလုံးသားဖောက်ပြန်ရေးအသံကို နားဆင်ရင်းကြေကွဲခဲ့ရသူ အဂွဲရိုးပါပဲ။

Read more
မန်စီးတီးပရိသတ်တွေ ဘယ်လိုခံစားနေရမလဲ
Football News

မန်စီးတီးပရိသတ်တွေ ဘယ်လိုခံစားနေရမလဲ

ပြစ်မှု ၁၁၅ မှုနဲ့ တန်းဆင်းရနိုင်တဲ့ အခြေအနေဆိုးကို ရင်ဆိုင်နေရချိန်မှာ ဖလားတွေ ရုပ်သိမ်းခံရရင်တောင် အသင်းကို ဆက်လက်အားပေးသွားမယ့် မန်စီးတီးပရိသတ်တွေရဲ့ စစ်မှန်တဲ့ ခံစားချက်များ။

Read more

More News

ပတ်ဒရီရဲ့အရင်ကဇာတ်လမ်းလေး
Players News

ပတ်ဒရီရဲ့အရင်ကဇာတ်လမ်းလေး

စားသောက်ဆိုင်လေးမှာ ကြီးပြင်းခဲ့ရတဲ့ ဘာစီလိုနာကစားသမား ပတ်ဒရီရဲ့ ငယ်ဘဝ၊ အဘိုးဖြစ်သူရဲ့ ဘာစီလိုနာကို ချစ်မြတ်နိုးမှုနဲ့ ရီးယဲလ်မက်ဒရစ်မှာ အစမ်းသပ်ခံရင်း ရှုံးနိမ့်ခဲ့ရတဲ့ ဇာတ်ကြောင်းများ။

Read more
Best Slot Games in Myanmar 2026: Top 5 Online Slot Games to Play on Onex2
Slot News

Best Slot Games in Myanmar 2026: Top 5 Online Slot Games to Play on Onex2

If you are looking for the absolute best online slot game myanmar experience with guaranteed fast payouts and reliable customer service, you are in the right place. To help you navigate the massive library of titles, here are the top 5 must-play slot games currently dominating the Onex2 platform and creating massive winners every single day:

Read more
ဘောလုံး ပွဲ နိုင် အောင် လောင်း နည်း (အကျိုးကြောင်းဆီလျော်စွာ သုံးသပ်ခြင်း)
Football News

ဘောလုံး ပွဲ နိုင် အောင် လောင်း နည်း (အကျိုးကြောင်းဆီလျော်စွာ သုံးသပ်ခြင်း)

ကံတရားတစ်ခုတည်းကို အားမကိုးဘဲ အချက်အလက်တွေပေါ် မူတည်ပြီး စနစ်တကျ သုံးသပ်နိုင်မယ့် ဘောလုံးပွဲခန့်မှန်းနည်း (၅) ချက်နှင့် Onex2 App တွင် အကျိုးအမြတ်ရှာဖွေနည်း။

Read more
ယုံကြည်စိတ်ချရဆုံး စလော့ app - Onex2 ဖြင့် အမြန်ဆုံး နိုင်ငွေ ထုတ်ယူလိုက်ပါ။
Slot News

ယုံကြည်စိတ်ချရဆုံး စလော့ app - Onex2 ဖြင့် အမြန်ဆုံး နိုင်ငွေ ထုတ်ယူလိုက်ပါ။

JILI, PG Soft, Pragmatic Play စတဲ့ ကမ္ဘာ့အဆင့်မီ ဂိမ်းတွေနဲ့အတူ လုံခြုံစိတ်ချရမှု၊ အမြန်ဆုံး ငွေသွင်း/ငွေထုတ် စနစ်နဲ့ အထူးပရိုမိုးရှင်းတွေ ပေးအပ်ထားတဲ့ အကောင်းဆုံး စလော့ app ဖြစ်တဲ့ Onex2 အကြောင်း မိတ်ဆက်။

Read more
ကျွဲ စလော့ app အစစ် ကို ဘယ်လို ဒေါင်းမလဲ?  Onex2 တွင် စိတ်ချလက်ချ download ယူလိုက်ပါ!
Slot News

ကျွဲ စလော့ app အစစ် ကို ဘယ်လို ဒေါင်းမလဲ? Onex2 တွင် စိတ်ချလက်ချ download ယူလိုက်ပါ!

အတုအယောင် App များ၏ လိမ်လည်မှုအန္တရာယ်မှ ကင်းဝေးစေရန်နှင့် ဆုကြေးဘောနပ်စ်များစွာ ရယူနိုင်ရန် Onex2 တွင် တရားဝင် ကျွဲစလော့ App အစစ်ကို ယုံကြည်စိတ်ချစွာ ဒေါင်းလုဒ်ရယူနိုင်ကြောင်း ရှင်းလင်းထားသော လမ်းညွှန်။

Read more
စီရော်နယ်လ်ဒိုမရှိလည်း ဖြစ်တယ်
Players News

စီရော်နယ်လ်ဒိုမရှိလည်း ဖြစ်တယ်

ရော်နယ်လ်ဒိုကို အရန်ခုံပို့ပြီး ယော်အိုဖေးလစ်၊ ဂွန်ကာလိုရာမို့စ်တို့ရဲ့ သွင်းဂိုးတွေနဲ့ ဟာလန်းရဲ့ နော်ဝေကို အဝေးကွင်းမှာ အနိုင်ယူခဲ့တဲ့ ပေါ်တူဂီအသင်းရဲ့ ပွဲစဉ်သုံးသပ်ချက်။

Read more

Official Channels

ONEX2 banner