Football News

ဒီလာဖွန်တေနဲ့ စပိန်အနီရောင်ခေတ်

ဒီလာဖွန်တေနဲ့ စပိန်အနီရောင်ခေတ်

နာမည်ကျော် ကစားသမားတွေကို ပစ်ပယ်ပြီး လူငယ်ကစားသမားတွေအပေါ် ယုံကြည်မှုနဲ့အတူ စပိန်အသင်းကို ယူရို ၂၀၂၄ နဲ့ ၂၀၂၆ ကမ္ဘာ့ဖလား ချန်ပီယံဖြစ်အောင် စွမ်းဆောင်ပေးခဲ့တဲ့ နည်းပြ လူးဝစ်ဒီလာဖွန်တေအကြောင်း။

'' ကျနော်က အရက်သမားမဟုတ်လို့၊  သမာသမတ်သိပ်ရှိပါတယ်" ။ အဲဒီစကားကို

စပိန်အသင်းနည်းပြ လူး၀စ်ဒီလာဖွန်တေ ပြောလိုက်တော့ အနားမှာရှိသူအားလုံး ရယ်မောကြတယ်။

ဒီလာဖွန်တေက အဲဒီလိုပါပဲ။  ရယ်စရာမောစရာတွေ ပြောတတ်ပါတယ်။ ထူးထူဆန်းဆန်းရွေးချယ်မှုတွေလည်း လုပ်တတ်သေးတယ်။

သူနဲ့ပတ်သက်ပြီး လူတွေသတိထားမိသွားတာက ဖီဖာ The Best ဆုအတွက်  အကောင်းဆုံးကစားသမားရွေးချယ်ချိန်မှာပါ။

၂၀၂၂ ကမ္ဘာ့ဖလားမှာ မျှော်မှန်းထားသလောက်  ဖြစ်မလာလို့လူး၀စ်အင်းနရစ်ရဲ့ စပိန်နည်းပြရာထူး အဆုံးသတ်သွားတယ်။

အဲဒီအချိန်မှာ စပိန်ယူ-၂၁ နည်းပြ ဒီလာဖွန်တေဟာ လူး၀စ်အင်းနရစ်ရဲ့ အမွေကို ဆက်ခံခွင့်ရတာပါပဲ။

သူ စပိန်နည်းပြဖြစ်လာချိန်မှာ ဒီဇင်ဘာ (၈)ရက်ပဲ ရှိသေးလို့ ၂၀၂၂ ကမ္ဘာ့ဖလား မပြီးသေးဘူး။

၂၀၂၂ ခုနှစ်၊  ဖီဖာ The Best ဆုအတွက် ဒီလာဖွန်တေက ဘယ်သူ့ကို ရွေးချယ်လိုက်တယ်ထင်လဲ၊

ကမ္ဘာ့ဖလားချန်ပီယံဆု ပိုင်ဆိုင်ပြီးနောက်  အငြင်းပွားဖွယ်ရာမရှိ GOAT ဘွဲ့ကို ဆွတ်ခူးခဲ့သူ  မက်ဆီ မဟုတ်ဘူး။

ပြင်သစ်အသင်းက အကောင်းဆုံးအရှုံးသမား  ဘာပေ မဟုတ်ဘူး။

ရီးယဲလ်မှာ ခမ်းနားခဲ့လွန်းသူ ဘန်ဇီမာ၊ ကော်တိုအာ၊ ဗင်နီစီယက်စ်၊ တစ်ယောက်မှမဟုတ်ဘူး။

အများကြိုက်ဇာတ်ကောင်တွေကို ဒီလာဖွန်တေ လုံး၀မရွေးချယ်ခဲ့ဘူး။

ဒီလာဖွန်တေအတွက် သံသယမျက်၀န်းတွေဆိုတာ သိပ်ပြီးမထူးဆန်းဘူး။ သူ့ကို  စပိန်နည်းပြခန့်အပ်လိုက်တော့လည်း သံသယ၀င်ခံရ၊

အံ့အားသင့်ခံရတာပဲ။

ဒီလာဖွန်တေက အသက် (၆၁)နှစ်ကျော်မှ ကံထလာတာပါ၊ စပိန်အသင်းနည်းပြဖြစ်လာတာပါ။

အဲဒီကာလမတိုင်ခင်က သူ့ရဲ့ ရှည်လျားတဲ့နည်းပြသက်တမ်းအတွင်း ထိပ်တန်းအသင်းတစ်သင်းမှ တာ၀န်မယူဖူးဘူး။

၂၀၁၁ ခုနှစ်တုန်းက အလာဗတ်စ်အသင်းနဲ့အတူ စပိန်ဆီဂန်ဒါကို ရောက်ဖူးတာ ဒီလာဖွန်တေအတွက် အမြင့်ဆုံးရောက်ရှိမှုပါပဲ။

စပိန်ဘောလုံးအဖွဲ့ချုပ်နဲ့ ဒီလာဖွန်တေ လက်တွဲလာတာ ကြာနေပါပြီ။ ဒီလာဖွန်တေက စပိန် ယူ-၁၉ ၊ ယူ-၂၁ အသင်းတွေ ကိုင်တွယ်ဖူးပြီး

စပိန်ယူ-၂၃ အသင်းနဲ့အတူ အိုလံပစ်ပြိုင်ပွဲ ပြိုင်ဖူးတယ်။ ဒီတော့ လူငယ်ကစားသမားတွေအကြောင်း ကျွမ်းကျင်စွာ သိနားလည်ပါတယ်။

၂၀၁၃ ခုနှစ်ကစတင်ပြီး စပိန်လူငယ်အသင်းတွေနဲ့  ရင်းနှီးကျွမ်း၀င်ခဲ့လို့ ရွှေရောင်မျိုးဆက်အကြောင်း

သူ့လောက် ဘယ်သူမှမသိဘူးလို့ ဒီလာဖွန်တေယုံကြည်တယ်။

" ကျနော့်လောက် စပိန်အသင်းရဲ့ လက်ရှိအခြေအနေနဲ့ အနာဂတ်အကြောင်း ဘယ်သူမှ မသိနိုင်ပါဘူး"  လို့ ပြောဖူးတယ်။

ဒီလာဖွန်တေက competitive နဲ့ confidence ပိုကောင်းမွန်မယ့်အသင်းကို ဖန်ဆင်းခဲ့တယ်။

ရှင်းအောင်ပြောရရင် ဒီလာဖွန်တေက နာမည်တွေ ကြည့်နေမှာမဟုတ်ဘူး။ စွမ်းရည်ကိုပဲ ဦးစားပေးမယ့်သူမျိုးပဲ။

ဒီလိုနဲ့ပဲ စပိန်အသင်းက ယူရို ၂၀၂၄ နဲ့ ၂၀၂၆ ကမ္ဘာ့ဖလား ချန်ပီယံဖြစ်လာတယ်။

စပိန်အသင်းဟာ နိုင်ငံတကာဘောလုံးသမိုင်းတစ်လျှောက် အမျိုးသားလက်ရွေးစင်အသင်းတွေထဲမှာ

ပြိုင်ပွဲစုံ ပွဲ ၄၀ ဆက်တိုက် ရှုံးပွဲမရှိတဲ့ ပထမဆုံးအသင်းဖြစ်လာတယ်။

သူ့ကြောင့် စပိန်ရဲ့အနီရောင်လှိုင်းတွေ ဘောလုံးကမ္ဘာကို ပြန်လည်လွှမ်းမိုးလာတယ်။

Related News

မန်စီးတီးအတွက် လွတ်မြောက်လမ်းမရှိတော့ဘူး
Football News

မန်စီးတီးအတွက် လွတ်မြောက်လမ်းမရှိတော့ဘူး

ဘဏ္ဍာရေးစည်းမျဉ်း ချိုးဖောက်မှု (၁၁၅) ချက်စလုံးကို ကျူးလွန်ခဲ့ကြောင်း ပရီးမီးယားလိဂ်က စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် အဝီစိထိုးဆင်းရတော့မယ့် မန်စီးတီးရဲ့ စပွန်ဆာလိမ်လည်မှုများနဲ့ အယူခံဝင်မယ့် လုပ်ငန်းစဉ်များအကြောင်း။

Read more
ပြင်သစ်အသင်းခေတ်သစ်အတွက် ဂန္ထဝင်ဇီဒန်းလာပြီ
Football News

ပြင်သစ်အသင်းခေတ်သစ်အတွက် ဂန္ထဝင်ဇီဒန်းလာပြီ

နည်းပြ ဒေးရွှမ့်စ်နေရာမှာ အစားဝင်လာပြီးနောက် တူရကီနဲ့ ဘယ်လ်ဂျီယံတို့ကို အနိုင်ယူကာ ပြင်သစ်အသင်းနဲ့အတူ နေးရှင်းလိဂ်မှာ အကောင်းဆုံး စတင်နိုင်ခဲ့တဲ့ နည်းပြသစ် ဇီဒန်းရဲ့ အကြောင်း သုံးသပ်ချက်။

Read more
ပရီးမီးယားလိဂ်မှာ Possession Football ကျရှုံးပြီလား
Football News

ပရီးမီးယားလိဂ်မှာ Possession Football ကျရှုံးပြီလား

ဂွာဒီယိုလာ မရှိတော့တဲ့နောက်ပိုင်း ပရီးမီးယားလိဂ်မှာ ဘောလုံးပိုင်ဆိုင်မှုအသားပေး ကစားဟန် (Possession Football) ကျရှုံးလာပြီး တန်ပြန်တိုက်စစ်နဲ့ လျင်မြန်တဲ့ အကူးအပြောင်းတွေက ပိုမိုအရေးပါလာကြောင်း နည်းဗျူဟာ သုံးသပ်ချက်။

Read more

More News

မဟာတံတိုင်းရဲ့ကြမ်းရှရှလောကဓံ
Players News

မဟာတံတိုင်းရဲ့ကြမ်းရှရှလောကဓံ

အာဆင်နယ်အသင်းရဲ့ ချန်ပီယံအိပ်မက်ကို ဝေးကွာစေခဲ့တဲ့ အမှားကနေတစ်ဆင့် အာတီတာရဲ့ ယုံကြည်မှုကို ဆုံးရှုံးခဲ့ရပြီး ဆောက်သမ်တန်၊ နယူးကာဆယ်တို့မှာပါ ဇာတာကျဆင်းနေတဲ့ ဂိုးသမား ရမ်စ်ဒေးလ်ရဲ့ အကြောင်း။

Read more
မန်စီးတီးကို ကမ္ဘာပျက်စေခဲ့သူ
Football News

မန်စီးတီးကို ကမ္ဘာပျက်စေခဲ့သူ

Football Leaks ကနေတစ်ဆင့် ဘောလုံးလောကရဲ့ အမှောင်ဘက်ခြမ်းကို ဖွင့်ချခဲ့ပြီး မန်စီးတီးရဲ့ ဘဏ္ဍာရေး အရှုပ်အထွေး အမှု (၁၁၅) ခုကို စတင်မီးမွှေးခဲ့တဲ့ ပေါ်တူဂီ ဟက်ကာ ရူအီပင်တို (Rui Pinto) အကြောင်း။

Read more
ပတ်ဒရီရဲ့အရင်ကဇာတ်လမ်းလေး
Players News

ပတ်ဒရီရဲ့အရင်ကဇာတ်လမ်းလေး

စားသောက်ဆိုင်လေးမှာ ကြီးပြင်းခဲ့ရတဲ့ ဘာစီလိုနာကစားသမား ပတ်ဒရီရဲ့ ငယ်ဘဝ၊ အဘိုးဖြစ်သူရဲ့ ဘာစီလိုနာကို ချစ်မြတ်နိုးမှုနဲ့ ရီးယဲလ်မက်ဒရစ်မှာ အစမ်းသပ်ခံရင်း ရှုံးနိမ့်ခဲ့ရတဲ့ ဇာတ်ကြောင်းများ။

Read more
အိပ်မက်အသေတွေနဲ့ အိုးလ်ထရက်ဖို့ဒ်
Football News

အိပ်မက်အသေတွေနဲ့ အိုးလ်ထရက်ဖို့ဒ်

စီးပွားရေးဆန်လာတဲ့ ခေတ်သစ်ဘောလုံးလောကရဲ့ ပြောင်းလဲမှုတွေနဲ့အတူ အိပ်မက်အသေတွေကြားမှာ ရုန်းကန်နေရတဲ့ မန်ယူအသင်း (Old Trafford) အပေါ် ထားရှိတဲ့ ပရိသတ်တစ်ယောက်ရဲ့ အနက်ရှိုင်းဆုံး ရင်တွင်းခံစားချက်စာစု။

Read more
ဂန္ထ၀င်တစ်ဦးရဲ့နောက်ဆုံးအချိန်တွေအကြောင်း
Football News

ဂန္ထ၀င်တစ်ဦးရဲ့နောက်ဆုံးအချိန်တွေအကြောင်း

၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၃၀ ရက်ဟာ အဂွဲရိုးအတွက် နတ်ဆိုးပဲ။ နှလုံးခုန်နှုန်း ပုံမှန်မဟုတ်ဘဲ ရုတ်တရက် အသက်ရှုကျပ်လာလို့  အလာဗတ်စ်နဲ့ပွဲမှာ ဆက်မကစားနိုင်ဘဲ ကွင်းထဲကနေ ထွက်ခွာခဲ့ရတယ်။ အဲဒီပွဲဟာ အဂွဲရိုးရဲ့ ပရော်ဖက်ရှင်နယ်ကစားသမားဘဝနောက်ဆုံးပွဲဆိုတာ ဘယ်သူကြိုသိနိုင်မလဲ။ ကံကြမ္မာနတ်သမီးလား။ နတ်ဆိုးခေါင်းဆောင်လား။ အဂွဲရိုးကိုယ်တိုင်လား။ ကိုယ့်နှလုံးသားဖောက်ပြန်ရေးအသံကို နားဆင်ရင်းကြေကွဲခဲ့ရသူ အဂွဲရိုးပါပဲ။

Read more
မန်စီးတီးပရိသတ်တွေ ဘယ်လိုခံစားနေရမလဲ
Football News

မန်စီးတီးပရိသတ်တွေ ဘယ်လိုခံစားနေရမလဲ

ပြစ်မှု ၁၁၅ မှုနဲ့ တန်းဆင်းရနိုင်တဲ့ အခြေအနေဆိုးကို ရင်ဆိုင်နေရချိန်မှာ ဖလားတွေ ရုပ်သိမ်းခံရရင်တောင် အသင်းကို ဆက်လက်အားပေးသွားမယ့် မန်စီးတီးပရိသတ်တွေရဲ့ စစ်မှန်တဲ့ ခံစားချက်များ။

Read more

Official Channels

ONEX2 banner